← Chapters

သိပ်ပြီး မလေးနက်ဘူး

Vol. 19 Ch. 284

သိပ်ပြီး မလေးနက်ဘူး

Vol. 19 Ch. 284

အေးစက်တဲ့ အာရုံတက်ချိန်မှာတော့..ဆန်နီဟာ သူနဲ့ တစ်ခြား အဖွဲ့ဝင်တွေ တွေ့ဆုံဖို့ သဘောတူညီထားတဲ့ နေရာကို ချည်းကပ်လာနေခဲ့တယ်..။အရိပ်ကတော့ သူတို့ စခန်းချထားတဲ့ နေရာကို ရောက်ရှိနေပြီဖြစ်ပြီး..သူတို့ လှုပ်ရှားနေတာတွေကို အမှောင်ထုထဲကနေ စောင့်ကြည့်နေခဲ့ပါတယ်..။

လူငယ် ငါးယောက်ကတော့..ရဲတိုက်ကို သွားမယ့် နောက်ဆုံး လမ်းကြောင်းအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်..။သူတို့က တည်တည်ငြိမ်ငြိမ်ပဲ သိမ်းဆည်းနေခဲ့ကြတယ်..။သူတို့ပုံစံက ရဲတိုက်အရှင်ရဲ့ ဒေါသနဲ့ ရင်ဆိုင်ကြရတော့မယ့် လူတွေနဲ့တောင် မတူခဲ့ပါဘူး..။

သူတို့ မတွေ့ဖူးသေးတဲ့ ထိပ်လန့်စရာ ဆိုတာ ရှိသေးလို့လား..။

ကျောက်တုံးတွေပေါ်ကို တက်ရင်း..နစ်ဖီနဲ့တစ်ခြားသူတွေကို သူ ရောက်လာပြီ ဖြစ်ကြောင်း အသိပေးကာ ခုန်ချလိုကိပါတယ်..။

အဖွဲ့သားတွေနဲ့ မီတာ အနည်းငယ် အကွာကို ရောက်လာတဲ့ အချိန်မှာတော့..သူက သိပ်ဂရုမစိုက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

"ဟေး..."

သူတို့က သူ့ကို သာမန်ပုံစံပဲ နှုတ်ဆက်လိုက်ကြတယ်..။လေထုမှာ စိုးရိမ်မူတွေ စိုးမိုးနေတာကြောင့် ဘယ်သူကမှ စကားအများကြီး မပြောချင်ကြပါဘူး..။အယ်ဖီ တစ်ယောက်တည်းကပဲ ဒီ စိတ်ခံစားမူတွေကနေ မသက်ရောက်တဲ့ပုံစံ ရှိနေခဲ့တယ်..။

မုဆိုးမိန်းကလေး ကျောက်တုံးနံရံကို မှီပြီး အရိုးတစ်ခုကို စိတ်အားထက်သန်စွာ..ဝါးစားနေခဲ့ပါတယ်..။သူမရဲ့ အဖြူရောင်သွားတွေနဲ့..အားရပါးရ ကိုက်နေခဲ့တာကြောင့်..အရိုးတွေက အစိတ်စိတ်အမွာမွာ ဖြစ်သွားခဲ့တယ်..။သူမက အရိုးတွေကို ရိုးတွင်းခြင်ဆီ နဲ့အတူ ဝါး၀ားပြီး မျိုချလိုက်ပါတယ်..။ဆန်နီ ကို သတိထားမိသွားတဲ့ အချိန်မှာတော့ သူမက ပြုံးလိုက်ပြီး..

"ဟေး..ငတုံးလေး.."

သူက သူမကို ခေါင်းညိမ့်ပြလိုက်ပြီး တစ်ဖက်ကို လှည့်သွားချင်ပေမယ့်..အယ်ဖီက အနည်းငယ် မျက်မှောင်ကျုတ်နေတာကို သတိထားမိလိုက်တယ်..။သူမက သူ့ကို အနည်းငယ် မသေချာမူတွေနဲ့ ကြည့်နေခဲ့ပြီး..

"အာ..နင် အဆင်ပြေရဲ့လား..."

ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြုံးလိုက်တယ်..။နောကိဆုံးတော့ သူ ပုံမှန်လေသံနဲ့ ပြောလိုက်ပါတယ်..။

"ငါ အဆင်ပြေတယ်.."

