အခန်း (၅၈၈)
Vol. 40 Ch. 588
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
လင်းဖန် အသေအချာ ပြင်ဆင်ပြီး ဂုဏ်ပြုအခမ်းအနားကို သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။ဒါက သူ့ရဲ့ ဒုတိယမြောက် အတွေ့အကြုံဖြစ်ပေမယ့် ခံစားလို့ ကောင်းနေတုန်းပါပဲ..။
သာမန်လူတွေ ဆိုရင် ဒီလိူ အချိန်မှာ အတော်ကို ကြောက်ရွံ့နေမှာပါ..။လူဆိုးတွေက သူ့တို့ကို ပြန်လာပြီး လက်စားချေမှာကို ကြောက်နေမှာ အမှန်ပါပဲ..။သို့ပေမယ့် လင်းဖန်ကတော့ မကြောက်ရွံ့ပေ..။တကယ်လို့ သူတို့သာ တကယ်လာရဲရင် အကုန်လုံးကို အမှောက်သိပ်ပြီး ရဲလက်ကို တန်းအပ်လိုက်မှာပါ..။
လူလိမ် ထျန်ဟာ စီးကရက် သောက်နေရင်းကနေ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ကြည့်ရတာ..မင်းအတွက် နောက်တစ်ကြိမ်တောက်ပ မဲ့ အချိန်ပဲ ထင်တယ်..."
ပထမ တစ်ခေါက် ဂုဏ်ပြုပွဲ အခမ်းအနားကို ကြည့်နေတုန်းက ဆိုရင် သူ မနာလိုတောင် ဖြစ်မိပါတယ်..။များပြားလှတဲ့ မျက်လံူးတွေက သူ့ကို ဝိုင်းကြည့်နေတာက တကယ်ကို မနာလို စရာပါပဲ..။ဖြစ်နိုင်ရင် သူ လည်း စင်ပေါ်မှာ ဆုတစ်ခုလောက် တက်ယူချင်မိပါတယ်..။
လင်းဖန် ရယ်မောပြီး တည်ငြိမ်စွာ ပြောလိုက်တယ်..။
"ဒီလို တောက်ပ တဲ့ အချိန်က လူတိုင်း အိပ်မက်မက် လို့ ရတဲ့အရာ မဟုတ်ဘူး..။ဒီနောက်ကွယ် မှာ ပုန်းကွယ်နေတဲ့ အန္တရာယ် တွေက အများကြီး ရှိတယ်.."
လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။
"ဒီအန္တရာယ် တွေကို ရင်ဆိုင်နိုင််တယ် ဆိုရင်..ငါလညိး တောက်ပနိုင်တာပေါ့..."
"ဟီးဟီး.."
လင်းဖန် အတော် ဂုဏ်ယူသွားခဲ့တယ်..။
"ဒါဆိုရင် ခင်ဗျား ပိုပြီး ကြိုးစားဖို့ လိုတယ်လေ..။ဒါပေမဲ့ သေတော့မသေချာဘူးနော်..။အခု ကျုပ်ဖြေရှင်းသလိုမျိူး ခင်ဗျားဖြေရှင်း နိုင်မှာ မဟုတ်ဘူးလေ.."
"ဟားဟား.."
လူလိမ် ထျန် ဘာမှ ထပ်မပြောရဲတော့ပေ..။ဒီခွေးသားက ကြွားလုံးထုတ်တဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်ပါပဲ..။
ငါဆိုတဲ့ ထျန်က ဘယ်လိုလုပ် ဒီလို အရည်အချင်းတွေ မရှိပဲ နေမှာလဲ....
ဝူယူလန် စိုးရိမ်စွာ မေးလိုက်တယ်..။
"အစ်ကိုလင်း..တကယ်ပဲ မျောက်မျက်နှာဖုံးကို မတပ်တော့ဘူးလား..."
လင်းဖန် လက်ေဝ့ယမ်းလိုက်ပြီး..
