← Chapters

တကယ်အောင်မြင်သွားပြီ

Vol. 40 Ch. 586

တကယ်အောင်မြင်သွားပြီ

Vol. 40 Ch. 586

#ဘာသာပြန် = စနိူးဝှိုက်

မတူညီတဲ့ ပါဝင်ပစ္စည်းတွေဟာ ဘေးနားမှာ အပုံလိုက်ရှိနေခဲ့တယ်..။

သိုလှောင်အိမ် ထဲမှာတော့ လင်းဖန် နဲ့ ကျိုးမင်ချင်း နှစ်ယောက်ထဲသာ ရှိနေခဲ့ပါတယ်..။

"ဆရာ..ဒီပါဝင်ပစ္စည်းတွေက..ဘယ်လို ဆေးမျိုးကို ဖန်တီးနိုင်လို့လဲ.."

ကျိုးမင်ချင်း ပါဝင်ပစ္စည်းတွေကို ကောက်ယူလိုက်ပြီး..အနီးကပ်လေ့လာလိုက်တယ်..။

လင်းဖန် အမှန်တရားကို ဖုံးကွယ်ဖို့ မကြိုးစားပါဘူး...

"ဥာဏ်ကောင်း စေသော ဆေးလုံး...တစ်စုံတစ်ယောက်ရဲ့ ဥာဏ်ရည်ကို တိုးမြင့်စေပြီး ဥာဏ်ရည်ထက်မြက်စေတယ်လေ..။ဒါပေမဲ့ တစ်ချို့ ပါဝင်ပစ္စည်း အစစ်အမှန်တွေက ရှာလို့ မရလို့ ကျုပ်အစားထိုးထားတာတွေ ရှိတယ်..ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ မပြောတတ်သေးဘူး..."

ဒါက လင်းဖန်လည်း သိချင်နေတဲ့ အချက်ပါ..။တစ်ချို့ပါဝင် ပစ္စည်းတွေက ရှားပါးတဲ့ အတွက် ရှာလို့ မတွေ့ပါဘူး..။သူ အစားထိုးလို့ရတဲ့ ဆေးပင်တွေကို ရှာတွေ့ခဲ့ပေမယ့်..ဥာဏ်ကောင်စေသော ဆေးလုံး ဘယ်လောက်အထိ အကျိုးသက်ရောက်မလဲ ဆိုတာကတော့ မပြောနိုင်ပါဘူး..။

သို့ပေမယ့်..အခွင့်အရေး ရှိလိမ့်မယ်လို့တော့ သူယုံကြည်ပါတယ်..။

ကျိုးမင်ချင်း သူ့ဆရာကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။

"တစ်စုံတစ်ယောက်ရဲ့ ဥာဏ်ရည်ကို တိုးမြင့်စေတဲ့ ဆေးလုံးဖြစ်လာမှာလား..။ဒါက...."

သူ ထုတ်မပြောဘူးဆိုပေမယ့်..သူ့အတွက်တော့ ဒါက လုံးဝကို အဓိပ္ပါယ်မရှိပါဘူး..။

စျေးကွက်ထဲမှာလည်း ဥာဏ်ရည်တိုးမြင့်စေတဲ့ ဆေးရည်တွေ ရောင်းချမူ ရှိပါတယ်..။သူတို့က ဥာဏ်ရည်ကို ထက်မြက် စေတယ်လို့ ပြောပေမယ့် ကျိုးမင်ချင်းအတွက်ကတော့ ဒါက လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါပဲ..။

လူတိုင်း ရဲ့ ဦးနောက် က အတူတူ ဖြစ်ပေမယ့်လည်း ဖွံ့ဖြိုးမူကတော့ မတူညီကြပေ..။တစ်ချို့တွေက မှတ်ဥာဏ်စွမ်းအားတွေ ကောင်းတဲ့ အချိန်မှာ တစ်ချို့တွေကတော့ မကောင်းကြပါဘူး..။ဦးနှောက်ဆိုတာက ပိုပြီးအသုံးပြုလာလေလေ ပို့ပြီး ထက်မြက်လာလေလေ ပါပဲ..။

ဒီဆေးလုံးတွေက တကယ် ဥာဏ်ရည် တိုးမြင့်ပေးနိုင်တာလား....