သံသယဖြစ်နေသေးတဲ့ မုဆိုးမိန်းကလေးကို ထားခဲ့လိုက်ပြီး..သူက ကတ်စတာကို ဖြတ်သန်းကာ နစ်ဖီ အနားကို ကပ်သွားလိုက်တယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့..အဖွဲ့သားတွေကို နောက်ကျောပေးကာ ရပ်နေခဲ့ပြီး..အဝေးမှာရှိနေတဲ့ ရဲတိုကိရဲ့ အရိပ်ကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ ခြေသံတွေကို ကြားတဲ့ အချိန်မှ သူမက လှည့်လာခဲ့ပါတယ်..။

သူမရဲ့ မျက်လုံးတွေမှာ သိမ်မွေ့တဲ့ အလင်းရောင်တွေ ထွက်ပေါ်နေပြီး..အနည်းငယ် တောက်ပနေသလိုပါပဲ..။

"နင်ရောက်လာတာပဲ ဆန်နီ..။ငါ ဝမ်းသာမိတယ်.."

သူ ပုခုံးတွန့်လိုက်ပြီး..

"ဘာလို့လဲ..။ငါ ရောက်လာမယ်လို့ နင်က မထင်ထားဘူးလား.."

သူမက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ အဝေးကို ကြည့်လိုက်တယ်..။ငွေရောင်ဆံပင်တွေက သူမရဲ့ မျက်လုံးနားကို ကျဆင်းလာခဲ့ပါတယ်..။နစ်ဖီဟာ သူမရဲ့ ဆံပင်တွေကို နားရွက် နောက်ကို တွန်းပို့လိုက်ပြီး..သက်ပြင်းချလိုက်တယ်..။

"ငါက အဲလိုဖြစ်လို့ မရဘူးလား..။ငါက အနာဂတ်ကို ကြိုမြင်နေတဲ့လူလည်း မဟုတ်ဘူးလေ.."

ပြီးတဲ့ နောက်မှာတော့ သူမ ပြုံးလိုက်တယ်..။

' ..သဘောကျနေတာပဲ..'

မေ့ပျောက်ကုန်းမြေပေါ်မှာ နေခဲ့တဲ့ ၁၁ လ လုံးမှာ ဒီဟာက နစ်ဖီ ဟာသပြောတာကို သူ ဒုတိယ အကြိမ်မြောက် ကြားဖူးတာပါ..။ပထမ တစ်ကြိမ်တုန်းကလည်း တကယ်ကို ရယ်ရပါတယ်..။

သေခြင်းတရားတွေသာ ရှိမနေဘူးဆိုရင်..။ဒီအချိန်မှာ နည်းနည်းလောက် ရယ်မောလိုက်တာက..ဘာများထိခိုက်နိုင်မှာ မို့လို့လဲ..။

သို့ပေမယ့် ဆန်နီ ပြန်ပြီး ပြုံးမပြခဲ့ပါဘူး..။ရဲတိုက်ဘက်ကို လှမ်းကြည့်လိုက်ရင်း သူ မေးလိုက်တယ်..။

"ဒီတော့ အစီစဥ်က ဘာလဲ.."

နစ်ဖီက ပုခုံးတွန့်လိုက်ပြီး..

"ဒီတစ်ကြိမ်တော့ အစီစဥ် မရှ်ိဘူး..။ဂန်လောင်က ပျောက်ဆုံးနေတဲ့ အစောင့်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားမျှတမူ ရှာဖွေဖို့အတွက် အယ်ဖီကို ရှာဖွေဟန်ဆောင်နေတုန်းပဲ..။ငါတို့ အပြင်ဘက် ရပ်ကွက်ကို ရောက်တာနဲ့ သူတို့ အဖွဲ့သားတွေ ရောက်လာကြလိမ့်မယ်..။အဲ့နောက်မှာ ငါက သူ့ကို စိန်ခေါ်လာဖို့ အတွက် ဖိအားပေးခံရလိမ့်မယ်..။ကောင်းပြီလေ..ဆက်ကြည့်ကြတာပေါ့..."

ဆန်နီ သူမကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။

' ငါ မျှော်လင့်ထားတဲ့ အတိုင်း တစ်ထပ်တည်းပဲ '

သူက တစ်ခုခုမေးဖို့ တွေဝေမနေခဲ့ပေ..။

"နင် သူ့ရဲ့ အကာအကွယ်ကို ထိုးဖောက်နိုင်လား..။အရုဏ်ဦး အမြုတေ နဲ့ဆိုရင်တောင် နင့်ရဲ့ ဓားက

တက်ရောက်မူအဆင့် လောက်ကိုပဲ ရောက်သွားမှာလေ..။ပြီးတော့ အဲဒီအရာက သူတော်စင် အဆင့် ထပ်တူညီမူပဲ.."

