ဝီဗာရဲ့ မျက်နှာဖုံး
Vol. 19 Ch. 278
ဆန်နီ ဟာ အနက်ရောင် မျကိနှာဖုံးနဲ့ သူ့ရဲ့ မျက်လုံးတွေထဲက အမှောင်ထုကို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ အသွင်အပြင်က သဘာဝအားဖြင့်တော့ အတော်လေးကို ကြောက်ဖို့ကောင်းပါတယ်..။ဒီဟာက..ကြောက်ရွံ့မူ ၊ စိတ်ထိုင်းမှိုင်းမူ ၊ ရက်စက်ကြမ်းကြုပ်မူနဲ့ မဟာဆန်မူ တွေကို လှုံ့ဆော်ပေးနေသလို ဖြစ်နေခဲ့ပါတယ်..။ဒီဟာက အရာအားလုံးရဲ့ အစွန်နားမှာ ဖြစ်တည်နေသလိုပါပဲ..။
သို့ပေမယ့် ဒီဟာတွေအပြင်..မျက်နှာဖုံးက ဆန်းကျယ်တဲ့ ခံစားချက် တစ်ချို့ပါ ထွက်ပေါ်နေခဲါတယ်..။
ချွန်ထက်တဲ့ အစွယ်တွေ ၊ ကွေးကောက်နေတဲ့ ဦးချိုတွေ နဲ့ အနက်ရောင် သစ်ဆေးသုတ်ထားတဲ့ သစ်သားတွေကို မြင်နေရတာတောင် သူ့ရဲ့ အလိုလို သိစိတ်က ငြိမ်သက်နေပါသေးတယ်..။ဒီ မျက်နှာဖုံးက မတည်ရှိနေသလိုမျိုး..ဒီဟာကို သူခံစားမိတာ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး..။
'ဘယ်လောက် ထူးဆန်းလိုက်လဲ..'
ဆန်နီ ခနလောက် စောင့်ပြီးကာမှ မျက်နှာဖုံးကို ကောက်ကိုင်လိုက်ကာ..အနီးကပ်ကြည့်ဖို့ လူပ်လိုက်တယ်..။
သို့ပေမယ့် သူ့ လက်ချောင်းတွေက သစ်စေး သုတ်ထားတဲ့ သစ်သားမျက်နှာပြင်ကို ထိသွားတဲ့ အခိုက်အတန့်လေးမှာပဲ..မျက်နှာဖုံးက..မရေမတွက်နိုင်တဲ့ အလင်းစက်ကလေး တွေ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။ရေတွေ စီးဆင်းနေသလိူပဲ..အလင်းရောင်တွေဟာ..ဆန်နီရဲ့ ရင်ဘတ်ဆီကို စီးဆင်းလာခဲ့ပြီး ခန္တာကိုယ်ထဲကို ဝင်သွားကာ..သူ့ရဲ့ အရိပ်အမြုတေ ဆီကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်..။
အခိုက်အတန့်ရဲ့ အသံက ခါတိုင်းထက် ကျယ်လောင်တဲ့ အသံနဲ့အတူပဲ ပေါ်ထွက်လာခဲ့တယ်..။
[ သင်က မှတ်သားမူတစ်ခုကို ရရှိခဲ့သည် ]
***
ဆန်နီဟာ ဘာတွေဖြစ်သွားတာလဲ ဆိုတာကို တွေးရင်း စက္ကန့်အနည်းငယ်လောက် ခံစားချက်မဲ့နေခဲ့တယ်..။
အခုချိန်မှာတော့..တစ်ချို့မှတ်သားမူတွေကလည်း အမြုတေ မှတ်သားမူတွေလိုမျိုး..ဝိဥာဥ် အမြုတေရဲ့ အပြင်ဘက်မှာ တည်ရှိနေနိုင်ကြတယ်ဆိုတာကို နားလည်သွားခဲ့ပါပြီ..။
အနက်ရောင် မျက်နှာဖုံးက သူတို့ထဲက တစ်ခုလား..။ဒါက မဟုတ်ဘူး လို့လည်း သူ ခံစားနေခဲ့ရတယ်..။
'ငါက ဘာလို့ ခန့်မှန်းနေသေးတာလဲ..။ကြည့်..ကြည့်လိုက်လို့ ရနေတာပဲ...'
