ပျက်ဆီးနေတဲ့ ဘုရားကျောငိးရဲ့ လျိုဝှက်ချက်
Vol. 19 Ch. 275
မနက်အာရုံတက်လာတဲ့ အချိန်မှာတော့..လှိုင်းလုံးတွေ ဆုတ်ခွာသွားတဲ့ အသံနဲ့အတူပဲ..နစ်ဖီနဲ့ သူမရဲ့အဖွဲ့သားတွေဟာ ပျက်ဆီးနေတဲ့ ဘုရားကျောင်းကနေ ထွက်ခွာသွားခဲ့ကြတယ်..။
ဆန်နီကတော့..မှောင်မိုက်နေတဲ့ ဘုရားကျောင်းအဟောင်းနဲ့ နေ့သစ်တစ်နေ့ ရဲ့ အလင်းရောင် ကြားထဲမှာ..တစ်ယောက်ထဲ ကျန်ရစ်နေခဲ့ပါတယ်..။
တံခါးပေါက်နားမှာ တွေဝေနေရင်း..သူက အတော်ကြာအောင် ခံစားချက်မဲ့စွာ ရပ်နေကာ..ကျိန်စာသင့်မြို့တော်ထက်က အညိုရောင် ကောင်းကင်ပေါ်မှာ လူလုပ် နေတစ်စင်း မြင့်တက်လာတာကို ကြည့်နေခဲ့ပါတယ်..။တစ်ခြားလူသားတွေနဲ့ လပေါင်းများစွာကြာအောင် ကုန်ဆုံးခဲ့ပြီးနောက်မှာ..သူတစ်ယောက်တည်း ပြန်ဖြစ်သွားတဲ့ ခံစားချက်က အတော်လေး ထူးဆန်းပါတယ်..။ဒီအရာက..အချိန်အကြာကြီး တစ်ယောက်တည်း နေပြီးတဲ့နောက်မှာ တစ်ခြားလူတွေနဲ့ ပြန်ပြီးနေထိုင်ရတဲ့ ခံစားချက်အတိုင်းပါပဲ..။
တစ်ဖက်ကို ပြန်လှည့်ပြီး ဆန်နီဟာ အမှောင်ထဲကို ပြန်တိုးဝင်သွားခဲ့တယ်..။
ပျက်ဆီးနေတဲ့ ဘုရားကျောင်းရဲ့ ခန်းမကြီးက ငြိမ်းချမ်းပြီး တိတ်ဆိတ်နေခဲ့ပါတယ်..။ကြောက်လန့်ဖို့ ကောင်းတဲ့ အစောင့်အကြပ် မရှိတော့တဲ့ အချိန်မှာတော့ တိတ်ဆိတ်မူကို နှောက်ယှက်မယ့်လူက မရှိတော့ပေ..။ထောင့်စွန်းတွေမှာ ရှိနေတဲ့ အမှောင်ထု တွေကတောင်..အခုချိန်မှာ ဘာမှမရှိပဲ..နူးညံ့သိမ်မွေ့နေခဲ့ပါတယ်..။ဒါက အရင်တုန်းက ရှင်သန်ခဲ့သလိုဖြစ် မဟုတ်တော့ပေ..။
ဒါက အတော်လေးကို အားနည်းသွားသလိုပါပဲ..။
ခမ်းနားထည်ဝါတဲ့ ခန်းမကြီးထဲက ပဲ့တင်ထပ်သံတွေကြားထဲမှာတော့ ဆန်နီဟာ လွတ်လပ်စွာ လျောက်သွားနေခဲ့တယ်..။သူက တစ်ချ်ိန်တုန်းက အမိုးအကာအဖြစ်အသုံးပြုခဲ့တဲ့ ဘုရားကျောင်းကြီးကို မတူညီတဲ့ ရူထောင့် အသစ်ကနေ ကြည့်ခွင့်ရနေခဲ့တာပါ..။သူက ဒီမှာ အချိန်တွေ အကြာကြီး ကုန်ဆုံးခဲ့တယ်ဆိုပေမယ့်..အခုလိုမျိုး..အနက်ရောင်မြို့တော်က နေထိုင်သူတွေ မြင်ရတဲ့ ရူထောင့်ကနေ တစ်ခါမှ မမြင်ခဲ့ရဖူးပေ..။ဆန်နီက ဘုရားကျောင်းမှာရှိတဲ့ ထောက်တိုက်ကြီး တစ်ခုရဲ့ အမြင့်ကနေ ပဲ ..အောက်ကို ငုံ့ကြည့်ဖူးခဲ့တာပါ..။
ဒါက အတော်လေးကို ခမ်းနားထည်ဝါပါတယ်..။
သို့ပေမယ့် ဒါက သိပ်ပြီး မလုံခြုံတော့ပါဘူး..။
အနက်ရောင် စစ်သည် သေဆုံးသွားပြီဆိုတော့..ဘုရားကျောင်းကြီးကို သူတို့ရဲ့ အသိုက်လုပ်ချင်နေတဲ့ သားရဲတွေ လက်ကနေ ကာကွယ်ပေးမယ့် သူ မရှိတော့ပေ..။ဒီတော့ ဆန်နီ လည်း ဒီမှာ အကြာကြီး နေလို့ မရတော့ပါဘူး..။
