← Chapters

အပြစ်ရှိသော အသိတရား

Vol. 19 Ch. 279

အပြစ်ရှိသော အသိတရား

Vol. 19 Ch. 279

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ အနက်ရောင် မျက်နှာဖုံးကို ကြည့်လိုက်တယ်..။သူ့ရဲ့ နှလုံးသားထဲမှာ လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းနဲ့ မတူညီစွာပဲ..သူ့ရဲ့ ဝိဥာဥ် ပင်လယ်က..တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့ပါတယ်..။

အတော်ကြာပြီးကာမှ သူတွေးလိုက်တယ်..။

'ဒီ ဝီဗာက မရိုးသားတဲ့..ယောက်ျား လေး..မိန်းကလေး..ဒါမှမဟုတ် သက်ရှိ တစ်ယောက်လား..။ကောင်းပြီ..ငါ သူ့အကြောင်းကို ဘာမှ မသိဘူးဆိုကတည်းက သူက ဒီလိုလူတစ်ယောက် ဆိုတာကို သက်သေပြနေတာပဲ..။ပြီးတော့ ငါကလည်း လှည့်ဖျားမူ နဲ့ လှည့်ကွက်တွေမှာ ကောင်းမွန်တဲ့ လူတစ်ယောက်လို့ ထင်တာပဲ..'

သူ့အကြောင်းကို နတ်ဘုရားတွေနဲ့ အခိုက်အတန့်ကတောင် မသိရလောကိအောင်..သူက ဘယ်လောက်တောင် ဆိုးဝါးတဲ့ တစ်စုံတစ်ယောက်များ ဖြစ်နေမလဲ..။

ဒါပေမဲ့ တစ်ခြားတစ်နည်းနဲ့ ကြည့်မယ် ဆိုရင်တော့ ဒါက အဆင်ပြေနေတာပဲ..။တကယ်လို့ ဝီဗာ ရဲ့ နယ်မြေက ကံတရား ဖြစ်ခဲ့ရင်..တစ်ခြားနည်းလမ်းဆိုတာ မရှိတော့ပါဘူး..။ကံတရား ဆိုတာက ကြောက်ဖို့ ကောင်းပေမယ့် သိမ်မွေ့တဲ့ လက်နက်တစ်ခုပါ..။ဒီအရာကို မင်းရဲ့ အားသာချက် အဖြစ်အသုံးချဖို့အတွက်ဆိုရင်..ထူးချွန်ပြောင်မြောက်တဲ့ ပါရမီ တစ်မျိုးကို လိုအပ်ပါတယ်..။

သို့ပေမယ့် တကယ်လို့သာ ရွေးချယ်ခွင့်ရမယ် ဆိုရင်ဆန်နီက..တိုက်ပွဲမြေပြင်မှာ..ဝီဗာ လို ရန်သူမျိုးကို တွေ့ရမယ့်အစား..စစ်ပွဲနတ်ဘုရားကိုသာ ရင်ဆိုင်လိုက်ချင်ပါတယ်..။

ကျွမ်းကျင်အဆင့် လူလိမ်တွေက..သေစေလောက်တဲ့စစ်သည်တော် တွေထက် ပိုပြီး အန္တရာယ်များပါတယ်..။သူက ဒီဟာကို တစ်ခြားလူတွေထက် ပိုပြီး ကောင်းကောင်း သိထားခဲ့တယ်..။

..သူ့ရဲ့ ဝိဥာဥ် ပင်လယ်ကနေ ထွက်လိုက်ပြီး..အနည်းငယ်လောက် တွေဝေကာ ..ဝီဗာရဲ့ မျက်နှာဖုံးကို ထုတ်ယူလိုက်ပါတယ်..။မျက်နှာဖုံးရဲ့အေးစက်တဲ့ သစ်သားမျက်နှာပြင်က သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပြီး မမြင်နိုင်တဲ့ အားတစ်ချို့က ဆုပ်ကိုင်ထားခဲ့တယ်..။