သူ တွေဝေနေရတာရဲ့ အကြောင်းပြချက်က အခြေအနေရဲ့ အရေးပါမူကြောင့်ပါ..။ဆန်နီ ဒီဆန်းကျယ်တဲ့ မျက်နှာဖုံးအကြောင်းကို မသိထားပေမယ့် ဒီလို အတိတ်ရဲ့ အမွေအနှစ်က သာမန်အရာ မဟုတ်ဘူးဆိုတာကို သူ ယုံကြည်ပါတယ်..။သူ့ကို ရှာဖွေတွေ့ရှိတဲ့ နေရာက အတော်လေးကို ထူးခြားပြီး..သူ့ကို ဖုံးကွယ်ထားတဲ့ နေရာကလည်း အတော်လေးကို ထူးခြား လှတာပါ..။
ဒါကြောင့် သူ့ရဲ့ စိုးရိမ်ကြောင့်ကြမူက နားလည်လို့ ရနိုင်ပါတယ်..။
အနည်းငယ်တွေဝေနေပြီးကာမှ..ဆန်နီဟာ ဝိဥာဥ် ပင်လယ် ထဲကို ဝင်ရောက်သွားပြီး အရိပ်အမြုတေ ဝန်းကျင်မှာ လှည့်ပတ်နေတဲ့ ဂြိုလ်လုံးလေးတွေကို ကြည့်လိုက်တယ်..။ဒီနေရာမှာတော့ ကျန်တဲ့အရာတွေထက် ပိုပြီးတောက်ပနေတဲ့ အရာတစ်ခု ရှိနေခဲ့ပါတယ်..။
သူ့ကို အောက်ကို ထုတ်ယူလိုက်တဲ့ အချိန်မှာတော့ မကြာခင်မှာ သူ့ရဲ့ ရှေ့မှာ ရှိနေပြီး နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ မျက်နှာဖုံးကို တွေ့လိုက်ရတယ်..။မသက်မသာ ခံစားလိုက်ရတာကြောင့် ဆန်နီဟာ အကြည့်ကို အောက်ချလိုက်ပြီး သစ်စေးသုတ်ထားတဲ့ အနေက်ရောင် သစ်သားကို ကြည့်လိုက်တယ်..။
ခနအကြာမှာတော့ သူ့ရဲ့ မျက်လုံးတွေကို လက်နဲ့အုပ်ချင်တဲ့ ဆန္ဒကို မနည်းထိန်းထားခဲ့ရပါတယ်။
အနက်ရောင် မျက်နှာဖုံးအတွင်းမှာတော့ အလင်းဖြာထွက်နေတဲ့ မီးတောက် ခုနှစ်ခုက သူ့ကို မျက်စိကျိန်းလောက်မတတ် တောက်ပနေခဲ့ပါတယ်..။သူတို့ရဲ့ ဝန်းကျင်မှာတော့ နူးညံ့သိမ်မွေ့တဲ့ ကြိုးများက..ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ ပုံစံဖြင့် ရက်လုပ်ထားကာ..အဆုံးမရှိသလို တောင် ထင်နေခဲ့ရတယ်..။
'ချိတ်ဆက်မူ ခုနှစ်ခု...နတ်ဘုရားတွေ '
မျကိနှာဖုံးရဲ့ စွမ်းအင်လှိုင်းတွေကို မြင်လိုက်ရသည့် အခါမှာတော့ ဆန်နီ အံ့ဩသင့်သွားပြီး..အနည်းငယ်တွေဝေကာ အချက်အလက် ဇယားကို ထုတ်လိုက်ပါတယ်..။
မှတ်သားမူ : [ ဝီဗာ၏ မျက်နှာဖုံး ]
အဆင့် : နတ်ဘုရား
မှတ်သားမူ သတ်မှတ်ချက် : VII
အမျိုးအစား : လက်နက်
မှတ်သားမူ ဖော်ပြချက် : [ စွမ်းအား၏ အဓိက အရင်းအမြစ်က အသိပညာဟု ဝီဗာက ယုံကြည်ထားခဲ့သည်..။ဒါကြောင့် သူက များပြားလှသည့် အလိမ်အညာများနောက်တွင်သာ ပုန်းအောင်းနေခဲ့ပြီး..အလိမ်အညာများကို ဝတ်ရုံအဖြစ် ဝတ်ဆင်ထားခဲ့၏..။ဝီဗာ ရဲ့ အတွေးများ ၊ ဝီဗာရဲ့ မျက်နှာ နဲ့ ဝီဗာ ရဲ့ နှလုံးသားကို ဘယ်သူမှ သိရှိနိုင်မည် မဟုတ်ပေ..။မျက်နှာဖုံး၏ နောက်ကွယ်တွင် မည်သည့်အရာရှိနေသည်ကို နတ်ဘုရားများပင် ထိုးဖောက်မြင်နိုငိစွမ်း မရှိကြချေ..]
