ကံတရား၏ နတ်ဆိုး
Vol. 19 Ch. 277
ဆန်နီ သူ့ရှေ့က မြင်ကွငိးရဲ့ သက်ရောက်မူကြောင့် အသက်ကိုတောင် အောင့်ထားခဲ့တယ်..။
အလောင်းကောင်က သေးငယ်တဲ့ အကျဥ်းခနိးရဲ့ ကြမ်းပြင်မှာ..ဒူးထောက်လျက်သားရှိနေပြီး သူ့ရဲ့ လက်တွေကတော့ ကြမ်းပြင်မှာ ချိန်းကြိုးနဲ့ ချည်နှောင်ထားခံခဲ့ရပါတယ်..။သူ့ ပတ်ဝန်းကျင်မှာတော့..ကျောက်တုံးကို အဝိုင်းပုံစံထုလုပ်ထားခဲ့ပြီး ဆန်နီ နားမလည်နိုင်တဲ့ သင်္ကေတတွေ ဝန်းရံနေခဲ့တယ်..။
သိုပေမယ့် အဝိုင်းပြားကတော့ ကျိုးပျက်နေခဲ့ပါပြီ..။အမှောင်မြို့တော် ပျက်သုန်းသွားပြီး နှစ်ထောင်ပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့..မြေအောက် အကျဥ်းခန်းရဲ့ ကြမ်းပြင်တွေဟာလည်း အက်ကွဲလာခဲ့တယ်..။တစ်ချို့အက်ကွဲကြောင်းတွေက..ရှုတ်ထွေးတဲ့ အမှတ်အသားတွေကို ဖြတ်သန်းပြီး ဖြစ်ပေါ်လာခဲ့တာပါ..။
ဒီအဝိုင်းပုံစံ အရာက..ဘယ်ဟာကို တစ်ခုခုကို ပိတ်လှောင်ဖို့ ရည်ရွယ်ထားတာလား ဆိုတာကို မသိရပေမယ့် အချိန်အတော်ကြာကတည်းက ပျက်ဆီးသွားထဲ့ပါပြီ..။
အခုတော့..တစ်ခုတည်းသော ကျန်ရှိနေတဲ့ အရာက ညိုးနွမ်းနေတဲ့ အလောင်းကောင် တစ်ခုပါပဲ..။
ဆန်နီဟာ အနားကို ကပ်သွားပြီး..ပျက်ဆီးနေတဲ့ ဘုရားကျောငိးကြီးရဲ့ အောက်ဘက် ၊အမည်မသိ နတ်သမီး ရုပ်တုကြီးရဲ့ အောက်ဘက်တည့်တည့်..မှာတည်ရှိနေတဲ့ အကျဥ်းခန်းထဲမှာ သေဆုံးနေတဲ့ လူ ကို သေချာကြည့်လိုက်ပါတယ်..။
သူ့ရဲ့ နက်မှောင်တဲ့ ဝတ်ရုံရှည်နဲ့ အနက်ရောင် မျက်နှာဖုံး တို့ကြောင့်..ဒီအလောင်းကောင်နဲ့ ပတ်သက်ပြီး ဆန်နီ အများကြီး မပြောနိုင်ခဲ့ပါဘူး..။ကြည့်ရတာတော့ ဒါက လူတစ်ယောက်ရဲ့ ပုံစံမျိုးရှိပေမယ့်..ဒီထက်ပိုတဲ့ အချက်အလက်တွေကတော့ ဆန်းကျယ်မူ အဖြစ်ရှိနေခဲ့ပါတယ်..။
ဒီလူက ဘယ်လိုမျိုးဆိုးဝါးတဲ့ အကုသိုလ်တွေကို ကျူးလွန်မိခဲ့လို့..ဒီလိုမျိုး ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရတာလဲ..။
ထူးဆန်းစွာပဲ ဆန်နီ ရဲ့ မသိစိတ်က တိတ်ဆိတ်နေခဲ့တယ်..။ဒါက သူ့ရှေ့မှာ ဘာမှ ရှိမနေတဲ့ အတိူင်းပါပဲ...။သူ့ရဲ့ ဆဌမအာရုံ မသိစိတ်ထဲမှာတော့..မြေအောက််မှာ ရှိနေတဲ့ အကျဥ်းသားရဲ့ တည်ရှိမူက ဗလာနယ်ကြီး ဖြစ်နေခဲ့တာပါ..။
'..ထူးဆန်းတယ်..။ဒီလူကို ဒီလောက် တင်းတင်းကြပကြပ် ပိတ်လှောင်ထားပုံထောက်ရင် အရမ်းမုန်းတီးတာ ဒါမှမဟုတ် အရမ်းကြောက်ရွံ့ရတဲ့ သူ ပဲဖြစ်လိမ့်မယ်..။သေချာတာကတော့ ဒီလို သတ္တဝါကို ရှာတွေ့ရတာက..ငါ့ရဲ့ ကံစီမံရာကို သက်ရောက်မူ ရှိရမှာပဲ..။ဒါဆို ငါက ဘာလို့ ဘာမှ မခံစားရတာလဲ..'
