ဒါက အတော်အံ့ဩဖို့ကောင်းတယ်...
Vol. 40 Ch. 589
#ဘာသာပြန် = စနိုးဝှိုက်
ခန်းမထဲတွင်..။
သတင်းထောက် ခြူးယွန်ဟာ ပစ္စည်းတွေကို ပြင်ဆင် ပြီးသွားခဲ့ပါပြီ..။ဒီအမူကို မာစတာလင်း..ဖြေရှင်းခဲ့တာ ဆိုတာကို သိတဲ့ အချိန်မှာ သူ စိတ်ပူသွားခဲ့မိပါတယ်..။
သူ မာစတာ လင်းကို တကယ်လေးစားမိတာပါ..။သူ့ အမြင်အရဆိုရင် မာစတာ လင်းက သူ့ကိုသူ ဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်ပဲ..အမှန်တရားကိုပဲ..ရပ်တည်တဲ့ လူတစ်ယောက်ပါ..။ဒါကြောင့် အင်တာဗျူး မေးဖို့ အတွက် ဒီနေရာကို သူ တောင်းဆိုခဲ့လိုက်ပါတယ်..။
သူဘေးနား ပတ်လည်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ မာစတာ လင်းကို မတွေ့သေးပေ..။ကြည့်ရတာ သူ မရောက်သေးတဲ့ ပုံပါပဲ..။
အဲ့အချိန်မှာပဲ ဘေးနားက သတင်းထောက်တွေရဲ့..ဆွေးနွေးမူတွေက သူ့အာရုံကို ဖမ်းယူသွားခဲ့တယ်..။
"ဟေး..ဒီအင်တာဗျူးက..ဘာမှ မဟုတ်ပါဘူး.."
"အမှန်ပဲ..ဘာတွေကြီးကျယ်နေလို့..ဂုဏ်ယူအခမ်းအနားတွေပါ လုပ်နေတာလဲ မသိဘူး..။ဒါပေမဲ့ ဒီမာစတာ လင်းက တကယ်အံ့ဩဖို့ ကောင်းတယ်နော်..."
"ငါကတော့ ဒါက သာမန်ပဲလို့ ခံစားရတယ်..။ကြည့်ရတာ သူ ဒီတိုင်း ကံကောင်သွားတယ် ထင်တယ်.."
ခြူးယွန် ဒီလူတွေ ပြောတာကို အတော်ကြာအောင် နားထောင် နေပြီး..ခနကြာတဲ့ အချိန်မှာတော့ သည်းမခံနိုငိတော့ပါဘူး..။သူ ပြန်ငြင်းခုန် လိုက်တယ်..။
"မင်းတို့ ပြောတာ မှားနေပြီ..။ဘယ်လိုလုပ်ပြီး ဒီတိုင်း ကံကောင်းတာဖြစ်နိုင်မှာလဲ..။မာစတာ လင်းက တကယ်အံ့ဩဖို့ ကောင်းတဲ့လူပဲ..။အရင်တုန်းက သူဘာတွေ လုပ်ခဲ့တယ်ဆိုတာရော မင်းတို့ သိရဲ့လား..."
"မင်းကြည့်ရတာ ဘာဖြစ်ခဲ့တာလဲ ဆိုတာ သိနေတဲ့ပုံပဲ.."
ခြူးယွန် ပြန်ပြောလိုက်တယ်..။
"ငါ ပြောပြမယ် ပထမအကြိမ်တုန်းကဆို မာစတာလင်းက လူကုန်ကူးတဲ့ ဂိုဏ်းကို ဖြိုခွင်းပြီး..ကလေးတွေ ရာနဲ့ချီပြီးကို ကယ်တင်ခဲ့တာ..။သူက ဒီကလေးတွေကို တောင် ဂရုစိုက်ပေးနေတာ..။ကြယ်အလင်းကျောင်းတုန်းက ကိစ္စမှာတုန်းကလည်း သူက အနိုင်ကျင့်ခံရတဲ့ ကျောင်းသူဘက်ကနေ ရပ်တည်ပြီး..တရားမျှတမူ ရယူပေးခဲ့သေးတယ်..။ပြီးတော့..."