မှတ်သားမူ စွမ်းရည် : [ လိမ်ညာမူများ၏ ဝတ်ရုံရှည် ] , [ ??? ] , [ ရိုးရှင်းသည့် လှည့်စားမူ ]
ဆန်နီ အသက်ရူဖို့အတွက် တစ်ခနလောက် အကြည့်ကို လွှဲလိုက်ရတယ်..။
'အဆင့် ခုနှစ် နတ်ဘုရားအဆင့် မှတ်သားမူ..ဘုရားရေ..'
သူ့ရဲ့ အံ့ဩမူကို ဖော်ပြဖို့အတွက် စကားလုံးတွေက မလုံလောက်ခဲ့ပါဘူး..။သို့ပေမယ့် ဒီ မျက်နှာဖုံးမှာ စွမ်းရည် သုံးခုပဲ ရှိတာကို သူပိုပြီး အံ့ဩသင့်မိပါတယ်..။ဒီလောက် သန်မာတဲ့ မှတ်သားမူမှာ စွမ်းရည်တွေ ဒါဇင်နဲ့ချီပြီး ရှိနေမယ်လို့ သူ မျှော်လင့်ထားခဲ့တာပါ..။သူ့ရဲ့ ရက်လုပ်ထားတဲ့ကြိုးတွေက ဘယ်လောက် ရှုပ်ထွေးပြီး ကျယ်ပြန့်လဲ ဆိုတာကို မြင်ပြီးတဲ့ အချိန်မှာ အနည်းဆုံးတော့ သုံးခုတည်းရှိမယ်လို့ မထင်ထားခဲ့ပေ..။
သူတို့ကို ထောက်ပံ့ပေးဖို့အတွက် စိန်ကြိုးတွေ အမြောက်အမြား လိုအပ်ရလောက်အောင် ဒီ စွမ်းရည်သုံးခုက ဘာတွေ မို့လို့လဲ..။
အချက်အလက်ဇယားကို ပြန်လှည့်ကြည့်လိုက်ပြီး သူက စွမ်းရည်သုံးခုကို ကြည့်ကာ ဖတ်လိုက်တယ်..။
စွမ်းရည် : [ အလိမ်အညာ ဝတ်ရုံရှည် ]
ဖော်ပြချက် : [ သခင် ၏ သရုပ်မှန်ကို ဖုံးကွယ် ပေးထားနိုင်သည် ]
ဖော်ပြချက်က အရမ်းကို ရိုးရှင်းလှပါတယ်..။သို့ပေမယ့် မျက်နှာဖုံးရဲ့ စွမ်းအင်လှိုင်းတွေကို ကြည့်ခြင်းအားဖြင့် ဒီစွမ်းရည်က ထူးခြားမူရှိတယ် ဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။တကယ်တော့ ဒါက အရမ်းကို သန်မာလွန်းပြီး..သူ့ရဲ့ အတိုင်းအတာ ကိုတောင် သူ့စိတ်ထဲမှာ မတွက်ချက်နိုင်ခဲ့ပါဘူး..။
သူ့ရဲ့ စွမ်းရည်က ဝတ်ဆင်ထားသူရဲ့ သရုပ်မှန်ကို ဖုံးကွယိပေးဖို့ အတွက် ဖန်တီးထားတယ် ဆိုပေမယ့်..အမှန်တကယ်တော့..ဘယ်လို ထောက်လှမ်းမူမျိုးကို မဆို သူက ခုခံပေးနိုင်ပါတယ်..။ပြီးတော့ "ဘယ်လို..မှ "ဆိုတဲ့ စကားလုံးက..ဥပမာ အနေနဲ့ ပြောပြထားတာ မဟုတ်ပဲ အမှန်အတိူင်း ဆိုလိုတာလို့ ဆန်နီ သံသယရှိပါတယ်..။