မျက်မှောက်ကျုတ်ထားရင်းကနေ သူ အသက်ကို ပြင်းပြင်းရူပြီး အဝိုင်း ထဲကို ဂရုတစိုက် ခြေလှမ်းလိုက်ပါတယ်..။
...အဲ့နောက်မှာတော့..ဆန်နီဟာ..အကျဥ်းသားရဲ့ ဘယ်ဘက်လက်နားမှာ ရှုပ်ယှက်ခတ်အောင် ရေးထားတဲ့ စာသားတွေကို တွေ့လိုက်ရတယ်..။ဒီမြင်ကွင်းက သူ့ကို သိမ့်ခနဲ တောင် တုန်လှုပ်သွားစေခဲ့ပါတယ်..။
တုန်လှုပ်စွာပဲ.. ဆန်နီ ဒူးထောက်လျက် ကျဆင်းသွားခဲ့ပြီး..မူးဝေကာ အန်လိုက်တယ်..။
'အား..ချီးပဲ...'
ဒီ စာသားတွေက..အခိုက်အတန်းက ဆန်းကျယ်စွာနဲ့ မသိရှိနိုင် လို့ ဖော်ပြခဲ့တဲ့ အဲဒီ စာသားတွေနဲ့ အတူတူပါပဲ..။ဒီနေရာမှာတော့..ဒီစာသားတွေကို မြင်တဲ့လူတိုင်းကို ဆိုးဝါးတဲ့ သက်ရောက်မူတွေ ပိုပိုပြီး ဖြစ်လာနေစေခဲ့ပါတယ်..။
'ဘယ်လို သောက်ကျိုးနဲမျိုးလဲ '
သူ့ရဲ့ ပါးစပ်ကို သုတ်လိုက်ပြီး ၊ ဆန်နီဟာ မျက်နှာ ရှုတ်မဲ့စွာနဲ့ မျက်နှာဖုံးတပ်ထားတဲ့ အလောင်းကောင်ကို လှမ်းကြည့်လိုက်ပါတယ်..။
ယင်းနောက် သူက ကြမ်းပြင်ပေါ်ကနေ ထရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရူလိုက်တယ်..။ပြီးတာနဲ့ ဆိုးဝါးတဲ့ စာသားတွေကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ..ဆန်နီဟာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် နာကျင်လာခဲ့ပြီး..ဆိုးဝါးပြီး မအီမသာ ဖြစ်တဲ့ ခံစားချက်တွေ စိတ်ထဲမှာ ပျံ့နှံ့လာခဲ့တယ်..။သို့ပေမယ့် ဒီလိုဆိုရင်တောငိမှ ..ဆန်နီဟာ အဲဒီအတိုင်းဆက်ရှိနေပြီး..အကျဥ်းသား ချန်ထားရစ်ခဲ့တဲ့ နောက်ဆုံး သေတမ်းစာကို စိုက်ကြည့်နေခဲ့ပါတယ်..။
သူ ဒီစာသားတွေကို မဖတ်နိုင်ဘူးဆိုတာကို သိပါတယ်..။အထူးသဖြင့် သူက ဒီ ဘာသာစကားကို မသိထားခဲ့ပေ..။ပြီးတော့ အခိုက်အတန့်ကလည်း တားမြစ်မူ ၊ မစွမ်းဆောငိနိုင်အောင် ဟန်တားမူ နဲ့ စာသားတွေကို ဘာသာမပြန်နိုင်အောင် အမျိုးမျိုးတားဆီးထားပါသေးတယ်..။သို့ပေမယ့် အကြောင်းပြချက် တစ်ချို့ကြောင့် ဆန်နီဟာ ကြိုးစားကြည့်ဖို့ တွန်းအားပေးခံနေရသလို ခံစားနေခဲ့ရတယ်..။
မယုံနိုင်လောက်အောင် နာကျင်မူနဲ့ တိုက်ခိုက်နေရင်း သူက ထူးဆန်းတဲ့ စာသားတွေကို တဖြည်းဖြည်း လေ့လာနေခဲ့ပါတယ်..။ယင်းနောက် ရုတ်တရက် သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