ဒီလို ရွေးချယ်မူကိုလည်း သူ ထပ်ပြီး ပိုင်ဆိုင်ခွင့်ရတော့မှာ မဟုတ်ပေ..။
လှပတဲ့ အနက်ရောင် ခန်းမကြီးကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီး..ဆန်နီ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့..အမည်မသိ ရုပ်ထုကြီး ပေါ်ကို စတင်ပြီး တက်လိုက်ပါတယ်..။
***
လျိုဝှက်အခန်းထဲမှာတော့..ဒါက နောက်တစ်ကြိမ် မှောင်မိုက်နေခဲ့တယ်..။ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ သူ့ရဲ့ ပစ္စည်းတွေကို စတင် သိမ်းဆည်းလိုက်ပါတယ်..။
ဒါက သိပ်ပြီး အချိန်မယူလိုက်ရပေ..။
မေ့ပျောက်ကုန်းမြေမှာ ရှိနေတဲ့ အရာဝတ္တုတွေက
သံယောဇဥ်တွယ်နေတာက..အဓိပ္ပါယ်မရှိတဲ့ အရာပါပဲ..။ဘာပဲဖြစ်ဖြစ် ဒီအရာတွေကို အစစ်အမှန်ကမ္ဘာဆီ သယ်ဖို့အတွက် နည်းလမ်းမရှိပေ..။တကယ်လို့ သူ အဲ့အချိန်အထိ အသက်ရှင်နိုင်ဦးမယ် ဆိုရင်ပေါ့..။
သို့ပေမယ့် သူ့ ပစ္စည်းတွေ အကုန်ထားခဲ့ဖို့ အတွက်တော့ သူ ဝမ်းနည်းနေမိပါသေးတယ်..။အစစ်အမှန်ကမ္ဘာမှာဆိုရင်..ဆန်နီ မှာ ဒီလို အိမ်တစ်လုံးမရှိသလိုသူ့ကိုယ်ပိုင် ပစ္စည်းလို့ ပြောရမယ့် အရာ များများစားစား မရှိပါဘူး..။သူက နိုးထသူ တစ်ယောက်ဖြစ်လာပြီးနောက်မှာ ခမ်းနားထည်ဝါတဲ့ ဘဝတစ်ခု မှာနေထိုင်ဖို့ စိတ်ကူးယဥ် ထားခဲ့ပေမယ့်..အဲဒီအစား ဒီငရဲလို နေရာမှာ သောင်တင်နေခဲ့ပါတယ်..။သူ့ရဲ့ အိမ်လို့ ခေါ်နိုင်တဲ့ ဒီ ကျယ်ပြောတဲ့ အခန်းက..သူ့အတွက်တော့ နှစ်သိမ့်မူ တစ်မျိုးလိုပါပဲ..။
သို့ပေမယ့် အခုတော့ သူ ထွက်သွားရပါတော့မယ်..။
အဆုံးမှာတော့..သူက လိုအပ်တဲ့ အရာတစ်ချို့ကို သာယူပြီး အခန်းကို သန့်ရှင်းရေး ပြန်လုပ်ပေးလ်ိုက်တယ်..။ဒီနေရာမှာ. တစ်ခြားတစ်စုံတစ်ယောက် လာနေနိုင်ဖို့ အခွင့်အရေး နည်းပါးတယ် ဆိုပေမယ့် သန့်ရှင်းပြီး စနစ်တကျဖြစ်အောင် ထားခဲ့ချင်ပါတယ်..။
အရာအားလုံးပြီးဆုံးသွားတဲ့ အခါမှာတော့..ဆန်နီဟာ ငြိမ်သက်နေတဲ့ အခန်းကိုကြည့်ပြီး တစ်ခနလောက် တွေဝေသွားခဲ့တယ်..။
ယင်းနောက်..အရင်က နေ့ရက်တွေကို ရေတွက်ဖို့အတွက် အကြိမ်ရေများစွာ ရေးခြစ်ထားတဲ့ နံရံဆီကို လျောက်သွားပြီး သုံးမြှောင့်ဆူးချွန်ကို ထုတ်လိုက်တယ်..။
သူ ဒီမှာ ရှိနေခဲ့ဖူးတယ် ဆိုတာကို အမှတ်အသား ထားခဲ့ချင်တာပါ..။သူ ဒီမှာနေခဲ့ဖူးတယ် ဆိုတာကို ပြောလို့ ရမယ့် အရာတစ်ခုခု..၊ ပျက်ဆီးနေတဲ့ ရှေးဟောင်း ဘုရားကျောင်းထဲမှာ ၊ အနက်ရောင်မြို့တော် ထဲမှာ..၊ ပြီးတော့..မေ့ပျောက် ကုန်းမြေပေါ်မှာ...
