လူသတ်ဖို့ အမိန့်
Vol. 19 Ch. 285
ဆန်နီ ဟာ တစ်ခနလောက် ငြိမ်သက်နေခဲ့တယ်..။နောက်ဆုံးမှာတော့ နစ်ဖီက ဆက်မပြောတော့ဘူးဆိုတာ သေချာသွားခဲ့ပါတယ်..။ဒေါသထွက်မူ အနည်းငယ်ကို ခံစားရရင်း မေးလိုက်တယ်..။
"ကတ်စတာက ဘာလို့ နင့်ကို သတ်ချင်တာလဲ"
တည်ငြိမ်တဲ့ အမူအရာရှိနေသေးပေမယ့် သူ့စိတ်ထဲမှာတော့ ဒေါသထွက်နေခဲ့ပါပြီ..။ကတ်စတာ ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို သိလိုက်ရတာက ဆန်နီ ကို တုန်လှုပ်စေခဲ့တယ်..။ဟုတ်တယ်..သူက ဂုဏ်ယူရတဲ့ ဆက်ခံသူကို သဘောမကျပေ..။သူ နဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဆက်ဆံရေးက အနည်းငယ် ထူးဆန်းတယ် ဆိုပေမယ့်..ဒီလိုမျိုးကြားရဖို့ကတော့ သူမျှော်လင့်မထားခဲ့ပေ..။
သူ့စိတ်ထဲမှာတော့..ကတ်စတာ က ရည်ရွယ်ချက် ကြီးမားတဲ့ အခွင့်အရေးသမားလို့ ပဲ ထင်နေခဲ့တာပါ..။သူက..သွေးအေးတဲ့ လူသတ်သမား အစား..သူ့ ကလန်ရဲ့ စင်ကြယ်တဉံ မျိုးဆက်လို့ပဲ ထင်ထားခဲ့ပါတယ်..။
ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်..နစ်ဖီကို သတ်ချင်တယ် ဆိုတာက အဓိပ္ပါယ်ရှိလို့လား..။သူက နစ်ဖီ ရဲ့ နံပါတ် ၁ ပရိတ်သတ်ပါ..။ဆန်နီ စဥ်းစားမိတဲ့ တစ်ခုတည်းသော အရာက..ကတ်စတာက ဂန်လောင်အတွက် တစ်ချိန်လုံး အလုပ်လုပ်ပေးနေခဲ့တယ် ဆိုတာပါပဲ..။ဒီလို ဆိုရင်တောင် ဒီ သီအိုရီက နီးစပ်မူ မရှိပါဘူး..။ရဲတိုက် အရှင်က လူရာပေါင်းများစွာရဲ့ ရှေ့မှာ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို သူ့ လက်နှစိဖက်နဲ့ သတ်ချင်တာပါ..။
သူက ကတ်စတာကို ဘာလို့ လိုအပ်မှာလဲ..။
နစ်ဖီ ခနလောက် တွေဝေနေပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။
"ငါ မှတ်မိသလောက်တော့ လူတွေက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတာပဲ..။နင် မေ့နေပြီလား.."
ဆန်နီ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..ဟင့်အင်..ငါ မသိခဲ့ဘူး..။ဒါပေမဲ့ အဲတာက ကတ်စတာ နဲ့ ဘာဆိုင်လို့လဲ.."
သူမ ပြုံးလိုက်ပြီး..
"ငါက အရွယ်ရောက်လာပြီး..ပထမ အိပ်မက်ဆိုးကို ရှင်သန်နိုင်ခဲ့ပြီး အိပ်မက်ကမ္ဘာထဲကို အပို့ခံလိုက်ရတာနဲ့ သူတို့က လက်လျော့သွားမှာ မဟုတ်ဘူး..။တကယ်ဆိုရင် ဒီဟာက ငါ့ကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ..။အိပ်စက်သူတွေက..အစိုးရရဲ့ ကာကွယ်မူ နဲ့ အခြွေအရံ တွေ မရှိပဲ ..ကျိန်စာသင့် ကမ္ဘာကြီးထဲကို တစ်ယောက်တည်း ဝငိလာခဲ့ကြရတာလေ..။သိတယ်မလား.."