ခြူးယွန်ဟာ လင်းဖန် ရဲ့ အတိတ်က အောင်မြင်မူတွေကို ဆရာကျကျ ပြန်ပြောပြနေပြီး တစ်လုံးမှ ကျန်ခဲ့တာ မရှိပါဘူး..။ဒါတောင် သူသိသလောက်ပဲ ရှိပါသေးတယ်..။
တကယ်လို့ မာစတာ လင်းသာ..ခြူးယွန် ဒါတွေ ပြောနေတာကို ကြားရင်..အတော်အံ့ဩသွားမှာ ဖြစ်ပြီး..သူ့ကို ဒီငနဲ ချစ်နေတာလား လို့တောင် တွေးမိမှာပါ..။
တစ်ဖက် သတင်းထောက်ဟာ ခြူးယွန်ကို ခေါ်တဲ့ အခေါ်အဝေါ်တောင် ပြောင်းသွားခဲ့တယ်..။
"အစ်ကို ခြူး..အခုပြောတာတွေက အမှန်တွေပဲလား.."
ခြုးယွန် သူ့ကိုကြည့်လိုက်ပြီး..
"ဒါပေါ့..အစစ်အမှန်ပဲပေါ့..။မင်းက သတင်းထောက်တစ်ယောက် ဖြစ်နေပြီး ဒီအဖြစ်အပျက်တွေကို မသိဘူးလား.."
တစ်ဖက် သတင်းထောက်ဟာ ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်တယ်..။
"ကျွန်တော်က ရှန်ဟိုင်းကို အခုမှ တာဝန်ကျလို့ ပြောင်းလာတာ..။လက်ရှိ ရှန်ဟိုင်းက အခြေအနေ တွေကို နားမလည်သေးဘူး..."
ခြူးယွန် ခေါင်းကို ငုံ့လိုက်ပြီး..
"ငါကတော့ မင်းသတင်းတွေကို သေချာ ဖတ်ဖို့ တိုက်တွန်းချင်တယ်..။သတင်းတွေကို ဖတ်ပြီးသွားရင် မင်းမာစတာလင်းကို သဘောကျသွားမှာ အသေအချာပဲ..။မာစတာ လင်းလို လူမျိူးဆိုတာ က တွေ့ဖို့ အတော်ခဲယဥ္းတယ်.."
ကျန်တဲ့ လူတွေဟာ ခေါင်းညိမ့်လိုက်ကြပါတယ်..။တကယ်လို့ ခြူးယွန်ပြောတာတွေသာ အမှန်ဆိုရင် ဒီမာစတာ လင်းက သူရဲကောင်းတစ်ယောက်ပါပဲ..။သူ့ကို ဒီလိုမျိူး ဂုဏ်ပြုတာက တကယ်ကို ထိုက်တန်ပါတယ်..။
ခြူးယွန်ဟာ သူ့အိုင်ဒေါ အကြောင်းကို အများသိအောင် ရှင်းပြခွင့်ရလို့..ကျေနပ်နေခဲ့ပါတယ်..။
ရုတ်တရက် ခန်းမကြီးဟာ တိတ်ဆိတ်သွားခဲ့တယ်..။
ှ
ဂုဏ်ပြုပွဲ အခမ်းအနားက မကြာခင်စတော့မယ် ဆိုတာကို ခြူးယွန် သိလိုက်ပါတယ်..။သူ သူ့ရှေ့ကို ကြည့်လိုက်တဲ့ အချိန်မှာ..ကင်မရာ တွေ အားလုံး စင်ပေါ်ကို ချိန်ထားကြပြီး မာစတာလင်း..ပေါ်လာမှာကို စောင့်နေကြပါတယ်..။
ဒီတစ်ကြိမ် ကင်းမြီးကောက်ကို ဖမ်းတာက အတော်ကို လွမ်းမိုးမူကြီးမားတာပါ..။
ကင်းမြီးကောက်က နယ်မြေတွေ အများကြီးကို ချုပ်ကိုင်ထားတဲ့..လူတစ်ယောက်ပါ..။သူ့ကို စစ်ဆေးမေးမြန်းမူ အပြီးမှာလည်း..အချက်အလက်တွေ အများကြီးကို ရခဲ့ပါတယ်..။အစက တော့ သူတို့ ဒီ ဖမ်းဆီးမူကို တိတ်တဆိတ်ပဲ..ဆောင်ရွက်သွားခဲ့ချင်ကြတာပါ..။
သိူ့ပေမယ်း ဖမ်းဆီးမူ စစ်ဆေးရေးတုန်းက သတင်းထောက် တစ်ချို့ ရှိနေတဲ့ အတွက် သူတို့ ဖံူးဖိထားလို့ မရတော့ပေ..။
"ဒီမာစတာ လင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ..။သူက ပထမ တစ်ခေါက်တုန်းကလည်း..လူကုန်ကူးတဲ့ အုပ်စုကို..ဖမ်းဆီးပေးခဲ့သေးတယ်..။အခုတစ်ခါမှာလည်း ကင်းမြီးကောက်ကို..ဖမ်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး.."
