← Chapters

မင်းရဲ့ ကံတရားကို အမြဲစမ်းသပ်လို့ရတယ်...

Vol. 40 Ch. 592

မင်းရဲ့ ကံတရားကို အမြဲစမ်းသပ်လို့ရတယ်...

Vol. 40 Ch. 592

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံတွင်..။

ချန်းဟိုင်ဂီ သူ့ခြေထောက်တွေကိုကြည့်လိုက်တယ်..။သူ တကယ်ကို အံ့ဩတုန့်လှုပ်နေခဲ့ပါပြီ..။သူ့ခြေထောက်တွေက ဘာမှ ခံစားလို့မရပေ..။ဘာခံစားချက်မှ မရှိတော့ပါဘူး..။

"ငါ့​ခြေထောက် တွေ.."

သူ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာ အခြေအနေက ဒီလို ဖြစ်နေခဲ့တာပါ..။

လူနာဆောင်ထဲမှာတော့..သူ့ကို လူတွေ အများကြီး ဝန်းရံထားခဲ့တယ်..။

ကျိုးဘင်ကတော့ သူ့ကိုသူ အပြစ်တင်နေခဲ့ပါတယ်..။

"ညီအစ်ကို ချန်း..ငါတကယ် မထင်ထားခဲ့ဘူး..။ဒီလိုဖြစ်မယ်မှန်း ငါတကယ် မသိခဲ့တာပါ.."

ချန်ဟိုင်ဂီ တစ်ခုခုဖြစ်သွားတဲ့ အချိန်မှာ သူ တကယ်ကို ကြောင်အသွားခဲ့တာပါ..။ဒါက အမှန်တကယ်ဖြစ်လာလိမ့်မယ်လိူ့ သူမထင်ထားခဲ့ပါဘူး..။ဒီလို ဆိုးရွားတဲ့ အခြေအနေက တကယ်ဖြစ်လာခဲ့တာပါ..။

အစ်ကို ချန်း ပြောစကားကို သူသိပ်ပြီး အလေးမထားတာက..ဒီ လေးစားရတဲ့ ပုဂ္ဂိုလ် ဘယ်သူလဲ ဆိုတာ သူ မသိထားလို့ပါ..။ဒါကြောင့် သူ အစ်ကို ချန်းကို မခံချင် အောင် ပြောကြားခဲ့တာပါ..။သူ ဒီလို အခြေအနေ မျိုးနဲ့ ထပ်ကြုံရရင် ဒီလို တိုက်တွန်းတော့မှာ မဟုတ်တော့ပါဘူး..။

သခင်လေး ရှန်း ကျိုးဘင်ရဲ့ ကော်လံကို ဆွဲလိုက်ပြီး..

"မင်းက တကယ် ငတုံးတစ်ယောက်လား..။အစ်ကို ချန်းက သူမပါချင်ဘူးလို့ ပြောတာကို မင်းပဲ ဆက်တိုက် လှောင်ပြောင်ခဲ့တာလေ..။အခု ဒီလိုဖြစ်လာပြီ ဆိုတော့ မင်းဘာဆက်လုပ်မှာလဲ.."

ကျန်တဲ့ လူတွေဟာလည်း သက်ပြင်းချလိုက်ကြတယ်..။အခုချိန်မှာ ချန်းဟိုင်ဂီက သူတို့ကို သေအောင် ပြောဆိုရင် တောင် သူတို့ ဘာမှ ပြန်ပြောနိုင်မှာ မဟုတ်ပါဘူး..။

သူတို့ နားမလည်တာက အဲ့ သစ်ပင်က ဘယ်လိုလုပ်ပြီး အဲ့မှာ ပြိုလဲနေတာလဲ ဆိုတာပါပဲ..။ဒီရက်ပိူင်းတွေမှာ..မိုးကြီးတာတွေ ..လေတိုက်တာတွေ ရှိမနေခဲ့ပါဘူး..။သို့ပေမယ့် ဘယ်လိုဖြစ်သွားလဲ ဆိုတာ မသိတော့ပေ..။

အခုချိန််မှာတော့ ချန်းဟိုင်ဂီဟာ သူတို့ကို ဂရုမစိုက် နိုင်သေးပါဘူး..။

"ဒေါက်တာ ဒီနားကို ခနလာပါဦး..."

