← Chapters

စွယ်စုံကျမ်း စတိုး ဖွင့်လှစ်ခြင်း

Vol. 40 Ch. 587

စွယ်စုံကျမ်း စတိုး ဖွင့်လှစ်ခြင်း

Vol. 40 Ch. 587

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် လက်ထဲမှာ ဆေးလုံး တစ်လုံးရှိနေခဲ့တယ်..။သူ့ရဲ့ အရောင်ကတော့ ရွှေအိုရောင် ပါ..။ဒါက ကောင်းမွန်စွာ ပြီးမြောက်စွားတဲ့..ဥာဏ်ကောင်းစေသော ဆေးလုံးပါပဲ..။သူ ကျယ်ပြန့်စွာ ပြုံးနေခဲ့ပါတယ်..။

ကျိုးမင်လျင်း သူ့ဘေးနားမှာ ရပ်ကာ ကြည့်နေခဲ့ပြီး..

"ဆရာ..ဒါက ပြီးပြည့်စုံသော အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံးလား..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ကြည့်ကြည့်လိုက်..။ဘယ်လိုနေလဲ.."

ကျိုးမင်ချင်း အံ့ဩသွားခဲ့ပြီး..

"ဒါက ရွှေရောင်အဆင်း ရှိတာပဲ..။ကျွန်တော် ဒါမျိုးဆေလုံးကို ပထမဆုံး အကြိမ်မြင်ဖူးတာပဲ.."

"ဒါက ခင်ဗျားအတွက်ပဲ.."

လင်းဖန် ဆေးလုံးကို ကျိုးမင်ချင်းဆီ ပေးလိုက်ပါတယ်..။

ကျိုးမင်ချင်း အံ့ဩသွားခဲ့ပြီး..သူ့လက်ကို ဘယ်နားထားရမှန်းတောင် မသိတော့ပါဘူး..။

"ဆရာ..ကျွန်တော်...."

ဒါက အတော်ကို စိတ်ခံစားချက် ဖြစ်စေတဲ့ အခိုက်အတန့်ပါ..။သူ့ဆရာက အကြိမ်ကြိမ် အပင်ပန်းခံပြီး မှ ရလာတဲ့ ပြီးပြည့်စုံသော အဆင့် ဆေးလုံးကို သူ့ကို ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ဒါက ဘယ်လို လုပ်ပြီး မခံစားရပဲ နေမှာလဲ....

လင်းဖန် ပြောလိုက်တယ်..။

"ယူလိုက်..။ကျုပ်သိသလောက်တော့ လူတွေက အသက်ကြီးလာပြီ ဆိုရင် မှတ်ဥာဏ်တွေက သိပ်မကောင်းကြတော့ဘူး..။ပြီးတော့ ခင်ဗျား တရုတ်ဆေးပညာကို ပိုပြီးလေ့လာဖို့ ဆိုရင် မှတ်ဥာဏ်ကောင်းနေဖို့ လိူအပ်တယ်လေ..။ဆရာ တစ်ယောက်အနေနဲ့ ခင်ဗျား မှတ်ဥာဏ်တွေ အားနည်းနေတာကို ဘယ်လိုလုပ်ပြီး ဒီတိုင်းထိုင်ကြည့်နိုင်မှာလဲ..."

ကျိုးမင်ချင်း ပြောစရာစကား ​ကင်းမဲ့သွားခဲ့တယ်..။သူ့ဆရာ ပြောတာက တကယ် အမှန်ပါပဲ..။လူတစ်ယောက် က အသက်ကြီးလာပြီ ဆိုရင် မှတ်ဥာဏ်တွေက အလိုလို အားနည်းသွားတာပါ..။အဲ့အချိန်မှာဆိုရင် သူတို့က မေ့လို့မရတဲ့ အကြောင်းအရာ တစ်ချို့လောက်ပဲ မှတ်မိကြပါတော့တယ်..။

"ခင်ဗျား အေးဆေးနားလိုက်ဦး..။ဒီဆေးမှာ ဘာ ဘေးထွက်ဆိုးကျိုးမှ ရှိမှာမဟုတ်ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ခေါင်းခါယမ်းလိုက်တယ်..။

"ဆရာ..ကျွန်တော် ဒီဆေးကို သံသယဖြစ်နေတာ မဟုတ်ပါဘူး..။ဘာပြောရမှန်း မသိတော့လို့..။အခုလို ကြင်နာမူ အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."