"အမှန်ပဲ..တကယ်လို့ မာစတာ လင်းကသာ ရဲအရာရှိဆိုရင်..ဒီအမူနှစ်ခု နဲ့တင် အောင်မြင်မူ အကြီးကြီး ရနေလောက်ပြီ.."
"ဒါပေမဲ့ ဒီစီရင်စုရဲ့ စစ်ဆေးရေးမှူး လီရှောင်ရှမ်းက သူနဲ့ သိနေတာ အတော်ကံကောင်းတာပဲ..။ငါ ကြားထားသလောက် ဆိုရင် မာစတာ လင်းက အမူတစ်ခု တွေ့တိုင်း သူ့ကိုပဲ အကြောင်းကြားတာတဲ့..။ငါတို့ကြတော့ ဘာလို့ အဲလိုလူမျိူးနဲ့ မတွေ့ရတာလဲ.."
"မပြောနဲ့တော့ မပြောနဲ့တော့..ကြည့်ရတာ ..ဒီတစ်ကြိမ် အထက်က တစ်ယောက်ယောက် ဆင်းလာမယ် ထင်တယ်..။ကင်းမြီးကောက်ကို ဖမ်းတာက ကိစ္စအကြီးကြီး ဆိုတော့ ဆုချီးမြင့်ဖို့ လိုအပ််တယ်လေ.."
ရဲတပ်ဖွဲ့ဝင် ကိုယ်စားပြုတဲ့ အရာရှိ တစ်ယောက်ဟာ စင်ပေါ်ကို တက်လာပြီး လွန်ခဲ့တဲ့ တစ်ပတ်က အခြေအနေ တွေကို ရှင်းပြခဲ့ပါတယ်.။တစ်ချိန်တည်းမှာပဲ..ကင်းမြီးကောက်ရဲ့ အခြေအနေကိုပါ တင်ပြခဲ့တယ်..။
"ကျေးဇူးပြုပြီး လင်းဖန်ကို ကြိုဆိုလိုက်ရအောင်..။ဒါကတော့ ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းခဲ့တဲ့ သူရဲကောင်း ပြည်သူ ပဲဖြစ်ပါတယ်..."
အဲအချိန်မှာပဲ ခြူးယွန်ဟာ စင်ပေါ်ကို အာရုံစိုက်ထားခဲ့တယ်..။မာစတာ လင်းက နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ..။
စင်နောက်မှာတော့လင်းဖန်ဟာ အကြီးအကဲ ခွေး နီကိုးလပ်ကို ကြည့်လိုက်ပြီး...
"အကြီးအကဲ ခွေး..ငါတို့ စင်ပေါ်ကို သွားရမယ့် အလှည့်ပဲ..။ငါ မင်းကို စင်ပေါ်တက်ခွင့်ရအောင် လုပ်ပေးတဲ့ ကျေးဇူးကို မမေ့နဲ့နော်..."
များပြားလှတဲ့ လက်ခုပ်သံတွေဟာ ထွက်ပေါ်လာခဲ့တယ်..။ရဲအရာရှိတွေဟာလည်း..လက်ခုပ်တီးနေခဲ့ကြပါတယ်..။
ခေါင်းဆောင် တွေ ကြားထဲမှာ တော့ တီးတိုး ပြောဆိုမူ တွေ ရှိနေခဲ့ပါတယ်..။
"ဒီမာစတာ လင်းက အရမ်းငယ်ရွယ်တာပဲ.."
"မာစတာ လင်းက ငယ်ရွယ်တာနဲ့ပဲ သူ့ကို အထင်မသေးလိုက်နဲ့နော်..။ကျုပ်တို့ရဲ့ ကျွမ်းကျင်အဆင့်တွေတောင် သူနဲ့ ယှဥ္နိုင်မှာ မဟုတ်ဘူး.."
