← Chapters

နောက်ဆုံးသော အလုပ်

Vol. 19 Ch. 280

နောက်ဆုံးသော အလုပ်

Vol. 19 Ch. 280

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ ဘုရားကျောင်းပျက်ကြီးထဲကနေ..ကျောပိုးအိတ် လွယ်ကာ ထွက်လာခဲ့ပြီး နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်ကာ ထွက်လာခဲ့လိုက်တယ်..။

သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာကို သေချာ မသိပေမယ့်..သူက ဒီနေရာကို မကြာခင်ပြန်လာနိုင်မယ် ဆိုတာကိုတော့ သံသယ ဖြစ်မိပါတယ်..။

ဒါက ချိုမြိန်တဲ့ နှုတ်ဆက်ခြင်းတစ်ခုပါပဲ..။

ဘယ်နေရာမှာ ကွေ့ရမယ် ၊ ဘယ်နေရာမှာ ဘယ်လိုအဆောက်အဦးတွေ ရှိတယ်ဆိုတာကို အရာအားလုံး သိထားတဲ့..အနက်ရောင်မြို့တော်ထဲက လမ်းကြားတွေထဲမှာ လမ်းလျောက်ရင်း ဆန်နီ သိချင်စွာ လမ်းလျောက်နေခဲ့ပါတယ်..။အနည်းဆုံးတော့ သူက သတိထားနေခဲ့ပါသေးတယ်..။သူက ဝင်္ကပါထဲမှာ ခရီးသွားနေတဲ့ အချိန်အတွင်းမှာ အများကြီး ပြောင်းလဲသွားခဲ့တယ်..။

သူ သိထားခဲ့တဲ့ အိပ်မက်ဆ်ိုး သားရဲတွေ ၊ ပိုပြီးအရေးကြီးတာက..သူ အမြဲတမ်း ရှောင်ကွင်းသွားခဲ့ရတဲ့ သားရဲတွေရဲ့ နေရာမှာ တစ်ခြား သားရဲအသစ်တွေက နေရယူထားခဲ့ကြပါတယ်..။သူက သတိထားပြီး ဂရုစိုက်ဖို့တော့ လိုအပ်နေပါပြီ..။

သို့ပေမယ့် ..သူ့ရဲ့ နောက်ထပ် ပန်းတိုင် တစ်ခုက သိပ်ပြီး မဝေးတော့ပါဘူး..။

သူက ဦးတည်ရာကို သွားနေရင်း ဝီဗာရဲ့ မျက်နှာဖုံးနဲ့ သူ့ရဲ့ ပြောင်းလဲနိုင်တဲ့ အရာတွေကို တွေးတောနေခဲ့တယ်..။အစကတော့..သူက ဒီမျကိနှာဖုံးကို ဘယ်တော့မှ မချွတ်တော့ပဲ..အလိမ်အညာတွေနဲ့သာ လျောက်သွားနေဖို့တောင် စဥ်းစားမိခဲ့ပါတယ်..။ဒီနည်းလမ်း အတိုင်းဆိုရင် သူက အနည်းဆုံးတော့ သူ့ရဲ့ အရေးကြီးဆုံး လျိုဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်လာမှာ မဟုတ်တော့ပေ..။

သို့ပေမယ့် ဒီအရာကို လေးလေးနက်နက် တွေးလို့ အပြီးမှာတော့..သူ့ရဲ့လက်ရှိ အခြေအနေ မှာ ဒါက အကောင်းဆုံး ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုတဲ့ အဖြေထွက်လာခဲ့ပါတယ်..။

ပထမဆုံးအနေနဲ့..တစ်စုံတစ်ယောက် အမြဲတမ်းအလိမ်အညာတွေ ပြောနေရင်း..အဖွဲ့အစည်းတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ရှိနေလို့ မရပါဘူး..။ဆန်နီက များပြားလှတဲ့ အဖွဲ့အစည်းတွေကနေ များပြားလှတဲ့ အကြောင်းပြချက်တွေကြောင့်..ထုတ်ပယ်ခံခဲ့ရဖူးပါတယ်..။ရိုးသားမူ မရှိပဲ မဟုတ်မမှန်တာတွေပဲ ပြောနေမယ်ဆိုရင်တော့ လူတွေက မင်းကို လုံးဝ ရှောင်ဖယ်လာကြပါလိမ့်မယ်..။