ဥပမာအနေနဲ့ ဆိုရင် ကတ်စီရဲ့ စွမ်းရည်က တစ်စုံတစ်ယောက်ရဲ့ စွမ်းရည်ကို ထိုးဖောက်မြင်နိင်စွမ်းရှိပေမယ့်..ဒီ မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ သူ အပေါ်မှာတော့ သက်ရောက်မူ ရှိမှာမဟုတ်ပါဘူး..။နိုးထသူ တွေ ကြားထဲမှာလည်း ဒီလို ဆင်တူတဲ့ စွမ်းရည်တွေ အများကြီး ရှိနေပေမယ့်..ဒီအရာတွေ တစ်ခုမှ ငူ့အပေါ်မှာ အလုပ်ဖြစ်မှာမဟုတ်ပေ..။
'ငါ့ရဲ့ အလိုလိုသိစိတ်က ဘာလို့..အကျဥ်းသားနဲ့ မျက်နှာဖုံး အပေါ်မှာ သက်ရောက်မူ မရှိတာလဲ ဆိုတာကို သိပြီထင်တယ်..။ငါ့ရဲ့ မသိစိတ်က ကံတရားနဲ့ ဘယ်လိုပဲ ဆက်စပ်နေပါစေ..ဒီအရာရဲ့ သက်ရောက်မူ ကို ခံရဦးမှာပဲ...'
ပိုပြီး ကြောကိဖို့ကောင်းတဲ့ အရာက..ဒီ စွမ်းရည်က နိုးထသူတွေ အပေါ်မှာပဲ ရည်ရွယ်ထားတာ မဟုတ်ပါဘူး..။ဝီဗာရဲ့ မျကိနှာဖုံးမှာဖော်ပြချက်အရ နတ်ဘုရားတွေ တောင် ဒီအရာကို ဖောက်ထွင်းပြီး မမြင်နိုင်ပဲ..ဒါက လုံးဝကို ရိုးသားတဲ့ အမှန်တရားပါ..။လိမ်ညာမူ ဝတ်ရုံရှည် က ဖန်တီးပေးတဲ့ အတားအဆီးကို နတ်ဘုရားတွေရဲ့ အမြင်အာရုံကတောင် ဖောက်ထွက်နိုင်စွမ်း မရှိပေ..။
ဆန်နီ တံတွေးမြိုချလိုက်တယ်..။
' ကြောက်စရာပဲ '
ဒါတောင်မှ ဒီ မယုံနိုင်စရာကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ စွမ်းရည်က အနက်ရောင်မျက်နှာဖုံးရဲ့ အောက်မှာရှိနေတဲ့ အဆုံးမရှိ စိန်ကြိုးတွေရဲ့ ဆယ်ပုံတစ်ပုံ စာလောက်တောင် မရှိပါဘူး..။
ဒုတိယ စွမ်းရည်လည်း အတူတူပါပဲ..။
ဒါကို [ ??? ] လို့ အခိုက်အတန့်က ဖော်ပြထားခဲ့ပါတယ်..။သူက ဆန်နီကို ဒီအကြောင်း ဘာတစ်ခုမှ မပြောပြထားခဲ့ပေ..။ဖော်ပြချက်မှာလည်း ဘာမှ ရေးမထားခဲ့ပါဘူး..။
သို့ပေမယ့် ကြိုးတွေရဲ့ ရက်လုပ်ထားမူကို ကြည့်ချင်းအားဖြင့် ဒါက အမြင်အာရုံနဲ့ သက်ဆိုင်လောက်တယ် ဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။ဒီအရာက ခုခံမူစွမ်းရည် မဟုတ်ပဲ..တိုက်ခိုက်ရေး စွမ်းရည် ဖြစ်နိုင်လောက်ပါတယ်..။ဆိုလိုတာကတော့ သူဒါကို လတ်တလော အသုံးမပြုနိုင်သေးပါဘူး..။
