← Chapters

ပိုးခွံမာ

Vol. 19 Ch. 273

ပိုးခွံမာ

Vol. 19 Ch. 273

အရိပ်ရဲ့ လက်ထဲမှာတော့..ထူးဆန်း လှပပြီး ၊ နိမိတ်မကောင်းတဲ့ ရတနာ တစ်ခုကို ကိုင်ဆောင်ထားခဲ့တယ်..။ဒါက ထိုးဖောက်လို့မရတဲ့ အမှောင်ထုတွေနဲ့ ပြည့်နှကိနေသလိူမျိုး လုံးဝ နက်မှောင်နေခဲ့ပါတယ်..။

တောင်ပြောင်နေတဲ့ အနက်ရောင် မျက်နှာပြင်က အလင်းကိုတောင် ဝါးမြိုတော့မယ့် ပုံစံမျိုးရှိနေပြီး..ပျက်ဆီးနေတဲ့ ဘုရားကျောင်းတော်ကိုတောင်.အရင်ကထက် ပိုမှောင်သွားစေခဲ့ပါတယ်..။

အနက်ရောင်မျက်နှာပြင်ရဲ့ အောက်ဘက်မှာတော့ ကြက်သွေးရောင် မီးတောက်လေးတွေက အနီရောင်အလင်းစက်ကလေးတွေ အဖြစ် လောင်ကျွမ်းနေခဲ့ကြတယ်..။ဒါက နှေးကွေးပြီး စည်းချက်ညီစွာ တဖြတ်ဖြတ်လင်းနေခဲ့ပါတယ်..။အနီရောင် အလင်းစက်ကလေးက ပတ်ဝန်းကျင်က အရာအားလုံးကို အလင်းထဲကို နစ်မြူပ်သွားစေခဲ့တယ်..။သူ့ရဲ့ သက်ရောက်မူကြောင့် ကျောက်တုံးသူတော်စင်က သွေးတွေ လွှမ်းနေသလိုပါပဲ .။သူမ ကိုင်ဆောင်ထားတဲ့ ရတနာက..တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ကို ထိုးဖောက်ယူလိုက်ပြီးရလာတဲ့..သွေးတွေ နဲ့ခုန်နေတဲ့ နှလုံးသား တစ်ခုလို ဖြစ်နေခဲ့တာပါ..။

ဒါကို စိုက်ကြည့်နေရင်းနဲ့..ဆန်နီဟာ ထူးဆန်းတဲ့ ခံစားချက်တွေ ရနေခဲ့တယ်..။

'ဒါက ဘယ်လို သောက်ကျိုးနဲ အရာမျိုးလဲ..'

ဒီ ရတနာက..ဝိဥာဥ် အမြုတေ နဲ့ တူတယ် ဆိုပေမယ့်လည်း ကွဲပြားပါတယ်..။သူက အနက်ရောင် အမြုတေကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသလို..အလင်းတွေ ဖြာထွက်နေတာမျိုးလည်း မမြင်ဖူးခဲ့ပေ..။ပြီးတော့ ဒါက ပျက်ဆီးနေတဲ့ အမြုတေ နဲ့လည်း မတူပြန်ပါဘူး..။ဆန့်ကျင်ဘက် အနေနဲ့..ဒါက..တစ်ခုလုံး ပုံစံမျိုးလား..။

'အိပ်မက်ဆိုး သားရဲတစ်ကောင်ရဲ့ ဝိဥာဥ် ဗဟိုချက် က ဒီလို ပုံစံမျိုးလား..'

မဟုတ်ဘူး..ဝိဥာဥ် ဗဟိုချက်လည်း မဟုတ်ဘူး..။

ဝိဥာဥ် တစ်ခုလား...

အံ့ဩစွားခဲ့တယ်..။ဆန်နီဟာ ဒီ ရတနာရဲ့ အတွင်းထဲမှာ လောင်ကျွမ်းနေတဲ့ ကြက်သွေးရောင် မီးတောက် တွေကို ရေတွက်လိုက်တယ်..။တစ် ၊ နှစ် ၊ သုံး...လေး..။

ကျရှုံးမူအဆင့် နတ်ဆိုးရဲ့ အမြုတေ လေးခု အတွက်မီးတောက် လေးခု..။

သူ့ရဲ့ အရိပ် လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ အရာက အနက်ရောင်စစ်သည်ရဲ့ အရိပ် ဒါမှမဟုတ်..အနည်းဆုံးတော့ သူ့ရဲ့ အဆီအနှစ် ဖြစ်နေနိုင်ပါတယ်..။အဲဒါက ဘယ်လိုဖြစ်ပြီး ဒီလိူပုံစံ ပြောင်းသွားတာလဲ..။

ကျောက်တုံးသူတော်စင်က ဒါကိုလုပ်ခဲ့တာလား..။ဒါဆ်ို ဘယ်လိုလုပ်ခဲ့တာလဲ....မဟုတ်ဘူး..ဘာလို့ လုပ်ခဲ့တာလဲ..။

'သူမက ဒါနဲ့ ဘာလုပ်မလို့လဲ..'