ပြီးတော့..အိပ်မက်ကမ္ဘာထဲမှာ ဘယ်သူကမှ တစ်ယောက်တည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး..။လူတစ်ယောက်က နေချင်သလို နေထိုင်နေဖို့ ဆ်ိုတာက မဖြစ်နိုင်ပေ..။

ဒီအရာတွေနဲ့ပတ်သက်ပြီးလည်း ဆန်နီ အများကြီးသိထားပါသေးတယ်..။

သို့ပေမယ့် ပိုပြီးအရေးကြီးတာက..သူက ဒီလိုမုသားစကားတွေကို..အချိန်ပြည့်ပြောနေဖို့ မဖြစ်နိုင်ဘူးဆ်ိုတာပါပဲ..။အထူးသဖြင့် သူ သိထားပြီးသား လူတွေနဲ့ ဆက်ဆံတဲ့ အချိန်မှာပါ..။ကိုင် နဲ့ ကတ်စီ တို့က ဒီမျက်နှာဖုံးရဲ့ ထူးဆန်းတဲ့ သက်ရောက်မူကို ချက်ချင်း သတိထားမိသွားကြပါလိမ့်မယ်..။ကိုင် ကတော့..သူ့ရဲ့ အလိမ်အညာတွေကို ခံစားနိုင်တဲ့ စွမ်းရည် ကြောင့်ပါ..။ကတ်စီကတော့ သူမရဲ့ တစ်ခြားသူတွေရဲ့ စွမ်းရည်ကို အာရုံခံနိုင်မူ ရပ်တန့်သွားတဲ့ အချိန်မှာ ဒါကို သတိထားမိသွားပါလိမ့်မယ်..။

ပြီးတော့ တစ်ခြားသူတွေလည်း သူနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတာကို အလျင်အမြန်သတိထားမိသွားကြမှာပါ..။ဘာလို့လဲဆိုတော့ သူ့ရဲ့ အပြုအမူတွေ ပြောင်းလဲနေတာကြောင့်ပါပဲ..။အထူးသဖြင့် သူ့ကို ကောငိးကောင်း သိရှိထားတဲ့ နစ်ဖီ ပါ..။

ပြီးတဲ့နောက်မှာတော့..သူတို့က မေးခွန်းတွေ အများကြီး မေးလာကြပါလိမ့်မယ်..။ဒီမေးခွန်းတွေကို ဖြေတဲ့ အချိန်ကျရင်..အလိမ်အညာတွေပဲ ပြောမယ်ဆိုရင်တောင်..သူ့ကို ပိုပြီး အန္တရာယ်များလာစေမှာပါ..။

ဒီတော့..စိတ်မကောင်းစွာပဲ ဝီဗာရဲ့မျက်နှာဖုံးက ဆန်နီ ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမနေခဲ့ပေ..။အကောင်းဆုံးအနေနဲ့ကတော့..ဒီဟာက သူ့ရဲ့ တစ်ချို့သော အခက်ခဲတွေကို ရှောင်ရှားနိုင်အောင် ကူညီပေးပါလိမ့်မယ်..။

သို့ပေမယ့်..သူ့မှာ ဒီလိုမှတ်သားမူ တစ်ခု ပိုင်ဆိုင်ထားတယ် ဆ်ိုတာကို ဘယ်သူ့ကိုမှ ..မသိစေချင်ပါဘူး..။ဆန်နီက အနာဂတ်အတွက် စဥ်းစားရပါလိမ့်မယ်..။

တကယ်လို့ သူက ကံကောင်းထောက်မပြီး ရဲတိုက်အတွင်းမှာ အသက်ရှင်ကာ..အစစ်အမှန်ကမ္ဘာကို ပြန်ရောက်သွားနိုင်ခဲ့မယ်ဆိုရင်..အဲဒီမှာ အနက်ရောင် မျက်နှာဖုံးက သူ့ကို ဆန်းကျယ်မူတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်..။ဒီမျက်နှာဖုံးက..သူ့ကို န်ိုးထသူ

ဆန်းလပ်စ် နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ လူတစ်ယောက် အဖြစ် ဖန်တီးပေးသွားမှာပါ..။ပြီးတော့ သူက မဖြစ်နိုင်လောက်တဲ့ အရာတွေ ၊ အန္တရာယ်များတဲ့ အရာတွေကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါလိမ့်မယ်..။

ဒီသက်ရောက်မူနဲ့ဆိုရင်..ထူးဆန်းတဲ့ အနက်ရောင် သစ်သား မျက်နှာဖုံးက သူနဲ့ ဆက်နွယ်နေတယ်ဆိုတာကို ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပေ..။သူ အယုံကြည်ရဆုံး သူတွေတောင် သိကြမှာမဟုတ်ပါဘူး..။