ချက်ချင်းဆိုသလိုပဲ..သူ့ရဲ့ အမြင်အာရုံက အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်..။အရာရာတိုင်းက..ပို ထက်ရှ ၊ ပို ရှင်းလင်း ပြီး ၊ ပို ထင်ရှားလာခဲ့တယ်..။ဆန်နီဟာ သူ့ မျက်နှာဖုံးက သူ့ရဲ့ မျက်လုံးတွေထဲကို ဝင်ရောက်ပြီး တစ်ခုခုနဲ့ ချိတ်ဆက်ပေးနေတာကို ခံစားနေရပါတယ်..။ဝီဗာ ရဲ့ သွေးစက်ကို သောက်သုံးပြီး အမွေဆက်ခံခဲ့တဲ့ ထူးဆန်းတဲ့ မျိုးဆက်..။သူ့ရဲ့ အလိုလိုသိစိတ်က ပိုပြီး အားကောင်းလာတာကို သူခံစားနေခဲ့ရပါတယ်..။

ဒါက ကမ္ဘာကြီးတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ လျိုဝှက်ဆန်းကြယ်တဲ့ ကံကြမ္မာ ကြိုးတွေကို သူ မြင်နေရလု နီးပါးပါပဲ..။

...မြင်ရလု နီးပါးပဲ..။

အကျဥ်းသား ကြောင့် ကြွင်းကျန်ရစ်ခဲ့တဲ့ ဖုန်မှုန့် အပုံလိုက်ကြီးကို ကြည့်ပြီး ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။

ဝီဗာ ရဲ့ မျကိနှာဖုံးကို ဝတ်ဆင်ထားခဲ့တဲ့ သူရဲ့ သရုပ်မှန်ကတော့ လျိုဝှက်ချက် တစ်ခု အဖြစ်ပဲ ရှိနေခဲ့ပါပြီ..။ဒီအလောင်းက ဘယ်သူ့ အလောင်းလဲ..။ဘယ်လိုဖြစ်ပြီး ဘုရားကျောင်းအောက်က မြေအောက် အကျဥ်းခန်း ထဲမှာ သံကြိုးတွေနဲ့ ရှိနေရတာလဲ..။

အလွယ်ဆုံးတွေးရမယ်ဆိုရင်တော့ ဒါက ဝီဗာ ကိုယ်တိုင် ပါပဲ..။သို့ပေမယ့် ဆန်နီဟာ ဒီအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်တယ်..။

သူ သိရသလောက်ဆိုရင်..ဒီမျကိနှာဖုံးရဲ့ မူလအရှင်သခင် ဖြစ်သူရဲ့ စွမ်းအားက..နတ်ဘုရားတွေနဲ့ အမည်မသိ ရဲ့ အောက် အနည်းငယ်လောက်သာ ကွာဟ နိုင်ပါတယ်..။တကယ်လို့ ဝီဗာ ကိုယ်တိုင်သာ မေ့ပျောက်ကုန်းမြေ ပေါ်မှာ ပေါ်ထွက်လာမယ် ဆိုရင် သူဘာမှ မလုပ်ခင်မှာတင် အနက်ရောင် မြို့တော် တစ်ခုလုံး တစ်စစီ ဖြစ်သွားပါလိမ့်မယ်..။

ဒီတော့ ဝီဗာရဲ့ မျက်နှာဖုံးကို ဘယ်သူက ဝတ်ဆင်ထားတာလဲ..။အိပ်မက်ဆိုး အခိုက်အတန့် ထဲက တစ်ချို့သော အင်အားကြီး တစ်စုံတစ်ယောက်က ၊ ဒီဟာကို ဆန်နီ ရသလို မှတ်သားမူ အဖြစ်ရရှိခဲ့တဲ့ ပုံပါပဲ..။

'ကောငိးပြီ..'

