တစ်ခုခု တကယ်ဖြစ်သွားပြီ..
Vol. 40 Ch. 591
#ဘာသာပြန် = စနိုးဝှိုက်
သခင်လေး ချန် လက်ဝေ့ယမ်းလိုက်ပြီး..
"ငါ သွားမှာ မဟုတ်ဘူး..။ဒီတိုင်း အပျော်သဘောနဲ့ပဲ မင်းတို့ကို လာကြည့်တာ..."
သူ သိပ်မကြာခင်ကမှ ရှန်ဟိုင်းကနေပြန်ရောက်တာပါ..။သူ ရှန်ဟိုင်းက မာစတာလင်းကို တကယ်အံ့ဩမိပါတယ်..။ညစာစားပွဲပြီးတုန်းက..မာစတာလင်း ပြောခဲ့တဲ့ စကားက အခုထိ သူ့ မှတ်ဥာဏ်ထဲမှာ စွဲနေတုန်းပါပဲ..။
"မင်းပြန်ရောက်ရင် ခုနှစ်ရက် အတွင်း အန္တရာယ် ရှိတဲ့ အရာတွေကို မလုပ်နဲဦး..။မဟုတ်ရင် တစ်ခုခု ဖြစ်လိမ့်မယ်.."
သူ့ရဲ့ အကျင့်စရိုက်အရ ဆိုရင် သူဒါကို မယုံကြည်ပါဘူး..။သို့ပေမယ့် ဒီမာစတာ လင်းက သူ့ကို ဆန်းကျယ်တဲ့ ခံစားချက်တစ်ခုကို တကယ် ပေးစွမ်းနိုင်ပါတယ်..။ဒီခံစားချက် မျိုးဆိုတာက လုပ်ယူလို့ မရပေ..။သူ့ရဲ့ စကားလုံးတွေက ..သူ့ခေါင်းထဲမှာ စွဲနေ့ပြီး ထုတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး..။
"ဟေး..ချန်းဟိုင်ဂီ..မင်းအခု တလော ဘာဖြစ်နေတာလဲ..။မင်း ငါတို့နဲ့ ဘာမှ မကစားတော့ပါလား..။မဟုတ်လွဲရော မင်းကြောက် နေတာလား..."
ချန်းဟိုင်ဂီ ပြန်မဖြေခဲ့ပေ..။သူ ဘယ်လို ပြန်ရှင်းပြရမလဲ တောင် မသိတော့ပါဘူး..။သူတို့ လောက မှာက တစ်စုံတစ်ခု ကို ကြောက်ရွံ့တယ် ဆိုရင် အရမ်း ရှကိဖို့ ကောင်းပါတယ်...။
ဘေးနားမှာ တစ်ချိန်လုံး ထိုင်နေတဲ့ သခင်လေး ရှန်းဟာ ပြောလိုက်တယ်..။
"သခင်လေး ချန် က ကြောက်နေတာ မဟုတ်ဘူး..။ရှန်ဟိုင်းသွားတုန်းက..သူ လေးစားရတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်..။အဲ့လူက သူ့ကို အန္တရာယ်ရှိတဲ့ လုပ်ဆောင်မူတွေ တပတ်အတွင်း မလုပ်ဖို့ တားမြစ်ထားလို့..။မဟုတ်ရင် တစ်ခုခု ဖြစ်လိမ့်မယ်တဲ့..။ဒီနေ့က ခြောက်ရက်မြောက်ဖြစ်နေပြီ..မနက်ဖြန်ပြီးသွားရင် တော့ အကုန်အဆင်ပြေသွားလိမ့်မယ်.."