လင်းဖန် သဘောကျစွာ ပြုံးလိုက်တယ်..။ဒီ ပြီးပြည့်စုံတဲ့ အဆင့်ဆေးလုံးကို စိတ်ပူဖို့ မလိုတော့ပဲ..။သူ ဒီတစ်ကြိမ် ဖော်စပ်နိုင်တယ်ဆိုမှတော့ နောက်တစ်ကြိမ်လည်း ဖော်စပ်နိုင်တော့မှာပါ..။

သိူ့ပေမယ့် အဲ့အချိန်မှာပဲ..အရေးကြီးတဲ့ အချိန်အခါဟာ ရောက်လာခဲ့တယ်..။

"၁၄ ခုမြောက် အသိပညာ ပြည့်သွားပါပြီ..။စွယ်စုံ အမှတ် ၃၀ ကို ဆုလာဒ်အဖြစ်ရရှိပါတယ်.."

"စွယ်စုံကျမ်းရဲ့ စတိုးဆိုင်ကို ဖွင့်လှစ်လိုက်ပါပြီ.."

"စတိုးဆိုင်မှာ စုစုပေါင်း အဆင့်လေးဆင့်ရှိပါတယ်..။ပထမ အဆင့်ကို ဖွင့်လှစ်ပေးထားပါပြီ..."

"၁၅ ခုမြောက် အသိပညာ အခန်းကို လတ်တလောတွင် ပိတ်ပင်ထားမည်ဖြစ်သည်.."

"မစ်ရှင် ကြေညာမူ. : ပြီးပြည့်စုံသော အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံးများကို စွယ်စုံကျမ်း

စတိုးဆိုင်မှ ဝယ်ပြီး နန်ရှမ်းကလေးဂေဟာတွင် အသုံးပြုရမည်.."

"ဆုလာဒ် : စွယ်စုံအမှတ် ၁၀၀ ရရှိပြီး ၁၅ ခုမြောက် အသိပညာကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်.."

"စွယ်စုံအမှတ် : 405 "

လင်းဖန် ရဲ့ စိတ်ဟာ စွယ်စုံကျမ်းနဲ့ ဆက်သွယ်နေခဲ့တယ်..။

"ဒါက မဟုတ်သေးဘူးလေ..အရင်မစ်ရှင်ရဲ့ ဆုလာဒ်က ..၁၅ ခုမြောက်အသိပညာ ဖွင့်လှစ်နိုင်မယ် လို့ ပါထားတာကို ဘာလိူ့ အခုကြ မဖွင့်ပေးတာလဲ.."

လင်းဖန် သိချင်စွာ မေးလိုက်တာပါ..။

"သဘောတူညီမူ မဖြစ်ရအောင် နောက်ဆုံး မိနစ် မစ်ရှင် သတ်မှတ်ပေးထားတာပါ..။တစ်ချိန်တည်းအနေဖြင့် ပိုင်ရှင်ဟာ နောက်ထပ် ဆုလာဒ်နဲ့..၁၅ ​ခုမြောက်အသိပညာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်.."

လင်းဖန် မရွေးချယ်စရာမရှိတော့ပေ..။ကြည့်ရတာ စွယ်စုံကျမ်းက အနည်းငယ် လူသားဆန်လာတဲ့ ပုံပါပဲ..။သူ လတ်တလော နန်ရှမ်းဂေဟာ ဘက်မရောက်ဖြစ်လို့ ဒါကို..နောက်ဆုံးမိနစ် မစ်ရှင် အဖြစ် သတ်မှတ်ပေးထားတာ ဖြစ်နိုင်ပါတယ်..။

မဆိုးပါဘူး..။

သူ့မှာ တစ်ခြားအတွေးတွေ မရှိတော့ပေ..။

"ဆရာ...ဘာဖြစ်တာလ​ဲ.."