တကယ်လို့ ဝီဗာသာ..နတ်စုန်း တစ်ယောက် ၊ အဆင့်နိမ့် နတ်ဘုရား တစ်ပါး ဆိုရင်..သူတို့ကို ဦးတည်ထားတဲ့ ယုံကြည်ကိုးကွယ်မူရော ရှိနေနိုင်မလား..။ဝီဗာရဲ့ နောက်ကို လိုက်တဲ့..နောက်လိုကိတွေ ဘုန်းတော်ကြီးတွေ ရော ရှိနေနိုငိသေးလား..။အကျဥ်းသား ချန်ထားရစ် ခဲ့တဲ့ စာသားတွေက..ဆုတောင်းစာနဲ့တောင် အတော်လေး ဆင်တူနေခဲ့တာပါ..။ဒီလူက ဒီလို ကွဲပြားတဲ့ အယူဝါဒတွေကြောင့် ဒီနေရာမှာ အပြစ်ပေးခံထားရတာ ဖြစ်နိုင်မလား..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။ဒီဟာတွေကို သိခွင့်ရဖို့ နည်းလမ်းမရှိပါဘူး..။

အနည်းငယ် တွေဝေနေပြီးနောက်မှာတော့ သူနောကိကို လှည့်ပြီး မြေအောက် အခန်းငယ်လေးထဲကနေ ထွက်လာခဲ့ကြတယ်..။အနက်ရောင်မြို့တော်ထဲမှာ သူလုပ်ဖို့ ကျန်နေတဲ့ အရာတွေကို ပြီးပြတ်အောင်လုပ်ဖို့ သူ့မှာ အချိန် တစ်ရက်ပဲ ရပါတယ်..။သူ့မှာ အကျိုးမရှိတဲ့ စဥ်းစားတွေးခေါ်မူတွေ အတွက် အချိန်ရှိမနေခဲ့ပေ..။

အပြင်ကို ပြန်ရောက်တာနဲ့ ဆန်နီဟာ သူရဲ့ အရိပ်ရှိနေတဲ့ နေရာကို လျောက်သွားလိုက်ပြီး..အရိပ်ရဲ့ မျက်လုံးထဲကနေ တဆင့် ကိုယ့်ကိုကို ပြန်ကြည့်လိုက်တယ်..။သူ မြင်လိုက်ရတဲ့ အရာကြောင့် မျက်တောင်အနည်းငယ် ခတ်လိုက်ပါတယ်..။

' ဟမ် '

အနက်ရောက် မျက်နှာဖုံးက..သူ့ရဲ့ မျက်နှာပေါ်မှာ သက်သောင့်သက်သာ ရှိနေပြီး..သူ့ရဲ့ အပြုအမူတွေကို ဖုံးကွယ်ထားခဲ့ပါတယ်..။အမှောင်ထု ထဲမှာ နစ်မြုပ်နေတာကြောင့် သူက ကိုယ့်မျက်လုံးတွေကိုတောင် ကိုယ်မမြင်ရပါဘူး..။

ထပ်ပြီး ပြောရရင် သူ့ရဲ့ အရပ်ကတောင် သိပ်ပြီး ရှင်းလင်း မနေခဲ့ပေ..။ဆန်နီက အမှန်တကယ် အရပ်ရှည်လာတာ မဟုတ်ပေမယ့် ..ဘေးကနေကြည့်မယ်ဆိုရင်တော့..ဒါက ရှည်လာသလိုပါပဲ..။တစ်စက္ကန့်လောက်ကြည့်ရင်..ဒါက ရှည်လာသလို ထင်ရပြီး..နောက် တစ်စက္ကန့်မှာ ပြန်ကြည့်လိုက်ရင် အရပ်က ရှည်မနေတော့ပါဘူး..။ဒါက အလင်းအမှောင် နဲ့ ကြည့်တဲ့ ရူထောင့်ကွာခြားပြီး..လူတွေရဲ့ မျက်နှာက ပြောင်းလဲသွားသလို ဖြစ်နေခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် အရိပ် နဲ့ မျက်နှာချင်းဆိုင်ရှိနေတဲ့ သူက အရပ်ဘယ်လောက် ရှိတာလဲ ဆ်ိုတာကို သူ လုံးဝ သေချာမပြောနိုင်ခဲ့ပေ..။

'ဘယ်လောက် ပျော်စရာကောင်းလဲ '

