စတေးမူ
Vol. 19 Ch. 282
ဆန်နီဟာ အဝိုင်းပုံစံလမ်းလျောက်နေပြီး..ပန်ချီလက်ရာတွေနဲ့ အလယ်ကို နီးကပ်လာတဲ့ အချိန်မှာ..ကြယ်အလင်းစစ်သည်တွေရဲ့ များပြားလှတဲ့ အောင်မြင်မူတွေကို တွေ့နေခဲ့ရတယ်..။
သူရဲကောင်းခုနှစိယောက်က..ဦးဆောင်ထားတဲ့ စစ်သည်တော်တွေက တကယ်ကို သန်မာတဲ့ အင်အားစုကြီးပါ..။ကြမ်းတမ်းတဲ့ အမှောင်ကမ္ဘာကြီးရဲ့ လေ့ကျင့်ပေးထားခြင်း အပြင် ၊ သူတို့ ခေါင်းဆောင်တွေရဲ့ မယိုင်လဲတဲ့ စိတ်ဓာတ်တွေကြောင့်..သူတို့က မေ့ပျောက်ကုန်းမြေတစ်ခုလုံး ကို ကျိန်စာသင့် သတ္တဝါတွေရဲ့ သွေးနဲ့ ဖုံးလွှမ်းနေစေခဲ့ပါတယ်..။
သူတို့ ထဲက အများအပြားက မွန်းစတား တွေ အဖြစ် ပြောင်းလဲနေကြပေမယ့် - အထူးသဖြင့် သူတို့ရဲ့ ယုံကြည်ချက် ယိုင်လဲသွားတဲ့ သူတွေပါ - ကျန်တဲ့ လူတွေကတော့..ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်ခဲ့ကြပါတယ်..။
ကြယ်အလင်း စစ်သည်တွေက အတိအကျ ဘယ်လောက်အထိ သန်မာကြလဲ ဆ်ိုတာကို ဆန်နီ မသိပေမယ့် ..သူတိူ့ရဲ့ တ်ိုက်ပွဲ သဲလွန်စ အရဆိုရင်တော့..သူတို့က အစစ်အမှန် ကမ္ဘာက နိုးထသူတွေနဲ့ အတူတူ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်..။သို့ပေမယ့် အချိန်တွေ ကြာလာတဲ့ နောက်မှာ ကျိန်စာသင့် ကုန်းမြေပေါိက..စစ်သည်တော်တွေက ပိုပိုပြီး သန်မာလာခဲ့ကြတယ်..။
သူတို့ တိုက်ခိုက်ခဲ့ကြတဲ့ သားရဲ အများစုက ပျက်ပြားခြင်း အဆင့်တွေ ဖြစ်တာကို တွေ့ရပါတယ်..။ဒီတစ်ခုနဲ့တင် ဒီစစ်တပ်က အစစ်အမှန်ကမ္ဘာပေါ်က လူသားတွေထက် သာလွန်နေပါပြီ..။သူရဲကောင်း ခုနှစ်ယောက်နဲ့ သူ့ရဲ့ စစ်တပ်က အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ သယ်ဆောင်သူတွေဖြစ်ပြီ..သူတို့နဲ့ တူညီတဲ့ စွမ်းအားတွေ အသုံးပြုနိုင်ကြလား ဆိုတာကိုတော့ ဆန်နီ လည်း သေချာမသိပါဘူး..။
ထပ်ပြောရင် ရှင်ကျန်ရစ် ခဲ့တဲ့ လူသားတွေက ချိုင့်ဝှမ်းကြီးရဲ့ ကမ်းခြေနားကို ရွေ့ပြောင်းခဲ့ကြပြီး ကြီးမားတဲ့ မြို့အသစ်ကြီးကို တည်ဆောက်ခဲ့ကြပါတယ်..။ဒီ တစ်ခုတည်းက အရမ်းကို ခက်ခဲနေပြီဖြစ်ပြီး..သူတို့ရဲ့ ရည်မှန်းချက်အတွက်ကတော့ ဆန်နီ အကူအညီမဲ့စွာပဲ ချစ်ကြောက်ရိုသေ မူတွေကို ခံစားနေခဲ့ရတယ်..။
