အနက်ရောင် တံခါး
Vol. 19 Ch. 276
ဆန်နီကို မြေအောက်ဆီကို လမ်းပြထားသည့် လျို့ဝှက်လမ်းကြောင်း က ကျောက်တုံးများကြားမှာ အကွေ့အကောက် များစွာနဲ့ ရှိနေခဲ့ပါတယ်..။သူက သိချင်စိတ်နဲ့ မိနစ် အနည်းငယ် လျောကိနေသည့်တိုင်အောင်..ဘုရားကျောင်းရဲ့ အောက်ခြေမှာသာ ရှိနေသေးတယ် ဆိုတာကို ခံစားနေမိခဲ့တယ်..။တကယ်တော့ သူ့ရဲ့ တွက်ချက်မူအရဆိုရင် သူက အလယ်တည့်တည့်ကို ဦးတည်နေခဲ့တာပါ..။
ပြီးတော့ အမှန်တကယ်ပဲ..နတ်သမီးရုပ်ထုရဲ့ အောက်ခြေနေရာ တည့်တည့်လောက် မှာတော့..ကျဥ်းမြောင်းတဲ့ လမ်းကြောင်းက ကြီးမားတဲ့ အခန်းတစ်ခု ဆီကို ရောက်လာခဲ့တယ်..။အထဲမှာတော့ နက်ရှိုင်းတဲ့ ရေတွင်းတစ်တွင်းက..အောက်ဘက် အမှောင်ထုထဲကို ဦးတည်ထားတဲ့..ကွေကောက်တဲ့ လှေကား တစ်ခု နဲ့အတူ ရှိနေခဲ့ပြန်ပါတယ်..။
ဆန်နီ မျက်မှောငိကျုတိလိုက်တယ်..။
'ဒီနေရာက ဘာလဲ..။ပြီးတော့..ကြောက်စရာ ရေတွင်းရောပဲ..'
အောက်ကို ပိုပြီး ဆင်းသွားတာက..သူ့ကို အန္တရာယ်များတဲ့ ဥမင်တွေနဲ့ နီးကပ်သွားစေနိုက်တယ် ဆိုတာကို ဆန်နီ နားလည်ထားပါတယ်..။မြို့ရဲ့ အောက်ဘက်မှာ ရှိတဲ့ ရှေးဟောင်း ဥမင်လှိုဏ်ခေါင်းတွေကို ဖြတ်သန်းသွားတုန်းက အသက်ရှင်ရုံမျှသာ ပြန်ထွက်လာနိုင်ခဲ့တာကို ကောင်းကောင်း မှတ်မိနေတုန်းပါပဲ..။
အတော်ကြာအောင် တွေဝေနေပြီး နောက်မှာတော့..သူက လှေကားပေါ်ကို တက်ကာ စတင်ပြီး ဆင်းသက်လိုက်တယ်..။နက်ရှိုင်းတဲ့ အပိုင်းမှာတော့ ရှေးဟောင်းအရိပ်တွေက သူ့ကို ဝန်းရံထားပြီး..အနည်းငယ် စိတ်သက်သာရာရစေခဲ့ပါတယ်..။
အနည်းဆုံးတော့ သူက ဆွေမျိုးတွေကြားထဲမှာပါ။
ရေတွင်းလှေကား ကနေတဆင့် တစ်မိနစ် ကျော်ကျော်လောက် ဆင်းသက်လာပြီး နောက်မှာတော့..လူတွေလက်နဲ့ တည်ဆောက်ထားတာနဲ့ မတူပဲ..ကျောက်သားကနေ ထွင်းထုထားပုံပေါ်တဲ့ အခန်းတစ်ခုထဲကို ဝင်လာခဲ့လိုက်တယ်..။တစ်ခြားတစ်ဖက်မှာတော့..မီးတုတ် နှစ်ခုမှ အလင်းပေးထားသည့် အနက်ရောင် စတီး တံခါးကြီးတစ်ခု ရှိနေခဲ့ပါတယ်..။
ချက်ချင်းဆိုသလိုပဲ ဆန်နီရဲ့ စိတ်ထဲကို အတွေးနှစ်ခု ဝင်လာခဲ့တယ်..။
ပထမတစ်ခုက ဒီ တံခါးကို ပြုလုပ်ထားတဲ့ သတ္တုက ကြောက်စရာကောင်းလောက် အောင် ရင်းနှီးနေသလိုပါပဲ..။ဒါက..အနက်ရောင် စစ်သည်တော်ရဲ့ နက်မှောင်ပြီး တောက်ပမူကင်းမဲ့ကာ ၊ ထိုးဖောကိလို့မရတဲ့ ချပ်ဝတ်အကာအကွယ်နဲ့ တူနေခဲ့တာပါ..။