သူက သူမကို ခေါင်းညိမ့်ပြလိုက်ရင်း..သူ့ အမူအရာက နက်မှောင်လာခဲ့တယ်..။ယ
အမှန်တကယ်ပဲ..အိပ်မက်ကမ္ဘာထဲကို ပထမဆုံးဝင်ရောက်လာတဲ့ ..အိပ်စက်သူတွေလောက် အားနည်းနေတာ ဘယ်သူမှ မရှိပါဘူး..။
နစ်ဖီ သက်ပြင်းချပြီး အဝေးကိုကြည့်လိုက်တယ်..။
"ဘာပဲဖြစ်ဖြစ်..ငါ အကယ်ဒမီကို ဝင်ရောက်လာတော့ ငါတို့ကြားထဲက တစ်ယောက်ယောက်က ..ငါ့ကို သတ်ဖို့ နဲ့ အိပ်မက်ကမ္ဘာထဲကနေ ပြန်မလာနိုင်အောင်လုပ်ဖို့ အမိန့်ရထားတယ် ဆိုတာကို ငါ သေချာသိထားတယ်..။ဘယ်သူလဲ ဆိုတာကိုပဲ ငါက မသိတာ..!
ရုတ်တရက် သူမက သူ့ကို ကြည့်လိုက်တယ်..။သူမရဲ့ နှုတ်ခမ်း ထောင့်စွန်းက တွန့်ကွေးသွားခဲ့ပြီး..
"...တကယ်တော့ အချိန်အတော်ကြာတဲ့အထိ..။အဲဒီလူက နင်လို့ ထင်ထားခဲ့တာ.."
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။
"ဘာ..။ငါကလား..။နင် ရူးနေ....တကယ်ပဲ..။စ်ိတ်မရှိပါနဲ့..။ငါက လျိုဝှက် ကလန်တွေက ပို့လိုက်တဲ့ လူသတ်သမားလို့ ဘယ်အချက်ကများ နင့်ကို ထင်မှတ်သွားစေတာလဲ..။ငါက နင့်အတွက် ဆက်ခံသူ တစ်ယောက်နဲ့ တူနေတာလား.."
နစ်ဖီက သူ့မျက်လုံးတွေကို တည်ငြိမ်စွာကြည့်နေခဲ့တယ်..။
"ရိုးရိုးသားသားပြောရမှာလား..။ငါသိတဲ့ ဆက်ခံသူတွေနဲ့တော့ မတူဘူးပေါ့..။ဒါပေမဲ့ နင်နဲ့ ပတ်သက်ပြီး အဓိပ္ပါယ် မရှိတာတွေက အများကြီးရှိနေတယ်.."
သူ မျက်မှောင်ကျုတ်လိုက်ပြီး..
"ပြောပါဦး.."
သူမက လက်ကို မြှောက်လိုက်ပြီး လက်ချောင်းတွေကို စတင်ရေတွက်လိုက်ပါတယ်..။
"ကြည့်ရအောင်..နင်က မြို့ပြင်က..ကြွက်ကလေး လို့ပြောထားတယ်လေ..။ဒါပေမဲ့ နင်က ပထမအိပ်မက်ဆိုးကိုရော ၊ မေ့ပျောက်ကုန်းမြေပေါ် စရောက်လာတဲ့ အချိန်မှာရော တနည်းနည်းနဲ့ ရှင်သန်နေနိုင်ခဲ့တယ်..။နင်က အမြုတေတွေကို စုပ်ယူမူ မပြုလုပ်ပေမယ့် ပိုပိုပြီး သန်မာလာခဲ့တယ်..။နင်က ဓားကို ဘယ်တုန်းကမှ မကိုင်ဖူးဘူးလို့ ပြောခဲ့ပေမယ့်..ငါသင်ကြားပေးတဲ့ အရာတွေကို အံ့ဩစရာကောင်းတဲ့ အမြန်နှုန်းနဲ့ တတ်မြောက်လာခဲ့တယ်..။ပြီးတော့ နောက်ဆုံးအနေနဲ့..နင်ပြောတဲ့ စကား အတော်များများက အလိမ်အညာတွေချည်းပဲ..။အထူးသဖြင့် ဒါက နင့်ရဲ့ မူလဇက်မြစ် ၊ နင့်ရဲ့ အတိတ် ၊ နင့်ရဲ့ ခွန်အား နဲ့ နင့်ရဲ့ စွမ်းရည်တွေနဲ့ ပတ်သက်လာတဲ့ အချိန်မှာပဲ.."
လက်ချောင်းတွေ ကုန်သွားတဲ့ အချိန်မှာတော့ သူမက လက်သီး ဆုပ်လိုက်ပြီး..သူ့ကို ပြသလိုက်တယ်..။
"ငါ ဆက်ပြောဖို့ လိုသေးလား.."
ဆန်နီ လည်ချောင်းရှင်းလိုက်ပြီး..