သခင်လေး ချန် ရှန်ဟိုင်းသွားတုန်းက သူပါ ပါတဲ့ အတွက် ကြောင့် အခြေအနေကို သိထားပါတယ်..။သူ ကိုယ်တိုင်လည်း ဒီစကားကို မယုံပေမယ့် သခင်လေး ချန်ကို တပတ်အတွင်း အလျင်စလို မလုပ်ဖို့ အကြံပေးခဲ့ပါသေးတယ်..။သူ ပါဝင်ခဲ့ရင် ဘာဖြစ်မလဲ ဆိုတာ မပြောနိုင်ပေမယ့် တကယ်ဖြစ်ခဲ့ရင် ဘယ်လို လုပ်မလဲ..။
"ဟားဟား.."
အစောက မေးတဲ့လူဟာ..ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဘေးနားက လူတွေကို အော်ပြောလိုက်တယ်..။
"ဒီကို ကြည့်ကြပါဦး.ဒီတစ်ကြိမ် ချန်းဟိုင်ဂီ ရှန်ဟိုင်းသွားတာ ပြန်လာတော့ အတော်ကြောက်တတ်လာတယ်နော်.။သူက ဒီလို စောက်ကျိုးနဲတွေကိုလည်း ယုံတာပဲ.."
ဘေးနားက ဂုဏ်သရေရှိ မိန်းကလေးတွေ ဧည့်သည်တွေဟာ စုဝေးလာကြပါတယ်..။
"ကျိုးဘင် ဘာဖြစ်တာလဲ..။အကြီးအကဲ ချန်းက ဘာဖြစ်လို့လဲ..."
ကျိုးဘင် ရယ်မောလိုက်ပြီး..
"ကျုပ်သူ့ကို ဝင်ပြီး ပြိုင်ဖို့ ပြောတာကို သူက ဘာပြောလဲ သိလား..။သူ ရှန်ဟိုင်းသွားတုန်းက လေးစားရတဲ့ လူတစိယောက်နဲ့တွေ့ခဲ့တာ...အဲ့လူက သူ မြို့တော်ကို ပြန်ရောက်ရင် ..အန္တရာယ် ရှိတာတွေကို တပတ်အတွင်း မလုပ်ဖို့ ပြောထားလို့တဲ့..။သူ့လို လူက ဒါမျိုးတွေကို ယုံကြည်လိမ့်မယ်လို့ မထင်ထားဘူး.."
လူအုပ်ကြီးဟာ ဒါကိုကြားတဲ့ အချိန်မှာ ဝိုင်းပြီး ရယ်မောလိုကိကြတယ်..။
ချနး်ဟိုင်ဂီ ရှက်ရွံ့စွာ ပြန်ပြောလိုက်ပါတယ်..။
"မရယ်နဲ့..မင်းတို့ သူ့ကို မတွေ့ဘူးလို့..။မင်းတို့သာ တွေ့ဖူးရင် ဒါမျိုးရယ်မှာ မဟုတ်ဘူး.."
ဒီလူတွေ သူ့ကို လှောင်ပြောင်ကြလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ..။ဒါက သူ့ကို မပျော်မရွှင်ဖြစ်စေပါတယ်..။
သူ့ဘဝမှာ ဖြစ်ပျက်လာတာတွေကို သူပဲ တာဝန်ယူရမှာပါ..။ဒါက အစစ်လား အတုလား ဘယ်သူမှ ဂရုမစိုက်ပေ..။သူ ယုံကြည်ဖို့ ရွေးချယ်ခဲ့မှတော့..လျောက်မကစား သင့်ပါဘူး..။
သို့ပေမယ့် သူ့က ပုံမှန်အားဖြင့် ဝင့်ကြွားပြီး မောက်မာတဲ့ လူတစ်ယောက်ပါ..။အခုလိုမျိူး ဒီလူတွေ လှောင်ရယ်နေကြတာက မပျော်မရွှင် ဖြစ်စေပါတယ်။
အဲ့အချိန်မှာပဲ ချန်းဟိုင်ဂီ လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
"အားလုံးပဲ ..မရယ်ကြနဲ့တော့..။ဒါက ကျုပ်သွေးနည်း နေတာမဟုတ်ဘူး..။ကျုပ်ဘဝအတွက် ကျုပ် ဆုံးဖြတ်ချက်ချနေတာ..။ခင်ဗျားတို့ နားလည်ပေးမယ် လို့ မျှော်လင့်ပါတယ်..."
