ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း
Vol. 19 Ch. 274
ဆင့်ကဲဖြစ်ပေါ်ခြင်း...
ကျောက်တုံးသူတော်စင်က ဆင့်ကဲဖြစ်ပေါ်နေသည်..။
ဝိဥာဥ်ပင်လယ်ကနေ ထွက်လာပြီးနောက်မှာတော့ ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။သို့ပေမယ့် သူ့ မျက်လုံးတွေက စိတ်လှုပ်ရှားမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
သူမက ဘယ်လိုဖြစ်စဥ် တွေကို ကျော်ဖြတ်နေတာလဲ..
ဒီမှာ ဖြစ်နိုင်ချေတွေ အများကြီးရှိမနေခဲ့ပါဘူး..။ဒါက သူမရဲ့ အဆင့် ၊ သူမရဲ့ အမျိုးအစား သို့မဟုတ် သူမရဲ့ စွမ်းရည် ထဲက တစ်ခုခုဖြစ်နေနိုင်ပါတယ်..။
အရိပ်က သူမထက် အဆင့်တစ်ခု ပိုမြင့်တဲ့ ရန်သူတစ်ယောက်ကို သတ်နိုင်ခဲ့လို့ နောက်ထပ် အဆင့်တစ်ခုကိုတက်ရောက်သွားတယ်ဆိုတာက နည်းလမ်းကျပါတယ်..။သို့ပေမယ့် ဒီလောဂျစ်မှာလည်း အားနညိးချက်တွေ ရှိနေခဲ့တယ်..။
အနက်ရောင် စစ်သည်က..ဆန်နီနဲ့ သူတော်စင်တို့ သတ်ခဲ့တဲ့ ပထမဆုံး..ကျရှုံးမူအဆင့် သတ္တဝါ မဟုတ်ပါဘူး..။တကယ်တော့ သူက တတိယမြောက်ပါ..။အလောင်းစား သုံးသူ နဲ့ ဆူးချွန်သားရဲတို့ကို သူတို့က အရင်သတ်ဖြတ်ခဲ့ပါတယ်..။
သို့ပေမယ့် အဲ့အချိန်တုန်းကတော့..အရိပ်သူတော်စင်က သူတို့ရဲ့ အလောင်းတွေဆီကနေ အနက်ရောင် ရတနာကို ထုတ်မယူခဲ့ပါဘူး..။
ဒီတော့..သူမက ဒီအိပ်မက်ဆ်ိုး သတ္တဝါ ရဲ့ ဝိဥာဥ်ကို စုပ်ယူခဲ့တာဟာ..သူ့ရဲ့ မယုံနိုင်စရာကောင်းတဲ့ စွမ်းအားတွေကြောင့် မဟုတ်ပဲ..သူတို့နှစ်ဦးကြားထဲက သိသာတဲ့ ဆက်နွယ်မူကြောင့်ပါ..။အနည်းဆုံးတော့ ဆန်နီက သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်တယ်လို့ ယုံကြည်ပါတယ်..။
သို့ပေမယ့် ဒါက သူတော်စင်က ဘယ်လိုတွေ ပြောင်းလဲစေ မလဲ ဆိုတာကိုတော့ သူ မသိနိုင်ပါဘူး..။ဒါတောင်မှ ဒါက တန်ဖိုးရှိတဲ့ အချက်အလက် ဖြစ်နေတုန်းပါပဲ..။
အနာဂတ်မှာ ဆန်နီက..သူ့ရဲ့ အရိပ်တွေကို ဆင့်ကဲပြောင်းလဲ စေချင်လို့ရှိရင်..အင်အားကြီးရုံတင်မကပဲ သင့်တော်တဲ့ ရန်သူကိုပါ ရှာဖွေရမှာပါ..။အဆင့်ရော ၊ အမျိုးအစားရော ပိုမြင့်ပြီး..ဆက်နွယ်မူရှိတဲ့ သားရဲမျိုးဆိုရင် အဆင်ပြေပါတယ်..။
သူ ခေါင်းကို အနည်းငယ်စောင်းပြီး..မေ့ပျောက်ကုန်းမြေကြီးပေါ်မှာ သူတော်စင်ကို ကျွေးဖို့ နောကိထပ် ဆက်နွယိမူရှိတဲ့ ဝိဥာဥ် ပိုင်ဆိုင်ထားတဲ့ သားရဲ ရှိမရှိ စဥ်းစားလိုက်တယ်..။တစ်ခနလောက်အတွင်းမှာပဲ..လမ်းလျောက်နေတဲ့ ရုပ်တုကြီးက သူ့ စိတ်ထဲမှာပေါ်လာခဲ့တယ်..။
'ဟုတ်ပြီ...၊ မဟုတ်ဘူး..။ဒီအကြောင်းကို တွေးတောင် မတွေးလိုက်နဲ့..'