ဒီကမ္ဘာကြီးထဲမှာ..။
သူ တည်ရှိနေခဲ့တယ်ဆိုတာ သက်သေပြဖို့ သေးငယ်တဲ့ အမှတ်အသားလေးတစ်ခု။သူ ဒီမှာ ရုန်းကန်ခဲ့ရတယ်..ပြီးတော့..လွတ်မြောက်ခွင့်ရမယ့် အခွင့်အရေးအတွက် တိုက်ခိုက်ဖို့ ထွက်သွားခဲ့တယ်ဆိုတဲ့ အမှတ်အသားလေးတစ်ခု။
ဆန်နီ နက်နဲတဲ့ စကားလုံးတစ်ချို့ က်ို ရေးချ ချင်ခဲ့ပေမယ့်..သူ့ စိတ်ထဲကို တစ်ခုမှ ရောက်မလာခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် သူက လေးနက်တဲ့ လူတစ်ယောက်လည်း ဟုတ်မနေခဲ့ပေ..။
နံရံမှာ သူ တကယ်ရေးထွင်းချင်ခဲ့တာက သူ့ရဲ့ နာမည်အစစ်အမှန်ကိုပါ..။သို့ပေမယ့် အခုတောင်မှ သံသယစိတ်က သူ့ကို တားမြစ်နေခဲ့တယ်..။တစ်နေ့မှာ တစ်စုံတစ်ယောက်က ဒီကို ရောက်လာပြီး အကျယ်ကြီး အော်ဖတ်လိုက်ရင် ဘယ်လိုလုပ်မလဲ..။ဒါက ဘယ်လို ရယ်စရာ ကပ်ဆိုးမျိုးကို ကြုံတွေ့ရနိုင်မလဲ။
နောက်ဆုံးမှာတော့..သူက ကူနယ်ကို မြှောက်လိုက်ပြီး ပျက်ဆီးနေတဲ့ ဘုရားကျောင်းမှာ နေထိုင်ခဲ့စဥ် နေ့ရက်တွေကို ရေတွက်တုန်းက ရေးထားတဲ့ စာသားတွေရဲ့ အောက်မှာ ဆက်ရေးလိုက်ပါတယ်..။
ယင်းနောက် ဆန်နီ တစ်ဖက်ကို လှည့်ပြီး လျောက်ထွက်သွားခဲ့တယ်..။
သူ့နောက်က နံရံပေါ်မှာတော့ စာကြောင်း နှစ်ကြောင်း ကျန်ရစ် နေခဲ့ပါပြီ..။
တစ်ခုက နေ လို့ အဓိပ္ပါယ်ရပြီး..
နောက်ထပ် တစ်ခုကတော့ ဆုံးရှုံးခြင်း လိူ့ အဓိပ္ပါယ်ရပါတယ်..။
***
မနက်ဖြန် မနက် မတိုင်ခင်မှာ ဆန်နီ လုပ်ချင်တဲ့အရာ နှစ်ခု ရှိနေခဲ့ပါတယ်..။တစ်ခုက သူ ဘယ်တုန်းကမှ မရှာဖွေခဲ့ဖူးတဲ့ စာကြည့်တိုက် အပျက်ကြီး တစ်ခုပါ..။ပြီးတော့ နောက်တစ်ခုက ဒီ ပျက်ဆီးနေတဲ့ ဘုရားကျောင်းကြီးပါပဲ..။
ကျောပိုးအိတ်ကို ပုခုံးမှာလွယ်ထားရင်း..ဆန်နီဟာ ခန်းမကြီးဆီကို ပြန်သွားလိုက်တယ်..။သူက အမည်မသိ နတ်သမီး ရုပ်တု ကို ဖြတ်လျောက်သွားပြီး ဘုရားကျောင်းရဲ့ အတွင်းပိုင်း မြင့်မြတ်နယ်မြေဆီ သွားတဲ့ တံခါးတွေထဲက တစ်ခုတည်းကို ဝင်သွားခဲ့ပါတယ်..။
အသက်ဝင်နေတဲ့ အမှောင်ထု နဲ့ အနက်ရောင် စစ်သည်တို့ကြောင့် သူ ဒီနေရာကို တစ်ခါမှ မရောက်ဖူးခဲ့ပါဘူး..။
အခုတော့ နတ်ဆိုးက မရှိတော့ကြောင့်..အထဲမှာ ဘာတွေ ရှိနေတာလဲ ဆိုတာကို ဆန်နီ ရှာဖွေခွင့်ရခဲ့ပါပြီ..။