လင်းဖန် ဥာဏ်ကောင်းစေသော ဆေးလုံးရဲ့ အကျိုးသက်ရောက်မူတွေကို အသေးစိတ် မရှင်းပြခဲ့ပေ..။ဘာလို့လဲဆိုတော့..ဒါက သူရှင်းပြရင်တောင် ယုံကြည်ဖို့ ခက်ခဲလှပါတယ်...။

ဥာဏ်ကောင်းစေသော ဆေးလုံးက စွယ်စုံကျမ်းရဲ့ အသိပညာကနေ ရလာခဲ့တာပါ..။

ဒါက အကျိုးသက်ရောက်မူ အရမ်းမကြီးမား ဘူးဆိုရင်တောင်..တစ်စုံတစ်ယောက်ရဲ့ ဥာဏ်ရည်ကို တိုးမြင့်ပေးပြီး..သင်ယူရတာ မြန်ဆန်စေမှာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ဒီဆေးစျေးကွက်ထဲရောက်သွားရင် တစ်ခုခုဖြစ်လာမှာ မဟုတ်ဘူးလား..."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"ဒါမဖြစ်နိုင်ဘူး..။ကျုပ်တစ်ယောက်တည်း..ဒီဆေးကို ဖန်တီးနိုင်တာ..။တစ်ခြား ဘယ်သူမှ သင်ယူနိုင်မှာ မဟုတ်ဘူး..."

တကယ်လို့ တစ်ယောက်ယောက်က သင်ကြားနိုင်တယ် ဆိုရင်တောင် လင်းဖန် ဒီဆေးကို ပျံ့နှံ့ခံမှာ မဟုတ်ပါဘူး..။ဒါက သူ့ဘေးနားကလူတစ်ချို့ကို ကူညီဖို့ အတွက်ပါပဲ..။ဒီဆေးက တစ်လောက လုံးပျော်ရွှင်ကြဖို့ အတွက် မဟုတ်ပေ..။

"မီးမွှေးပေးပါဦး..ကျုပ် ပါဝင်ပစ္စည်းတွေ ထည့်လိုက်ဦးမယ်..."

လင်းဖန် ထပ်မစောင့်နိုင်တော့ပဲ ပြောလိုက်တာပါ.။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပါပြီ ဆရာ.."

သူလည်း..ဘယ်လိုဖြစ်လာမလဲ ဆိုတာ တကယ်သိချင်မိပါတယ်..။

ရှေးဟောင်း မီးပြင်းဖိုရဲ့ တည်ဆောက်ပုံက တကယ်ကို အံ့ဩစရာပါ..။အရင်လူတွေက ဒီလိူမျိုး ဖန်တီးဖို့ တွေးနိုင်ခဲ့တာ တော်ရုံ အရည်အချင်းမျိုး မဟုတ်ပါဘူး..။

ပါဝင်ပစ္စည်းတွေ ထည့်လိုက်တယ်..။

လင်းဖန် ပြောလိုက်ပါတယ်..။

"မီးအရှိန်ကို မြင့်လိုက်..."

ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။

"သိပါပြီ..."

သိုလှောင်အိမ်ထဲမှာ လူအိုကြီး တစ်ယောက်နဲ့ လူငယ်လေး တစ်ယောက်ဟာ..အတူတကွ ဆေးဖော်စပ်နေခဲ့ကြတယ်...။သူတို့ ဆေးဖော်စပ်ရာမှာ..အာရုံစိုက်ပြီး နစ်မြုပ်နေကြပါပြီ..။

လင်းဖန် လည်း အပြည့်အဝ အာရုံစိုက်နေခဲ့ပါတယ်..။

မီး အရှိန်မြင့်လာခဲ့ပြီး..မိီးခိုးတွေဟာ..မီးပြင်းဖိုကနေ..ထွက်ပေါ်လာခဲ့တယ်..။

ကျိုးမင်ချင်း သိချင်စွာ ကြည့်နေခဲ့ပြီး..