ဒါက သူ့အတွက်ရော ..သူတို့အတွက်ပါ ကောင်းစေဖို့အတွက်ပါ..။

'ဒါက စိတ်မကောင်းစရာပဲ '

ဒါက..။ဒီတစ်ခေါက် ဆန်နီ တွေ့ရှိခဲ့တဲ့ ရတနာ အမျိုးအစားကို သိလိုက်ရလို့ ဖြစ်ပေါ်လာမယ့် ကတ်စတာရဲ့ မျက်နှာကို စိတ်ကူးယဥ်ကြည့်လိုက်တာနဲ့တင် သူ့ရဲ့ အစီအစဥ် တွေကို ပြောင်းလဲဖို့ လုံလောက်နေပါပြီ..။

ကတ်စတာ....

ဆန်နီရဲ့ မျက်နှာ နက်မှောင်သွားခဲ့တယ်..။

ဟောလိုး တောင်တန်းကို သူတို့ ခရီးမထွက်ခင်မှာ

နစ်ဖီ သူ့ကို ပေးခဲ့တဲ့ ကတိကို သူ မမေ့သေးပါဘူး..။မနက်ဖြန်ကျရင်..ဂုဏ်ယူရတဲ့ ဆက်ခံသူနဲ့ အပေးအယူက ဘာလဲ..ဆိုတာနဲ့ ၊ ပြောင်းလဲနေတဲ့ကြယ်ပွင်နဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို သူ သိခွင့်ရပါတော့မယ်..။

...ပြီးတော့ ဆန်နီ သာ ကတ်စတာနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ် ဆိုရင် အခွင့်အရေး ဘယ်လောက် ရှိနိုင်မလဲ။

ဆန်နီက ဟန်လီ ကလန်ရဲ့ ဆက်ခံသူကို သဘောမကျဘူးဆို ပေမယ့်လည်း..သူ့ကိုတော့ အမှန်တကယ် မတိုက်ခိုက်ချင်ပါဘူး..။အခုလို သူ့ဘဝ ရဲ့ ဆိုးဝါးတဲ့ အခိုက်အတန့်မှာ သွေးထွက်သံယို အခြေအနေတွေ နဲ့ အဆုံးသတ်ဖို့ ဘယ်လောက်ပဲ အဆင်သင့်ဖြစ်နေပါစေ..ကတ်စတာ က ပေါ့ပေါ့တန်တန် သဘောထားလို့ ရတဲ့ သူတစ်ယောက် မဟုတ်ပါဘူး..။ဆန်နီ သိထားသလောက် ဆိုရင် သူက သေစေနိုင်လောက်တဲ့ ပြိုင်ဘက်တစ်ယောက်ပါ..။

ပြီးတော့..ဒီ ဆက်ခံသူမှာ ..လျိုဝှက်ချက်တွေလည်း ရှိနေပါသေးတယ်..။

'သူ့မှာ ရှိတဲ့ အဲဒီအဆောင် ....အဲတာက ဘာကို အသုံးပြုတာလဲ '

တကယ်လို့ လိုအပ်လာခဲ့မယ်ဆိုရင် သူက ကတ်စတာ ကို အနိုင်တိုက်ခိုက်နိုင်တယ် ဆိုတာကို သေချာသိပါတယ်..။သို့ပေမယ့် အနိုင်ရဖို့အတွက် ပြန်ပေးဆပ်ရမယ့် တန်ကြေးကလည်း အရမ်းကိုကြီးမားပါလိမ့်မယ်..။ဖြစ်နိုင်တာက..သူ ပေးချင်တာထက်ကို ပိုပြီး ကြီးမားနေမှာပါ..။

ရုတ်တရက် မသက်မသာ ခံစားလာရတဲ့ ဆန်နီဟာ ခေါင်းခါယမ်းလိုက်ပြီး လမ်းကိုသာ ဆက်လျောက်နေခဲ့တယ်..။

နေလုံးကြီးက အနောက်ဘက် မိုးကုတ်စက်ဝိုင်း ဆီကို စတင်ကျဆင်းနေတဲ့ အချိန်မှာတော့ သူက ဦးတည်ချက် နေရာဆီကို ရောက်လာခဲ့ပါပြီ..။ပျက်စီးနေတဲ့ရှေးဟောင်း စာကြည့်တိုက်က တစ်ခြား ပျက်စီးနေတဲ့ အဆောက်အဦးတွေကြားထဲမှာ အထီးကျန်စွာ ရှိနေခဲ့ပါတယ်..။