ဒေါက်တာဟာ ဒီပုဂ္ဂိုလ်ကို ဒေါသထွက်အောင် သွားလုပ်လို့ မရဘူးဆိုတာ သိထားပါတယ်..။ဒီလူနာ ရောက်လာတုန်းက..ချမ်းသားတဲ့ ပုံစံရှိတဲ့ လူတွေ အများကြီး ပါလာခဲ့တာပါ..။

"ကျုပ် ခြေထောက် ဘယ်လိုနေလဲ..။အခြေအနေ အတိအကျကို သိချင်တယိ.."

ချန်းဟိုင်ဂီ ဒေါသထွက်နေခဲ့တယ်..။သူက ငယ်ငယ်လေးပဲ ရှိပါသေးတယ်..။သူ့ဆီမှာ ဘာမှဖြစ်လို့ မရပါဘူး..။မဟုတ်ရင် သူ့ဘဝ တစ်လျောက်လံူး..ဒုက္ခိတ ဘဝတဲ့ အရိုးဆွေးရတော့မှာပါ..။

တစ်ချိန်မှာ တည်းမှာပဲ သူဟာ အတော်ကို နောင်တရနေခဲ့တယ်..။သူ့ရဲ့ စိတ်ထဲမှာတော့ စကားတစ်ခွန်းကိုပဲ အော်ဟစ်နေခဲ့ပါတယ်..။

"မာစတာလင်း..ငါ မင်းစကားကို နားမထောင်ခဲ့မိဘူး..."

တကယ်လို့ မိုးကောင်းကင်ကသာ သူ့ကို ဒုတိယ အခွင့်အရေး ပေးရင် သူ အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ဖို့ မပြောနဲ့..အိမ်ထဲကနေတောင် ထွက်တော့မှာ မဟုတ်ပါဘူး..။

ဒေါက်တာဟာ ခနလောက် တွေဝေသွားခဲ့ပြီး..

"မစ္စတာ ချန်း..ကျေးဇူးပြုပြီး စိတ်ပိူင်းဆိုင်ရာ ပြင်ဆင်ထားပါ..။မင်း ဒီကို မရောက်ခင်အချိန်အတွင်းမှာ.ခြေထောက်က အကြာကြီး ကျိူးကြေနေတော့..အကြောတွေက အတော်ကို ထိခိုက်သွားခဲ့တယ်..။ဒါကြောင့် လက်ကျန်ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်ဆိုရင်တော့ မင်း ....ခြေထောက်တွေကို..ဖြတ်ထုတ်ပစ်မှ ရမယ်..."

ဒီအသံက မိုးကြိုးပစ်ချလိုက်သလို ပါပဲ..။

ချန်းဟိုင်ဂီ ဆွံ့အသွားခဲ့တယ်..။သူ့ရဲ့ အမူအရာဟာ ကြောက်ရွံ့သွားခဲ့ပြီး..

"ဒေါက်တာ ခင်ဗျား ဘာပြောလိုက်တာလဲ..။ကျုပ်နားကြားမှားတာတော့ မဟုတ်ပါဘူးနော်..."

ချနး်ဟိုင်ဂီ အတွက်ကတော့ ဖြတ်ထုတ်ရမယ် ဆိုတဲ့ စကားလုံးက သူ့ဘဝကို နှုတ်ယူမယ် လို့ ပြောနေသလိုပါပဲ..."

ဒေါက်တာဟာ ခေါင်းညိမ့်လိုက်ပြီး..

"ဒီနေ့ ဆေးပညာ အဆင့်အတန်းနဲ့တော့ ကျွန်တော်တို့ ကုသနိုင်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး..။တကယ်လို့ မစ္စတာ ချန်း မဖြတ်ထုတ်ဘူးဆိုရင် ပုတ်နေတဲ့ သွေးတွေ ကြောင့် တစ်ခြား အစိတ်အပိူင်းတွေကို ပါ ထိခိုက်လာနိုင်တယ်..။ဒါက ဘဝနဲ့ ရင်းနေရတဲ့ အခြေအနေပဲ.."

