သူရဲကောင်း ခုနှစ်ယောက်.
Vol. 19 Ch. 281
ညအမှောင်ထုတွင်..။ဆန်နီဟာ ပျက်ဆီးနေတဲ့ စာကြည့်တိုက် ကြမ်းပြင်ကို ရှင်းလင်းရတဲ့ အလုပ်ကို နောကိဆုံးမှာ ပြီးမြောက်နိုင်ခဲ့တယ်..။အဝိုင်းပုံစံ ခန်းမကြီးရဲ့ အလယ်မှာ ပင်ပန်းစွာ ရပ်နေရင်း..သူက..ကိုယ့်ကိုကို ..ကျယ်ပြန့်တဲ့ ပန်းချီလက်ရာရဲ့ အလယ်မှာ ရှိနေတာကို သတိထားမိလိုက်ပါတယ်..။
ကျောက်တွေစီခြယ်ထားတဲ့ ပန်ချီလက်ရာက..အချိန်ရဲ့ တိုက်စားမူကို ခံထားရတာတောင် အကောင်းအတိုင်း ဖြစ်လု နီးပါးပါပဲ..။အများစုက အကောင်းအတိုင်းရှိနေခဲ့ပြီး..တစ်ချို့အရာတွေကသာ..ကြက်သွေးရောင် ထိပ်ဖျားမှာဖြစ်ပေါ်လာတဲ့ သတ္တဝါကြီးရဲ့ မကောင်းတဲ့ စိတ်ထားကြောင့် ပျက်ဆီးသွားခဲ့ရတာပါ..။
အခုတော့ မေ့ပျောက်ကုန်းမြေပေါ်မှာရှိတဲ့..တယ်ရာ တစ်ကောင်က သူရဲ့ကောင်းခုနှစ်ယောက်ရဲ့ မျက်နှာတွေ အကုန်လုံးကို လိုက်ပြီး ဖျက်ဆီးသွားခဲ့တယ် ဆိုတာကို ဆန်နီ သေချာသလောက်ရှိနေပါပြီ..။ဒါက ဘယ်လို ဖြစ်လာတာလဲ ဆိုတာကို မသိပေမယ့်..မိုင်းတွင်းထဲက ပန်းပုလက်ရာတွေကို ဖျက်ဆီးခဲ့တဲ့ ဒေါသတရား နဲ့ ဒီပန်းချီ လက်ရာတွေကို ဖျက်ဆီးခဲ့တဲ့ ဒေါသတရားက အတူတူပဲ ဆိုတာကို သူခံစားနေခဲ့ရတယ်..။
ဒါက တယ်ရာ ကိုယ်တိုင်က..ကြယ်အလင်းစစ်သည်တွေကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူ ခုနှစ်ယောက်ရဲ့ အသွင်အပြင်တွေကို သမိုင်းကြောင်းကနေ ဖယ်ထုတ်ပစ်ချင်ခဲ့တဲ့ ပုံပါပဲ..။သူတို့ရဲ့ နာမည်တွေက မေ့ဖျောက်ခံထားရတယ်။ဒီဇာတ်လမ်းမှာ ပါဝင်ခဲ့ကြတဲ့ လူတိုင်းက ဖုန်မှုန့်တွေ ဖြစ်သွားခဲ့ကြပြီဖြစ်ပြီး..သူတို့ရဲ့ ရုပ်ပုံကို ထွင်းထုထားတဲ့ ကျောက်တုံးတွေကို ကွဲကြေ ပျက်ဆီးခဲ့ရပါပြီ..။
သူတို့ရဲ့ အမွေအနှစ်ကို ဖျက်ဆီးဖို့ ဒီလောက်အထိတောင် လုပ်ခဲ့တယ်ဆိုရင်..နတ်ဆိုး သတ္တဝါရဲ့ သူတို့အပေါ်မှာ ထားရှိတဲ့ အမုန်းတရားက ဘယ်လောက်တောင် ကြီးမားနေတာလဲ ဆိုတာကို သိနိုင်ပါတယ်..။
သက်ပြင်းတစ်ချက် ချလိုက်ပြီး..ဆန်နီဟာ..ပန်ချီကားရဲ့ အစွန်းနားကို လျောက်သွားလိုက်တယ်..။သူက ဇာတ်လမ်းရဲ့ အစ ပထမကို ရှာဖွေနေခဲ့တာပါ..။
.