ဘာလို့လဲ ဆိုတော့..ဒီ ဗရမ်းဗတာ ဖြစိနေတဲ့ အရှုပ်အထွေးတွေ ရဲ့ အောက်ဘက်မှာ သူ ရင်းနှီးတဲ့ ဘာသာစကား နဲ့ရေးထားတဲ့ စာသားတစ်ခု ရှိနေလို့ပါ..။ဒါက အခိုက်အတန့် အမြဲတမ်း အသုံးပြုနေတဲ့အက္ခရာနဲ့ ဘာသာစကားပါပဲ..။
ဒီတစ်ကြိမ်မှာတော့ ဒါက ဘာသာမပြန်ပေးခဲ့ပေ..။ကံကောင်းချင်တော့ ဆန်နီက..ဒီ အက္ခရာတွေကိုလေ့လာထားတာကြောင့်..ရေးထားတာတွေကို သူ့ဟာသူ နားလည်ဖို့ လုံလောက်နေခဲ့ပါတယ်..။
ဘုရားကျောင်းရဲ့ အောက်ဘက်မှာ အကျဥ်းချခံထားရတဲ့ လူတစ်ယောက်ရဲ့ သေဆုံးခါနီး နောကိဆုံးရေးထားခဲ့တဲ့ စာသားက သူ့ကို တုန်လှုပ်စေခဲ့တယ်..။
ကျောက်တုံးပေါ်မှာ ရေးခြစ်ထားခဲ့တဲ့ ဆုတောင်း
စာတိုလေးက..
"ကံတရား၏ နတ်ဆိုး,
အမည်မသိ သူရဲ့ ပထမဆုံး မွေးဖွားလာသူ
ဝီဗာ ..အား
ချီးမွှမ်းပါ၏..."
***
ဆန်နီဟာ..သတိလစ်လုနီးပါး ဖြစ်ခါနီးအထိ စာသားတွေကို စိုက်ကြည့်နေခဲ့တယ်..။နောက်ဆုံးအချိန်ရောက်မှ သူက အကြည့်ကိုလွှဲပြီး မျက်လုံးတွေကို ပိတ်ထားလိုက်ပါတယ်..။
ဆ်ိုးဝါးတဲ့ စာသားတွေရဲ့ ပျို့အန်ချင်စရာ မညီညွတ်မူက သူ့ရဲ့ စိတ်ထဲမှာ ကျန်ရှိနေတုန်းပါပဲ..။မိနစ်အနည်းငယ် ကြာပြီးသွားတဲ့ အခါကျမှ ဒါက ဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး သူ့ကို အသက်ရူခွင့်ပေးခဲ့ပါတယ်..။
ဒီတော့ သူ အမွေဆက်ခံခဲ့ရတဲ့...တားမြစ်မျိုးနွယ်ဖြစ်တဲ့ ဝီဗာက..တကယ်တော့ ကံတရားနဲ့ ဆက်စပ်နေတာပေါ့..။ဆန်နီ ကိုယ်တိုင် လိုမျိုး..။
ဖြစ်နိုင်ချေက ဘယ်လောက်ရှိမလဲ..။
သူ ဘာသာပြန်ခဲ့တဲ့ ' နတ်ဆိုး ' ဆိုတဲ့ စကားလုံးက အိပ်မက်ဆ်ိုးသားရဲတွေရဲ့ အမျိုးအစားကို ခွဲခြားပေးတာမျိုးမဟုတ်ပဲ..တစ်ခြား အဓိပ္ပါယ် တစ်မျ်ိုး ရပါတယ်..။
ဒီဟာကို တစ္ဆေ တစ်ကောင် ဒါမှမဟုတ် နတ်စုန်း တစ်ကောငိလို့ ခေါ်ရင် ပိုပြီး သင့်တော်ပါလိမ့်မယ်..။သေမျိုး တစ်ယောက် ၊ ဒါပေမဲ့ အားကောင်းပြီး..ဆိုးဝါးတဲ့ နတ်ဘုရား..။ဒါက နတ်ဘုရား အစစ်အမှန်တွေနဲ့တော့ ကွာခြားတယ် ဆိုပေမယ့်..သဘာဝ အရတော့အတူတူပါပဲ..။သို့ပေမယ့် ဆန်နီက ဆန်းကျယ်တဲ့ အသုံးအနှုန်း ဝေါဟာရ တွေကို အရမ်းကြီး ကျွမ်းကျင်နေတာ မဟုတ်ပါဘူး..။သူ သိထားတာကတော့..ရှေးဟောင်း ရူးနစ် ဘာသာစကားဟာ မွန်းစတား အမျိုးမျိုး ၊ သတ္တဝါအမျိုးမျိုးအတွက် မယုံနိုင်စရာ အသုံးအနှုန်းတွေ ကြွယ်ဝပြီး ၊ လူသားတွေရဲ့ ဘာသာစကားမှာတော့ ဒီီလို အသုံးအနှုနိးတွေ မရှိဘူးဆိုတာပါပဲ..။