ဆန်နီ ရဲ့ ခြေလှမ်းတွေ နှေးကွေးသွားခဲ့တယ်..။
သူ့ရဲ့က ပုံရိပ်တွေကတော့..ကြက်သွေးရောင် ထိပ်ဖျားကြီးကို တည်ဆောက်နေတဲ့ ပုံတွေပါ..။မဟုတ်ဘူး...ဒါက အခုအထိ ကြက်သွေးရောင် အဖြစ်လာသေးဘူး..အခုမှ အစပဲ ရှိနေသေးတယ်..။ကြီးမားတဲ့ တာဝါကြီးကို မြို့ရဲ့ အနောက်ဘက်မှာ တည်ဆောက်ထားခဲ့ပြီး..ကောင်းကင်ထိကို မြင့်မားကာ ဒီကမ္ဘာကြီးရဲ့ ဝင်ရိုးကြီးတစ်ခုလို ဖြစ်နေခဲ့တယ်..။
ဒါက လူသားတွေ ကောင်းကင်ဘုံကို ထိတွေ့နိူင်ဖို့အတွက် ..လှေကား အဖြစ် ဖန်တီးထားသလိုပါပဲ..။
ဒါက ဆန်နီ အမှန်တကယ် စိတ်ဝင်စားနေတဲ့ အရာပါ..။ဒီထိပ်ဖျားကြီးမှာ ဘာတွေဖြစ်ခဲ့တာလဲ ၊ နေ အတုကို ဘယ်လို ဖန်တီးခဲ့တာလဲ..ပြီးတော့ အမှောင်ထုလွှမ်းမိုးထားတဲ့ ကုန်းမြေကြီးကို အနက်ရောင် ပင်လယ်ကြီးက ဘယ်လို ရောက်လာတာလဲ ဆ်ိုတာကို ဆန်နီ သိချင်နေခဲ့တယ်..။
သူ နောက်ထပ် မြင်လိုက်ရတဲ့ အရာက..သူ့ကို ဒယိမ်းဒယိုင် ဖြစ်သွားစေခဲ့တယ်..။ယင်းနောက် သူ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး..စိတ်ပျက်မူ ၊ မခံမရပ်နိုင်မူ တွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။
နောက်ဆုံး ရုပ်ပုံမရောက်ခင် တစ်ခုအလိုမှာတော့..သူရဲကောင်း ခုနှစ်ယောက်က မေ့ပျောက်ကုန်းမြေ ရဲ့ နေရာခုနှစ်ခုမှာ ခွဲပြီး ရပ်နေကြတဲ့ ပုံကို ထွင်းထု ထားခဲ့တယ်..။သူတို့ တစ်ယောက်ချင်းစီ ရဲ့ရှေ့မှာတော့..ထောင်ပေါင်းများစွာသော လူတွေက ဒူးထောက်ပြီး စောင့်ဆိုင်းနေကြပါတယ်..။
ဒီလို တွေကြားထဲမှာ ..ကြယ်အလင်း စစ်သည်တော်တွေ ၊ မြို့မှာ နေထိုင်ကြတဲ့..ယောက်ျား ၊ မိန်းမ ၊ လူကြီး ၊ လူငယ် အားလုံး ပါဝင်နေခဲ့ပါတယ်..။
သူရဲကောင်းတစ်ယောက်ချင်းစီက သူတို့ရဲ့ လက်မှာလက်နက်တွေကို ကိုင်ထားခဲ့ကြတယ်..။
'ဒါပေါ့..။ဒါပေါ့..ဒီလို ဖြစ်ခဲ့တာပေါ့..။ဘယ်လိုများ ဖြစ်နိုင်ဦးမှာလဲ..'