ဆန်နီဟာ ခေါင်းကို ခါယမ်းကာ ပြုံးလိုက်ပြီး သူ့ရဲ့ အပေါင်းအပါတွေဆီကို လျောက်သွားလိုက်ပါတယ်..။
အခုတော့ သူတို့ရဲ့ အပေးအယူက ပြီးဆုံးသွားပါပြီ။
သူ အရမ်းကြောက်ရွံ့နေတဲ့ အနာဂတ်က နောက်ဆုံးမှာ သူတို့ဆီကို ရောက်လာတော့မှာပါ..။
***
မီးအိမ်တွေရဲ့ အလင်းရောင်က ရှေးဟောင်း ဘုရားကျောင်းထဲက အမျိုးသမီး ဘုန်းတော်ကြီး ပိုင်ဆိုင်ထားတဲ့ အခန်းထဲကို ရောက်လာခဲ့ပါတယ်..။အခန်းထဲကို လူခြောက်ယောက် ဝင်လာပြီးတဲ့ အခါမှာတော့ အခန်းက သိပ်ပြီး ကြီးနေတဲ့ ပုံမပေါ်တော့ပါဘူး..။
ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။လျိုဝှက် အခန်းလေးက သူထားခဲ့တဲ့ အတိုင်းရှိနေတုန်းပါပဲ..။ဒီမှာက ရိုးရှင်းပေမယ့် သေသေချာချာ ထုလုပ်ထားတဲ့ သစ်သား ပရိဘောဂတွေ ၊ အပျက်စီးထဲက ဆန်နီ တွေ့ရှိထားတဲ့ တစ်ချို့အရာတွေ ရှိနေခဲ့ပါတယ်..။ကျောက်တုံးနံရံတွေမှာလည်း ရှေးဟောင်း ပန်းပုလက်ရာတွေ ထုလုပ်ထားခဲ့ပါသေးတယ်..။တစ်ချိန်တုန်းက ဝိဥာဥ် အမြုတေတွေနဲ့ ပြည့်နှက်နေတဲ့..သေတ္တာက အခုတော့ နက်မှောင်ပြီး ဘာမှ ရှိမနေခဲ့ပါဘူး..။
ကျောက်တုံးသူတော်စင်ကို ကျွေးမွေးရတာက သူ့ကို မွဲပြာကျသွားစေခဲ့ပါတယ်..။ဝမ်းနည်းစွာပဲ..ဆာလောင်နေတဲ့ အရိပ်ရဲ့ သခင် ဖြစ်ရတာက..လွယ်ကူနေတာတော့ မဟုတ်ပေ..။
နံရံမှာ ရှိနေတဲ့ ကျောက်တုံးတွေပေါ်က စာတွေကတော့..ဆန်နီဟာ ဒီပျက်စီးနေတဲ့ ဘုရားကျောင်း မှာ သူ နေခဲ့တဲ့ နေ့ရက်တွေကို မှတ်သားထားခဲ့တာပါ။အချိန်အတော်ကြာအောင် ဒါက သူ့ရဲ့ အိမ် ဖြစ်ခဲ့ပါတယ်..။ကျိန်စာသင့် မြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ပြတင်းပေါက်မရှိတဲ့ အခန်းလေးတစ်ခုလို့ ပြောရတာ ဝမ်းနည်းဖို့ကောင်းပေမယ့် သူ့အတွက်တော့ ဒါက အကောင်းဆုံး အိမ်ပါပဲ..။
ဆန်နီ ဒီနေရာကို အရမ်းသဘောကျပါတယ်..။သူ ဒီ မှောင်ပြီး တိတ်ဆိတ်နေတဲ့ နေရာလေးကို ..အတော်လေးကို သတိရနေမိတော့မှာပါ..။
ကတ်စီ နဲ့ အယ်ဖီ ကလွဲပြီး တစ်ခြားအဖွဲ့သားတွေကလည်း အခန်းကို စိတ်ဝင်စားစွာ ကြည့်နေခဲ့ကြတယ်..။နစ်ဖီ တောင်မှ သိချင်စိတ် အချို့ကို ပြသနေခဲ့ပါတယ်..။
ထူးဆန်းတဲ့ အကြည့်နဲ့အတူပဲ..ကိုင် က ဆန်နီ ဘက်ကို လှည့်ပြီး မေးလိုက်တယ်..။
"ဒီ...ဒီနေရာက မင်းနေခဲ့တဲ့ နေရာလား.."
