အခန်း (၅၉၀)
Vol. 40 Ch. 590
#ဘာသာပြန် = စနိုးဝိှိုက်
"မာစတာ လင်း အစောက ပြောသွားတာတွေကို ကျွန်တော် အပြည့်အဝ လက်မခံရဲပါဘူး..။ကင်မြီးကောက် ကို ဖမ်းမိတာက ရဲတပ်ဖွဲ့ကြောင့် လည်း ပါတယ် ဆိုပေမယ့် မာစတာ လင်းက အဓိက ကျခဲ့တာပါ..။သူ သာ မရှိဘူးဆိုရင် ကျွန်တော်တို့ ဘာသဲလွန်စမှန်း မရှိတဲ့ အတွက်..ကင်းမြီးကောက်ကို ဖမ်းနိုင်ဖို့ဆိုတာက မလွယ်ပါဘူး..။တစ်ချိန်တည်းမှာပဲ ကင်းမြီးကောက်ကို ဖမ်းနိုင်ဖို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ်..။ဒါကြောင့် ဒီ ဂုဏ်ပြုအခမ်းအနားပွဲက မာစတာ လင်းပြော သလို ရဲတပ်ဖွဲ့ လည်း ပါဝင်သင့်တယ်လိုလ ထင်ပါတယ်.."
လီရှောင်ရှမ်းဟာ ဒီလို ဖမ်းဆီးနိုင်မူက သူနဲ့ လင်းဖန်ကြောင့်ဖြစ်ပြီး တစ်ခြားလူတွေ နဲ့ မဆိုင်သလိုမျိူးမပြော ရဲပါဘူး..။သူသာ အဲလိုပြောလိုက်ရင် တစ်ခြား..တစ်ခြားခေါင်းဆောင် တွေရဲ့ ပစ်တင်ခြင်းကို ခံရမှာပါ..။
*လက်ခုပ်တီး သံများ*
အောက်မှာ ထိုင်နေကြတဲ့ လူတွေဟာ လီရှောင်ရှမ်းရဲ့ ပြောဆိုမူကို သဘောကျသွားခဲ့ပါတယ်..။သို့ပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာတော့..ဒါကမာစတာ လင်းကြောင့် ဆိုတာကို သိထားကြပါတယ်..။သူ ကြောင့်သာ မဟုတ်ရင် ဒီကစားပွဲက အခုထိ ပြီးဆုံးဦးမှာ မဟုတ်ပေ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"စစ်ဆေးရေးမှူး လီက အရမ်းနိမ့်ချ တတ်တာပဲ..။ကျွန်တော်က ရဲတပ်ဖွဲ့ဝင်တစ်ယောက် မဟုတ်ပေမယ့်..ကျွန်တော့်အမြင်အရတော့ ..စစ်ဆေးရေးမှူး လီက..တကယ့်ကို စစ်ဆေးရေးမှူး ကောင်းတစ်ယောက်ပါ..။သူက အလုပ်အပေါ်မှာ တကယ်ကို စိတ်နှက်ပြီး လုပ်တဲ့ လူတစ်ယောက်ပဲလေ..။အရင်တုန်းက ကျွန်တော် သူများ အလုပ်တွေကို စိတ်မဝင်စား တတ်ပေမယ့် စစ်ဆေးရေးမှူး လီကပဲ..ကျွန်တော့်ကို တရားမျှတမူ မြတ်နိုးမူ..သင်ပေးခဲ့တာလေ.."
မျှော်လင့်ထားသလိုပဲ..လီရှောင်ရှမ်း ကြောက်လန့်စရာ အခြေအနေ ဖြစ်လာခဲ့တယ်..။
မာစတာ လင်းက သူ့ကို အလွန်အကျူး မြှောက်ပင့်နေခဲ့ပါပြိီ..။
သို့ပေမယ့် ဘာလို့ သူ ဒါကို သဘောကျနေတာလဲ ဆိုတာကို မသိတော့ပေ..။
အောက်ဘက်မှာ တော့ ရဲအရာရှိတွေဟာ ရယ်မောနေခဲ့ကြတယ်..။သူတို့ နည်းနည်းမှ မပျော်မရွှင် မဖြစ်မိပါဘူး..။သူတို့အတွက်တော့..ဒါက ဂုဏ်ပြုပွဲ အခမ်းအနားပါ..။
လင်းဖန်ဟာ လီရှောင်ရှမ်းရဲ့ ကောင်းကြောင်းတွေ ထပ်ပြောနေခဲ့တယ်..။
လီရှောင်ရှမ်း ကလည်း ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ ကောင်းကြောင်းတွေကို ထပ်ပြောနေခဲ့ပါတယ်..။
အကြိီးအကဲ ခွေးနီကိုးလပ်ကတော့ လင်းဖန်ရဲ့ ဘေးနားမှာ ရှိနေခဲ့ပါတယ်..။သို့ပေမယ့် သူ ကြမ်းပြင်မှာ ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့တယ်..။ဒီလူတွေက ပြောစရာ စကားတွေ အတော်များကြတဲ့ ပုံပါပဲ..။
တစ် စက္ကန့်ချင်း ကုန်ဆုံးသွားခဲ့တယ်..။
လီရှောင်ရှမ်း ..ငိုချင်နေပေမယ့် မျက်ရည်က ထွက်မလာခဲ့ပေ..။သူ အခြေအနေကို ဂရုမစိုက်တော့ပဲ..ပြောလိုက်ပါတယ်..။
"မာစတာ လင်း ဆက်မပြောပဲနေရအောင်..။ဒီအတိုင်းဆိုရင် ကျွန်တော် သူတော်စင် ဖြစ်လာတော့မယ်..။အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ဘယ်လို အလုပ်လုပ် ရတော့မှာလဲ..."