ဘေးနားမှာ ရှိနေကြတဲ့ လူတွေဟာ ခေါင်းခါယမ်းလိုက်ကြတယ်..။ဒီလို အကြောင်းပြချက်သာ အသုံးဝင်ရင် သူတို့ ဒီမှာ ရှိနေကြမှာတောင် မဟုတ်ပါဘူး..။
မျှော်လင့်ထားသလိုပဲ..။
ချန်းဟိုင်ဂီ..ရှင်းပြလိုက်ပါတယ်..။လူအုပ်ကြီးဟာ..ရယ်မောလိုက်ကြပြီး..
"ဟုတ်တယ် ဟုတ်တယ် သခင်လေး ချန် ပြောတာက အမှန်ပဲ.။သူက သွေးနည်းနေတာမဟုတ်ဘူး..ဘဝအတွက် ဆံူးဖြတ်ချက် တွေကို ချနေတာ..။ဒါကြောင့် ငါတို့ သခင်လး ချန်ကို ထပ်ပြီး မခေါ်သင့်တော့ဘူး..."
"ဒါအမှန်ပဲ..ဒါက ဆိုးရွားတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး..။ငါလည်း နောက်တစ်ကြိမ်ကျရင် သံူးရမယ်.."
"အိုး ဘုရားရေ..ငါ ဒီနေ့ အရမ်းအမြင့်ကြီးတွေ လိုက်လို့မရလောက်ဘူး..။လေးစားရတဲ့ ပုဂ္ဂိုလ်က..ငါ အမြင့်ကြီးတွေ လိုက်ရင် သေမယ်လို့ ပြောထားတယ်..."
"ဟေး..သခင်လေး ချန်က သခင်လေး ကျို့နဲ့ သိတယ်နော်..။သူ့ဘဝတိုးတက်တာက တကယ်မြန်မှာ..။ဒါပေမယ့် ငါတို့က သူ့ကို မသိဘူးလေ..။ငါတို့ကတော့ အဲလောက်မြန်မြန် တိုးတက်မှာ မဟုတ်ဘူး..."
"ဒီတစ်ချိန် သခင်လေး ချန် ဆယ်လီ ကောင်မလေးနှစ်ယောက်နဲ့ သွားပျော်တာ သခင်လေး ကျို့ကို ခေါ်သွားပေမယ့် ငါတို့ကို မခေါ်ဘူးလေ..။သူက ငါတို့ကို လုံးဝ ဂရုမစိုက်တာပါ.."
ဒီလူတွေက သူ့ကို မပျော်မရွှင်ဖြစ်အောင် လုပ်နေတာလား..။ဆိုက်ကို သုံးပြီး သူ့ကို ကန်ထုတ်ဖို့ ကြိုးစားချင် နေတာလား ဆိုတာ မသိတော့ပါဘူး..။
ချန်းဟိုင်ဂီ ပြောပြီးသွားခဲ့ပါပြီ..။ဆယ်ရက် အတွင်းမှာ ဘယ်လို အန္တရာယ်ရှိတဲ့..လုပ်ဆောင်မူ မျိုးကိုမှ ..မလုပ်ဘူးလို့ ပြောပေမယ့်..ဒီလူတွေက မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ..။
"မင်းတို့..."
ချန်းဟိုင်ဂီ ပြောစရာစကား ကင်းမဲ့သွားခဲ့တယ်..။
"မင်းတို့က ဘာကို ဆိုလိုချင်တာလဲ..။ငါမင်းတို့ကိုဘယ်တုန်းက အထင်သေးလို့လဲ..။မင်းတို့ ညီအစ်ကို တစ်ယောက်ကို နားမလည်ပေးနိုင်ဘူးလား..။လေးစားရတဲ့ လူက ပြောထားတာလေ..မင်းတို့ ဘာလို့ နားလည်မပေးနို်င်ရတာလဲ..."