ကျိုးမင်ချင်းဟာ ဆေးသောက်ပြီး နောက်မှာ သူ့စိတ်က တဖြည်းဖြည်း ရှင်းလင်းလာတာကို ခံစားမိပါတယ်..။သိူ့ပေမယ့် သူ့ကို ပိုပြီး အံ့ဩသင့်စေတာက..သူ့ဆရာ က ကျောက်ရုပ်တစ်ရုပ်လို မတ်တတ်ရပ်ပြီး အသက်မဲ့သလိူဖြစ်နေခဲ့တာပါ..။

လင်းဖန် အသိစိတ်ပြန်ဝင်လာခဲ့တယ်..။

"ဘာမှ မဟုတ်ပါဘူး..။ကျွန်တော် တစ်ချို့အရာလေးတွေကို တွေးနေတာ..။ကျွန်တော်တို့ ပြီးပြည့်စုံသော အဆင့်..ဥာဏ်ကောင်းစေသော ဆေးလံူးကို ဖော်စပ်နိုင်သွားပြီ ဆိုတော့..အိမ်ကို ပြန်ပြီး အနားယူကြရအောင်..."

"ကောင်းပါပြီ.."

ကျိူးမင်ချင်း ခေါင်းညိမ့်လိုက်ပါတယ်..။ဒီနေ့က..ပင်ပန်းပြီး..အကျိုးရှိခဲ့တဲ့ နေ့လေးတစ်နေ့ ပါပဲ..။

သူတို့ ရှေးဟောင်း မီးပြင်းဖိုကို ဒီမှာပဲ ထားခဲ့လိုက်တယ်..။တကယ်လိူ့ တစ်စုံတစ်ယောက်က ဒါကို မချင်ရင်တောင် မလို့ရမှာ မဟုတ်ပါဘူး..။

အိမ်တွင်..။

လင်းဖန် ဆိုဖာပေါ်မှာ လှဲပြီး..စွယ်စုံကျမ်းရဲ့ စတိုးကို ကြည့်နေခဲ့တယ်..။ဒါက ရှာဖွေမူအသစ်ဆိုတော့..သူ သေချာလေ့လာကြည့်ရမှာပါ..။

ပြီးပြည့်စုံတဲ့ ဥာဏ်ကောင်းစေသော ဆေးလုံး : စွယ်စုံအမှတ် ၂၀ မှတ်..။

ရောင်ခြည် စက်ဝိုင်းအသေး : စွယ်စုံအမှတ် ၁၀၀ မှတ်..။

လင်းယုန် အမြင် : စွယ်စုံအမှတ် ၂၀၀ မှတ်..။

ရေထဲတွင် အသက်ရူနည်း : စွယ်စုံအမှတ် ၂၀၀ မှတ်..။

မူလအဆင့် ခွန်အားတိုးမြင့်စေတဲ့ ဆေးလုံး : စွယ်စုံအမှတ် ၁၀၀၀ မှတ်..။

မူလ အဆင့် ဖြတ်လတ်မူ မြန်ဆန်စေသော ဆေးလံူး : စွယ်စုံအမှတ် ၁၀၀၀ မှတ်..။

…

လင်းဖန် မျက်လံူးတွေဟာ လှည့်ပတ်ကြည့်ရူနေခဲ့တယ်..။စွယ်စုံကျမ်း စတိုးရဲ့ ပထမစာမျက်နှာ မှာတင် အမျိုးအစားတွေက အများကြီးပါပဲ..။တစ်ချို့ အမျိုးအစားတွေ ဆိုရင် လင်းဖန်ကိုတောင်..စိတ်လှုပ်ရှားစေပါတယ်..။

စွယ်စုံကျမ်း စတိုးရဲ့ ပထမ စာမျက်နှာက တင် သူ့ရဲ့ လက်ရှ်ိနားလည်နိုင်စွမ်းတွေထက် ကျော်လွန်နေခဲ့ပါပြီ..။