ဒုတိယ အတွေးကတော့ ပိုပြီးတောင် စိတ်အနှောက်ယှက်ဖြစ်စေပါသေးတယ်..။
'ဒီ မီးတုတ်တွေက ဘယ်လိုဖြစ်ပြီး အခုထိ လောက်ကျွမ်းနေရသေးတာလဲ '
သူတို့က နှစ်ထောင်ပေါင်းများစွာကြာအောင် လောက်ကျွမ်းနေကြတာလား..။
ဒီလိုတွေးကြည့်လိုက်တဲ့ အချိန်မှာတော့ မီးတုတ်တွေက အတော်လေးကို ထူးဆန်းပါတယ်..။သူတို့က အလင်းကို ထုတ်ဖော်ပေးနေပုံပေါ်ပေမယ့်..ဖြူဖျော့ပြီး..တစ်မျိုးတစ်ဖုံ ဖြစ်နေခဲ့တယ်..။
ဒီ မီးတုတ် တွေကြောင့် ဖြစ်ပေါ်လာတဲ့ အရိပ်တွေကတော့ သူ့ကို စိတ်အနှောက်အယှက် အဖြစ်ဆုံးပါပဲ..။မီးတောကိရဲ့ လှုပ်ရှားမူတွေကြောင့်..အရိပ်တွေက ကြမ်းပြင်ပေါ်မှာ ကခုန်နေသလို ဖြစ်နေရမှာပါ..။သို့ပေမယ့် အဲဲဒီအစား အရိပ်တွေက ခံစားချက်မဲ့သလို ဖြစ်နေခဲ့ပါတယ်..။မီးတုတ်တွေ ရဲ့ အလင်းက သူတို့ကို တစ်နည်းနည်းနဲ့ ထောင်ခြောက်ထဲမှာ ပိတ်ဆို့ထားသလို ပုံစံမျိုးပါပဲ..။
ဆန်နီ ခနလောက် တွေးပြီးနောကိမှာတော့ သူ့အရိပ်ကို နောက်ကို ဆုတ်နေဖို့ အမိန့်ပေးလိုက်တယ်..။အရိပ်က ဆန့်ကျင်ခြင်းမရှိပဲ..သိသာစွာပဲ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။သူက ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်ခွာသွားပြီး ရေတွင်းပေလက်ရဲ့ အဝင်ဝကို လျောက်သွားကာ စောင့်ဆိုင်းနေခဲ့တယိ..။သူက ခံစားချက်မဲ့နေတဲ့ အရိပ်တွေကို မကြာခနဆိုသလို ကြောက်လန့်စွာကြည့်နေခဲ့ပါတယ်..။
ဆန်နီဟာ အနက်ရောင် တံခါးဆီကို သိချင်စွာ ကပ်သွားခဲ့ပြီး သန်းခေါင်ယံ အမြုတေကို ကာကွယ်ဖို့ အဆင်သင့်ပုံစံ ပြုလုပ်ထားခဲ့တယ်..။သူက ဘယ်လို အန္တရာယ်မျိုးကို မဆို ထိပ်တိုက်တွေ့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
....သို့ပေမယ့် သူ့ကို ဘာမှ တိုက်ခိုက်မလာခဲ့ပေ..။
သူဖြစ်ခဲ့တဲ့ တစ်ခုတည်းသောအရာက..မီးတိုင် နှစ်ခုက ပြုလုပ်ထားတဲ့..အဝိုင်းပုံစံ အလင်းရောင်ထဲကို ဝင်ရောက်တဲ့အချိန်မှာ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်လာတာပါပဲ..။
'မီးတိုင် တွေက...သူတို့က ကျိန်းသေပေါက် အကာအကွယ် အဆောင်တွေပဲ..။သူတို့ရဲ့ စွမ်းအားက အရိပ်တွေကိုတောင် ထိခိုက်စေနိုင်တယ် ဆိုတာ ငါသေချာပြောနိုင်တယ်..'