ဆန်နီ ပုခုံးတွန့်ပြလိုက်တယ်..။
"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ.."
ချောမောတဲ့ လေးသည်တော်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး..
"ဟင့်အင်..ဘာမှမဟုတ်ပလဘူး..။ဒီတိုင်း..ဒီတိုင်းက တကယ် ကောင်းမွန်တယ်..။မင်းနေတဲ့ နေရာက ဒီလောက် ကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးလေ.."
'ဒါက ဘာကို ဆိုလိုတာလဲ '
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"...မင်းက ဘယ်လိုမျိုး ထင်ထားလို့လဲ.."
ကိုင် အောက်ကို ငုံ့ကြည့်ပြီး ပြောလ်ိုက်ပါတယ်..။
"အိုး..မင်းသိလား..။တစ်ချို့အကြောင်းတွေကြောင့်..ငါက မင်းကို ဂူတစ်ဂူ ရဲ့ ကြမ်းပြင်မှာ ဆိုးဆိုးဝါးဝါး အိပ်နေရမယ်လို့ ထင်ထားခဲ့တာ..။ဟုတ်တယ်..တကယ်တုံးအတယ် ဆိုတာ ငါသိတယ်..။ဘုရားကျောင်းထဲမှာ ဘယ်လိုလုပ် ဂူတစ်လုံး ရှိနေမှာလဲ.."
ဒါကို ကြားတဲ့ အချိန်မှာတော့ အယ်ဖီ အကူအညီမဲ့စွာပဲ ရယ်မောလိုက်တယ်..။
"အာ..သူ့ရဲ့ ဗီရိုထဲမှာ ဘာရှိလဲဆိုတာကို မြင်ရတဲ့အထိသာ စောင့်နေလိုက် , နိုက်.."
ဆန်နီ သူမကို စိုက်ကြည့်လိုက်ပြီး ဘာမှတော့ မပြောခဲ့ပေ..။
မုဆိုးမိန်းကလေးက ခံစားချက်တွေ ကောင်းမွန်အောင် လုပ်ပေးနေတယ် ဆိုတာကို သူနားလည်ပါတယ်..။
ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကို သိနေတာကြောင့် အခုချိန်မှာ အဖွဲ့သားတွေက ကြောက်ရွံ့မူတွေ ၊ သံသယတွေ ဖြစ်ပေါ်နေကြပါတယ်..။အယ်ဖီက ကျန်တဲ့လူတွေထက် ပိုပြီးဆိုးတာ အသေအချာပါပဲ..။ဘာလို့လဲဆိုတော့..သူတို့အဖွဲ့အတွက် ဂန်လောင်စီစဥ်ထားခဲ့တဲ့..ကပွဲမှာ..သူမရဲ့ အခန်းကဏ္ဍက အဆိုးဆုံးပါပဲ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
ခနကြာပြီးနောက်မှာတော့..သူတို့က မီးဖို ပတ်လည်မှာ ထိုင်နေကြပြီး..အစားအသောက်ရဲ့ အနံ့ကတော့ လေထဲမှာ ပျံ့လွင့်နေခဲ့ပါတယ်..။လူတိုင်းက တိတ်ဆိတ်နေခဲ့ကြတယ်..။သူတို့က မီးပုံကို ကြည့်ပြီး စိတ်ထဲမှာ အတွေးနက်နေခဲ့ကြပါတယ်။ဆန်နီလည်း အခုချိန်မှာ သူက ဆုံးဖြတ်ချက်ချရတော့မယ် ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယ့် ဒီလိုလုပ်ဖို့ တားဆီးထားသလို ခံစားနေခဲ့ရတယ်..။
အဲဲဒီအစား သူက နံရံမှာ ကခုန်နေတဲ့ အရိပ်တွေကိုသာ ကြည့်နေခဲ့ပါတယ်..။
အတော်ကြာပြီးနောက်မှာတော့ နစ်ဖီဟာ တိတ်ဆိတ်မူကို ဖြိုခွင်းလာခဲ့တယ်..။သူ့ဘက်ကို လှည့်လိုက်ပြီး သူမက တစ်ခနလောက် တွေဝေကာ..မေးလိုက်တာပါ..။
"ငါတို့ မနက်ဖြန် မနက်ကျရင် သွားတော့မယ်..။နင်ရော ငါတို့နဲ့ အတူ လိုက်မှာလား..."