အမျိူးအစား တိုင်းရဲ့ နောက်ဘက်မှာ..စျေးတွေလည်း တစ်ခါတည်း ပါပါတယ်..။ဒါက လင်းဖန်ကို အဆွဲဆောင်နိုင်ဆုံးပါပဲ..။လက်ရှိ သူ့စိတ်ထဲမှာ ရှိနေတာကတော့ အကုန်လုံးကို လိုချင်နေတာပါပဲ..။

သို့ပေမယ့် တစ်ချို့ အမျိုးအစားတွေကတော့ အတော်စျေးကြီး လှပါတယ်..။

အစောက မစ်ရှင်ကို ပြန်တွေးကြည့်လိုက်တဲ့ အချိန်မှာ လင်းဖန် ရဲ့ စိတ်လှုပ်ရှားမူတွေ တည်ငြိမ်သွားခဲ့ပါတယ်..။

ဒါက အရမ်းတော့ မခက်ခဲလောက်ပါဘူး..။သို့ပေမယ့် ဒီမစ်ရှင်ကို ပြီးမြောက်ဖို့ ဆိုရင်.. စွယ်စုံအမှတ် အတော်များများ လိုအပ်မှာပါ..။

သူ စွယ်စုံအမှတ်တွေကို အပြင်းအထန် စုဆောင်းဖို့ လိုအပ်နေပါပြီ..။

သို့ပေမယ့် အနာဂတ်မှာ ကလေးတွေကို ဥာဏ်ကောင်းစေသော ဆေးလုံးတွေ တိုက်လိုက်ရင် ဘာတွေဖြစ်ကုန်မှာလဲ.။

သူဒါကို တွေးတောင် မတွေးရဲသလို တွေူလည်း မတွေးချင်ခဲ့ပါဘူး..။

အရည်အချင်းရှိတဲ့ လူငယ်တွေ အများကြီးက နန်ရှမ်းဂေဟာကပဲ ထွက်လာတာတော့မှာပါ..။ဒါက ​တကယ်ကို ကြောက်စရာပါပဲ..။

သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းရှိတဲ့ လူငယ်တွေက လင်းဖန်ရဲ့ လက်အောက်ကနေမှာ ပေါ်ထွက်လာတော့မှာပါ..။

…

ဗီလာတစ်ခုတွင်..။

"ရှင်ဘာလို့ နောက်ကျမှ ပြန်လာတာလဲ. "

ကျိုးရှီဟာ မီးဖို ခန်းထဲမှာ အလုပ်မျာနေခဲ့တယ်..။

ကျိုးမင်ချင်း ရယ်မောလိုက်ပြီး..

"ဘာမှ မဟုတ်ပါဘူး..။ငါ ဆရာနဲ့ အတူ ဆေးဖော်စပ်နေတာ..။ဆရာက တကယ်တော်တာပဲ.."

ကျိုးရှီ ခေါင်းခါယမ်းပြီး ရယ်မောလိုက်တယ်..။လူအိုကြီးက ဆရာလင်းကို ဆရာအဖြစ်သတ်မှတ်ပြီးကတည်းက အမူအကျင့်တွေ အတော်ပြောင်းလဲသွားခဲ့တာပါ..။သူက ပိုပိုပြီး ငယ်ရွယ်လာသလိုပါပဲ..။ဒီအိမ်ကလည်း ပိုပြီး အသက်ဝင်လာခဲ့ပါတယ်..။

ကျိုးရှီ ..မီးဖိုထဲမှာ ..အလုပ်ရှုပ်နေရင်းကနေ ရုတ်တရက် လှမ်းပြောလိုက်တယ်..။

"လူအိုကြီး..ဒီအိမ်က ဓားတွေက ဘယ်ရောက်ကုန်လဲ မသိဘူး..။ကျွန်မ တစ်ခုလောက် သွားဝယ်လိုက်ဦးမယ်..။ရှင်ခနစောင့်နေဦး..ညစာကတော့ မကြာခင်ရတော့မှာပါ.."