ကျိုးဘင်လက်ဝေ့ယမ်းလိုက်ပြီး..
"ထားလိုက်တော့ သခင်လေး ချန် က စိတ်ပိုင်းဖြတ်ထားပြီးသွားပြီလေ..။ငါတို့ ဘာလုပ်နိုင်မှာ မို့လို့လဲ..။ငါတို့ ဘာသာပဲ သွားကစားကြရအောင်..။သခင်လေး ချန်ကို မပျော်မရွင်ဖြစ်အောင်သွားမလုပ်နဲ့ မဟုတ်ရင် သခင်လေး ကျို့က ငါတို့ကို သင်ခန်းစာလာပေးနေဦးမယ်.."
"ချီးပဲ. ကျိုးဘင် မင်း ရည်ရွယ်ချက် ရှိရှိလုပ်နေတာလား..။ငါ မင်းကို ပြောပြီးသွားပြီလေ..။၇ ရက် အတွင်းမှာတော့ ငါ မင်းတို့နဲ့ မကစားနိုင်ဘူး..။၇ ရက်ကျော်သွားရင် မင်းတို့နဲ့ စိတ်ကြိုက်ကစားပေးမယ်.."
ချန်းဟိုင်ဂီ ပြောလိုက်တာပါ..။
သူ့ သူငယ်ချင်းတွေ သူ့ကို နားလည်မူလွဲတာကို သူ သည်းမခံနိုင်တော့ပါဘူး..။
သို့ပေမယ့် သူတို့ ဘာလို့ မယုံကြည်ကြတာလဲ ဆိုတာကိုတော့ နားမလည်နိုင်တော့ပေ..။
ကျိုးဘင်ပြောလိုက်တယ်..။
"မဟုတ်ဘူး..ငါမင်းကို ယုံပါတယ်..။ငါက ဘယ်လိုလုပ်ပြီး ရယ်ရွယ်ချက် ရှိရှိလုပ်ရမှာလဲ ဟုတ်တယ်မလား.."
လူအုပ်ကြီးဟာ ပြန်ပြောလိုက်တယ်..။
"ဟုတ်တယ်. ငါတို့က ဘယ်လိုလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ရမှာလဲ...."
"ငါတို့ ပဲ သွားကစားကြရအောင်.."
"ဟေး ဒါက ပျင်းဖို့ကောင်းတယ်နော်..."
ချန်းဟိုင်းဂီ မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ကို ဝိုင်းပယ်ထားသလို သူခံစားနေရပါတယ်..။သူ သွားကို ကြိတ်လိုက်ပြီး...
"ချီးပဲ..လုံလောက်ပြီ..။ငါ လုပ်မယ်ကွာ..။ငါ မင်းတို့နဲ့ လိုက်ကစားပေးမယ်..။ငါ့ကို ဘော်ဒါ အကန့်မရှိဘူးလို့ မပြောကြနဲ့..။သခင်လေး ကျို့ကို သိတာနဲ့ ငါမင်းတို့ကို မေ့သွားမယ့် အထဲမှာ မပါဘူး..."
အဲ့အချိန်မှာပဲ ကျန်တဲ့ လူတွေဟာ ရယ်မောလိုကိကြတယ်..။
"ဒါအမှန်ပဲ..။ဒီလိုပဲ ဖြစ်ရမှာလဲ..။အဲဒီ ရှန်ဟိုင်းက လေးစားရတဲ့ လူကို ဘယ်သူက ဂရုစိုက်နေလို့လဲ..။အလကား အလိမ်အညာတွေ...."