ပန်ချီကားပေါ်မှာ ထွင်းထုထားတာက..ပုံတစ်ပုံတည်း မဟုတ်ပါဘူး..။ဒါက ဇာတ်လမ်းတွဲကြီးလို ဖန်တီးထားခဲ့တာပါ..။အစွန်းဘက်ကနေ စတင်ပြီး အလယ်အထိ ရောက်ဖိုဆိုရင် ဒါက စာလိပ်ရှည်ကြီး တစ်ခုလိုတောင်ဖြစ်နေခဲ့ပါတယ်..။သူတို့အပေါ်မှာတော့..အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံရတဲ့ ကုန်းမြေရဲ့ သမိုင်းကြောင်းကို ဖော်ပြပေးထားခဲ့တယ်..။ပြီးတော့ အလင်းရောင် အသစ်နဲ့အတူ ဘယ်လို အဆုံးသတ်ခဲ့ကြသလဲ ဆိုတာ ရောပါပဲ..။
မေ့ပျောက်ကုန်းမြေပေါ်ကို အမှောင်ထုကြီး ကျဆင်းလာဖို့အတွက် ဘယ်လိုတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို ဆန်နီ သိထားပြီးပါပြီ..။ပြီးတော့ ရှေးခေတ် နေထိုင်သူ တွေက..ဒီဟာကို ခုခံဖို့ ဘယ်လိုတွေ တိုက်ခိုက်ခဲ့ကြလဲ ဆိုတာရောပါပဲ..။
အခုတော့ ..သူက ဒီလူတွေ ကျရှုံးသွားရခြင်းရဲ့ နောက်ဆုံး ဆန်းကျယ်မူ အကြောင်းပြချက်ကို လေ့လာပါတော့မယ်..။
ပထမဆုံး ပုံကို ရှာတွေ့ပြီးတဲ့နောက်မှာတော့ သူ လေ့လာလိုက်ပြီး အနည်းငယ် တွေဝေနေခဲ့တယ်..။ယင်းနောက် သူက ဆက်လျောက်သွားပြီး သူ့ ခြေထောက် အောက်မှာ ရှိနေတဲ့ သမိုင်းကြောင်းကို ကြည့်နေခဲ့ပါတယ်..။
ကမ္ဘာကြီးပေါ်ကို ကျိန်စာက လွှမ်းမိုးသွားပြီး..အမှောင်ထု အောက်ကို ကျဆင်းသွားတဲ့ အချိန်မှာတော့ ဆိုးဝါးတဲ့ သတ္တဝါကြီးတွေက..လူသားတွေရဲ့ နေထိုင်ရာကို စတင်ပြီး တိုက်ခိုက်ပါတော့တယ်..။တစ်ယောက်ပြီး တစ်ယောက်ဆိုသလိုပဲ..ထူးချွန်ထက်မြက်တဲ့ သူတွေက တိုက်ပွဲတွေကြားထဲမှာ ပေါိထွက်လာခဲ့တယ်..။သို့ပေမယ့် ဒီသူရဲကောင်းတွေ ဘယ်လောက်ပဲ သန်မာ ၊ ရဲရင့် ပြီး သတ္တိရှိကြပါစေ..သူတို့ထဲက တစ်ယောက်မှ အချိန်အကြာကြီး မတောင့်ခံနိုင်ခဲ့ကြပါဘူး..။
အထူးသဖြင့် သူတို့ရဲ့ နောက်လိုက်တွေက မွန်းစတားတွေ မဖြစ် စတင်ပြီး ပြောင်းလဲလာခဲ့ကြတဲ့ အချိန်မှာပါ..။မင်းရဲ့ နောက်ကျောကို ကာကွယ်ပေးထားမယ့်လူမရှိပဲ..အမှောင်ထုထဲမှာရှိနေတဲ့ ကြောက်မယ်ဖွယ် ရန်လိုမူကို ရင်ဆိုင်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။အထူးသဖြင့် မင်းအယုံကြည်ရဆုံး သူတွေက မင်းရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့ လူတွေ ဖြစ်လာတဲ့ အချိန်မှာပါ..။