ဒါကြောင့် " နတ်ဆိုး " လို့ သုံးနှုန်းတာကပဲ သူနဲ့ အဆင်ပြေနေပါတယ်..။
ဆန်းကျယ်တဲ့ ဝီဗာ အကြောင်း စိတ်လှုပ်ရှားဖွယ်ရာ
ဖွင့်ဟထားချက်က လွဲရင် ၊ သူက ရူးနစ် အက္ခရာတွေကို လေ့လာဖို့ ကိုယ့်ကိုကို တွန်းအားပေးရင်း သတိထားတာ တစ်ခု ရှိနေခဲ့ပါတယ်..။
အရင်တုန်းက..အခိုက်အတန့်က နာမည်ခေါ်ဖို့ကို ငြင်းဆန်ပြီး ' အမည်မသိ ' လို့ ဖော်ပြခဲ့တဲ့ အရာက တစ်ခုတည်းသာ ရှိတယ်လို့ ဆန်နီထင်ထားခဲ့တာပါ..။ဒါကြောင့်လည်း သူ့ကပါ အမည်မသိလို့ ခေါ်ဖို့ဖြစ်လာခဲ့ပါတယ်..။
ဟုတ်တယ်...ဆန်နီက စကားလုံးတွေရွေးချယ်တဲ့ နေရာမှာ စိတ်ကူးစိတ်သန်း ကောင်းသူတော့ မဟုတ်ပါဘူး..။
ဒီ အမည်မသိဆိုတာက သက်ရှိအရာတစ်ခုလား ၊ တည်ခုတည်းသော တည်ရှိမူလား ၊ သဘာဝရဲ့အင်အား တစ်ခုလား ဆိုတာကို သူ မသိခဲ့ပေ..။
သို့ပေမယ့် အခုတော့..တားမြစ်ထားတဲ့ စာသားက နှစ်ခု ရှိနေတယ် ဆိုတာကို ဆန်နီ နားလည်လိုက်ပါပြီ..။ဒီနှစ်ခုစလုံးကို အခိုက်အတန့်က တကယ်ပဲ မသိတာလား ၊ဒါမှမဟုတ် မပြောဖို့ တားမြစ်ထားတာလား ဆိုတာကတော့ မသေချာပါဘူး..။
တစ်ခုက..ဆားငံရည်စက်ကို ဖော်ပြတဲ့ အချိန်မှာ အသုံးပြုထားတဲ့ အရာပါ..။အဲဒီမှာဆိုရင် သူခိုးငှက်ကို နတ်ဘုရားတွေနဲ့ အမည်မသိ နှစ်ဖက်စလုံးက မုန်းတီးနေကြတယ်လို့ ဖော်ပြထားခဲ့ပါတယ်..။
အမည်မသိ ရဲ့ ပုံရိပ်က ဝီဗာရဲ့ မျက်လုံးထဲမှာ ထာဝရအေးခဲသွားပြီး..ဒီဟာကို ကြည့်ရုံနဲ့တင် သူခိုးငှက်ကို ရူးသွပ်သွားစေတယ်လို့လည်း ဖော်ပြထားခဲ့ပါသေးတယ်..။
နောက်တစ်ခုက ကျောက်တုံးသူတော်စင်ရဲ့ ဖော်ပြချက်ကို ရေးသားထားတုန်းကပါ..။ဒီနေရာမှာ "အမည်မသိရဲ့ နောက်ဆုံးသားတော် " က ဖန်တီးထားခဲ့တယ်လို့ ရေသားထားခဲ့ပါတယ်..။ပြီးတော့ အခု သေဆုံးနေတဲ့ အကျဥ်းသားရဲ့ အနားမှာလည်း အမည်မသိရဲ့ ပထမဆုံး မွေးဖွားသူ ဝီဗာ လို့ ဖော်ပြထားခဲ့ပြန်ပါတယ်..။