"ဘာ မျောက်မျက်နှာဖုံးလဲ..။အဲတာက ငါ့စတိုင် မဟုတ်ဘူး..။အချိန်ကြတော့မှာ ဆိုတော့ ငါသွားတော့မယ်..။ပြန်လာမှ ဆုတံဆိပ်က ဘယ်လိုလဲ ဆိုတာ ကိုင်ကြည့်ကြပေါ့.."
လူလိမ် ထျန် ကျေနပ်သွားခဲ့ပြီး..
"ဒါက အကြံဥာဏ်ကောင်းအဲ..။ငါ အင်တာနက်ကနေ စားသောက်ဆိုင် ကောင်းကောင်း တစ်ခုကို ရှားလိုက်ဦးမယ်..."
"ခင်ဗျားတို့က အစားအသောက် ဘယ်လိုစားရမလဲ ဆိုတာပဲ သိကြတယ်..။ဆုသွားယူ ကြရအောင် အကြီးအကဲ ခွေး..."
…
ဂုဏ်ပြုပွဲ အခမ်းအနား..။
တံခါး ရှေ့တွငိ..။
လီရှောင်ရှမ်း လက်ဝေ့ယမ်းပြလိုက်တယိ..။
"မာစတာ လင်း..ဒီမှာ..."
အပြင်ဘက်မှာ ရဲကားတွေ အများကြီး ပါကင်ထိုး ထားခဲ့ပါတယ်..။ရဲဟိုင်း ရဲအင်အားက အကောင်ကြီးတွေ အကုန်လုံး ဒီမှာ ရောက်နေကြတာပါ..။ကင်မြီးကောက် ဆိုတာက တစ်နိုင်ငံလုံးမှာ ဝရမ်းထုတ်ထားတဲ့ တရားခံတစ်ယောက်ပါပဲ..။ဒါက ကြီးမားတဲ့ အောင်မြင်မူကြီးပါ..။ဒီကိစ္စကြောင့် ရှန်ဟိုင်း ရဲတပ်ဖွဲ့ဟာ..အတော်ကို နာမည်ရခဲ့ပါတယ်..။
ကင်းမြီးကောက်ကို ..သူတို့ကိုယ်တိုင် ဖမ်းမိတာ မဟုတ်ပေမယ့်လည်း သိပ်တော့ မကွာခြားပေ..။ဘာပဲဖြစ်ဖြစ် သူ့ကို ရှန်ဟိုင်းမှာ ဖမ်းမိခဲ့တာပါ..။အဓိကက အဲတာပါပဲ..။
လင်းဖန် ပြောလိုက်တယ်..။
"ကျွန်တော် နောက်ကျသွားတာလား.."
လီရှောင်ရှမ်းဟာ စိတ်ကြည်လင်နေခဲ့တယ်..။သူ စမတ်ကျတဲ့ ရဲ ယူနီဖောင်း တစ်စုံကို ဝတ်ဆင်ထားခဲ့တာပါ..။
"ဟင့်အင်..မနောက်ကျပါဘူး..။တကယ်လို့ မာစတာ လင်း နောက်ကျနေရင် တောင် ဘာပြသနာမှ မရှိဘူး..။မာစတာ လင်းကို တွေ့ချင်လို့ ကျွန်တော်ကို လာမေးကြတဲ့ လူတွေမှ အများကြီးပဲ.."
လင်းဖန် ရယ်မောလိုက်ပြီး..
"သူတို့က ဘာလို့ ကျွန်တော်ကိုသိချင်ကြတာလဲ..။ကျွန်တော်က ဒီတိုင်း ပန်ကိတ်ရောင်းတဲ့ လူတစ်ယောက်ပဲလေ.."
"ဟားဟား.."
လီရှောင်ရှမ်း လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..
"မာစတာ လင်း နောက်မနေပါနဲ့တော့..။မာစတာလင်းလို ပန်ကိတ်မျိုးကို ဘယ်သူက လိုက်ရောင်းနိုင်လို့လဲ..။အရင် ကျွန်တော်နဲ့ အတူအလုပ်တွဲလုပ်ခဲ့တဲ့ စည်ပင်အရာ ရှိဆိုရင် လမ်းဘေးတွန်းလှည်းတွေ မြင်တိုင်း မာစတာ လင်းကို မြင်ယောင်လာလို့ သူတို့ကို မဖမ်းနိုင်ဘူး..။သူ လုပ်တာဆိုလို့ အေးအေးဆေးဆေး စကားသွားပြောတာပဲ..။ဒါက ပိုပြီး ထိရောက်တယ်လေ.."