"ဆရာ..ဒါအလုပ်ဖြစ်ပါ့မလား..."

လင်းဖန် ယုံကြည်မူရှိစွာ ပြောလိုက်တယ်..။

"ဖြစ်လိမ့်မယ်..ဒါက ကျိန်းသေ အလုပ်ဖြစ်လိမ့်မယ်.."

အချိန်အနည်းငယ်လောက်ကြာပြီးတဲ့ နောက်မှာ မီးပြင်းဖို ကနေ ပြောင်းလဲမူတွေ စတင်လာခဲ့ပါတယ်..။

ဆေးပေါင်းအိုးရဲ့..အပေါက် သေးသေးကနေ..ဆေးနံ့တွေ ထွက်ပေါ်လာခဲ့ပါတယ်..။

လင်းဖန်ရဲ့ မျက်နှာဟာ..ပျော်ရွှင်သွားခဲ့တယ်..။

ဒါတကယ် အသုံးဝင်တာပဲ..။

ကျိုးမင်ချင်း ဆေးကိုကြည့်ပြီး အမူအရာပြောင်းလဲ သွားခဲ့တယ်..။

"ဆရာ..ဒါက ဘာလဲ..။ငါတို့ အောင်မြင်သွားတာလား..."

လင်းဖန် ဆေးကို ယူကြည့်လိုက်တဲ့ အချိန်မှာ အနည်းငယ် ဝမ်းနည်းသွားခဲ့တယ်..။ဒါက သာမန်အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံးပါ..။သို့ပေမယ့်..ဒါက ဖိအားလျော့ အိုးနဲ့ ဖန်တီးခဲ့တာထက် ပိုမို ကောင်းမွန်ပါတယ်..။သိူ့ပေမယ့် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ဖို့ကတော့ အတော်လိုအပ်နေသေးတာပါ..။

"ကျုပ်တို့ အောင်မြင်ခဲ့တယ်..ဒါပေမဲ့..ဆေးရဲ့ အဆင့်ကတော့ လိုအပ်ချက်ကို မရောက်သေးဘူး..။ဆက်လုပ်လိုက်ကြရအောင်.."

ဒါက ကောင်းမွန်တဲ့ စတင်ခြင်းဖြစ်တာကြောင့် နောက်ပိုင်း ပိုကောင်းလာမှာပါ..။

ဒါက ရှေးဟောင်းမီးပြင်းဖိုက ဖိအားလျော့ အိုးတွေထက် ပိုကောင်းတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ..။ဘာပေါက်ကွဲ မူမှလည်း မရှိပေ..။

ကျိုးမင်ချင်း သံသယဖြစ်စွာ မေးလိုက်တယ်..။

"ဆရာ..ဆေးထဲမှာ..တစ်ချို့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက် တွေတော့ မရှိပါဘူးနော်..."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်..ဒါက ပါဝင်ပစ္စည်းတွေရဲ့ အနှစ်သီးသန့်နဲ့ဖန်တီးထားတာလေ..။ဘာ အညစ်အကြေးမှ ပါဝင်မှာ မဟုတ်ဘူး..။ကျုပ်တို့ဖန်တီးနေတာက ဥာဏ်ကောင်းနေသော ဆေးလုံးပဲ..။ဒီသာမန်အဆင့် ဆေးလုံးက အလုပ်ဖြစ်ပေမယ့် လိုအပ်နေသေစတယ်..။ဆက်ပြီး ကြိုးစားလိုက်ရအောင်..."