"ဟားဟား..."
အဲ့အချိန်မှာတော့ ပရိတ်သတ်တွေဟာ သဘောကျပြီး ရယ်မောလိုက်တယ်..။ခေါင်းဆောင် တွေဟာလည်း ဘယ်သူ့ကိုမှ အပြစ်တင်စိတ် မရှိပဲ ရယ်မောနေကြပါတယ်..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ကောင်းပြီလေ..ဒါဆို ကျွန်တော် ထပ်ပြီး မပြောတော့ဘူး..။ကျွန်တော်က ခင်ဗျားရဲ့ အရည်အချင်းတွေကို အားလုံးသိအောင် ပြောပေးနေတာပါ.."
ဒီတစ်ခေါက် အခမ်းအနားက..အတော်ကို လတ်ဆတ်ပြီး အသစ်ဖြစ်တဲ့..အတွေ့အကြုံတစ်ခုပါပဲ..။
ယင်းနောက်မှာ ခေါင်းဆောင်တစ်ယောက်ဟာ စင်ပေါ်ကို တက်သွားခဲ့ပြီး..
"ဒီ ကင်းမြီးကောက်ကို ဖမ်းနိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ မာစတာ လင်းက အများကြီး စွမ်းဆောင် ပေးနိုင်ခဲ့တယ်..။ကျွန်တော်ဆို့ ဆွေးနွေးလို့ အပြီးမှာ မာစတာလင်းကို ငွေသား ဒေါ်လာ ၂ သိန်း ဆု ချီးမြင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..."
ခြူးယွန်ဟာ စင်အောက်မှာ ဗီဒီယို ရိုက်ကူးနေခဲ့တာပါ..။သူ့မျက်နှာကတော့ ပျော်ရွှင်မူတွေ ပြည့်နှက်နေခဲ့တယ်..။ဒီလိူ ဂုဏ်ပြုအခမ်းအနားပွဲကို သူ နှစ်ကြိမ်သာ တက်ရောက်ခြင်းဖြစ်ပြီး အဲ့နှစ်ကြိမ်လုံးက..မာစတာ လင်း ကြောင့်ပါပဲ..။
ယင်းနောက်မှာတော့. အုပ်စုလိုက်.ဓာတ်ပုံ ရိုက်မယ့် အချိန်ကို ကျရောက်လာခဲ့ပါပြီ..။
အစီအစဥ္က ပြီးဆုံးကာ နီးလာပြီးဖြစ်ပြီး နောက်ပိူင်းပို ရောက်လာခဲ့တယ်..။
မကြာခင်မှာပဲ အခမ်းအနား ပြီးဆုံးသွားခဲ့ပါတယ်..။
လီရှောင်ရှမ်း အကူညီမဲ့စွာ..ပြောလိုက်တယ်..။
"မာစတာလင်းက ဒီတစ်ကြိမ် ကျွန်တော့ကို အတော်မြောက်ပင့်ခဲ့တာပဲ..။အနာဂတ်မှာ အလုပ်ကို မကြိုးစားပဲ နေရဲတော့မှာ မဟုတ်ဘူး.."
လင်းဖန် ရယ်မောလိုက်ပြီး..
"စစ်ဆေးရေးမှူး လီ..စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတွေက..အလုပ်ကို ပိုပြီး ကြိုးစားသင့်တယ်လေ.."
"မာစတာလင်း ..အခုပြန်ချင်တယ် ဆိုရင် မြန်မြန်ပြန်ဖို့ ကျွန်တော် အကြံပေးချင်တယ်နော်..။နည်းနည်းထပ်ပြီး ကြာနေရင် နောက်ကျသွားလိမ့်မယ်.."
လီရှောင်ရှမ်း ပြောလိုက်တာပါ..။
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဘာဆိုလိုတာလဲ..."
လီရှောင်ရှမ်း အဝေးတစ်နေရာကို ညွှန်ပြလိုက်ပြီး..
"ကိုယ့်ကိုကို ကြည့်လိုက်တော့..။ဘယ်နှစ်ယောက်လောက် မင်းကို ရှာနေတာလဲ ဆိုတာ..."
လင်းဖန် လှမ်းကြည့်လိုက်တယ်..။သူ့ကို စောင့်နေကြတဲ့ လူတွေထဲမှာ..အကြီးအကဲ ချင် နဲ့ တစ်ခြား ခေါင်းဆောင် တွေ အုပ်စုလိုက် ရှိနေခဲ့ကြတာပါ..။
"ကောင်းပြီ ..ဒါဆိုရင် ကျွန်တော် ထပ်ပြီးမနေတော့ဘူး..။အခုပဲ သွားတော့မယ်..။သူတို့ မမြင်အောင် အာရုံလွဲထားပေးဦး.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။သူ အကြီးအကဲ ခွေးကို ခေါ်ပြီး ကားဆီကို သွားကာ ဒီနေရာက ထွက်သွားလိုက်ပါတယိ..။
လင်းဖန် ထွက်သွားပြီးလို့ သိပ်မကြာခင်မှာပဲ..လီရှောင်ရှမ်း ရောက်လာခဲ့တယ်..။
"မာစတာလင်း ဘယ်ကို သွားတာလဲ.."
လီရှောက်ရှမ်း ပြန်ပြောလိုက်တယ်..။
"သူ ပြန်သွားပြီလေ.."
ကျန်တဲ့ လူတွေဟာ ဒီနားမှာ မစောင့်မိလို့ နောင်တရသွားခဲ့ပါတယ်..။မာစတာလင်းက ဒီတိုင်းထွက်သွားမယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
…
လင်းဖန် ဟာ သူ့လက်ထဲက ဒေါ်လာ ၂ သိန်းကို ကြည့်ပြီး ကျေနပ်နေခဲ့တယ်..။အကြီးအကဲ ခွေးကတော့ ဘေးနားမှာ ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ ကျိူးမင်ချင်းရဲ့ ဖုန်းဝင်လာခဲ့တယ်..။ဆေးသောက်ပြီးကတည်းက သူ့တပည့်အခြေအနေဘယ်လို ရှိလဲဆိုတာကို လင်းဖန် မသိသေးပါဘူး..။သို့ပေမယ့် ပြီးပြည့်စုံသော အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံးက ရိုးရှင်းမှာ မဟုတ်ပေ..။ဒါက မယုံနိုင်စရာ အကျိုးသက်ရောက်မူတွေ အများကြီး ရှိနေမှာပါ..။
"မင်ချင်း..ဘာဖြစ်လို့လဲ."
"ဆရာ..ဥာဏ်ကောင်းစေသော ဆေးလုံးက တကယ်ကို မယုံနိုင်စရာပဲနော်.။အရင်က မေ့နေတဲ့ အရာတွေ အများကြီး ကို ပြန်မှတ်မိလာတယ်.."
"ဒါပဲလား..."
"မဟုတ်ဘူး ..။အရင်က ဟာတွေ တင် မှတ်မိတာ မဟုတ်ဘူး ကျွန်တော် ဘယ်စာအုပ်ကိုပဲ ဖတ်ဖတ် ..ခေါင်းစဥ္ တွေကအစ ပြန်ပြီး မှတ်မိနေတယ်..။ဆရာ..ဒီဆေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..။ကျွန်တော် ကြောက်တောင် ကြောက်ရွံ့မိတယ်..."
ကျိုးမင်ချင်း ဘာဆက်ပြောရမလဲ မသိတော့ပါဘူး..။သူ လွန်ခဲ့တဲ့ နှစ်ရက်က ဆေးသောက်အပြီးမှာ..ပြောင်းလဲမူတွေ အများကြီး ဖြစ်နေခဲ့ပါပြီ..။ဒါက တကယ်ကို ဆွံ့အစရာပါပဲ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ဒါက မရိုးရှင်းဘူး...။ပြီးပြည့်စုံတဲ့ အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံးက ဒီအကျိူးသက်ရောက်မူလောက်ပဲ မဖြစ်သင့်ဘူးလေ..။ထပ်ပြောရရင် ခင်ဗျားစိတ်က တက်ကြံနေစင့်တာ..။ဒါက ခင်ဗျား တရုတ်ဆေးပညာ လေ့လာတဲ့ နေရာမှာ အထောက်အပံ့ အကြီးကြီး ဖြစ်လိမ့်မယ်.."
"ကျေးဇူးတင်ပါတယ် ဆရာ..."