အနက်ရောင်မြို့တော်ရဲ့ လမ်းကြားတွေထဲမှာ သူတစယောက်တည်း အထီးကျန်စွာ အမဲလိုက်ခဲ့တဲ့ နေ့ရက်တွေ ကုန်ဆုံးခါနီးမှာ ဆန်နီ ဟာ မေ့ပျောက်ကုန်းမြေရဲ့ သမိုင်းကြောင်းကို သိရဖို့ အတွက် အပျက်အစီးတွေ ကြားထဲကို ရှာဖွေခဲ့ပါတယ်..။ကျောက်တုံးသူတော်စင် နဲ့ ကိုင် တို့ကို တွေ့ခဲ့တဲ့ သူ့ရဲ့ ကံတရားကြောင့် သူက ဝင်္ကပါထဲကို စူးစမ်းရှာဖွေရေး ထွက်ခဲ့ရပြီး..သူ့ရဲ့ ပရောဂျက် ကို လက်စ မသတ်နိုင်ခဲ့ပေ..။

အထူးသဖြင့် အဲဒီမှာ ဆန်နီ စိတ်ဝင်စားနေတဲ့ ကျောက်တွေ စီခြယ်ထားတဲ့ အရာတစ်ခု ရှိနေပါတယ်..။ဒါက စာကြည့်တိုက်ရဲ့ အဓိက ခန်းမကြီး ရဲ့ကြမ်းပြင်တစ်ခုလုံးကို ဖန်တီးထားတာဖြစ်ပြီး..အများစုကို ကျောက်တုံးတွေနဲ့ ဖုံးလွှမ်းထားခဲ့တယ်..။

အရင်တုန်းကတော့..ဆန်နီက ကျောက်တုံးတွေကို ဖယ်ရှားရလောက်အောင် မသန်မာပါဘူး..။ကျောက်တုံးသူတော်စင် က သူ့အတွက် ဒီဟာကို လုပ်ကိုင်ပေးဖို့ မျှော်လင့်ထားခဲ့ပေမယ့်..စိတ်မကောင်းစွာပဲ အရိပ်က သူ့ရဲ့ အရိပ်အမြုတေထဲမှာ လတ်တလော အိပ်နေခဲ့ပါတယ်..။သူမက ဆင့်ကဲဖြစ်စဥ် ဖြစ်ပေါ်နေပြီး ဘယ်လို ပြောင်းလဲမှာလဲ ဆိုတာ မသိသေးပေ။

သေချာစေဖို့အတွက် ဒီဖြစ်စဥ်က ဖြစ်ပေါ်နေတုန်းလား ဆိုတာကို သူ နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်တယ်..။

ကံကောင်းချင်တော့..သူက ဒီလပိုင်းအတွင်းမှာ အတော်လေးကို သန်မာလာခဲ့ပါပြီ .။အခုချိန်မှာ ဒီ ကြမ်းပြင်ပေါ်က ကျောက်စီ အနုပညာကို သူ့ရဲ့ လက်နှစ်ဖက်နဲ့ ရှင်းလင်းနိုင်မယ် ဆိုတာ ဆန်နီ သေချာသိနေခဲ့ပါတယ်..။

ဒါက အတော်လေးတော့ အလုပ်လုပ်ရမှာပါ..။

သူမရှိတုန်းမှာ ဒီ စာကြည့်တိုက်ကို သတ္တဝါ တစ်ကောင်ကောင် က အသိုက်လုပ်ထားလား ဆိုတာကို သိရဖို့ အတွက် သူ့ရဲ့ အရိပ်ကို အရင်လွှတ်ပြီး စစ်ဆေးခိုင်းလိုက်တယ်..။ပြီးမှ ဆန်နီက အပျက်အစီးတွေရဲ့ အရိပ်အောက်ကို ဝင်လာပြီး သက်ပြင်းချလိုက်ပါတယိ..။

'...စလိုက် ကြရအောင်...'

မကြာခင်မှာပဲ..ပျက်စီးနေတဲ့ ရှေးဟောင်း အဆောက်အဦးရဲ့ခေါင်မိုးအောက်မှာ လေးလံတဲ့ ​ကျောက်တုံးကြီးတွေကို ရွေ့လျားနေတဲ့ အသံတွေက ထွက်ပေါ်လာပါတော့တယ်..။

All Chapters