"အာ..ဟင့်အင်..။ကောင်းပြီလေ..နင်က ဘယ်တုန်းက ဒီလို သဘောထားလိုက်တာလဲ..
သူမက ပြုံးလိုက်ပြီး လက်ကို အောက်ကို ပြန်ချလိုက်တယ်..။
"ဒါပေမဲ့ အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာ ငါ့ရဲ့ သံသယ တွေက မှားယွင်းနေပြီ ဆိုတာကို ငါ နားလည်လိုက်တယ်..။တကယ်လို့ နင်သာ ငါ့ကို တကယ်သတ်ချင်ရင်..နင်က ငါ့ကို အဖြူရောင် ကုန်းမြင့်မှာ ထားခဲ့လိုက်ရုံပဲ..။အဲဒီတုန်းက ငါ့အခြေအနေက အတော်ကို ဆိုးဝါးနေတာ..။ဒါပေမဲ့ နင်ကတော့ မဆိုးဝါးဘူးလေ..။တကယ်တော့ နင်က ငါနဲ့ကတ်စီ ကို ကယ်တင်ဖို့ အတွက် ..အသက်က်ိုတောင် စွန့်စားခဲ့သေးတယ်.."
သူမ မျက်နှာပေါ်က အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်..။
"ဒီတော့ ငါတို့ ရဲတိုက်ကို ရောက်တဲ့အချိန်မှာတော့ကတ်စတာက ချက်ချင်းပေါ်ထွက်လာခဲ့ပြီး ..ငါ့ရဲ့ အနားကို ကပ်ဖို့ နည်းလမ်းကို ကြိုးစားခဲ့တယ်..။အဲတာက သူပဲ ဆိုတာကို ငါ ချက်ချင်းပဲ သိလိုက်တယ်လေ..."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"နင်က အတွေးလွန်နေတာ မဖြစ်နိုင်ဘူးလား..။တစ်မျိုးတော့ မထင်လိုက်နဲ့..ကမ္ဘာပေါ်မှာ ဒီခွေးသားကို ကာကွယ်ပေးချင်တဲ့ လူတွေကို တန်းစီလိုက်မယ်ဆိုရင် ငါက နောက်ဆုံးက လူပဲ..။ဒါပေမဲ့ ငါတို့ အဖွဲ့ထဲမှာ အိပ်စက်သူက ရာနဲ့ချီ ရှိပြီး အဲဒီထဲက ခုနှစ်ယောက်ပဲ မေ့ပျောက်ကုန်းမြေကို ရောက်လာခဲ့ကြတာလေ..။ပြီးတော့ လေးယောက်ပဲ ရဲတိုကိဆီကို အသက်ရှင်လျက် ရောက်လာနိုင်ခဲ့ကြတယ်..။နင့်ကို သတ်မယ့်လူက ဒီလေးယောက်ထဲမှာ ပါလာနိုင်တဲ့ ရာခိုင်နှုန်းကိုလည်း တွက်ကြည့်လိုက်ဦး..။ဒါကြီးက အရမ်းကို တိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက တိုက်ဆိုင်မူလို့ ဘယ်သူက ပြောလို့လဲ..။အခိုက်အတန့်မှာလည်း ကိုယ်ပိုင် စိတ် ရှိတယ် ဆိုတာကို လူတွေက မေ့နေတတ်ကြတယ်..။သူက အားလုံးကို မြင်တယ် ၊ အားလုံးကို ကြားတယ်။ပြီးတော့ သူက ကံတရား နဲ့ ကစားရတာကို အရမ်းသဘောကျတယ်..။တကယ်လို့ အဲဒီလူတစ်ရာ ထဲမှာ ငါ့ကို သတ်မယ့်လူရှိနေတယ် ဆိုရင်..အိပ်မက်ကမ္ဘာထဲမှာ ငါ အဲဒီလူနဲ့တွေ့ဆုံနိုင်ချေက ရာနှုန်းပြည့်ပဲ..။ဒါက အခိုက်အတန့် က အားလုံးကို ကစားနေတဲ့ ပုံစံပဲလေ.."