ဒါက ဆန်နီကို လုံးဝ မမှတ်မိလောက်အောင် ဖြစ်သွားစေတာတော့ မဟုတ်ပေ..။သူက မျက်နှာဖုံး ဝတ်ထားတဲ့ အချိန်မှာ..တစ်ချို့ အချက်အလက်လေးတွေ ကိုတော့ ဂရုစိုက်ဖို့ လိုနေတုန်းပါပဲ..။သူ့ရဲ့ သာမန် လမ်းလျောက်ပုံ ၊ သူ့ရဲ့ အပြုအမူတွေ နဲ့ တစ်ခြားသော တစ်ချို့ အရာတွေက..မျက်နှာဖုံးနဲ့ ကာကွယ်ထားတာတောင် သူ ဘယ်သူလဲဆိုတာကို ပြသနေတုန်းပါပဲ..။

သူ့ကိုယ်သူ လုံးဝ တစ်ခြားသူတစ်ယောက် အဖြစ် ပြောင်းလဲသွားဖို့ဆိုရင်..ဆန်နီက တစ်ချို့သော သရုပ်ဆောင်မူလေးတွေပါ..ထည့်ထားရပါလိမ့်မယ်..။

..ကောင်းမွန်တဲ့အရာက..သူက အရိပ်ကခုန်မူကို လေ့ကျင့်ထားတာကြောင့်..တစ်စုံတစ်ယောက်ရဲ့ တိုက်ပွဲဟန်ပန် နဲ့ ကိုယ်နေဟန်ထားတွေကို အပြည့်အဝ ပုံတူ ကူးယူနိုင်စွမ်းရှိပါတယ်..။

'ဘယ်လို အံ့ဩစရာကောင်းတဲ့ တိုက်ဆိုင်မူလဲ..'

နောက်ဆုံးမှာတော့..သူ စိုးရိမ်နေခဲ့တဲ့ အချိန်အခါက ရောက်လာခဲ့တယ်..။[ ရိုးရှင်းတဲ့ လှည့်စားမူ ] စွမ်းရည်က သူ့ရဲ့ အားနည်းချက် ကို..အမှန်တကယ်ပဲ ပြောင်းပြန်လှန်နိုင်မလား ဆိုတာကို စမ်းသပ်ရမယ့် အချိန်ရောက်ပါပြီ..။

ပြောစရာ မလိုအောင်ပဲ ဆန်နီ ကြောကိရွံ့နေခဲ့တယ်..။သူ့ရဲ့ နှုတ်ခမ်းတွေက ခြောက်သွေ့နေတာကြောင့် လျာနဲ့သပ်ချင် နေခဲ့ပါတယ်..။သို့ပေမယ့် အခုက သူ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခု ရှိနေတာကြောင့်..သူ ဒီလို မလုပ်နိုင်ခဲ့ပေ..။လတ်တလော တော့ သူ့ရဲ့ ဒီ အကျင့်ဆိုးကို ဖျောက်ထားဖို့ လိုအပ်ပါသေးတယ်..။

'...ကောင်းတယ်..။ကောင်းပြီလေ..စလိုက်ကြတာပေါ့..'

ပါးစပ်ကို ဖွင့်လိုက်ပြီး ဆန်နီ အကျယ်ကြီး ပြောလိုက်တယ်..။

"ငါက..အရမ်း အရပ်ရှည်တယ်.."

ဒီ ဖြစ်စဥ်မှာတော့ သူ့မျက်နှာက ရှုတ်မဲ့သွားခဲ့ပြီး..သူ့စိတ်ထဲမှာဖြစ်ပေါ်တော့မယ့် ရင်းနှီးတဲ့ နာကျင်မူကို စောင့်ဆိုငိးနေခဲ့တယ်..။

သို့ပေမယ့်..ဒါက ရောက်မလာခဲ့ပါဘူး..။

ဆန်နီ မျက်တောင် အကြိမ်အနည်းငယ် ခတ်ပြီး..စောင့်ဆိုင်းနေခဲ့တယ်..။ဒါတောင်မှ နာကျင်မူက ပေါ်ထွက်မလာခဲ့ပေ..။

မျက်နှာဖုံးအောက်မှာတော့..သူ့ရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခုက ရှိနေခဲ့တယ်..။