လင်းဖန် ရယ်မောလိုက်တယ်..။ဒါက အတော်ကို အံ့ဩစရာပါပဲ..။ငါက ဘယ်တုန်းကများ ဒီလောက်အထိ စွမ်းဆောင်နိုင်သွားတာလဲ..။ဖြစ်နိုင်တာက ငါ တွန်လှည်းနဲ့ ရောင်းတဲ့ လူတွေရဲ့..အိုင်ဒေါ ဖြစ်လာတာ များလား..။
အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်ဟာ သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ပေါ်လာခဲ့တယ်..။စစ်ဆေးရေးမှူး လီ လင်းဖန် နဲ့ စကားပြောနေတာကို တွေ့ပြီး သူ့မျက်လုံး အရောင်လက်သွားခဲ့ပါတယ်..။
"စစ်ဆေးရေးမှူး လီ..."
လီရှောင်ရှမ်း ကြည့်လိုက်တယ်.
"ဟေး..စစ်ဆေရေးမှူး ဟောင်..."
ယင်းနောက် သူမိတ်ဆက်ပေးလိုက်ပါတယ်..။
"မာစတာ လင်း ဒါက ကျားရှီ စီရင်စုက စစ်ဆေးရေးမှူး ဟောင် လေ.."
စစ်ဆေးရေးမှူး ဟောင် သူတို့ နှစ်ယောက်ကြားမှာ လာရပ်ပြီး ချက်ချင်း မိတ်ဆက်လိုက်တယ်..။
"မာစတာ လင်း ကျွန်တော် မာစတာ လင်းနဲ့တွေ ချင်နေတာ အတော်ကြာပြီ..။ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အတော် စွမ်းဆောင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး..။ကျွန်တော့် စင်တာက လူငယ်လေးတွေဆို မာစတာ လင်းနဲ့ တွေ့ချင်နေကြတာ.."
လင်းဖန် ရယ်မောလိုက်ပြီး..
"စစ်ဆေးရေးမှူး ဟောင်က အရမ်းကြင်နာတတ်တာပဲ.."
သူတို့ သုံးယောက် ခနကြာအောင် ပြောပြီး နောက်မှာ စစ်ဆေးရေးမှူး ဟောင်ဟာ နှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်..။
လီရှောင်ရှမ်း လင်းဖန်ကို ပုတ်လိုက်ပြီး..
"စစ်ဆေးရေးမှူး လီ က ထုတ်မပြောပေမယ့် ဒီလို အတွေးက ကျိန်းသေ ရှိမှာပဲ..။မင်းကြောင့်..စီရင်စုအများကြီးက ငါ့ကို မနာလို ဖြစ်နေကြပြီ..။ဒီ ဖိအားက အတော်ကို ကြီးမားတာပဲ.."
လင်းဖန် ဘာပြောရမှန်းမသိတော့ပဲ..။
"ကျုပ်လည်း ဘာတတ်နိုင်မှာလဲ..။ဘယ်သူမှ ခင်ဗျားကို အရမ်းမရင်းနှီးခိုင်းဘူးလေ..။ကျုပ် အရေးကြုံလာရင် ရဲတိုင်ရမှာက ပုံမှန်ပဲ မဟုတ်ဘူးလား..."