"ဒါကမှ အံ့ဩဖို့ကောင်းပြီး တက်ကြွ နေတဲ့ သခင်လေး ချန်ပဲ..။ဒါမျိုးပဲ ဖြစ်ရမယ်...."
သခင်လေးရှန်း သခင်လေး ချန်ကို ကြည့်လိုက်ပြီး..
"မင်းတကယ် ကစားတော့ မလို့လား..။မင်း မာစတာလင်းရဲ့ စကားကို မယုံကြည်ဘူးလား.."
ချန်းဟိုင်ဂိီ ပြန်ပြောလိုက်တယ်..။
"ငါ ဘာလုပ်နိုင်ဦးမှာလဲ..။သူတို့ကိုလည်း ကြည့်ဦးလေ..။စိတ်မပူနဲ့. ငါ ခနလောက် ကစားပြီးတာနဲ့ ရပ်လိုက်မှာပါ.."
"မင်း မကစားတာက အကောင်းဆုံးပဲလို့ ငါ ခံစားခဲ့ရတယ်..။မင်းလည်း မာစတာ လင်း ကစားကို ယုံကြည်တာပဲ..။တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မှာလဲ.."
"သခင်လေး ရှန်း..သခင်လေး ချန်က သဘောတူပြီးသွားပြီလေ..။မင်းက ဘာတွေဖြစ်နေတာလဲ..။မင်း သွေးကြောင်နေရင် ဘေးနားက ကြည့်နေ..."
"အမှန်ပဲ..."
ချန်းဟိုင်ဂီ လက်ဝေ့ယမ်းလိုက်ပြီး..
"စောက်ပိုတွေ ပြောမနေနဲ့တော့..။မင်းတို့စချင်တယ် ဆိုရင်လည်း စကြတာပေါ့..။ဒီနေ့ ငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲ ဆိုတာ မင်းတို့ကို ပြမယ်.."
လူအုပ်ကြီးဟာ ရယ်မောလိုက်ကြတယ်.။
"ဟားဟား..ဒါဆိုလည်း လာခဲ့လိုက်တော့..။ဘယ်သူက အံ့ဩစရာလဲ ဆိုတာ ကြည့်ကြတာပေါ့..."
အကုန်လုံးဟာ ကားတွေပေါ်ကို တက်လိုက်ကြတယ်..။
ချနး်ဟိုင်ဂီ ကားပေါ်တက်ပြီး တဲ့နောက်မှာ သူ့ကားကို လုံခြုံတာ သေချာအောင် စစ်ဆေးလိုက်ပါတယ်..။သူ ခါးပတ်ပတ်ပြီးသွားမှ စိတ်သက်သာရာ ရသွားခဲ့တယ်..။
ရယ်ဒီလား.....လပ်စ်ဂိုး.....
စတော့...
ကားအင်ဂျင် သံ တွေဟာ တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာခဲ့ကြတယ်..။
တစ်ကားပြီး တစ်ကား..စမှတ်ကနေ အပြိုင်အဆိုင်ထွက်သွားခဲ့တယ်..။
သခင်လေးရှန်း စိတ်ပူနေခဲ့ပြီး..
"ဘာမှ မဖြစ်ပါစေနဲ့...."
ချန်းဟိုင်ဂီကတော့..ကားရဲ့ အမြန်နှုန်းအပေါ်မှာ နစ်မြောနေပြီး မာစတာလင်းရဲ့ စကားတွေကို မမှတ်မိတော့ပါဘူး..။
သူ့စိတ်ထဲမှာ ပြိုင်ဆိုင်ချင်စိတ်တွေ ပိုပိုများလာခဲ့ပြီး ကားကိုလည်း အရှိန်ကို ပိုပိုပြီးမြင့်လိိုက်ပါတယ်..။
ချန်းဟိုင်ဂီ..နှာခေါင်းရှုတ်လိုက်ပြီး...