"ငါက အရပ်ရှည်ရုံတင်မကဘူး..အရမ်းလည်း ခန့်ညားတယ်..။ဒါတင်မကသေးဘူး..ငါက အရမ်းကို ရိုးသားတဲ့ သူ တစ်ယောက်ပဲ..။ငါ့ကို တွေ့တဲ့ မိန်းကလေးတွေကလည်း ချက်ချင်း သဘောကျသွားကြတယ်..။ယောက်ျားလေးတွေ ရောပဲ..။ငါက ဘယ်လောက်တောင် ချစ်ဖို့ကောင်း ၊ ခန့်ညား ၊ သဘောကောင်းပြီး အရပ်ရှည်လိုက်လဲ..။ငါ ပြောနေတာတွေ အကုန်လုံးက အမှန်တွေချည်းပဲ..."

သူ့ စိတ်က အေးချမ်းပြီး တိတ်ဆိတ်နေခဲ့တယ်..။ဒီမှာတော့ ဘာနာကျင်မူ ၊ ဘာဖိအားမှ ရှိမနေခဲ့ပါဘူး..။တကယ်တော့ ဆန်နီ ရဲ့ ခံစားချက်က ကောင်းမွန်နေခဲ့ပါတယ်..။

' ဝိုး '

အလိမ်အညာတွေကို ထပ်ပြီး ပြောချင်တဲ့ စိတ်က ဖုံးလွှမ်းနေရင်း နဲ့ပဲ..သူက အားရပါးရ ရယ်မောလိုက်တယ်..။

"အံ့ဩစရာပဲ...။ဒီ စွမ်းရည်က..."

အဲ့အချိန်မှာပဲ ပေါက်ကွဲထွက်မတတ် နာကျင်မူကြောင့် သူက မြေကြီးပေါ်ကို ရုတ်တရက် လဲကျသွားခဲ့တယ်..။အံ့ဩသင့်စွာပဲ ဆန်နီဟာ ခေါင်းကို ကိုင်ထားပြီး..သူ့ခေါင်းကွဲထွက်တော့မလို ခံစားနေရကာ..အံကို ကြိတ်ပြီး ညဥ်းညူနေခဲ့ရပါတယ်..။

'ဘယ်လို ငရဲမျိုးလဲ..'

သူက ဒီ လိမ်ညာလို့ ရတဲ့ စွမ်းရည်က ဘယ်လောက်တောင် အသုံးဝင်လိုက်သလဲ လို့ ပြောချင်ခဲ့တာပါ..။

' ခနလေး..'

လိမ်ညာလို့ ရတဲ့ စွမ်းရည်က တကယ်ပဲ..အရမ်းကို အသုံးဝင်ပါတယ်..။ဒီတော့ အချက်အလက်ရ ပြောရရမယ် ဆိုရင် သူက အမှန်တရားကို ပြောဖို့ လုပ်နေတာပါပဲ..။

ပြီးတော့ ဝီဗာရဲ့ မျက်နှာဖုံးက သူ့ရဲ့ အားနည်းချက်ကို ဖယ်ရှားပေးတာ မျိုးမဟုတ်ပဲ..ပြောင်းပြန် လှန်ပေးခဲ့တာပါ..။

ဒီတော့...ဒီဟာကို ဝတ်ဆင်ထားတဲ့ အချိန်မှာဆိုရင် ဆန်နီက အမှန်တရား ကို တစ်ခွန်းမှ ပြောလို့ မရတဲ့ ပုံပါပဲ..။

' အာ '

ကြည့်ရတာတော့ ဒီအဖြေက မှန်ကန်နေပုံရပါတယ်..။သို့ပေမယ့် ဒီဟာက သေချာရဲ့လား ဆိုတာကို ထပ်ပြီး စမ်းသပ်ဖို့ လိုအပ်နေပါသေးတယ်..။

ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်ပြီး..ခနလောက် စောင့်ဆိုင်းပြီးကာမှ ပြောလိုက်တယ်..။

" ငါ့ နာမည်က...."

ခနအကြာမှာတော့ နောက်ထပ် နာကျင်တဲ့ အော်သံတစ်ခုက မြေအောက်အခန်းရဲ့ အမှောင်ထု ထဲမှာ ထွက်ပေါ်လာခဲ့ပြန်ပါတယ်..။

All Chapters