အခု သူ့ကိုယ်သူ မေးနေတဲ့ မေးခွန်းကတော့ တစ်ခုတည်းပါ..။ဒီမီးတောက်တွေက အနက်ရောင် တံခါးနောက်ဘက်က အရာတစ်ခုခု ဝင်ရောက်လာမှာကနေ ကာကွယ်ထားခဲ့တာလညး..။
ဒါမှမဟုတ်..အထဲက တစ်ခုခု ထွက်မလာအောင် ကာကွယ်ထားတဲ့ အရာတွေလား..။
ကောင်းပြီ..ဒါကို သိဖို့ဆိုရင် တစ်နည်းပဲ ရှိပါတယ်..။
ဆန်နီ လုပ်လိုက်တဲ့ အရာက တကယ်ကို ရူးသွပ်လောက်စရာပါပဲ..။သို့ပေမယ့် အမှန်တော့ အဲလိုလည်း မဟုတ်ပေ..။သူ ဒီမြေအောက် အခန်းထဲကို လာတယ် ဆိုတာက..သိချင်စိတ် ဒါမှမဟုတ် လောဘကြောင့် ဘာမှမဖြစ်နိုင်အောင်ဖြစ်နေတာကြောင့် ဒါမှမဟုတ်..ရတနာတွေကို ရှာဖွေချင်လို့ လုံးဝမဟုတ်ပေ..။
သူ့ကို ဒီကို ခေါ်လာပြီး..တံခါးကြီးကို တွန်းဖွင့်စေချင်နေတာက..သူ့ရဲ့ အလိုလျောက် သိစိတ်ကြောင့်ပါ..။
အခုတော့..သူ့ရဲ့ အလိုလိုသိစိတ်က..သူ့ရဲ့ သိစိတ်အလျောက် စေ့ဆော်မူထက် အနည်းငယ် သူလွန်နေပြီဆိုတာကို တော့ ဆန်နီ ဝန်ခံရတော့မှာပါ..။ဒီအရာမျိုးကလည်း အကြိမ်ပေါင်းများစွာ မှန်ကန်ခဲ့ပါတယ်..။
အထူးသဖြင့် သူက ဆားရည်စက်ကို သောက်ပြီးတဲ့ အချိန်ကတည်းကပါပဲ..။
အဲဒီနေ့ပြီးတဲ့နောက်မှာ သူက နတ်ဘုရားစွမ်းအင်တွေကို ခံစားနိုင်စွမ်းရှိလာခဲ့ပါတယ်..။ပြီးတော့ တစ်ခါတစ်လေဆိုရင် သူက ဒီထဲမှာ နစ်မြုပ်သွားတတ်ပါသေးတယ်..။ဒါက သူက ဒီဘုရားကျောင်းမှာ နစ်မြုပ်သလို ၊ ပြီးတော့..သေဆုံးခြင်းနတ်ဘုရားရဲ့ ခန္တာကိုယ်အောက်မှာ ရှိနေတဲ့ သော့ကို ယူခဲ့တုန်းက လိုမျိုးပါပဲ..။ဒီဖြစ်စဥ်နှစ်ခုက ဆက်စပ်နေသလို ထင်ရပါတယ်..။
ပြီးတော့..သူက ဘယ်လိုလဲ ၊ ဘာကြောင့်လဲ ဆိုတာကို သိရှိခွင့်ရတော့မလို ခံစားနေခဲ့ရတယ်။
သို့ပေမယ့် ဒါက သူ့ရဲ့ အလိုလို သိစိတ်ကြောင့် ချည်းပဲ မဟုတ်ပါဘူး..။ဒီမှာ တစ်ခြား စွမ်းရည်တွေလည်း ရှိနေပါသေးတယ်..။
တကယ်တော့..ဒါက သူ့ရဲ့ [ နတ်ဘုရား အမှတ်အသား ] စွမ်းရည် ထက် ..[ ကံစီမံရာ ] စွမ်းရည်နဲ့ ပိုပြီး သကိဆိုင်မူ ရှိနေသလို ခံစားနေရပါတယ်..။သူသာ ခန့်မှန်းရမယ်ဆိုရင်..သူက ဆားငံရည်စက်ကို သောက်သုံးပြီးကတည်းက ဒီစွမ်းရည်မှာ ပြောင်းလဲမူတစ်ချို့ဖြစိလာခဲ့ပါတယ်..။သူက တစ်ခါတစ်လေမှာ ကံတရား ကြိုးတွေကနေ ဖြစ်ပေါ်လာတဲ့ တုန်ခါမူတွေကို ခံစားလို့ ရနေခဲ့တာပါ..။ဒီကြိုးတေံက..သူ့ရဲ့ ခန္တာကိုယ်ဝန်းကျင်မှာ တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသလိုပါပဲ..။
သူ့ရဲ့ မျက်လုံးတွေအတွင်းပြောင်းလဲမူနဲ့ ကံတရားကြိုးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာက..ဆန်နီကို ကံတရား နဲ့ပတ်သက်ပြီး အနည်းငယ် ထုတ်ဖော်ပြောဆိုနေသလိုပါပဲ..။ဒါက ကတ်စီ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်နဲ့ ဆင်တူပုံ ရပေမယ့် အတော်လေးတော့ အားနည်းနေပါသေးတယ်..။