လီရှောင်ရှမ်းဟာ သူ မာစတာ လင်းနဲ့ ရင်းနှီးတာ အရမ်းကံကောင်းတယ်လို့ ခံစားနေရပါတယ်..။သူ စည်ပင်အရာရှိကနေ ရဲအရာရှိ အဖြစ်ပြောင်းနိုင်ရုံသာမက..စစ်ဆေးရေးမှူး ရာထူးအထိပါ အချိန်ခနအတွင်း တက်လှမ်းနိုင်ခဲ့တာပါ..။
သူ ရာထူးတက်တဲ့ နှုန်းက တကယ်ကြောက်ရွံ့စရာပါပဲ..။
သိူ့ပေမယ့် ဒါက သူ့အရည်အချင်းကြောင့် မဟုတ်ပဲ မာစတာ လင်းကြောင့်ဆိုတာ သူကိုယ်တိုင်လည်း သိထားပါတယ်..။
"စစ်ဆေးရေးမှူး လီ..ဒါက အံ့ဩစရာ မာစနာ လင်းလား.."
အဲ့အချိန်မှာပဲ သက်လတ်ပိုင်း အရွယ်လူကြီးဟာ လျောက်လာခဲ့တယ်..။အသားမဲမဲ နဲ့ လူကြီးဟာ အားအင်တွေ ပြည့်ဝနေပြီး ဖြတ်လတ်နေခဲ့ပါတယ်..။
လီရှောင်ရှမ်း ရှေ့ကို တက်သွားလိုက်ပြီး..
"အကြီးအကဲ ချင်..ဒါက..ကင်းမြီးကောက်ကို ဖမ်းပေးခဲ့တဲ့ မာစတာ လင်း လေ.."
"မာစတာ လင်း ဒါက မူးယစ်ဆေးတိုက်ဖျက်ရေး အထူးအဖွဲ့အစည်းရဲ့ အကြီးအကဲ ပဲ..။သူက ရဲရင့်ပြီး အသိပညာကြွယ်ဝတယ်..။ပြီးတော့ နံပါတ် ၁ မူးယစ်ဆေး တိုက်ဖျက်သူ..။အမူကြီးတွေကို တော်တော်များများကို အကြီးအကဲ ချင် ကပဲ ဖြေရှင်းခဲ့တာ.."
အကြီးအကဲ ချက် ရယ်မောလိုက်ပြီး..
"စစ်ဆေးရေးမှူး လီ မင်းငါ့ကို မြှောက်နေတာက များနေပြီနော်..။ဒါက ငါ့ရဲ့ တာဝန်ပဲလေ..။ဒါပေမဲ့ မာစတာ လင်းကိုတော့ ငါတကယ်လေးစားတယ်..။ငါတို့ ကင်းမြီးကောက် နောက်ကို လိုက်နေပေမယ့် ဘာသဲလွန်စမှ မရဘူးလေ..။မာစတာ လင်းကသာ တစ်ချက်တည်း ဖမ်းမိနိုင်ခဲ့တာပဲ..။လေးစားပါတယ် လေးစားပါတယ်.."
လင်းဖန် ယဥ္ကျေးစွာ ပြောလိုက်တယ်..။
"အကြီးအကဲ ချင်က ကျွန်တော်ကို မြောက်နေတာပဲ..။နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်သင့်တာကို လုပ်ရမယ်လေ..။ကျွန်တော် ရှေ့မှာ မကောင်းတဲ့ လူတစ်ယောက်ေ
ယာက်ကို တွေ့ရင် ချက်ချင်း ဖမ်းဆီးမှာပဲ..။ရှန်ဟိုင်း ဆိုတာ က နိုင်ငံတကာက သိထားတဲ့ မြို့တစ်မြို့ ဖြစ်တာကြောင့် ဒီလို မျိုးတွေကို..ထားထားလို့ မဖြစ်ဘူးလေ.."
အကြီးအကဲ ချင် ပြောလိုက်တယ်..။
"မာစတာ လင်း ကျွန်တော့်မှာ တောငိးဆိုစရာ တစ်ခုရှိတယ် ဒါပေမယ့် မာစတာ လင်း စိတ်ဝင်စားပါ့မလား ဆိုတာကတော့ မသေချာဘူး.."
လင်းဖန် ချက်ချင်း ခေါင်းခါယမ်းလိုက်ပြီး..
"ကျွန်တော် စိတ်မဝင်စားဘူး.."