ချန်းဟိုင်ဂီရဲ့ မျက်နှာဟာ လုံးဝကို ဖြူဖျော့နေခဲ့တယ်..။သူ့ရဲ့ လည်ချောင်းက..ခြောက်သွေ့နေခဲ့ပါတယ်..။သူ ဒေါသထွက်နေပေမယ့်..ဖြတ်ထုတ်ပစ်ရမယ် ဆိုတဲ့ စကားလုံးက ဒေါသစိတ်တွေကိုတောင် ကျော်လွန်သွားနိုင်ခဲ့ပါတယ်..။

တံခါးပွင့်သွားခဲ့တယ်..။

လူကြီးတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဟာ လျောက်ဝင်လာခဲ့ပါတယိ..။

သက်လတ်ပိုင်း အရွယ်လူကြီး လျောက်ဝင်လာတဲ့ အချိန်မှာ တစ်ခန်းလုံးကို လှည့်ပတ်ကြည့်လိုက်ပါတယ်..။အဆုံးမှာတော့ သူ့အကြည့်တွေဟာ..အိပ်ယာပေါ် လဲနေတဲ့ ချန်းဟိုင်ဂီ ရဲ့ အပေါ်ကို ရောက်သွားခဲ့တယ်..။

"အဖေ..အမေ.."

ချန်းဟိုင်ဂီ သူ့မိဘတွေကို မြင်တဲ့ အချိန်မှာ ငိုကြွေးချင်စိတ် ပေါက်လာခဲ့ပါတယ်..။

အဖေ ချန်း ဒါကို မြင်တဲ့ အချိန်မှာ ချစ်တဲ့စိတ်ရော နောင်တရတဲ့ စိတ်ရော ..ဝင်ရောက်လာခဲ့ပြီး..

"သားလေး ဘာဖြစ်တာလဲ..။အဆင်ပြေရဲ့လား..။ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေနဲ့ ကြုံတွေ့ရတာလဲ.."

ကျိုးဘင်..လမ်းလျောက်သွားလိုက်ပြီး..

"အန်ကယ်ချန်း တောင်းပန်ပါတယ်..။ဒါက ကျွန်တော့်အမှားတွေပါ..။တကယ်လို့....."

* ဖြန်း *

အဖေချန်း ကျိုးဘင်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။သူ ဒေါသကြောင့် တုန်လှုပ်နေခဲ့ပါတယ်..။သူ အခြေအနေတွေ အများကြီး ကြုံဖူးပေမယ့် ဒီလို အချိန်မှာ သူ့ဒေါသကို ထိန်းထားဖို့ဆိုတာက မလွယ်လှပါဘူး..။

သူ့မှာ သားတစ်ယောက်ထဲရှိတာပါ..။အခု သူ့သားက ခြေထောက်ဖြတ်ပစ်ဖို့ လိူအပ်တယ် ဆိုတော့ ဒါက အနာဂတ်မှာ အသုံးမဝင်တော့ဘူးလို့ ဆိုလိူတာ မဟုတ်ဘူးလား..။

အခန်းဟာ တိတ်ဆိတ်နေခဲ့တယ်..။

ကျိူးဘင် ခေါင်းကို ငုံ့နေခဲ့တယ်..။သူ ပြန်ပြီး မကာကွယ် ရဲပါဘူး..။အဖေချန်းက သူ့ကို လူကြားထဲမှာ ရိုက်နှက်တယ် ဆိုပေမယ့် ဒါကသူ့အမှားကြောင့်ပါ..။သူသာ အစ်ကိုချန်းကို သေချာ တားနိုင်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး..။

"အန်ကယ် ချန်း..အန်တီချန်း..ဒါက ကျွန်တော့်ရဲ့ အမှားပါ..။တကယ်လို့ ရိုက်နှက်ချင်ရင် ကျွန်တော်ကို ရိုက်နှက်လို့ရပါတယ်..."