'ဒီဟာတွေ အကုန်လုံးက ဘာကို ဆိုလိုထားတာလဲ '
သူလား ၊ သူမလား ၊ ဒါမှမဟုတ် သတ္တဝါလား ဆိုတာမသိပေမယ့် အခိုက်အတန့်ကို ဖန်တီးခဲ့တဲ့ သူနဲ့ ဝီဗာက ဆက်စပ်မူရှိနေတယ် ဆိုတဲ့ သူ့ရဲ့ သံသယက ပိုပိုပြီးတောင် သန်မာလာခဲ့ပါပြီ...။သူတို့တွေက ကံကြမ္မာ နယ်ပယ်နဲ့ ဆက်စပ်နေကြပုံပါပဲ..။ဘာပဲဖြစ်ဖြစ် အခိုက်အတန့်ကို များပြားလှတဲ့ ကံတရားကြိုး တွေနဲ့ ရစ်လုပ်ထားတာဖြစ်ပြီး ၊ နတ်ဘုရားတွေရဲ့သွေးကို ပါရှိထားတဲ့ ဝီဗာကလည်း အမည်မသိ နဲ့ တနည်းနည်းတော့ ဆက်နွယ်နေခဲ့ပြန်ပါတယ်..။
ခေါင်းကိုက်မူက ပိုပိုပြီး ပြန်ထန်လာတာကြောင့် ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
'နောက်မှပဲ..။ငါ နောက်မှပဲ စဥ်းစားတော့မယ် '
ဒီဟာတွေကို နောက်မှ စဥ်းစားဖို့အတွက် အချိန်ရပါသေးတယ်..။ဒါမှမဟုတ်..မေ့ပျောက်ကုန်းမြေကနေ ထွက်သွားဖို့အတွက် သူ ကျရှုံးသွားခဲ့ရင်တော့ တွေးလို့ မရတော့ပါဘူး..။ဘယ်တစ်ခုပဲဖြစ်ဖြစ် အခုက အချိန်ကောင်း မဟုတ်သေးပေ..။
ဆန်နီဟာ သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတဲ့ အလောင်းဆီကို ပြန်လှည့်လိုက်ပြီး..အန္တရာယ်များတဲ့ အက္ခရာ စာသားတွေကို ရှောင်ကာ..သူ့ရဲ့ရှေ့မှာ ဒူးထောက်လိုက်ပါတယ်..။
မျက်နှာဖုံးရဲ့ နောက်မှာ ဘာကို ဖုံးကွယ်ထားလဲဆိုတာကို သူက သိချင်နေခဲ့တာပါ..။
သို့ပေမယ့် သူဒါကို ထိလိုက်တာနဲ့ အလောင်းက ရုတ်တရက် တစ်စစီ ပြိုလဲကျသွားပြီး ၊ သူ့ရဲ့ မျက်စိရှေ့မှာပဲ..ဖုန်မှုန့်တွေ ဖြစ်သွားခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် ဝတ်ရုံကတောင် ဆွေးမြေ့ပြီး ပျောက်ကွယ်သွားခဲ့တယ်..။ဒါက အမှောင်မြို့တော် ပျက်ဆီးသွားပြီး နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သွားမူနဲ့ ဘုရားကျောငိးကြီး ပျက်ဆီးသွားမူက အခုမှ သက်ရောက်လာတဲ့ အတိုင်းပါပဲ..။
မကြာခင်မှာပဲ..ဖုန်မှုန့်တွေ အပုံလိုက်သာ ကျန်နေခဲ့ပါတော့တယ်..။
..ပြီးတော့..သစ်စေး သုတ်ထားတဲ့ မျက်နှာဖုံးက ဖုန်မှုန့်တွေ ရဲ့အပေါ်မှာ ရှိနေခဲ့ပြီး..သူ့ရဲ့ အနက်ရောင် မျက်နှာပြင်က..မီးတိုင်တွေရဲ့ ဖြူဖျော့တဲ့ အလင်းရောင် အောက်မှာ တဖျတ်ဖျတ် တောက်ပနေခဲ့ပါတယ်..။