သို့ပေမယ့် ဒါတောင်မှ လူသားတွေက တောင့်ခံနေပါသေးတယ်..။လပေါင်းများစွာ...ပြီးတော့ နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့ကြတယ်..။ယင်းနောက် ဒီ ဆိုးဝါးတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်တွေ ပေါက်ဖွားလာခဲ့ကြပါတယ်..။
' အမှောင်ထုတွေ လုံးဝ ဖုံးလွှမ်းထားတဲ့ အချိန်မှာ မွေးဖွားလာခဲ့တဲ့ သူရဲကောင်း ခုနှစ်ယောက်က ကျိန်စာသင့်နယ်မြေကြီးကို အလင်းပြန်လည် ယူဆောင်ဖို့ သစ္စာဆိုခဲ့ကြတယ်.."
ဆန်နီ တီးတိုး ရေရွတ်လိုက်တာပါ..။
ကြယ်အလင်း စစ်တပ်ကို ဖန်တီးခဲ့ကြတဲ့ လူတွေက..အမှန်တကယ်ပဲ..အမှောင်ထုကြားထဲမှာ မွေးဖွားလာကြတဲ့ လူတွေဖြစ်တယ်..။သူတို့ ပြန်ယူဆောင်လာဖို့ ကျိန်ဆို ခဲ့ကြတဲ့ အလင်းကို သူတို့ကိုယ်တိုင် တစ်ခါမှ မမြင်ဖူးကြပါဘူး..။သူတို့ သိတာဆိုလို့..သူတို့ရဲ့ ဘိုးဘေးတွေ ပြောပြခဲ့တဲ့ ပုံပြင်တွေကိုပါ..။ဒါက လူသားတွေကို အိပ်မက်ဆ်ိုးအဖြစ် မပြောင်းလဲခင်၊ နက်မှောင်နေတဲ့ ညအချိန်မှာ ကြယ်လေးတွေ တောက်ပနေတုန်းက.. ဒဏ္ဍာရီ ပုံပြင်တွေဆိုလည်း ဟုတ်ပါတယ်..။
မျိုးဆက်သစ် တွေဟာ..အမှောင်ထုတွေ ၊ ထိပ်လန့်မူတွေ အပြည့် ဝန်းရံပြီး မွေးဖွားလာကြတာကြောင့် သူတို့ရဲ့ မိဘတွေထက်တောင် ပိုပြီးရဲရင့်တဲ့ စစ်သည်တွေ အဖြစ် ဖန်တီးပေးထားခြင်း ခံခဲ့ရပါတယ်..။ကြမ်းတမ်းတဲ့ အခိုက်အတန့်တွေက..ထူးချွန်တဲ့ လူတွေကို မွေးထုတ်ပေးခဲ့တယ်..။သူတို့ရဲ့ အချိန်အခါက တစ်စုံတစ်ယောက် စိတ်ကူးယဥ် ကြည့်နိုင်တာထက် ပိုကြောက်ဖို့ကောင်းပြီး..မေ့ဖျောက်လို့ မရအောင် ဖြစ်စေပါတယ်..။
ပြီးတော့ ဒီလို ပတ်ဝန်းကျင်က ဖန်တီးပေးလိုက်တဲ့ လူတွေကလည်း..ဒီ နက်မှောင်နေတဲ့ လက်တွေအခြေအနေနဲ့ အသားကျ ပြီးသားပါ..။