"သိပါပြီ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

အပြင်မှာတော့ ဒါရိုက်ဘာ ဟာ အချိန်အကြာကြီး စောင့်နေခဲ့ပါတယ်..။

ယင်းနောက် သူအထဲကို လှမ်းချောင်းကြည့်လိုက်တဲ့ အချိိန်မှာ အကူညီမဲ့တဲ့ အမူအရာ ပေါ်လာခဲ့တယ်..။

အကြီးအကဲ ကျိုးက လူငယ်လေးတစ်ယောက်ရဲ့ တပည့်ဖြစ်လာတာကို လူတိုင်း သိထားပါတယ်..။သို့ပေမယ့် သူတို့နှစ်ယောက် ရုတ်တရက်ကြီး ဆေးဖော်စပ်ဖို့ လုပ်နေတာက အံ့ဩစရာပါပဲ..။

သို့ပေမယ့် သူ အများကြီးမပြောတော့..။သူ့အတွက်တော့..ဒီလူတွေက အပျော်လျောက်လုပ်နေကြတာပါပဲ..။

ယင်းနောက် သူကားထဲကို ပြန်သွားပြီး ဖုန်းနဲ့ ပြန်ဆော့ နေခဲ့တယ်..။

ကျိုးမင်ချင်း အတွက်ကတော့ ဒါက ပထမဆံူး အတွေ့အကြုံပါပဲ..။သူ့ရဲ့ ခံစားချက်တွေဟာ ရှုပ်ထွေးနေခဲ့တယ်..။သူ့ဆီမှာ စိတ်လှုပ်ရှားမူ..ကြောက်ရွံ့မူ..ရင်ခုန်မူ တွေဟာ တစ်ချိန်တည်းဖြစ်ပေါ်နေခဲ့ပါတယ်..။

သို့ပေမယ့် သူ့ဆရာက ဒါက သာမန်အဆင့်ဆေးလုံး ဖြစ်ပြီး..သူတို့ရဲ့ ရည်မှန်းချက်ပြည့်ဖို့ လိုသေးတယ်လို့ ပြောတဲ့ အချိန်မှာ..အဝေးကြီးသွားဖို့ လိုသေးမှန်း သိလိုက်ပါတယ်..။

နောက်ထပ် ဆေးတွေ ဖြစ်ပေါ်လာခဲ့တယ်..။

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"နောက်ထပ် သာမန်အဆင့်ပဲလား..။ဆက်လုပ်ကြရအောင်.."

"သိပါပြီ.."

အချိန်တွေဟာ တဖြည်းဖြည်းကုန်သွားပြီး သူတို့နှစ်ယောက်ဟာ မပင်မပန်းနဲ့ ကြိုးစားနေခဲ့ကြတယ်..။လင်းဖန် က ဆေးပေါင်းအိူးကို ကြည့်ပြီး ကိုင်တွယ် နေတဲ့ အချိန်မှာ ကျိုးမင်ချင်းပတော့ မီးအတိုး အလျော့ကို လုပ်ပေးနေခခဲ့ပါတယ်..။လင်းဖန်ကတော့ ဆေးပေါင်းအိုးထဲကို..စွယ်စုံကျမ်းရဲ့ အားဖြည့်မူ တစ်ချို့ပါ ပေါင်းထည့်ပေးနေခဲ့ပါတယ်..။

မူလ ပါဝင်ပစ္စည်းတွေ မရှာနိုင်မှတော့ သူ ကံတရားအပေါ်မှာပဲ..မှီခိုရတော့မှာပါ..။

သို့ပေမယ့် ဒီ သာမန်အဆင်ဥာဏ်ကောင်းစေသော ဆေးလုံးကလည်း သူ့ဟာနဲ့သူတော့ အကျိုးသက်ရောက်မူ ရှိပါတယ်..။

လင်းဖန် ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်အောင် ဖော်စပ်နေတယ် ဆိုတာက..မစ်ရှင်ကြောင့်ပါပဲ. ။

နောက်ထပ် ဆေးလုံး ထွက်ပေါ်လာခဲ့တယ်..။

"ဟေး..ဒါက အစောကထက် ပိုပြီး သန့်စင်လာသလိုပဲနော်.."

လင်းဖန် အံ့ဩသင့်စွာ ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ဒါက အကြိမ်အများကြီး လုပ်တော့ ကျန်နေတဲ့ သန့်စင်ပြီးသား ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ပိုကောင်းတဲ့ ဆေးလုံး ဖြစ်ပေါ်လာတာလား မသိဘူး.."