ကျိူးမင်ချင်း တကယ် ကျေးဇူးတင်နေခဲ့တာပါ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။ခင်ဗျားက ကျုပ်ရဲ့ တပည့်ဆိုတော့ ဒါပေါ့..ခင်ဗျား တိုးတက်ဖို့ အတွက် ကျုပ်မှာ တာဝန်ရှိတယ်လေ..။အိူးဟုတ်သားပဲ..တရုတ်ဆေးပညာ အခြေခံ သင်ရိုး ဖြန့်ဝေတာ အခြေအနေ ဘယ်လိူရှိလဲ..."
"အခု အဲတာက အခု နောက်ဆုံး အဆင့်မှာ ရောက်နေပြီလို့ ပြောလို့ရတယ်..။ဒါက တစ်နိုင်ငံလုံးက တရုတ်ဆေးပညာ ကျောင်းတွေကို မကြာခင်ရောက်တော့မယ်.."
"ဒါ ကောင်းတယ်..။စတင်ပြီး ဖြန့်ချီပြီဆိုရင် ကျွန်တော့်ကို ပြောပါဦး.."
သူ စွယ်စုံကျမ်း အကြောင်းကို တွေးမိလိုက်ပါတယ်..။သူက စွယ်စုံအမှတ်တွေ ရှာဖွေတဲ့ နေရာမှာ..ကျွမ်းကျင်တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး..။တကယ်လို့ ဒီသင်ရိုးတာ ဖြန့်ချီပြီးသွားရင် သူ့ဆီကို စွယ်စုံအမှတ် တော်တော် များများ ရောက်လာတော့မှာပါ..။
ဖုန်းချပြီးတဲ့နောက်မှာ လင်းဖန် တိမ်ဖြူလမ်းကို ဦးတည်လိုက်တယ်..။
သူတိမ်ဖြူလမ်းကို ရောက်တဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တွေဟာ သူ့ကို မီးရူးမီးပန်း တွေနဲ့..ကြိုဆိုနေခဲ့ကြတယ်..။သူတို့က လင်းဖန် အတွက် ဂုဏ်ပြုပေးနေကြတာပါ..။
"သူဌေးလေးက ဒီတစ်ကြိမ်လည်း အောင်မြင်မူ အကြီးကြီးရခဲ့ ပြန်ပြီ.."
"မင်း ဂုဏ်ပြုအခမ်းအနား တက်ရောက်တာ ငါတို့ သိပြီးသွားပြီနော်..။အံ့ဩစရာပဲ.."
"ငါတို့ သူဌေးလေးက နတ်ဘုရားပဲ"
လင်းဖန် ဂုဏ်ယူစွာ ပြုံးပြီး ဆိူင်ပိုင်ရှင်တွေကို လက်ဝေ့ယမ်းပြ လိုက်ပါတယ်..။
"ဒါက အသေးအမွှားလေးပါ..အသေးအမွှားလေးပါ..ပြောစရာတောင် မလိုပါဘူး..."
လင်းဖန် ဒီလို ပြောနေပေမယ့် ဆိုင်ပိုင်ရှင် တွေ အတွက်ကတော့ ကိစ္စ အကြီးကြီးပါပဲ..။သူတို့ရဲ့ တိမ်ဖြူလမ်းမှာ သူရဲကောင်းတစ်ယောက် ရှိနေခဲ့တာပါ..။
…
ညအချိန်..။
ချင်းထျန် တွင်..။
ဒါက လမ်းဘေး နိဗ္ဗာန်ဘုံ တစ်ခုပါပဲ..။သို့ပေမယ့် ကြောက်စရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်..။
လူတွေ အများကြီးဟာ စိတ်လှုပ်ရှားမူ ရှာဖွေဖို့ အတွက် ဒီနေရာကို မလာရဲကြပေ..။သို့ပေမယ့် တစ်ချို့ လူတွေ အတွက်ကတော့ စိတ်လှုပ်ရှား မူ တွေသာ မရှာဖွေရရင် သူတို့ဘဝက တကယ်ကို ပျင်းစရာ ကောင်းလှပါတယ်..။အထူးသဖြင့် သူတို့ဘဝမှာ ဘာမှ လုပ်စရာ မရှိတဲ့ အချိန်မှာပါပဲ..။ဒီလို အချိန်ဆို နေ့ရက် တစ်ရက်လောက်က တစ်နှစ်လောက် ကြာနေတယ်လို့တောင် ထင်ရပါတယ်..။
"သခင်လေး ချန် .. မင်းလိုက်မှာမလား..။ငါတို့က ဒီနေ့ နည်းနည်းမြင့်တယ်နော်.."
လူငယ်လေးတစ်ယောက်က ပြောလိုက်တာပါ..။သူ့ရဲ့ အမူအရာကတော့ မောက်မာမူတွေ အပြည့်ပါပဲ..။