ပုံမှန်အားဖြင့် သူတို့ခုနှစ်ယောက်က တစ်ခြားလူတွေထက် ပိုထူးချွန်နေခဲ့ပြီး သူတို့ရဲ့အဖွဲ့သားတွေကို ဦးဆောင်ကာ ကျူးကျော်လာသူတွေကို တိုက်ထုတ်ခဲ့ကြပါတယ်..။
ဆန်နီ ရပ်တန့်လိုက်ပြီး..သူတို့ရဲ့ ပုံရိပ်တွေ ပြထားတဲ့ နေရာကို လေ့လာလိုက်တယ်..။သူတို့ရဲ့ မျက်နှာတွေပက မမှတ်မိလောက်အောင်..ပျက်ဆီးနေခဲ့ပါပြီ..။
အဖြူရောင် သတ္တုကနေ ထွင်းထုထားတဲ့ အကာအကွယ် အင်္ကျီကို ဝတ်ဆင်ထားတဲ့ စစ်သည်တစ်ယောက်က..သူ့ရဲ့လက်ထဲမှာ အားထားရတဲ့ ဓားတစ်လက်ကို ကိုင်ဆောင်ထားခဲ့တယ်..။
ချောမောတဲ့ အမျိုးသမီး ဘုန်းတော်ကြီးတစ်ပါးက ပေါ့ပါးတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမရဲ့ နူးညံ့တဲ့ လက်တွေမှာ အလင်းရောင် တောက်ပနေခဲ့တယ်..။
ကြမ်းတမ်းတဲ့ မုဆ်ုးတစ်ယောက်က..ရှေးခေတ် ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကြေးလှံရှည်တစ်ချောင်းကို မှီနေခဲ့တယ်..။
ကျွမ်းကျင်တဲ့ တည်ဆောက်သူက လက်ထဲမှာ မာဆွန်တူတစ်လက်ကို ကိုင်ဆောင်ထားခဲ့တယ်..။
နယ်မြေ အရှင်သခင် က နိမ့်ချတဲ့ သရဖူတစ်ခုကို ဆောင်းထားပြီး..တစ်ခုတည်းသော ရတနာကို အလှဆင်ထားခဲ့တယ်..။
သိမ်မွေ့ပြီး ရက်စက်တဲ့ သတ်ဖြတ်သူက..သူမရဲ့နောက်ကျောမှာ တစ္ဆေ ဓားမြောင် တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့တယ်..။
ပြီးတော့..မြူတွေ ဖုံးလွှမ်းနေတဲ့ နေရာက လာတဲ့ သူစိမ်း တစ်ယောက်က..ကျောက်တုံးလို အကာအကွယ်ကို ဝတ်ဆင်ထားပြီး သူ့ရဲ့ မျက်နှာကို ဘယ်တော့မှ မပြထားခဲ့ပါဘူး..။သူ့ရဲ့ ခြေထောက်နားမှာတော့ အဝိုင်းပုံစံ ဒိုင်းကာ တစ်ခု ရှိနေခဲ့ပါတယ်..။
ဆန်နီဟာ သူရဲကောင်း ခုနှစ်ယောက်ကို ကြည့်ပြီး တွေးလိုက်တယ်..။
"သူရဲကောင်း ၊ မုဆိုး ၊ အရှင်သခင် ၊ သူစိမ်း ၊ သတ်ဖြတ်သူ ၊ တည်ဆောက်သူ ၊ အမျိုးသမီး ဘုန်းတော်ကြီး ။ သန်းခေါင်းယံ အမြုတေ ၊ ဇီနစ်အမြုတေ ၊ အရုဏ်ဦး အမြုတေ ၊ ဆည်းဆာချိန် အမြုတေ ၊ လအမြုတေ ။ပြီးတော့ ကျန်တဲ့ နှစ်ခုကဖြစ်တဲ့ နေအလင်း အမြုတေ နဲ့ ကြယ်အလင်း အမြုတေ ကရော .."