ဆန်နီ ဒါကိုတော့ သဘောတူရမှာပါ..။အခိုက်အတန့်က တကယ်ပဲ..ကံတရား နဲ့ ကစားရတာကို သဘောကျပါတယ်..။
သူ့ရဲ့ သောက်ကျိုးနဲ တစ်ဘဝလုံးက ဒါကို သက်သေပြနိုင်ပါတယ်..။
အဲ့အချိန်မှာပဲ..နစ်ဖီ ဆက်ပြောလိုက်တယ်..။
"ဒါပေါ့..သံသယတွေရှိနေသေးပေမယ့် ငါက အစကသေချာမသိခဲ့ဘူး..။ဒါပေမဲ့ ငါ ကတ်စတာကို ပိုပြီး သတိထားစောင့်ကြည့်လေ..ငါ မှန်ကန်တယ် ဆိုတာကို ပိုပြီး သိလာလေပဲ..။သူက ငါ့အနားကို ရောက်ဖို့ သူ တတ်နိုင်တာ အကုန်လုံးကို ကြိုးစားတယ်..။ပြီးတော့ ငါ နဲ့ ငါယုံကြည်ရတဲ့ လူတွေ အားလုံးကို ဝေးကွာသွားအောင်လည်း ပင်ပင်ပန်းပန်း နဲ့ကို လုပ်ဆောင်တာကို တွေ့ရတယ်..။သူက သူ့ရဲ့ အချိန်တွေကို ငါ့ရဲ့ လှုပ်ရှားမူတွေကို လေ့လာရင်း ကုန်ဆုံးပြီး သူ့ရဲ့လျိုဝှက်ချက်တွေကိုတော့..ရင်ဘတ်ထဲမှာ သိမ်းဆည်းထားခဲ့တယ်..။အဲတာ သူပဲ..။ငါ အရင်ကတည်းက ကို သေချာသိနေခဲ့တယ်.."
ဆန်နီ ဒီ အချက်အလက်အသစ်တွေကို နားလည်အောင် ကြိုးစားနေခဲ့ရတယ်..။အတော်ကြာပြီးကာမှ သူ မေးလိုက်တယ်..။
"ကတ်စတာက နင့်ကို သတ်ချင်တယ် ဆိုရင်..သူက ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ.."
သူမ အနည်းငယ် စဥ်းစားပြီးမှ ပြုံးလိုက်တယ်..။
"ဘာလို့လဲဆိုတော့ မေ့ပျောက်ကုန်းမြေပေါ်က လူသားတွေ အကုန်လုံးထဲမှာ..အင်မော်တယ်မီးတောက်ကလန် ရဲ့ ဆက်ခံသူက ဘာတွေစွမ်းဆောင်နိုင်လဲ ဆိုတာကို သူက ကောင်းကောင်း သိထားတယ်လေ..။ထူးဆန်းတယ်မလား..။သူက ငါ့ရဲ့ စွမ်းရည်ကို လေးစားတယ်..ဒါမှမဟုတ် ကြောက်နေတာလည်း ဖြစ်နိုင်တယ်..။ပြီးတော့ သူက ကျရှုံးမူကို မလိုချင်ဘူး..။သူ့ရဲ့ ဂုဏ်သိက္ခာက ဒါကို ခွင့်မပြုဘူး..။ဒီတော့..ကတ်စတာ က ငါလုံးဝ မခုခံနိုင်တဲ့ အခြေအနေကို မရောက်မချင်း လုံးဝ တိုက်ခိုက်မှာမဟုတ်ဘူး..။ငါက လွတ်မြောက်ဖို့ အတွက် နည်းလမ်း မရှိတော့ဘူးဆိုတဲ့ အချိန်ကျမှ သူက လှုပ်ရှားလာမှာ.."
ဆန်နီ သူ့ရဲ့ ခေါင်းကို ကုတ်လိုက်တယ်..။
"ငါ ပြောပါရစေဦး..။တကယ်လို့ ကတ်စတာက နင့်ကို သတ်ချင်နေတယ် ဆိုရင် သူက ဘာလို့ အသက်ရှင်နေသေးတာလဲ..။နင်ကရော ဘာလို့ သူ့ကို မသတ်ရသေးတာလဲ..။
တကယ်လို့ နစ်ဖီသာ သတ်ချင်တယ် ဆိုရင် ဂုဏ်ယူရတဲ့ ဆက်ခံသူက အစောကတည်းက သေပြီးနေပြီ ဆိုတာကို ဆန်နီ သေချာသိပါတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..တွေဝေနေခဲ့ပြီးမှ သာမန်လေသံ နဲ့ ပြောလိုက်တယ်..။
"ဘာလို့လဲဆိုတော့ ဖြစ်ပျက်လာမယ့် အခြေအနေတွေမှာ ငါ သူ့ကို လိုအပ်သေးတယ်လေ..။သူ
ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့ ရည်ရွယ်ချက် ရှိနေတာက အရေးမကြီးဘူး..။သစ္စာဖောက်ပဲ ဖြစ်ဖြစ်...သူက အသုံးဝင်နေသေးတယ်.."