ကျိုးဘင်ဟာ ဘေးနားမှာ ဆက်မရပ်နေနိုင်တော့ပေ..။သူက ချန်းဟိုင်ဂီနဲ့ မကြာခန စကားများတယ် ဆိုပေမယ့် သူတို့က ငယ်စဥ္ကတည်းက သိပြီး အတူတူကြီးပြင်းလာကြတာပါ..။တစ်ခြား အရွယ်ရောက်သူတွေ ရဲ့ အမြင်မှာ သူတို့က အချိန်ဖြုန်းနေတဲ့ သူဌေးသားတွေဖြစ်ပေမယ့် အစ်ကိုချန်းအကြောင်းကိုတော့ သူ့ကိုသူ သိတာထက် သူပိုသိပါတယ်..။

သူတို့က ငယ်ရွယ်တဲ့ အချိန်တွေမှာ ရူးသွပ်ချင်မိကြတာပါ..။သူတို့ အသက်အရွယ်တွေ ရလာပြီ ဆိုရင် ဒီလိုအခွင့်အရေးမျိုး ရတော့မှာ မဟုတ်ပါဘူး..။

အဖေချန်းဟာ သူ့ကို ကြည့်တောင် မကြည့်ပဲ ​ချက်ချင်းပြောလိုက်တယ်..။

"ထွကိသွား..."

ကျိူးဘင် ဘာမှ ထပ်ပြီး မပြောရဲတော့ပေ..။သူ အပြင်ကို သွားပြီး ရပ်နေလိုက်ပါတယ်..။ထွက်သွားတာက ရွေးချယ်မူကောင်းတစ်ခု မဟုတ်ပါဘူး..။ဒါက မတော်တဆမူ တစ်ခုဖြစ်ပေမယ့် သူ အစ်ကိုချန်းကို မလှောင်ပြောင်ခဲ့ရင် ဖြစ်လာမှာ မဟုတ်ပေ..။

ချန်းဟိုင်ဂီကတော့ ကြောက်ရွံ့ပြီး ချွေးတွေ ထွက်နေခဲ့တယ်..။

"အဖေ..အမေ..သားကို ကယ်မှ ရမယ်နော်..။သားခြေထောက်ကို မဖြတ်ပစ်ချင်ဘူး..။မဖြတ်ပစ်ချင်ဘူး..."

အဖေချန်းလည်း သူ့သားရဲ့ ခြေထောက်ဖြတ်ပစ်ရမယ့် အပေါ်ကို သဘောမတူချင်ပေ..။သို့ပေမယ့် ဒေါက်တာက ရွေးချယ်မူ တစ်ခုတည်း ပေးထားတာပါ..။ဒီလို လုပ်တာက သူ့သားရဲ့ အသက်ကို ကယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ..။

အဲ့အချိန်မှာပဲ အဖေချန်း ဒေါက်တာကို ကြည့်လိုက်ပြီး..

"ဖြတ်ထုတ်ဖို့က တစ်ခုတည်းသော နည်းလမ်းလား.."

ဒေါက်တာဟာ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက တစ်ခုတည်းသော နည်းလမ်းပါ..."

တကယ်လို့ ဒေါက်တာ တွေသာ..အဲ့ဒီအနီးအနားမှာ ရှိပြီး..ကယ်ဆယ်ဆေးသမားတွေသာ အမြန်ကယ်ထုတ်နိုင်ရင်..သူ့ခြေထောက်တွေ ဆက်ရှိဖို့ အခွင့်အရေး ရှိနိုင်ဦးမှာပါ..။သို့ပေမယ့် အခုကတော့ နောက်ကျသွားခဲ့ပါပြီ..။

ခြေထောက်တွေ ဆိုတာက ဦးနှောက်တွေလိုပါပဲ..။တကယ်လို့ ဦးနှောက်တွေ သာ..လတ်ဆတ်တဲ့ လေထုကို လုံလုံလောက်လောက် မရရင် ..အောက်စီဂျင် လျော့ပါးမူကြောင့် သေဆုံးသွားနိုင်ပါတယ်..။

ခြေထောက်တွေကလည်း အတူတူပါပဲ..။တကယ်လို့ သွေးတွေသာ စီးဆင်းလို့မရရင် ရလာဒ်က..အသုံးပြုလို့ မရတော့တာပါပဲ..။

အမေချန်း အလျင်အမြန် ပြောလိုက်တယ်..။

"မဟုတ်ဘူး..ဒီလို ဖြတ်တောက်ဖို့ကို ငါတို့ သဘောမတူနိုင်ဘူး..။တကယ်လို့..သူ့သာ ဖြတ်တောက်ရမယ် ဆိုရင် သူ့ဘဝက လုံးဝ အဆုံးသတ်သွားပြီ.."