အကြီးအကဲ ချင်ဘာကို ဆိုလိုတာလဲ ဆိုတာ သူသိထားပြီးသားပါ..။သူဘာပဲပြောပြော သူ့အတွက် ကောင်းမယ့် ပုံမရှိပါဘူး..။
"အကြီးအကဲ ချင် ဒီလိုလုပ်တာတော့ မဟုတ်သေးဘူးနော်..။တစ်ခြားလူးကို ဒီီလိူ တည့်တိုးကြီး အကူညီ မတောင်းသင့်ဘူးလေ..။ထပ်ပြောရရင် မာစတာ လင်းက သူ့အလုပ်သူရှိသေးတယ်..။လူဆိုးတွေက ဖမ်းတယ် ဆိုတာက ဒီတိုင်း ကြုံကြိုက်လာလို့ပဲ.."
အကြီးအကဲ ချင် ဘာပြောချင်တာလဲ ဆိုတာကို လီရှောင်ရှမ်း လည်း သိလိုက်ပါတယ်..။ဒါက အကြီးအကဲ ချင် ရဲ့ အကြံအစည်တင်မဟုတ်ပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တစ်ဖွဲ့လုံးရဲ့ အကြံဆိုတာကိုလည်း သူသိထားပါတယ်..။
ဘာပဲဖြစ်ဖြစ် သူတို့ တစ်ချိန်လုံး အပင်ပန်းခံပြ လိုက်နေတဲ့ ကင်းမြီးကောက်ကို မာစတာ လင်းက ဖမ်းပြသွားခဲ့တာပါ..။
ဒီအရည်အချင်းကို ဘယ်သူက စိတ်မဝင်စားပဲ နေမှာလဲ..။
လီရှောင်ရှမ်း အကြီးအကဲ ချင် ထွက်သွားတာ စောင့်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။
"မာစတာ လု်း စိတ်အေးအေးထားပါ..။ဒီအကြီးအကဲ ချင်က တစ်ယောက်ယောက် ဆီက အကူညီတောင်းချင်ရင် တည့်တည့်ပဲ ပြောတတ်တယ်.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"သူက သေချာဆုံးဖြတ်ပြီး ကြိုးစားဖို့ လာခဲ့တာပဲ..။ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး..ကျုပ်က လွယ်လွယ်နဲ့ ချုပ်လို့ရမယ့် လူမျိုး မဟုတ်ဘူးလေ.."
လီရှောင်ရှမ်း ရယ်မောလိုက်တယ်..။ဒီစကားက တကယ်ကို အမှန်တရားပါပဲ..။မာစတာ လင်းကိုသာ လွယ်လွယ် ချုပ်လို့ရရင် အစောကြီးကတည်းက ပန်ကိတ်ရောင်းတာ ရပ်နေရလောက်ပါပြီ..။
ခနကြာတဲ့ အချိန်မှာ လင်းဖန် အခမ်းအနားကျင်းပမယ့် နေရာကို ရောက်သွားခဲ့တယ်..။ဒီမှာ ထင်ရှား လူသိများတဲ့ လူတွေမှ အများကြီးပါပဲ..။
စစ်ဆေးရေးမှူး တွေ...ဗျူရို အကြီးအကဲ တွေဟာ လင််းဖန် နဲ့ ရင်းနှီး ချင်တဲ့ အတွက်ပြုံးပြီး ကြည့်နေခဲ့ကြပါတယ်..။
တစ်ချို့တွေကတော့ လင်းဖန်နဲ့ တိုက်ရိုက် စကားလာပြောခဲ့ကြပါတယ်..။
တကယ်လို့ နောက်ထပ် တရားခံတွေကို တွေ့ရင် လီရှောင်ရှမ်း အစား သူတို့ကို အကြောင်းကြားဖို့ ပြောခဲ့ကြတာပါ..။
အဲ့အချိန်မှာတော့ လင်းဖန် တင်မကပဲ ဘေးနားမှာ ရှိတဲ့ လီရှောင်ရှမ်းပါ ဆွံ့အနေခဲ့ပါတယ်..။
A Valiant Life 589