နက်မှောင်တဲ့ ခံစားချက် ၊ ခါးသက်တဲ့ စိတ်ပျက်မူ တွေက သူ့ရဲ့ နှလုံးသားကို ဖျစ်ညှစ်နေခဲ့တယ်..။သူက ဘာလို့ ဒီလို ခံစားနေရတာလဲ ဆ်ိုတာကို ဆန်နီ မသိတော့ပါဘူး..။သူက တကယ်တော့ သူရဲကောင်းခုနှစ်ယောက်နဲ့ ပတ်သက်ပြီး ဘာမှ သိတဲ့သူ မဟုတ်ပေ..။သို့ပေမယ့် အဲ့အချိန်မှာတော့..အဆုံးမရှိတဲ့ ည တွေထဲမှာ သေးငယ်တဲ့ အလင်းရောင်လေးဖြစ်ဖြစ် လိုအပ်နေတယ် ဆိုတာကို သူ ယုံကြည်ဖို့ လိူအပ်နေတာ ဖြစ်နိုင်ပါတယ်..။သူက ဒီလူတွေကို လူသားမျိုးနွယ်ရဲ့ အကောင်းဆုံး သင်္ကေတ တစ်ခုလို့တောင် တွေးသင့်တာပါ..။
...ဘယ်လောက်တောင် ရူးမိုက်တဲ့ အတွေးလဲ..။
ဒီလူတွေ အကုန်လုံးက ဒါကို ပိုပြီး သိခဲ့သင့်ပါတယ်..။
"မင်းတို့ အကုန်လုံး ချီးပဲ.."
ပန်းချီလက်ရာရဲ့ အလယ်တည့်တည့် နောက်ဆုံးပုံမှာတော့..ထိပ်ဖျားကြီးရဲ့ ပတ်လည်မှာ အလောင်းတွေ စုပုံနေတဲ့ တောင်ကြီး ခုနှစ်ခု ရှိနေခဲ့တယ်..။လူတွေ သောင်းနဲ့ချီကာ အသတ်ခံခဲ့ရပြီး..သူတိူ့ရဲ့ သွေးတွေက အနက်ရောင် တာဝါထဲကို မြစ်တစ်စင်းလို စီးဆင်းနေခဲ့ပါတယ်..။တောင်ကုန်း တစ်ခုစီရဲ့ အပေါ်မှာတော့ သူရဲကောင်းတစ်ယောက် စီက မတ်တတ်ရပ်နေခဲ့ကြပြီး..သူတို့ရဲ့ လက်တွေကတော့ ပုခုံးအထိ သွေးတွေ ရွဲနစ် နေခဲ့ကြတယ်..။
နောက်ဆုံးသော ..စွန့်လွှတ် အနစ်နာခံခြင်း အနေနဲ့ သတ်ဖြတ်သူတွေဟာ သူတို့ရဲ့ လက်နက်တွေကို ကိုယ့်ကိုကို ပြန်ပြီး ချိန်ရွယ်ခဲ့ကြတယ်..။ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ နှလုံးသားကို ထိုးစိူက်လိုက်ကြပါတယ်..။
...အောက်ဘက်တစ်နေရာရာမှာတော့..သေးငယ်တဲ့ အနက်ရောင် အစေ့ကလေးက..သွေးအိုင်တွေထဲမှာ မျောနေခဲ့မယ် ဆိုတာကို သူ သိထားပြီးသားပါ..။
ဆန်နီ စိတ်ပျက်စွာ မျက်နှာရှုံ့မဲ့နေခဲ့တယ်..။
'ဒါက မင်းတို့ရဲ့ အိပ်မက်လား..။ဒါက အလင်းကို ပြန်ယူဆောင်လာဖို့ အတွက်..မင်းတို့ဆုံးဖြတ်ချက် ချခဲ့တဲ့ ပုံစံမျိုးလား..။မင်းတို့ ခွေး #သား တွေ.."
သွေးမြစ်တွေက..ထိပ်ဖျားဆီကို စီးဆင်းသွားတဲ့ အချိန်မှာတော့..ကြက်သွေးရောင် အလင်းခုနှစ်ခုက မြစ်တစ်စင်းစီ ပေါ်ကနေ ပေါ်ထွက်လာပြီး မတူညီတဲ့ နေရာ ခုနှစ်ခုကနေ ထိပ်ဖျားထဲကို ဝင်သွားခဲ့ကြပါတယ်..။ဒီ ကြက်သွေးရောင် စမ်းချောင်းတွေက..