သူမက အဖြေမပေးခင်မှာ အတော်ကြာအောင် တွေဝေနေခဲ့တယ်..။သူမ စကားပြောလာတဲ့ အချိန်မှာတော့ အသံက ခါတိုင်းလို တည်ငြိမ်နေခဲ့ပါတယ်..။

"ငါက သူ့ရဲ့ အကာအကွယ်ကို ထိုးဖောကိဖို့ မလိုပါဘူး..။သူ့ကို ထိုးဖောက်နိုင်ရင် ရပြီလေ..!

ဆန်နီ ခေါင်းခါယမ်းပြီး ပြုံးလိုက်တယ်..။

"တစ်ခုကို မတိုက်ပဲ တစ်ခြားတစ်ခုကို တိုက်ခိုက်တာ အဆင်ပြေပါစေ.."

သူ ခနလောက်ရပိတန့်လိုက်ပြီးမှ နောက်ပြောင်မူ မရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဘာပဲဖြစိဖြစ်..နင် ငါ့ကို တစ်ခုခု ပြောဖို့ အကြွေးတင်နေတယ်နော်.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..သူ့ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..။ဒါပေမဲ့ ဒီမှာတော့ မဟုတ်ဘူး.."

ဒီလိုပြောပြီးတာနဲ့ သူမက တစ်ခြားလူတွေကို ခနစောင့်ဆိုင်းဖို့ အချက်ပြလ်ိုက်ပြီး..လျောက်ထွက်သွားခဲ့တယ်..။ဆန်နီကတော့ နောက်ကလိုက်သွားခဲ့ပါတယ်..။

သူ့ရဲ့ အရိပ်ကတော့ ကျန်နေခဲ့ပြီး ဘယ်သူမှ ခိုးနားထောင်ဖို့ မကြိုးစားတာ သေချာအောင် စောင့်ဆိုင်းနေခဲ့တယ်..။သူက ကတ်စတာကို သာ တည့်တည့် စိုက်ကြည့်နေပြီး..သူ့ရဲ့ လှုပိရှားမူတိုင်းကို အာရုံစိုက်ထားခဲ့ပါတယ်..။

သူတို့ လမ်းလျောက်နေတုန်းမှာပဲ ဆန်နီ ရုတ်တရက် ပြောလိုက်တယ်..။

"စကားမစပ်..ငါ လည်း နင့်ကို တစ်ခုခု ပြောစရာ ရှိတယ်.."

နစ်ဖီ သူ့ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်ခုံးပင့်တင်လိုက်တယ်..။

"အင်း..ဘာပြောမလို့လဲ.."

ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ ပြုံးလိုက်တယ်..။

"အိုး..လေးနက်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး..။နင် ဟတ်ပါ လိူ့ ခေါ်တဲ့ တစ်ယောက်ကို မှတ်မိလား.."

သူမ မျက်မှောင်ကျုတ်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ငါကလား..။သူက ဘယ်သူလဲ.."

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။သူ့ရဲ့ အမူအရာကတော့ ပုံမှန်အတိုင်းပါပဲ..။

"ငါ သတ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပဲ..။သူက ဂန်လောင်ရဲ့ စပိုင်တွေထဲက တစ်ယောက်.."

နစ်ဖီက သူ့ကို အတော်ကြာအောင်ကြည့်နေပြီးကာမှ ဂရုမစိုက်တဲ့ အမူအရာနဲ့ မေးလိုက်ပါတယ်..။

"သူက ဘာဖြစ်လို့လဲ.."

အရိပ်တစ်ခုက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ဖြတ်သန်းသွားခဲ့တယ်..။သို့ပေမယ့် သူ့မျက်နှာပေါ်က အပြုံးကတော့ ပုံမှန်အတိုင်း ရှိနေခဲ့ပါတယ်..။

"မဟုတ်ဘူး..ဘာမှမဟုတ်ပါဘူး..။နင် သူ့ကို သိနေမလား သိချင်လို့.."

သူတို့ လုံလောက်အောင် လျောက်လာခဲ့ပြီး အဖွဲ့သားတွေနဲ့ ဝေးကွာတဲ့ နေရာကို ရောက်လာတဲ့ အချိန်မှာတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ရပ်တန့်လိုက်ပြီး သူ့ကို မျကိနှာချင်းဆိုင် တွေ့လိုက်တယ်..။ဆန်နီကို ကြည့်ပြီး သူမက ပြောလိုက်ပါတယ်..။

"ငါတို့ သီးသန့်ပြောခွင့်ရတာ ကောင်းတယ်..။တကယ်တော့..ငါ နင့်ကို အကူအညီတစ်ခု တောင်းချင်လို့.."