အဖေ ချန်း သက်ပြင်းချလိုက်ပြီး..

"ဒေါက်တာ အပြင်ဘက်ကို ခနသွားကြရအောင်.."

သူတို့က ဒီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘေဂျင်းမှာပါ..။ဆေးပညာ ကိရိယာတွေက အကောင်းဆုံးပါပဲ..။တကယ်လို့..ဒီက ဒေါက်တာတွေက..နည်းလမ်းမရှိတော့ဘူးလို့ ပြောရင် တကယ်နည်းလမ်း မရှိတော့လို့ပါပဲ..။

ရှန်းမင်..ချန်းဟိုင်ဂီ ကို နှစ်သိမ့်လိုက်တယ်..။

"အစ်ကို ချန်း..ဒါကို အရမ်းကြီး တွေးမနေပါနဲ့..."

ချန်းဟိုင်ဂီ ပြန်ပြောလိုက်တယ်..။

"ငါက ဒါကို ဘယ်လိုလက်ခံရမှာလဲ..။ဖြတ်ရမှာလေ..။ငါ့ခြေထောက်ကို ဖြတ်ပစ်လိုက်ရမှာ..။ငါက အနာဂတ်မှာ ခြေထောက်မရှိတဲ့ လူတစ်ယောက် ဖြစ်လာတော့မှာလေကွာ..။ငါ ဒါကို ဘယ်လို လက်ခံရမှာလဲ.."

ရှန်းမင် သက်ပြင်းချလိုက်တယ်..။သူတို့လည်းဟဘာတတ်နိုင်မှာလဲ..။မာစတာလင်းက အကြံဥာဏ်ပေးခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့တာပါ..။အခု တစ်ခုခုဖြစ်လာပြီ ဆိုတော့ ဘယ်သူမှ မတတ်နိုင်တော့ပါဘူး..။

ဒါက တကယ်ကို သူ့ရဲ့ အမှားပါပဲ..။

တကယ်လို့ ဒီလေးစားရတဲ့လူသာ ဒါကို သိရင် သူ ​ပြောမယ့် စကားက တစ်ခွန်းတည်း ရှိပါတယ်..။

"မင်းက တကယ် ထိုက်တန်တယ်..."

…

အပြင်ဘက်..။

အဖေ ချန်း ဒေါက်တာ နဲ့ ဆက်လက်ဆွေးနွေး နေခဲ့တယ်..။သူတို့က ဖြတ်တောက်ပြီးတဲ့နောက်မှာ ခြေထောက်အတု တပ်ဖို့ကို ပြောနေခဲ့ကြတာပ့.။လက်ရှိနည်းပညာ တွေအရ ခြေထောက်အတု တပ်တာက အလုပ်ဖြစ်ပါတယ်..။သူသာ သေချာ လေ့ကျင့်ပေးရင် လမ်းလျောက်ဖို့ ဆိုတာက ပြသနာ မရှိနိုင်ပါဘူး..။

အခြေအနေက ဒီလို ဖြစ်လာပြီ ဆိုမှတော့ သူတို့ ဘာလုပ်နိုင်မှာလဲ...။

ဖြတ်တောက်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းပါ..။သူ့သား..ဘဝ ဆုံးရှုံးသွားမှာကိုတော့ သူ ထိုင်ကြည့်မနေချင်ပေ..။

အဲ့အချိန်မှာပဲ..လူတစ်ယောက်ဟာ ဆေးရုံကို ရောက်လာခဲ့တယ်..။

ကျိုးထျန်းဖူဟာ သူ့နဲ့ အတူလက်တွဲလုပ်မယ့် ပါတနာက ..မတော်တဆမူ တစ်ခုဖြစ်တယ် ဆိုတာကို အခုပဲ သတင်းရခဲ့တာပါ..။သူ ဒါကို ကြားကြားချင်း အံ့ဩသွားခဲ့တယိ..။မာစတာလင်းက သူ့ကို သတိပေးထားတာ မဟုတ်ဘူးလား..။သူက ဘာလို့ ဒါကို နားမထောင်တာလဲ...။