"သူ ပထမတစ်ခေါက်တုန်းက လူကုန်ကူးမူ ဂိုဏ်းကို ဖြေရှင်းတယ် အခုတစ်ခါ..မူးယစ်ရာဇာကို ဖမ်းပေးတယ်..။ဒီနှစ်ခုလုံးက ကိစ္စကြီးတွေ ပဲလေ.."
လင်းဖန်ဟာ ..စင်ပေါ်ကို တက်လာခဲ့တယ်..။အကြီးအကဲ ခွေးကတော့ သူ့ဘေးနားမှာ ပါလာခဲ့ပါတယ်..။
"အားလုံးပဲ ကောင်းသော နေ့လည်ခင်းလေးပါ..။ကျွန်တော်ကတော့ လင်းဖန် ပါ..။ဒါက ကျွန်တော် စင်ပေါ်ကို ဒုတိယ အကြိမ်တက်ရောက်တာ ဆိုတော့ အနည်းငယ် ကြောက်ရွံ့မိတာတော့ အမှန်ပဲ.."
အောက်က လူတွေဟာ ဒါကိုကြားပြီး ရယ်မောလိုက်ကြပါတယ်..။
အရင်တစ်ခေါက် ဂုဏ်ပြုအခမ်းအနားကို ဖြတ်သန်းဖူးတဲ့ ရဲအရာရှိ တွေကတော့..မာစတာလင်းက စကားပြောချောမွေ့ပြီး..မာနကြီးတဲ့ တစ်ယောက် ဆိုတာ သိထားကြပါတယ်..။
သာမန်လူတွေ ဆိုရင် မျောက်မျက်နှာဖုံးကို ..တပ်ပြီး တက်လာမှာ ဖြစ်ပေမယ့် မာစတာ လင်းကတော့ ဒီလို လူမျိုးမဟုတ်ပါဘူး..။အဲဒီအစား သူ့ကို လက်စားလာချေဖို့တောင် သူက စိန်ခေါ်လိုက်ပါသေးတယ်..။
လင်ဖန်း မိုက်ကရိုဖုန်းကို ယူပြီး ပြောလိုက်တယ်..။
"ကျွန်တော်က သာမန် နိုင်ငံသားတစ်ယောက်ပါပဲ..ဒါပေမဲ့ဘ တရားမျှတမူကို လေးစားတဲ့ လူတစ်ယောက်ပေါ့..။သိပ်မကြာခင်က စစ်ဆေးရေးမှူးလီက ကျွန်တော်ကို ကင်းမြီးကောက်ရဲ့ တက်တူးပါတဲ့ ပုံတစ်ပုံကို ပေးခဲ့တယ်လေ..။အဲ့တုန်းကတော့ ကျွန်တော်က စစ်ဆေးရေးမှူးလီ ခင်ဗျား ဟာသလုက်နေတာလား လို့ ပြောလိုက်သေးတယ်..။ဒီလို မရှင်းမလင်းပုံလေတစ်ပုံ နဲ့ တရားခံကို ဖမ်းနိုင်မယ်လို့ ကျုပ်လည်း မထင်ခဲ့ဘူးလေ..။ဒါပေမဲ့ လီရှောင်ရှမ်း ပြောတာက.....x"
လီရှောင်ရှမ်းဟာ စင်အောက်မှာ ရှိနေခဲ့တယ်..။အစကတော့ မာစတာလင်း သူ့အကြောင်းသူ ပြောမယ်လို့ ထင်ထာခဲ့ပေမယ့် သူ့ကိုပါ အကြောင်းအရာထဲ ဆွဲသွင်းလာလိမ့်မယ်လိူ့ မထင်ထားခဲ့ပါဘူး..။
အဲ့အချိန်မှာ သူ ငိုတောင် ငိုချင်သွားခဲ့တယ်..။
မာစတာလင်း က သူ့ရဲ့ အကျိူးဆောင်မူ တွေကို ထပ်ပြီး အသိအမှတ်ပြုနေခဲ့ပြန်ပါပြီ..။
ဒါကိုမြင်တဲ့ အချိန်မှာ တစ်ခြား စီရင်စုက စစ်ဆေးရေးမှူး တွေဟာ လီရှောင်ရှမ်းကို မနာလိုစွာ ကြည့်လိုက်ကြပါတယ်..။သူတို့ကြ ဘာလို့ မာစတာလင်းလို လူမျိုးနဲ့ မတွေ့မိခဲ့တာလဲ..။ဒီ လီရှောင်ရှမ်းက အတော်ကို ကံကောင်းလှတာပါ..။