ကျိုးမင်ချင်း အများကြီး မတွေးနေပဲ သာမန်လို ပြန်ဖြေလိုက်တယ်..။

"ဓားတွေက ရေခဲသေတ္တာရဲ့ အပေါ်မှာ မဟုတ်ဘူးလား..။မင်း လွန်ခဲ့တဲ့ တစ်နှစ်က မင်းရဲ့ မြေး

ယူပြီး ကစားမှာ ကြောက်လို့ဆိုပြီး ထားထားတာလေ.။မမှတ်မိတော့ ဘူးလား..."

ကျိုးရှီ ရေခဲသေတ္တာပေါ်ကို သွားကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။

"ဟင် ..လူအိုကြီး..ရှင်ဘယ်လိုသိတာလဲ..။ရှင်က ဒီလို ကိစ္စတွေကို စိတ်မဝင်စားပါဘူး..."

"မိန်းမ..မင်းပဲ ငါ့ကို အရင်တုန်းက ပြောခဲ့တာလေ..။မင်း...."

ရုတ်တရက် ကျိုးမင်ချငိး ရပ်တန့်သွားခဲ့တယ်...။ဒါ သူဓားတွေကို မှတ်မိလို့ ပျော်ရွှင်တာ မဟုတ်ပဲ တစ်ခုခုမှားနေပြီ ဆိုတာကို သတိထားမိလို့ပါ..။

ဓားတွေ အဲ့မှာ ထားတာ ငါဘယ်လို သိတာလဲ...

သို့ပေမယ့် သူ့ မိန်းမ သူ့ကို ပြောခဲ့တာကို ကျိန်းသေ မှတ်မိနေခဲ့ပါတယ်..။ဒါက လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက သူ့မိန်းမ သူ့ကို ပြောပြခဲ့တာပါ..။

ဒါပေမဲ့ ငါက အသက်ကြီးနေပြီလေ..။လွန်ခဲ့တဲ့ တစ်နှစ် ကိစ္စကို ဘယ်လိုမှတ်မိနေရတာလဲ..။သူ ငယ်ရွယ်စဥ္ တုန်းကတောင် လွန်ခဲ့တဲ့ တစ်နှစ်က ကိစ္စကို မမှတ်မိနိုင်ပါဘူး..။

ကြောင်အမူ..

ဒါက ငါ့ဆရာပေးလိုက်တဲ့ ပြီးပြည့်စုံသော အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံကြောင့် ဖြစ်နိုင်မလား...။

ဒါကိုတွေးမိလိုက်မှ ..ကျိုးမင်ချင်း ဖြစ်နေတဲ့ အရာတွေကို နားလည်သွားခဲ့ပါတယ်..။

"လူအိုကြီး ဘာဖြစ်နေတာလဲ.."

သူ့ မိန်းမက အမြန်မေးလိုက်တာပါ..။လူအိုကြီးက ဒီနေ့ ထူးဆန်းနေတာတော့ အမှန်ပါပဲ..။သူ ဒီနေ့ တစ်ခုခုဖြစ်ခဲ့တာလား..။

ကျိုးမင်ချင်း..လက်ဝေ့ယမ်းလိုက်ပြီး..

"မဟုတ်ဘူး မဟုတ်ဘူး..။ငါ ဒီီလိုပဲ မှတ်မိသွားတာပါ..."

ကျိုးရှီအများကြီး တွေးမနေတော့ပဲ မီးဖိုထဲမှာ ဆက်ပြီး ချက်ပြုတ်နေခဲ့ပါတယ်..။

သို့ပေမယ့် ကျိုးမင်ချင်း အတွက်ကတော့ အရမ်းကို ကြီးမားတဲ့ ပြောင်းလဲမူကြီး ဖြစ်သွားခဲ့တာပါ..။

"ဆရာ..ဆရာဘယ်လို ဆေးတွေကို ဖော်စပ်နေတာလဲ..။ဘယ်လိုဖြစ်ပြီး ဒီလောက်အစွမ်းထက်တဲ့ ဆေးကို ကျွန်တော့်ကို ဒီတိုင်းပေးလိုက်တာလဲ..။ဒါက...."

ကျိုးမင်ချင်း..ဆရာ့ရဲ့ မေတ္တာတွေကို ခံစားရလွန်းလို့ ငိုတောင် ငိုချင်နေခဲ့ပါပြီ..။

All Chapters