နေလုံး အတုကို ဖန်တီးဖို့ အတွက် ကိုယ့်ကိုကို ယစ်ပူဇော်ခဲ့ကြတဲ့..လူသားတွေ အများကြီးရဲ့ ဝိဥာဥ် အဆီအနှစ်တွေပါပဲ..။
သို့ပေမယ့် ဒါက သူတို့ရဲ့ ဆိုဝါးတဲ့ ကံတရားမဟုတ်သေးပေ..။
ထိပ်ဖျားရဲ့ အလယ်ဗဟို မှာတော့..လူသားပုံရိပ် တစ်ခု ရှိနေခဲ့ပြီး..သူမရဲ့ ခန္တာကိုယ်ထဲကို ဝိဥာဥ် စွမ်းအင်တွေ ဆက်တိုက်ဝင်ရောက်လာနေတဲ့ အတွက် နာကျင် အက်ကွဲစွာ အော်ဟစ်နေခဲ့ပါတယ်..။ဒါက စွမ်းအင်အားလုံးရဲ့ စုစည်းရာ ၊ သွေးကြောတွေ အားလုံးရဲ့ သွေးကြောမကြီး တစ်ခုလို ဖြစ်နေခဲ့တယ်..။ဒါက နေလုံးကြီးရဲ့ မှီခို အားထားရာပါ..။
ဆန်နီ ဒီပုံရိပ်ကိုလည်း မှတ်မိနေပါသေးတယ်...။သူ့အတွက်တော့ ဒီပုံရိပ်ရဲ့ မျက်နှာက နာကျင်စွာကို ရင်းနီးနေခဲ့တယ်..။
ဒါက ပျက်ဆီးနေတဲ့ ဘုရားကျောင်းမှာ ရှိနေတဲ့ အမည်မသိ နတ်သမီးရုပ်ထုကြီးရဲ့ မျက်နှာနဲ့ တစ်ထပ်တည်း ပါပဲ..။
ကြက်သွေးရောင် အလင်းတွေက သူမရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပြီး..စူးရှစွာ အော်ဟစ်နေတဲ့ သူမရဲ့ ပါးစပ် ၊ မျက်လုံးတွေကနေ အလင်းရောင်တွေပြန်လည် ဖြာထွက်နေခဲ့တယ်..။ဒီ အလင်းရောင်တွေက ကြက်သွေးရောင် ထိပ်ဖျားကြီး အထိကို တက်ရောက်သွားပြီး နေလုံး အသစ်ကို မွေးဖွားလာစေခဲ့ပါတယ်..။
သူ့ရဲ့ အလင်းရောင်ကို ကြောက်ရွံ့စွာပဲ..အမှောင်ထုက..မြေအောက်ဘက်..သေဆုံးသွားတဲ့ သူရဲကောင်းခုနှစ်ယောက် ဖန်တီးထားခဲ့တဲ့ တံဆိပ်တော် ခုနှစ်ခုရဲ့ အောက်ကို ဆုတ်ခွာသွားခဲ့ပါပြီ..။
ကျန်တဲ့ အရာတွေကတော့ ခန့်မှန်းရလွယ်ကူပါတယ်..။
သူရဲကောင်းခုနှစ်ယောက်က နေလုံး အတုကို ဖန်တီးပြီး ပျောက်ကွယ်သွားကြတဲ့ အချိန်မှာ..အချိန်အတော်ကြာအောင် အရာရာတိုင်းက အဆင်ပြေနေခဲ့တယ်..။သို့ပေမယ့်..ဆယ်စုနှစ် အချို့ ဒါမှမဟုတ် နှစ်ပေါင်းရာနဲ့ချီအောင် ကြာပြီးတဲ့နောက်မှာ..နေရဲ့ အလင်းရောင်က စတင်ပြီး မှိန်လာခဲ့ပါပြီ..။
ဒီတော့ အနက်ရောင်မြို့တော်က လူတွေက
ယစ်ပူဇော် မူ အသစ်တွေကို စတင်ပြီး လုပ်ကြရပါတော့တယ်..။ဖြစ်နိုင်တာက ဒုတိယတစ်ကြိမ်မှာ ထိပ်ဖျားရဲ့ အလင်းရောင်ကို ပြန်ပြီး တောက်ပလာစေနိုင်ဖို့ လူ ခုနှစ်ယောက်လောက်ပဲ စတေးခဲ့ကြရပါတယ်..။