"မင်းက ငါ့ကို ကျော်တက်နိုင်မယ် ထင်နေတာလား..။အိပ်မက်မက်နေလိုက်..."
"ချီးပဲ သခင်လေး ချန် မောင်တာ အရမ်းမြန်ပါလား..။သူက ကျိုးဘင်းကို တောင် နောက်ချန်ခဲ့ပြီ.."
"မင်းနောကိနေတာလား..။သခင်လေး ချန်းရဲ့ စကေးတွေက ပရို အဆင့်နီးပါးလောက်ရှိတယ်လေ..။သူက ချင်းထျန် ဘေ နတ်ဘုရား နာမည်နဲ့ တကယ်လိုက်တယ်.."
သခင်လေး ရှန်းရဲ့ စိတ်ပူမူ တွေဟာ လျော့လျော့လာခဲ့ပါပြီ..။အခြေအနေကို ကြည့်ရတာတော့..ဘာမှ ဖြစ်မယ့်ပုံမရှိပါဘူး..။
*ဘန်း *
ရုတ်တရက် သိပ်မဝေးတဲ့နေရာကနေ ကျယ်လောင်တဲ့ အသံတစ်ခုကြားလိုက်ရတယ်..။
စကားပြောစက်ကနေ အသံထွက်ပေါ်လာခဲ့ပါတယ်..။
"သခင်လေး ချန် ရဲ့ကား တစ်ခုခု ဖြစ်သွားတယ်.."
"ချီးပဲ..သခင်လေးချန်ရဲ့ ကားက သစ်ပင်ကို တိုက်မိသွားတာပဲ..။အခြေအနေ ဘယ်လို လဲ မသိရသေးဘူး..."
"ချီးပဲ အဲ့သစ်ပင်က ဘယ်က ရောက်လာတာလဲ.."
သခင်လေး ရှန်း ရဲ့ မျက်နှာ အမူအရာဟာ ကြောက်လန့်မူကြောင့် ပြောင်းလဲနေခဲ့ပါတယ်..။
ဘယ်လိုဖြစ်နိုင်မှာလဲ
ဘာလို့ ဒီလောက်မြန်မြန် ဖြစ်ပျက်သွားတာလဲ...
မတော်တဆ ဖြစ်တဲ့ နေရာတွင်..။
ကားတစ်စီးက သစ်ပင်ကို တိုက်မိနေခဲ့တာပါ..။
အကုန်လုံးဟာ ဒီနေရာကို အမြန်ရောက်လာခဲ့ကြတယ်..။မြင်ကွင်းက တကယ်ကြောက်စရာပါပဲ..။
"သခင်လေး ချန် အဆင်ပြေရဲ့လား..."
"သခင်လေး ချန်..."
အဲ့အချိန်မှာပဲ ကားထဲကနေ ကြောက်လန့်နေတဲ့ အသံဟာ ထွက်ပေါ်လာခံပါတယ်..။
"အမြန် ငါ့ကိုကယ်ကြဦး..။ငါ့ ခြေထောက်တွေ လှုပ်လို့မရဘူး..။အတော်နာတာပဲ..။ငါ မင်းတို့ကို ပြောသားပဲ တစ်ခုခုဖြစ်လိမ့်မယ်လို့..။ဒါပေမဲ့ မင်းတို့ မယုံဘူးလေ..။အခု ယုံပြီလား..။ချီးပဲ..ငါ့ကို အမြန်ကယ်ကြဦး..."
.
ကားထဲက အော်ဟစ်သံတွေ ထွက်ပေါ်နေခဲ့ပါတယ်..။ကျန်တဲ့လူတွေဟာ တော့ အံ့ဩတဲ့ မျက်နှာ အမူအရာတွေ ဖြစ်နေခဲ့ကြတယ်..။
အမှန်တကယ်ပဲ တစ်ခုခုဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။
ဒါက တကယ်ကြောက်လန့်စရာပါပဲ..။