တစ်ချိန်က ဘုန်းတော်ကြီး တွေ ၊ အမျိုးသမီး ဘုန်းတော်ကြီး တွေ အသုံးပြုခဲ့တဲ့ ..အခန်းတွေနဲ့ ကော်ရစ်ဒါ တွေကို လျောက်သွားနေခဲ့ပေမယ့် စ်ိတ်ဝင်စားဖို့ကောင်းတဲ့ အရာမျိုးကို သူ မတွေ့ခဲ့ပါဘူး..။အရာရာတိုင်းက ပျက်ဆီး ယိုယွင်းနေပြီး..တစ်ချို့အရာတွေလောက်ပဲ..ပုံစံမပျက်ကျန်ရှိ နေပါတော့တယ်..။
ဒီမှာ ဘာမှ ကို ရှိမနေခဲ့ပေ..။အနည်းဆုံးတော့ တစ်ခြားလူတွေ မျှော်လင့်နေတဲ့ အရာမျိုးပါ..။
သို့ပေမယ့် ဆန်နီဟာ..နံရံတစ်ခုရဲ့ ရှေ့မှာ ရုတ်တရက် ရပ်လိုက်ပြီး အနည်းငယ် တွေးနေခဲ့တယ်..။
နံရံမှာက ဘာမှထူးခြားတာ ရှိမနေခဲ့ပါဘူး..။အနည်းဆုံးတော့..ဘာမှ မြင်ရတာ မရှိပေ..။သို့ပေမယ့် ဒီနောက်ဘက်မှာ..လေးလံတဲ့ အရိပ်တွေအများကြီး တည်ရှိနေတာကို သူ ခံစားရပါတယ်..။ဒါက ဒီနောက်ဘက်မှာ အခေါင်းပေါက်တစ်ခု ရှိနေသလိုပါပဲ။
အတော်ကြာအောင် ရှာဖွေပြီးနောက်မှာတော့ သူက လျိုဝှက်ခလုတ်ကို ရှာတွေ့ခဲ့ပြီး နိပ်လိုက်တယ်..။
ဒါမှမဟုတ် အနည်းဆုံးတော့ သူ နိပ်ဖို့ ကြိုးစားကြည့်လိုက်ပါတယ်..။ဒါပေါ့ ရှေးဟောင်း ယန္တရားတွေက နှစ်ထောင်ပေါင်းများစွာကြာအောင်..အသုံးမပြုထားတာကြောင့်..ဆွေးမြေ့ ပျက်ဆီးနေခဲ့ပါပြီ..။
ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်ပြီး သန်းခေါင်ယံ အမြုတေကို ထုတ်ကာ..အခေါင်းပေါက် နံရံ နားကို ကပ်သွားပြီး ကြည့်လိုက်တယ်..။ယင်းနောက် ဓားဦးကို လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေကြားထဲကို ထည့်လိုက်ပါတယ်..။ပြီးတာနဲ့ သူက မကျိုးနိုင်တဲ့ ဓားကို မောင်းတံ အဖြစ်အသုံးပြုပြီး..သူ့ရဲ့ လူသားနဲ့မတူတဲ့ ခွန်အားကို အသုံးပြုကာ..တွန်းလိုက်တယ်..။
ဆိုးဝါးတဲ့ ခြစ်သံတစ်ခုနဲ့အတူပဲ..နံရံရဲ့ အစိတ်အပိုင်းတစ်ခုက ဘေးကို ရွေ့လျားသွားခဲ့တယ်..။လေတွေဟာ ဆန်နီကို ဖြတ်သန်းပြီး ကျဥ်းမြောင်းထဲ အနက်ရောင် အပေါက်ထဲကို တိုးဝင်သွားခဲ့ကြပါတယ်..။
သူ့ရဲ့ နောက်မှာတော့..ကျောက်တုံး လှေကားတစ်ခုဟာ အောက်ကို ဦးတည်ပြီး ရှိနေခဲ့ပါတယ်..။
မြေအောက်ကို နက်နက် ရှိုင်းရှိုင်း။
စိတ်ပျက်တဲ့ အမူအရာ နဲ့ ဆန်နီဟာ သန်းခေါင်းယံ အမြုတေကို လှုပ်ယမ်းပြီး..ဖုန်တွေကို ခါလိုက်ပါတယ်..။ယင်းနောက် ဓားကို သူ့ ပုခုံးပေါ်တင်လိုက်ပြီး လျို့ဝှက်လမ်းကြောင်း အတိုင်း ဝင်ရောက်သွားလိုက်တယ်..။