ပုံမှန်အားဖြင့် ဒီစွမ်းအားကို သူ နိုးထသူ အစစ်အမှန်တစ်ယောက်ဖြစ်လာရင် အသုံးပြုလို့ ရနိုင်လောက်မှာပါ..။သို့ပေမယ့် ဒီစွမ်းရည်ကို အသက်သွင်းဖို့အတွက် တစ်စက္ကန့်အပိုင်းအခြားမှာတင် ဝိဥာဥ် အဆီအနှစ် အများကြီး ကုန်ဆုံးမယ်ဆိုရင်တော့ ဘယ် နိုးထသူမှ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး..။သူတော်စင် အဆင့်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်..။
သို့ပေမယ့်..သူ့မှာ ဒီလို စွမ်းရည် ရှိရင်တောင် ဆန်နီက ကြိုးစားကြည့်မှာလား ဆိုတာကို သေချာမသိသေးပေ..။ဝီဗာ မြင်တွေ့ခဲ့တဲ့ အရာက မစင်ကြယ်ခြင်း
အဆင့် သတ္တဝါကိုတောင်..ရူးသွပ်သွားစေ ခဲ့တာပါ..။ဒီတော့ အနာဂတ်မှာ ဒီစွမ်းရည်နဲ့ ပတ်သက်တဲ့ အနားကို မသွားတာက ဥာဏ်ရှိတဲ့ လုပ်ရပ်ပါပဲ..။
..သို့ပေမယ့် ဝီဗာရဲ့ မျက်နှာဖုံးမှာ ပါရှိတဲ့..စွမ်းအင်ရက်လုပ်မူ အများစုက..တတိယ စွမ်းရည်ဖြစ်တဲ့ ' ရိုးရှင်းတဲ့ လှည့်စားမူ ' ကို ရည်ရွယ်ထားခဲ့တာပါ..။ဒီစွမ်းရည် ဖြစ်ပေါ်လာစေဖို့ ရက်လုပ်ထားရတဲ့ ရှုပ်ထွေးတဲ့ ပုံစံ တွေကို ကြည့်မယ်ဆိုရင် ..ဒီ ဝီဗာရဲ့ လှည့်စားမူ ဆိုတာက..ရိုးရှင််တယ် လို့ ပြောထားသလို မရိုးရှင်းလောက်ပါဘူး..။
ဒါက ဆန်နီ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံး ၊ အရှုပ်ထွေးဆုံးနဲ့...ဥာဏ်ကြီးရှင် အဆန်ဆုံး ဖန်တီးထားမူတစ်ခုပါ..။
သိချင်စွာပဲ..သူက ဖော်ပြချက်ကို ဖတ်လိုက်တယ်..။ယင်းနောက် သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်..။
အချက်အလက်တွေက လေထဲမှာ တောက်ပနေခဲ့တယ်..။
စွမ်းရည် : [ ရိုးရှင်းတဲ့ လှည့်စားမူ ]
စွမ်းရည် ဖော်ပြချက် : [ တစ်စုံတစ်ယောက်ရဲ့ အားနည်းချက် ၏ သက်ရောက်မူကို နောက်ပြန်ဆုတ်ပေးနိုင်သည် ]