ဆန်နီ နဲ့ နစ်ဖီ တို့ တိတ်တဆိတ်ကြည့်နေတုန်းမှာပဲ..အရိပ်က နောက်ဆုံးမှာ လှုပ်ရှားလာခဲ့တယ်..။အနက်ရောင် ရတနာကို သူမရဲ့ မျက်နှာနားကို ကပ်လိုက်ပြီး အနည်းငယ် တွေဝေနေခဲ့ပါတယ်..။သေခြင်းတရားနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ခံစားချက်တစ်ချို့က သူမရဲ့ မျက်လုံးထဲမှာပေါ်လာခဲ့တယ်..။

ယင်းနောက် ကျောက်တုံးသူတော်စင်က..ဒါကို မြိုချလိုက်ပါတယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..

'ဟင်...'

အရိပ်က ပါးစပ်ကို ဖွင့်လိုက်ပြီး ဒီရွံစရာ သလင်းကျောက်ကို ကိုက်ကာ မြိုချလိုက်တာပါ..။

ဒီလိုနဲ့ပဲ အနက်ရောင် စစ်သည်ရဲ့ ဝိဥာဥ်က ဝါးမြိုခြင်း ခံလိုက်ရတယ်..။အနီရောင် အလင်းက ပျောကိကွယ်သွားတာကြောင့် ကမ္ဘာကြီးက နဂိုမူလ အခြေအနေကို ပြန်ရောက်သွားခဲ့ပါပြီ..။

ပြီးတဲ့နောက်မှာတော့..ကျောကိတုံးသူတော်စင်လည်း အရိပ်တွေထဲကို တိုးဝင်ပြီး ပျောကိကွယ်သွားခဲ့တယ်..။

'ခနလေး..ငါ သူမကို ပြန်မသိမ်းဆည်း လိုက်ဘူးလေ..။ဘယ်လို သောက်ကျိုးနဲ တွေဖြစ်နေတာလဲ..'

နစ်ဖီက သူ့ကို စိတ်ရှုတ်ထွေးစွာကြည့်လိုက်တယ်..။

"ဘာတွေဖြစ်နေတာလဲ..။သူမက ဘာလုပ်ခဲ့တာလဲ.."

တစ်ခါလောက်ပဲဖြစ်ဖြစ်..ဆန်နီဟာ အမှန်တရားကိုသွေဖယ်ပြီး ဘယ်သူ့ကိုမှ လှည့်ဖြားဖို့ မလိုအပ်ခဲ့ပါဘူး..။သူ ပါးစပ်ကို ဖွင့်ပြီး ရိူးသားစွာပြန်ဖြေလိုက်တယ်..။

"ငါလညိး မသိဘူးလေ.."

နတ်ဆိုး ဖျက်ဆီးခံရလို့ ကျန်ရှိနေတဲ့ ဆွေးမြည့်နေတဲ့ စတီးပုံကြီး ဆီကို လျောက်သွားလိုက်ပြီး ဆန်နီဟာ ခြေထောက်နဲ့ မွှေနှောက်ကာ ရေရွတ်လိုကိတယ်..။

"ဘာ အမြုတေမှ မကျန်ခဲ့ဘူး..။ဒီမှာ ဘာမှမရှိဘူး.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက် တိတ်ဆိတ်နေပြီး မျက်မှောင်ကျုတ်နေခဲ့တယ်..။

နောက်ဆုံးတော့ သူမ ပြောလာခဲ့ပါတယ်..။

"နင့်ရဲ့ ထပ်တူညီမူက အတော် ထူးခြားတာပဲ.."

***

လူတိုင်းက..တိုက်ပွဲပြီးသွားလို့ ဒဏ်ရာတွေကို အာရုံစိုက်နေကြတဲ့ အချိန်မှာတော့ ဆန်နီဟာ ထောင့်တစ်နေရာကို သွားပြီး ဝိဥာဥ် ပင်လယ်ထဲကို ဝင်လိုက်တယ်..။

ငြိမ်သက်နေတဲ့ ရေပြင်ကျယ်က..သူ့ကို ရင်းနှီးတဲ့ တိတ်ဆိတ်မူနဲ့ အတူ ကြိုဆိုလိုက်ပါတယ်..။ရေပြင်ကျယ်ရဲ့ အစွန်းမှာ ရှိနေတဲ့ ခံစားချက်မဲ့နေတဲ့ အရိပ်တွေကို ကြည့်လိုက်တဲ့အချိန်မှာ အနက်ရောင်စစ်သည်က သူတို့နဲ့ ပူးပေါင်းနေတာကို ဆန်နီ သတိထားမိလိုက်တယ်..။