ကျန်ရှိနေတဲ့ အမြုတေ မှတ်သားမူ နှစ်ခုကို သူ အခုထိ မသိသေးပါဘူး..။နစ်ဖီကတော့ တစ်ခုခု သိထားလောက်မှာပါ..။မဟုတ်ရင် သူမက ဟောလိုးတောင်တန်းလို အန္တရာယ်များတဲ့ နေရာကို သွားလာပြီး အရုဏ်ဦး သရဖူကို ရှာဖွေခဲ့မှာမဟုတ်ပေ..။
မေ့ပျောက်ကုန်းမြေရဲ့ အခြေအနေ အသေးစိတ်ကို ဒီမှာ ပြသထားပေမယ့်..ဒါက သူ့ကို အခုထိ အဖြေမပေးသေး ပါဘူး..။အတွေးနက်စွာပဲ သူက သူရဲကောင်းခုနှစ်ယောက် ပါဝင်တဲ့ ပန်ချီကား ကိုထားခဲ့ကာ ရှေ့ကို ဆက်လျောက်လိုက်တယ်..။
သမိုင်းကြောင်းရဲ့ တစ်နေရာမှာတော့ သူရဲကောင်းတွေက စုစည်းသွားကြပြီး ကြယ်အလင်းစစ်တပ်ကို ဖန်တီးကာ..ကျန်ရှိနေသေးတဲ့ လူသားတွေမျိုးနွယ်ကို သူတို့ရဲ့လက်အောက်မှာ ပေါင်းစည်းစေခဲ့ပါတယ်..။အဲတာကလည်း သူတို့ရဲ့ သစ္စာဆိုခဲ့တဲ့ အချိန်ပါပဲ..။
'သူတို့က ရူးသွပ် နေကြတာပဲဖြစ်ရမယ်..'
မဖြစ်နိုင်တဲ့ အရာတစ်ခုကို အောင်မြင်ရမယ် ဆိုပြီးလုပ်နေခြင်းရဲ့ အဓိပ္ပါယ်က ရူးသွပ်မူ ပဲ မဟုတ်ဘူးလား..။ဆန်နီဟာ..သူရဲကောင်းခုနှစ်ယောက်က သူတို့ရဲ့ ရူးသွပ်တဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကို ကောင်းကောင်း သိနေတာကြောင့် မျက်မှောင်ကျုတ်နေခဲ့ပါတယ်..။
ဒါက အိမ်နဲ့ အနည်းငယ် နီးစပ်နေပါပြီ..။မဖြစ်နိုင်တဲ့ ပန်းတိုင် တစ်ခုကို ဖြစ်နိုင်ကြောင်း ဒေါသတကြီး သက်သေပြချင်နေတဲ့ လူတစ်ယောက်ကိုလည်း သူ သိထားပါသေးတယ်..။
ဒါပေမဲ့ ဒီဟာတွေက ဘယ်လို အဆုံးသတ်သွားတာလဲ..။ဟုတ်ပါတယ်..သူရဲကောင်းတွေက သူတို့ရဲ့ အိပ်မက်ကို အောင်မြင်သွားခဲ့ကြပါတယ်..။ဒါပေမဲ့ မေ့ပျောက်ကုန်းမြေကြီးက ဘာဖြစ်လို့ ပျက်ဆီးနေတဲ့ ငရဲ တစ်ခုလိုဖြစ်သွားရတာလဲ..။
ပန်ချီကား ရဲ့ နောက်ထပ် ပုံရိပ်တွေကို ကြည့်လိုက်တဲ့ အချိန်မှာတော့..ဆန်နီဟာ သူ ဒီအဖြေကိုရှာတွေ့တော့
မယ့် ခံစားချက်တွေ ရရှိလာခဲ့ပါတယ်..။