ဒါသာ အရင်တုန်းက ဆိုရင် သူလုံးဝ လာမှာ မဟုတ်ပါဘူး..။

သိူ့ပေမယ့် ချန်းဟိုင်ဂီက သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ သူကျိန်းသေ လာကြည့်ရမှာပါ..။

အဖေချန်းဟာ မတ်တပ်ရပ်ပြီး ဒေါက်တာနဲ့ စကားပြောနေခဲ့တယ်..။သူ ကျိုးထျန်းဖူကို မြင်တဲ့ အချိန်မှာ မျက်မှောင်ကျုတ်လိုက်ပါတယ်..။ပုံမှတ်အားဖြင့် သူကျိုးထျန်းဖူ ကို မှတ်မိပေမယ့် ကျိုးထျနိးဖူကတော့ သူ့ကို မှတ်မိတဲ့ပုံ မရှိပေ..၏

သိူ့ပေမယ့် လက်ရှိအခြေအနေအရ အဖေချန်းဟာ ကျိုးထျန်းဖူကို..နှုတ်ဆက်ဖို့ ခံစားချက် မရှိပါဘူး..။

အပြင်ဘက်မှာ သူတို့နှစ်ယောက် ခနလောက် အကြည့်ချင်းဆုံ သွားခဲ့တယ်..။ကျို့ထျန်းဖူ ခေါင်းညိမ့်ပြပြီး အခန်းထဲကို ဆက်ဝင်သွားခဲ့ပါတယ်..။

"ချန်းဟိုင်ဂီ ဘယ်လိုဖြစ်တာလဲ..။မာစတာလင်းကမင်းကို အန္တရာယ် ရှိတဲ့ အလုပ်တွေ မလုပ်ဖို့ ပြောထားတယ်လေ..။ဘာလို့ နားမထောင်တာလဲ.."

ကျို့ထျန်းဖူ ခံစားချက်မဲ့စွာ ပြောလိုက်တာပါ..။

"သခင်လေး.."

ချန်းဟိုင်ဂီ ခေါင်းကို ငုံ့လိုက်ပြီး...

"ကျွန်တော် နောင်တရနေပါပြီ..။ကျွန်တော် တကယ် နောင်တရနေပါပြီ..။ဒါပေမဲ့ အခုက နောက်ကျသွားပြီလေ..။ဒေါက်တာက ကျွန်တော်ရဲ့ ခြေထောက်ကို ဖြတ်ပစ်ရမယ်လို့ ပြောတယ်..."

ကျို့ထျန်းဖူ မျက်မှောင်ကျုတ်လိုက်တယ်..။

ဖြတ်ပစ်ရမှာလား....

ဒါက သူ့ဘဝ အဆုံးသတ်သွားမှာ မဟုတ်ဘူးလား...

သူတို့ ကျို့ထျန်းဖူကို မြင်တဲ့ အချိန်မှာ ဘေးနားက သူငယ်ချင်းတွေဟာ အသက်တောင် မရူရဲကြပါဘူး..။

သူတို့က ချမ်းသာကြပေမယ့် ..သခင်လေး ကျို့ နဲ့ ယှဥ္ရင် တော့ အဝေးကြီးမှာပါ..။

ကျို့ထျန်းဖူ ပြောလိုက်တယ်..။

"ဒါက အတော်လေးနက်တာပဲ..."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။သူ ဘာမှ ထပ်မပြောပါဘူး..။ဒါက အတော်လေးနက်တယ် ဆိုတာ သူလည်း သိထားပါတယ်..။ဒီမတော်တဆ မူကြောင့် သူ့ဘဝက အဆုံးသတ်သွားတော့မှာပါ..။

"ဒါပေမဲ့ မင်းရဲ့ ကံတရားကို အမြဲတမ်း စမ်းသပ်ကြည့်လို့ရတယ်လေ.."

ကျို့ထျန်းဖူ ပြောလိုက်တာပါ..။

"ဟင်..."

ချန်းဟိုင်ဟီ. ချက်ချင်း ခေါင်းမော့ပြီး.သခင်လေး ကျို့ကို ကြည့်လိုက်တယ်..။ဒီစကားက ဘာကို ဆိုလိုမှန်း သူနားမလည်ပါဘူး..။

All Chapters