စတီး သတ္တဝါကြီး..ဆန်နီ သတ်ခဲ့တဲ့ တစ်ခြားသတ္တဝါတွေကြားထဲမှာ ရပ်နေခဲ့တာပါ..။သူက တစ်ခြား သားရဲတွေနဲ့ ဘာမှ မကွာခြားပါဘူး..။နတ်ဆိုးတစိကောင်ရဲ့ ကြောက်ဖို့ကောင်းပြီး သေစေနိင်တဲ့ အရိပ်အယောင်တွေ မရှိတော့ပေ..။အခုတော့ သူက အရိပ်တွေထဲက တစ်ခုသာပဲ ဖြစ်နေခဲ့ပါပြီ..။

ဆန်နီ ပြုံးလိုက်ပြီး..

"ကြိုဆိုပါတယ် ခွေးသားလေး..။ကိုယ့်အိမ်လိုသာ သဘောထား..။မင်း ဘယ်နေရာကိုမှ ဘယ်တော့မှ သွာစရာ မလိုတော့ဘူး.."

နက်ရှိုင်းပြီး ကျေနပ်ဖို့ကောင်းတဲ့ ခံစားချက်က သူ့ နှလုံးသားထဲမှာ ရှိနေခဲ့တယ်..။ခံစားချက်မဲ့နေတဲ့ ရန်သူတော်ကို ကြည့်နေရင်း..ဆန်နီ ဟာ ခွန်အား အကုန်သုံးပြီး ကန် ချင်စိတ်ကို မနည်းထိန်းထားရပါတယ်..။

ဘာပဲဖြစ်ဖြစ် သူက အခုချိန်မှာ အရိပ်တစ်ခုပါ..။သူ့ကို ကန်နေတာက..လေကို ကန်နေသလိုပဲ ဖြစ်နေပါလိမ့်မယ်..။ထပ်ပြောရရင်..အဲလောက်အထိ လက်စားချေလိုစိတ် ပြင်းထန်နေတဲ့သူ မဟုတ်ပေ..။ဒီ ခွေးသားကို တစ်ခါသတ်ရုံကတင် သူ့အတွက်လုံလောက်ပါတယ်..။

"အခု ဘယ်သူက ရယ်မောနေတဲ့သူလဲ ဟမ်..။မင်း ငါ့ကို အနိုင်ယူခဲ့တယ် ဆိုတာကိုတော့ ငါ မငြင်းပါဘူး.။ဒါပေမဲ့ ငါက အသက်ရူနေတဲ့ အချိန်မှာ မင်းကတော့ သေဆုံးခဲ့ရပြီ..။အဆုံးသတ်မှာတော့ ဒါက အရေးကြီးဆုံးပဲ မဟုတ်ဘူးလား.."

ဒီကမ္ဘာကြီးမှာ..မဟုတ်ဘူး..ဒီကမ္ဘာရော ၊ အစစ်အမှန်ကမ္ဘာကြီးမှာရော ဆန်နီ ထက်ပိုသန်မာပြီး ခွန်အားကြီးတဲ့ လူတွေ အများကြီးရှိပါတယ်..။ဒီထဲက အများစုက သူ့အသက်ကို ခြိမ်းခြောက်ခဲ့ဖူးသလို ၊ သူတို့ရဲ့ သန်မာမူကို ပြသဖို့အတွက် သူ့ကို ဖုန်မှုန့်လိုမျိုး ဆက်ဆံခဲ့ကြဖူးပါတယ်..။

သို့ပေမယ့် ဒီလိုတွေခံခဲ့ရတာကြောင်..သူက..ဖျက်ဆီးရတာတွေ ၊ နိမ့်ချခံရတာတွေ မကြုံရပဲ ရှိနေပါသေးတယ်..။သူက လွတ်လပ်စွာနေထိုင် ရှင်သန်ပြီး နေ့ရက်တိုင်း သန်မာလာနေပါပြီ..။

တစ်နေ့ ဒီလူတွေက..သူ့ကို ကြောက်ရွံ့နေကြရမှာ ဒါမှမဟုတ် သူ့ရဲ့ ဖျက်ဆီးခြင်းကို ခံရမှာပါ..။အခု အနက်ရောင် စစ်သည်ရဲ့ အခြေအနေလိူပါပဲ..။