လင်းဖန်ရဲ့ မျက်လုံးတွေဟာ အရောင်လက်သွားခဲ့တယ်..။

"ဒါအဓိပ္ပါယ်ရှိတယ်..။ဆက်လုပ်ပြီး ကြည့်ရအောင်.."

"အိုကေ.."

ကျိုးမင်ချင်း အရင်တုန်က ဒီအကြောင်းကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့တာပါ..။

သူ တရုတ်ဆေးပညာကို ဆယ်စုနှစ်ကြာအောင် လေ့လာခဲ့ပေမယ့် ဆေးဖော်စပ်တာကတော့ ဒါပထမဆုံး အကြိမ်ပါပဲ..။သူ စိတ်မလှုပ်ရှားဘူးဆိုရင် ဒါက လိမ်ညာရာ ကျပါလိမ့်မယ်..။ဆေးပုံစံ တဖြည်းဖြည်းပေါ်လာတာကို ကြည့်နေရတာက တကယ်ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပါ..။

ဆေးအိုးထဲကနေ နောက်ထပ် ဆေးလုံးတွေ ထွက်လာခဲ့တယ်..။

လင်းဖန် အနီးကပ်ကြည့်လိုက်ပြီး..

"မင်ချင်း..ခင်ဗျားပြောတာ မှန်နေပြီထင်တယ်..။ပိုပိုပြီး ဖော်စပ်လေ ပိုပိုပြီး သန့်စင်လာလေပဲ..။ဒီဆေးလုံးက အစောတုန်းက ဆေးလုံးထက် တကယ် ပိုကောင်းတယ်.."

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဒါဆိုရင်တော့ ဆရာပြောတဲ့ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်..။ဟုတ်တယ်မလား..."

"ဒါက ပြောဖို့တော့ ခက်တယ်.."

လင်းဖန် ပြောလိုက်တယ်..။

"အရင်ဆုံး ဆက်ကြိုးစားကြည့်ရအောင်..။ပြီးပြည့်စုံတဲ့ အဆင့်ကို ​ေရာက်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့.."

အပြင်ဘက်..။

ဒါရိုက်ဘာဟာ ကောင်းကင်ကို ကြည့်လိုက်တဲ့ အချိန်မှာ အတော်နောက်ကျနေခဲ့ပါပြီ..။အချိန်က ၈ နာရီတောင် ထိုးတော့မှာပါ..။အကြီးအကဲ ကျိုးနဲ့ မာစတာ လင်းတို့က အခုချိန်အထိတောင် ထွက်မလာကြသေးပါဘူး..။

ရုတ်တရက်..။

အတွင်းဘက်ကနေ ပျော်ရွှင်တဲ့ အသံတွေ ထွကိပေါ်လာခဲ့တယ်..။

"ဟားဟား..ကျုပ်တို့ အောင်မြင်သွားပြီ..။ကြည့်ပါဦး မင်ချင်း..ကျုပ်တို့ အောင်မြင်သွားပြီ.."

"ဆရာ ဒါ ဆရာပြောတဲ့ ပြီးပြည့်စုံတဲ့ အဆင့်လား.."

"အမှန်ပဲ ..ဘယ်လိုလဲဆိုတာ ကြည့်လိုက်..။ဒါက အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရတဲ့ အကျိုး​ကျေးဇူးပဲ..။ကျုပ်တို့ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ.."

ဒါရိုက်ဘာဟာ အထဲကို တိုးတိုးတိတ်တိတ် လှမ်းချောင်းကြည့်လိုက်တယ်..။သူ အထဲက မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။

လူအိုကြီးနဲ့ လူငယ်လေးတစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ပျော်ရွှင်စွာ မျက်ရည်ကျ နေခဲ့တာပါ..။

သူ ကြည့်တောင် မကြည့်ရဲပါဘူး..။သူ တကယ်ကြည့်တောင် မကြည့်ရဲတော့ပဲ..။

All Chapters