လင်းဖန်ကတော့ စင်ပေါ်မှာ ဘာကြောက်ရွံ့မူမှ မရှိပဲ..ဆက်ပြီး ပြောနေခဲ့ပါတယ်..။
"ကင်းမြီးကောက်..ကို ဖမ်းမိတဲ့ နေရာမှာ သူရဲကောင်း သုံးယောက် ရှိပါတယ်..။ပထမတစ်ယောက်က တော့ ကျွန်တော်ပါ..။ဒုတိယ တစ်ယောက်ကတော့ အခု ကျွန်တော် ဘေးနားမှာ ရှိနေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ပါ..။တတိယ တစ်ယောက်ကတော့ စစ်ဆေးရေးမှူး လီရှောင်ရှမ်း ပါပဲ..။ဒါပေါ့..အတူတူ ပူးပေါင်းခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။ဒီ အခမ်းအနား က ကျွန်တော် တစ်ယောက်ထဲအတွက် ကျင်းပ ပေးတာ မဟုတ်ပဲ..ရဲတပ်ဖွဲလုံးတစ်ခုလုံးရဲ့ ဂုဏ်ယူစရာ အခိုက်အတန့်အဖြစ် ကျင်းပတာပါ..။ဒါကြောင့် စစ်ဆေးရေးမှူး လီကို..ရဲတပ်ဖွဲဝင်တွေ ကိုယ်စား စင်ပေါ်ကို ဖိတ်တာက ပြသနာ မရှိလောက်ဘူးလို့ ထင်မိပါတယ်..."
လီရှောင်ရှမ်းက စင်အောက်မှာ ထိုင်နေခဲ့တာပါ..။လင်းဖန် ပြောတာကြားတဲ့ အချိန်မှာ သူ ကြောင်အသွားခဲ့တယ်..။
ငါ အပေါ်တက်သွားရမှာလား..ဒီတိုင်းပဲ ဆက်ထိုင်နေရမှာလား....
ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ..။
ဒီလို ဂုဏ်ယူစရာ အခိုက်အတန့်ကြီးကို မာစတာလင်းက သူ့အတွက် ဖန်တီးပေးခဲ့တာပါ..။
"စစ်ဆေးရေးမှူးလီကို ကြိုဆိုလိုက်ရအောင်.."
လင်းဖန် ကြေညာလိုက်တာပါ..။
ပရိတ်သတ်တွေဟာ လက်ခုပ်တီးလိုက်ကြတယ်..။
လီရှောင်ရှမ်း နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..။သူ ရွေးချယ်စရာ မရှိပဲ စင်ပေါ်ကို တက်ရပါတော့မယ်..။ သူ့ ရဲ့ နှလုံးခုန်သံ တွေကို သူ ပြန်ကြားနေခဲ့ရတယ်..။သူက စိတ်လှုပ်ရှားနေရုံတင်မကပဲ အနည်းငယ်ပါ..ကြောက်ရွံ့နေခဲ့တာပါ..။
စင်ပေါ်တွင်..။
"ကောင်းသော ညနေခင်းလေးပါ..ခေါင်းဆောင်းတွေ နဲ့ လုပ်ဖော်ကိုက်ဖက် အပေါင်းတို့.."
လီရှောင်ရှမ်း စင်ပေါ်ကို ရောက်တာနဲ့ စိတ်လှုပ်ရှားမူတွေကို ကျော်လွန်ပြီး..တည်ငြိမ်မူတွေကို ပြလိုက်တယ်..။ရဲအရာရှိ တစ်ယောက် အနေနဲ့ သူ ကြောက်ရွံ့တဲ့ အမူအရာတွေ ..ပြသနေလို့ မရပါဘူး..။ဒါဆိုရင် အောက်မှာ ထိုင်နေတဲ့ ..ခေါင်းဆောင် တွေက သူ့အပေါ်ကို ဆိုးရွားတဲ့ အမြင်တွေ ဖြစ်ပေါ်လာစေမှာပါ..။
ထပ်ပြောရရင် ဒီ ဂုဏ်ပြုပွဲက သူ့တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး..။