နက်မှောင်နဲ့ အမူအရာနဲ့ အတူပဲ ဆန်နီဟာ တစ်ဖက်ကို လှည့်သွားကာ..သူ့ရဲ့ အမြုတေဖြစ်တဲ့ အနကိရောင် နေ လုံးရဲ့ အောက်ကို သွားလိုက်တယ်..။ယင်းနောက် သူ ကျောက်တုံးသူတော်စင်ကို ခေါ်ထုတ်လိုက်ပါတယ်..။

သို့ပေမယ့် ကျောက်တုံးသူတော်စင်က ထွက်မလာခဲ့ပေ..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး ထုတ်ဖော်မူကို ထပ်လုပ်လိုက်ပါတယ်..။ရလာဒ်ကတော့ တူတူပါပဲ..။ရုတ်တရက် စိတ်ပူစွာပဲ သူက သူ့ရှေ့က အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်ပါတယ်..။

.

ကံကောင်းချင်တော့ သူ့ရဲ့အဆိုးဆုံးကြောက်ရွံ့မူက ဖြစ်မလာခဲ့ပါဘူး..။ကျောက်တုံးသူတော်စင်က သူ့ရဲ့ အရိပ် စာရင်းထဲမှာပဲ ရှိနေပါသေးတယ်..။

'ဒါဆို သူမက ဘာတွေဖြစ်နေတာလဲ..'

ဆန်နီဟာ သူမ နာမည်ရေးထားတဲ့ အချက်အလက်ဇယားကို အာရုံစိုက်ပြီး..နောက်ထပ် အချက်အလက်တွေ ထွက်ပေါ်လာစေခဲ့တယ်..။

အရိပ် : ကျောကိတုံး သူတော်စင်

အဆင့် : နိုးထမူ

အမျိုးအစား : မွန်းစတား

စွမ်းရည် : [ တိုက်ပွဲ မာစတာ ] [ အားထားရသူ ] [ နတ်ဘုရား အလင်းစက် ]

ဖော်ပြချက် : [ ကျောက်တုံးသူတော်စင်ကို မေ့ပျောက်ကုန်းမြေ၏ ကျိန်စာသင့် အမှောင်ထုထဲတွင် ဆရာ အလင်းမှ ပျောက်ဆုံးသူက ဖန်တီးခဲ့ခြင်းဖြစ်သည် ]

အရိပ် အပိုင်းအစ ; [ 80 / 200 ]

အရာရာတိုင်စက ပုံမှန်ပါပဲ..။သူမကို ကျွေးထားတဲ့ အရိပ်အပိုင်းအစ ပမာဏကတောင် မပြောင်းလဲပေ..။

သို့ပေမယ့် ဒီအချက်အလက်တွေရဲ့ အောက်မှာ ဘယ်ကမှန်းမသိ ရောက်လာတဲ့ နောက်ထပ် အချက်အလက်တစ်ခုလည်း ရှိနေခဲ့ပါသေးတယ်..။

ဆန်နီ ဒါကို မြင်တဲ့ အချိန်မှာ မျက်လုံးပြူးကျယ်သွားခဲ့ပါပြီ..။

[...ကျောက်တုံးသူတော်စင် သည် ဆင့်ကဲဖြစ်ပေါ်နေသည် ]

သူ ခနလောက် တွေဝေနေပြီးကာမှ အရိပ်အမြုတေကို ကြည့်လိုက်တယ်..။

အထဲမှာတော့ သူ့ရဲ့ အရိပ်ဟာ..အားဖြည့်ပေးတဲ့ အနက်ရောင် မီးတောက်တွေ ကြားမှာ အနားယူနေခဲ့ပါတယ်..။သူမက ဆန်းကျယ်တဲ့ ပြောင်းလဲမူ ဖြစ်စဥ်တစ်ခုကို ဖြတ်သန်းနေသလိုပါပဲ..။အနက်ရောင် စစ်သည်ရဲ့ ဝိဥာဥ် ကို စားသုံးလိုက်တာက..သူမကို ကြီးထွားတဲ့ ဖြစ်စဥ်တစ်ခုထဲကို ဝင်ရောက်စေ သလိုဖြစ်သွားခဲ့ပါတယ်..။ဒါကို ဆန်နီတောင် မမျှော်လင့်ထားခဲ့ပေ..။

ဒီ ဆင့်ကဲဖြစ်စဥ်က ဘယ်လောက်တောင် ကြာမှာလဲ..။

ပြီးတော့ ကျောက်တုံးသူတော်စင်က ဘယ်လို ပြောင်းလဲမူ ပုံစံမျိုးကို ဖြတ်ကျော်နေရတာလဲ...။

ဆန်နီ ကိုယ်တိုင်လည်း မသိပေ..။

သို့ပေမယ့် သူ အဖြေကို သိရဖို့ကို မစောင့်နိုင်တော့ပါဘူး..။

All Chapters