သူမရဲ့ အသံက ခါတိုင်းလိုပဲ တည်ငြိမ်နေခဲ့တယ်..။သို့ပေမယ့်..ဒီထဲမှာ ခံစားချက်တွေကို ဖိနှိပ်ထားရတယ် ဆိုတာကို ဆန်နီ ကောင်းကောင်း သဘောပေါက်ပါတယ်..။
မျှော်လင့်ချက်...
'မျှော်လင့်ချက်က မင်းအသက်ကို နှုတ်ယူနိုင်တဲ့ အဆိပ်ပဲ '
ဒါပေမဲ့ မဟုတ်ဘူး..။ဒါက ဆန်နီ အရင်က ပြောနေကြ စကားပါ..။ရူသွပ်မူ ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းရတာကို သဘောကျနေတဲ့ ၊ အရာရာကိုလက်လျော့ထားတဲ့သူ..။ရက်စက် တဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ကြောက်ရွံ့တဲ့သူ ၊ ပြီးတော့..သူနဲ့ သက်ဆိုင်တဲ့ အရာအတွက် တန်ကြေးပေးဆပ်ရမှာ ကြောက်ရွံနေတဲ့ သူ။
သူက ဒီလို လူ တစ်ယောက်ဖြစ်ခဲ့တာပါ..။
...ပြီးတော့ မျှော်လင့်ချက်။
ဆန်နီက ဆက်ပြီး ကြောက်ရွံ့မနေနိုငိတော့ပါဘူး..။
တည်ငြိမ်တဲ့ အမူအရာနဲ့အတူပဲ..သူက နစ်ဖီကိုကြည့်ကာ ပြောလိုက်တယ်..။
"သဘက်ခါကျရင်..။အနက်ရောင်မြို့တော်ထဲမှာ ငါ လုပ်စရာ တစ်ချို့ရှိနေသေးတယ်..။နင့်ဆီကို သဘက်ခါကျရင် လာပြီး ပူးပေါင်းမယ်..အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ်.."
သူမ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ညှင်သာတဲ့ အပြုံးတစ်ခု သူမရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။
"..ကျေးဇူးပါ..။ငါလည်း ပြင်ဆင်စရာလေးတွေ ရှိသေးတယ်..။ဒါဆို ငါတို့အတူ ရဲတိုက်ဆီကို ပြန်သွားကြတာပေါ့..."
နစ်ဖီ က ဘယ်တုန်းကမှ ကြောက်ရွံ့တဲ့ အမူအရာမျိုးကို မပြသခဲ့ပါဘူး..။အနည်းဆုံးတော့ သူ မှတ်မိသလောက် အတွင်းမှာပါ..။သို့ပေမယ့် ဒါက အများရှေ့မှာသာ ဆိုတာကို သူသိထားပြီးသားပါ..။ဒီမှာ ရှိနေတဲ့ လူတွေ အားလုံးထက် ပိုပြီး သိထားပါတယ်..။
ဘာပဲဖြစိဖြစ်..သူမက ငယ်ငယ်ရွယ်လေးတွေနဲ့ ဒီလိုအခြေအနေတွေကို ဖြတ်သန်းနေရတာပါ..။
ဒီတော့ သူမရဲ့ မပြောင်းလဲတဲ့ မျက်နှာ နဲ့ အသံ ရဲ့ နောက်ကွယ်မှာ..ကြောက်ရွံ့မူတွေ ရှိနေလိမ့်မယ်ဆိုတာကို သူ သံသယဖြစ်မိပါတယ်..။
ပြီးတော့..မကြာခင်မှာ မသေနိုင်တဲ့ ရဲတိုက်အရှင်ကို သေဆုံးသည်အထိ တိုက်ခိုက်ရမယ့် သူက..သူမပါ..။သူတို့ မဟုတ်ပါဘူး..။
ဆန်နီ အရိပ်တွေကို ကြည့်လိုက်တယ်..။
'တစ်ရက်..။တစ်ရက်ကြာပြီးသွားရင်..အနာဂတ်ဟောပြောထားတာက စတင်ပြီး မှန်ကန်လာတော့မယ်..'