သူ မျကိတောင်ခတ်လိုက်တယ်..။

'ကောင်းပြီ..ဒါက မထင်မှတ်ထားတဲ့ အရာပဲ '

"အဲတာက ဘာလဲ.."

သူမက အနည်းငယ် တွေဝေနေခဲ့ပြီးမှ..

"ငါနဲ့ ဂန်လောင် တိုက်ခိုက်ပြီးသွားတဲ့ အချိန်ကျရင်..တကယ်လို့ ငါအနိုင်ရမယ် ဆိုရင်တောင်..ငါ့ရဲ့ အခြေအနေက သိပ်ပြီး ကောင်းမွန်မှာမဟုတ်ဘူး..။တကယ်လို့ အခြေအနေကောင်းတယ် ဆိုရင်တောင်..ဝိဥာဥ် အဆီအနှစ်တွေက ငါ့ရဲ့ ကိုယ်ထဲကို စီးဝင်နေလိမ့်မယ်..။ဒါက ငါ့ကို ခနလောက် မစွမ်းဆောင်နိုင်အောင် ဖြစ်စေမှာပဲ.."

ခန္တာကိုယ်ထဲကို ဝိဥာဥ် အဆီအနှစ် အနည်းငယ် စုပ်ယူမယ် ဆိုရင်..သိမ်မွေ့မူကို ခံစားရပါတယ်..။သို့ပေမယ့် ပမာဏ အများကြီး စုပ်ယူလိုက်မယ်ဆိုရင်တော့ ရှုပ်ထွေးမူတွေ ဖြစ်နိုင်ပြီး တစ်ခ်တစ်လေ ဆိုရင်..တစ်ခနလောက် လှုပိရှားလို့ မရတာတွေတောငိ ဖြစ်နိုင်ပါတယ်..။

တစ်ခါတစ်လေမှာ ဒီ ပြောင်းလဲမူတွေကို အသားကျပြီး သူတို့ကို ပြန်အသုံးချဖို့အတွက် အချိန်အနည်းငယ် ယူမှရတာပါ..။

ဆန်နီ စဥ်းစားနေခဲ့တယ်..။

"ဝိဥာဥ် အဆီအနှစ် စီးဆင်းမူလား..။သူမရဲ့ အမြုတေက ပြည့်နေတာပဲဖြစ်ဖြစ်..ပြည့်လုနီးပါး ဖြစ်နေတာပဲ ဖြစ်ဖြစ် ဆိုရင် ဒါက ဘာကိစ္စရှိနိုင်ဦးမှာလဲ.."

သူ မျက်မှောင်ကျုတ်လိုက်ပြီး သူမ သူ့ဆီကနေ ဘာလိုချင်တာလဲ ဆိုတာကို စဥ်းစားနေခဲ့တယ်..။

"ဒီတော့ နင်က ငါ့ကို ဘာလုပ်စေချင်တာလဲ..။နင် ပြန်ကောင်းလာတဲ့ အထိ ဟာရုကို အချိန်ဆွဲထားပေးရမှာလား.."

ဆန်နီ ခေါင်းခါယမ်းကာ အကြည့်လွှဲလိုကိတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သက်ပြင်းအနည်းငယ် ချလိုက်ပါတယ်..။

"မဟုတ်ဘူး..။အဲ့အချိန်မှာ..ကတ်စတာက ငါ့အနားမှာ ရှိမနေဖို့အတွက် နင့်ကို အကူအညီတောငိးချင်တာ.."

အဲတာပဲ...။အမှန်တရားက ထွက်ပေါ်လာပြီ..။

ဆန်နီဟာ နစ်ဖီကို စိုက်ကြည့်နေခဲ့တယ်..။သူ့ အမူအရာက အေးစက်ပြီး နက်မှောင်နေခဲ့ပါတယ်..။အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက်မှာတော့ သူ မေးလိုက်တယ်..။

"ဘာလို့လဲ..။ကတ်စတာ နဲ့ နင့်ရဲ့ အပေးအယူက ဘာလဲ.."

သူမက သူ့ကို ကြည့်လိုက်တယ်..။သူမရဲ့ အညိုရောင်မျက်လုံးတွေက တည်ငြိမ်ပြီး နက်ရှိုင်းနေခဲ့ပါတယ်..။

ယင်းနောက် သူမ ပြောလာခဲ့တယ်..။

"တကယ်တော့ ဒါက အရမ်းရိုးရှင်းပါတယ်။

ကတ်စတာ က ငါ့ကို သတ်ဖို့ အတွက် ဒီနေရာကို ပို့ခံလိုက်ရတာပဲ.."

All Chapters