ပြီးတဲ့နောက်မှာတော့ နောက်တစ်ခါ ထပ်ပြီး ဖြစ်ပေါ်လာတဲ့ အချိန်မှာ ခုနှစ်ယောက်က မလုံလောက်တော့ပေ..။ဒီတော့ သူတို့က ၁၄ ယောက် စတေး ခဲ့ကြပါတယ်..။ယင်းနောက် ထပ်ဖြစ်လာတဲ့ အချိန်မှာ ဒါဇင်နဲ့ ချီပြီး စတေးခဲ့ကြရတယ်..။
ဒီလိုနဲ့ပဲ..နေလုံးကြီး ဆက်ပြီး တောက်ပစေဖို့အတွက် နှစ်စဥ် နှစ်တိုင်း လူ ရာနဲ့ချီပြီး စတေးလာကြရပါတယ်..။ဒီလို ဖြစ်ပျက်တဲ့ အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်..။သူရဲကောင်းခုနှစ်ယောက်နဲ့ သူ့ရဲ့လူတွေ အကုန်လုံးက အမှောင်ထုထဲမှာ ကြီးပြင်းလာခဲ့ရတာကြောင့် သူတို့ရဲ့ ဝိဥာဥ် တွေက ကြမ်းတမ်းခက်ထန်လို့ပါ..။သို့ပေမယ့် သူတို့ရဲ့ မျိုးဆက်တွေကတော့..အမှောင်ထုထဲမှာ မွေးဖွားလာကြပြီး မွန်းစတားတွေနဲ့ တိုက်ခိုက်ကြရတာ မဟုတ်တဲ့ အတွက် ..ထိပ်ဖျားကို အလင်းပေးဖို့ ဝိဥာဥ်က အားနည်းခဲ့ကြပါတယ်..။
ဒီလို ထပ်ခါထပ်ခါ ဖြစ်နေပြီးတဲ့ နောက်မှာတော့..ထိပ်ဖျားကြီးထဲမှာ အကျဥ်းချခံထားရတဲ့ သွေးကြောမ ကြီး နဲ့..သွေးဆာနေတဲ့ လုံးကြီးရဲ့ အားထားရာ နေရာ က ပျက်ဆီးသွားခဲ့တယ်..။အမည်မသိ နတ်သမီးမှာ ဘယ်လို သိစိတ်တွေပဲ ရှိနေပါစေ..လုံးဝ ပျက်သုန်းသွားခဲ့ပါတယ်..။
အနက်ရောင်မြို့တော် ထဲက..အမည်မသိ နတ်သမီးက ..မေ့ပျောက်ကုန်းမြေရဲ့ ကြက်သွေးရောင်
တယ်ရာ သားရဲ အဖြစ် ပြောင်းလဲသွားခဲ့တယ်..။
နာကျင်မူတွေ ၊ ဒေါသတွေ ၊ သွေးတွေအားလုံးက ထိပ်ဖျားကနေ ပေါက်ကွဲထွက်လာပြီး ကုန်မြေကြီးတစ်ခုလုံးကို သက်ရောက်သွားခဲ့ကာ..ထူးဆန်းတဲ့ ကြက်သွေးရောင် သန္တာကျောက်တွေနဲ့အတူ အဆုံးမရှိတဲ့ဝင်္ကပါကြီးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။တံဆိပ်တော် ခုနှစ်ခုက ကျိုးပျက်သွားခဲ့ပြီး မြေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်နှောင်ထားတဲ့ အမှောင်ထုကို ပြန်လည် လွတ်ထွက်သွားစေခဲ့တယ်..။
ဒါက ကတ်စီ မြင်ခဲ့ရတဲ့ အမြင်အာရုံ တွေပါ..။
အမှောင်ထု နဲ့ အသစ်မွေးဖွားလာတဲ့ တယ်ရာ သားရဲရဲ့ ဒေါသ တွေက အနက်ရောင်မြို့တော်ထဲက လူသားတွေ အပေါ်ကို ဒီရေလှိုင်းတစ်ခုလို ကျရောက်လလာပြီး အကုန်းလုံးကို အဆုံးသတ်ပေးခဲ့ပါတယ်..။သူတို့ရဲ့ အမှတ်တရ တွေကိုတောင်မှ ကမ္ဘာမြေပြင်ပေါ်ကနေ အပြီးတိုင် ဖျက်ဆီးသွာခဲ့တာပါ..။
....ဒါကတော့ မေ့ပျောက်ကုန်းမြေ မွေးဖွားလာခဲ့တဲ့ ပုံစံပါပဲ..။