သို့ပေမယ့် ဒီအရာက သူ့ကို ဒီတံခါးဆီ လမ်းပြဖို့အတွက် လုံလောက်ခဲ့ပြီး ၊ဘယ်လိုအကြောင်းတရားပဲ ဖြစ်ဖြစ် သူ့ကို ဖွင့်အောင် စေ့ဆော်ပေးနေပါတယ်..။
အနက်ရောင် တံခါးကြည့်ကို အနီးကပ်ကြည့်လိုက်တဲ့ အချိန်မှာတော့..ဒီအတားအဆီးကို..စစ်တပ်တစ်တပ်ကတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်လိုက်ပါတယ်..။
သို့ပေမယ့် သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ သော့ပုံစံ အပေါက်လေးတစ်ခု ရှိနေခဲ့တယ်..။
ဆန်နီဟာ သူ့ရဲ့ လည်ပင်းမှာ ချည်နှောင်ထားတဲ့ ကြိုးလေးကို ဆွဲလိုက်ပြီး..သတ္တဝါသော့လေးကို ယူလိုက်ကာ..လက်ထဲမှာ ကျစ်နေအောင် ဆုပ်ကိုင်ထားခဲ့တယ်..။
အချိန်အတော်ကြာအောင် တွေဝေနေပြီးနောက်မှာတော့ သူက..အနက်ရောင်တံခါးရဲ့ သော့ပေါက်ထဲကတဆင့် သော့ကို ဂရုတစိုက် ထိုးသွင်းလိုက်ပါတယ်..။
ဒါက ပြီးပြည့်စုံစွာ ကွက်တိကျသွားခဲ့တယ်..။ဆန်နီ သော့ကို ထည့်ပြီးသွားတာနဲ့..သူ့ရဲ့ မှိန်ပြပြ နတ်ဘုရားအလင်းရောင် တွေက ရုတ်တရက် ပိုမိုတောက်ပလာခဲ့ပါပြီ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုကို အဆင်သင့်ပြင်ကာ..သော့ကို လှည့်လိုက်တယ်..။
သတ္တုတံခါးကြီးရဲ့ အတွင်းဘက်ကနေ ကလစ် ဆိုတဲ့ အသံမြည်သွားပြီး တံခါးက တိတ်ဆိတ်စွာပွင့်သွားခဲ့တယ်..။မီးတိုင် တွေမှာ ဖြစ်ပေါ်နေတဲ့ ဖြူဖျော့တဲ့ မီးတောက်တွေက..တစ်ခြားကမ္ဘာကနေ လေတိုက်ခတ်လိုက်သလို လှုပိယမ်းသွားခဲ့ပါတယ်..။
တံခါးရဲ့ နောက်ဘက်မှာတော့..ကျောက်သားတွေထဲမှာ ထွင်းထုထားတဲ့ အခန်းငယ်လေး တစ်ခု ရှိနေခဲ့တယ်..။
အခန်းထဲမှာတော့..အနက်ရောင် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားတဲ့ အလောင်းတစ်လောင်းဟာ..ကြမ်းပြင်ပေါ်ရှိ အဝိုင်းပုံစံ သင်္ကေတ အတွင်းမှာ သံကြိုးတွေနဲ့ ချည်နှောင်ထားခြင်း ခံရတာကို တွေ့လိုက်ရပါတယ်..။
.
ဒီအလောင်းက ယောက်ျားတစ်ယောက်လား ၊ မိန်းမတစ်ယောက်လား ဆိုတာကို ဆန်နီ မပြောနိုင်ခဲ့ပါဘူး..။ဘာလို့လဲဆိုတော့..ထူးဆန်းတဲ့ မျက်နှာဖုံးတစ်ခုက သူ့မျက်နှာကို အုပ်ထားခဲ့လို့ပါ..။
မျက်နှာဖုံးက အနက်ရောင် သစ်သားနဲ့ ပြုလုပ်ထားခဲ့ပြီး ရက်စက်တဲ့ နတ်ဆိုးကောင်ရဲ့ မျက်နှာကို ပုံဖော်ထားခဲ့ပါတယ်..။သူ့ရဲ့ သွားတွေကို မြင်နေရပြီး ၊ ပါးစပ်ကနေ တဆင့် အစွယ်လေးချောင်းက ထွက်ပေါ်နေခဲ့တယ်..။မျက်နှာဖုံးကို ကွေးကောင်နေတဲ့ ဦးချို သုံးချောင်းနဲ့ ပြည့်စုံအောင် မွန်းမံ ထားခဲ့ပါသေးတယ်..။
သူ့ရဲ့ အနက်ရောင် မျက်လုံးပုံစံ နေရာမှာတော့..ဘာမှ ရှိမနေပဲ..အဆုံးမရှိတဲ့ အမှောင်ထုတွေကိုသာ မြင်နေရပါတယ်..။