← Chapters

လူမှားရွေးလို့ မရဘူး..

Vol. 40 Ch. 593

လူမှားရွေးလို့ မရဘူး..

Vol. 40 Ch. 593

#ဘာသာပြန် = စနိုးဝှိုက်

ချန်းဟိုင်ဂီ စိတ်မရှည်စွာ မေးလိုက်တယ်..။

"သခင်လေး..အခုပြောတာက ဘာကို ဆိုလိုတာလဲ..။ကျွန်တော်ရဲ့ ကံတရားကို စမ်းသပ်လို့ရတယ် ဆိုတာကလေ..."

သူ့အတွကိတော့...သခင်လေး ကျို့ မှာ ကျိန်းသေ အစီအစဥ္ တစ်ခု ရှိလောက်ပါတယ်..။

သူ့ တကယ် ခြေထောက်ကို မဖြတ်တောက် ချင်ပေ..။သူ ဘယ်လို ပေးဆပ်မူမျိုးကိုပဲ လုပ်ရလုပ်ရ ခြေထောက်ကို မဖြတ်ပစ်ချင်ပါဘူး..။

ရှန်းမင် ပြောလိုက်တယ်..။

"သခင်​ေလး..အစ်ကို ချန်းကို ကူညီပေးပါဦး..။သူက မာစတာလင်းရဲ့ စကားတွေကို မယုံကြည်တာမဟုတ်ဘူး...ဒါပေမဲ့...ဟင်း...."

အဲ့အချိန်မှာပဲ..အမေ ချန်းဟာ..သခင်လေး ကျို့ကို ကြည့်လိုက်ပြီး..

"အန်တီ သား အတွက် မျှော်လင့်ချက် ရှိသေးတာလား..။တကယ် အခွင့်အရေး ရှိနေတာလား..."

ကျို့ထျန်းဖူ ခနကြာအောင် တွေးပြီးမှ ပြောလိုက်တယ်..။

"ကျွန်တော်လည်း အတိအကျ တော့ မသေချာဘူး ဒါပေမဲ့ မာစတာ လင်းကို သွားတွေ့ဖို့ အကြံဥာဏ်ပေးချင်တယ်..။မာစတာလင်း က နတ်ဆေးဆရာ ဆိုတာကို သိထားသင့်တယ်..။ဆေးရုံကလည်း ရွေးချယ်စရာ မရှိဘူးလို့ ပြောနေမှတော့ ဘာလို့ ရှန်ဟိုင်းကို သွားပြီး မစမ်းသပ်ကြည့်တာလဲ..."

"မာစတာလင်း.."

ချန်းဟိုင်ဂီဟာ ခနလောက် တွေးတော့လိုက်ပြီး..သူ့မျက်နှာမှာ မျှော်လင့်ချက် အရိပ်အယောင်တွေ ပြန်ပေါ်လာခဲ့ပါတယ်..။

"ဟုတ်တယ်..မာစတာလင်း ဆီကို သွားရမယ်..။သူမှာ ကျိန်းသေ နည်းလမ်းရှိမှာပဲ..."

အဖေချန်း တံခါးကို ဖွင့်ပြီး ဝင်လာခဲ့တယ်..။

"သခင်လေး ကျို့..မင်းပြောတဲ့ မာစတာလင်း ဆိုတာက ဘယ်သူလဲ.."

"တကယ်တော့ သူက ဒီီလို အခြေအနေ ဖြစ်မလာသင့်ဘူး..။မာစတာလင်းက ဒီရက်ပိုင်း အန္တရာယ် ရှိတဲ့ အလုပ်အကိုင်တွေ မလုပ်သေးဖို့ သူ့ကို သတိပေးထားပြီးသား..။ဒါပေမဲ့ သူ နားမထောင်တာကတော့ အရှက်ရစရာပဲ.."

ကျို့ထျန်းဖူ နောင်တရစွာ ခေါင်းခါယမ်းလိုက်တယ်..။သို့ပေမယ့် သူ မာစတာလင်းရဲ့ စွမ်းဆောင်ရည်တွေကို ပိုပြီး နောင်တရမိပါတယ်..။မာစတာလင်းက တစ်စုံတစ်ယောက် ရဲ့ ကံကြမ္မာကို အမှန်တကယ်ပဲ ကြိုမြင်နိုင်နေခဲ့တာပါ..။

အဖေချန်းရဲ့ နှလုံးသားဟာ လှုပ်သွားခဲ့တယ်..။ဒီလို လေးစားရတဲ့..လူက သူ့သားကို သတိပေးခဲ့ပေမယ့် သူ့သားက နားမထောင်ခဲ့ပါဘူး..။ဒါကြောင့်ပဲ ကပ်ဆိုးက ဖြစ်ပေါ်လာရတာပါ..။

သူက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက် ဖြစ်တာကြောင့် လူပေါင်းများစွာကို တွေ့ဖူးပေမယ့် တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ဒီလောက် တိကျအောင် ဟောနိုင်တဲ့ လူကို မတွေ့ဖူးခဲ့ပေ..။သို့ပေမယ့် သူ သခင်လေး ကျို့ရဲ့ အဆင့်အတန်းကို သိတာကြောင့် ယဥ္ကျေးစွာ မေးလိုက်တယ်..။

"သခင်လေး ကျို့..ဒါက ဖြစ်နိုင်ပါ့မလား..."

ကျို့ထျန်းဖူ အနည်းငယ် ရယ်မောလိုက်ပြီး..

"ဒါက တကယ်မဖြစ်နိုင်ဘူးပေါ့..။ဒါပေမဲ့ တစ်စုံတစ်ခုကို မတွေ့ရတာနဲ့ မဖြစ်နိင်ဘူးလို့ ပြောလို့ မရဘူးလေ..။ဟိုင်ဂီ မင်းက ငါ့ရဲ့ မိတ်ဆွေ ဖြစ်နေတော့ မင်းရဲ့ ဘဝတစ်လျောက်လုံးကို ဒုက္ခိတ ဘဝ မဖြစ်စေချင်ဘူး..။မင်း ရှန်ဟိုင်းကို သွားပြီး မာစတာလင်း နဲ့ တွေ့တာ မတွေ့တာကတော့ မင်းအပေါ်မှာပဲ မူတည်သွားပြီ..."

ချန်းဟိုင်ဂီ တစ်စက္ကန့်တောင် မတွေးပဲ ပြန်ဖြေ လိုက်တယ်..။

"ကျုပ်သွားမယ်..."

ဒါက နောက်ဆုံး မျှော်လင့်ချက်ပါ..။သူ့ဘဝ တစ်လျောက်လုံး ဒုက္ခိတ ဘဝ မဖြစ်ချင်ပါဘူး..။ဘယ်လိုပဲ ဖြစ်ဖြစ် သူသွားရပါလိမ့်မယ်..။ဒါက မျှော်လင့်ချက် သေးသေးလေး ဆိုရင်တောင် သူကြိုးစားရမှာပါ..။

ချန်ဟိုင်ဂီ မျှော်လင့်ချက်လေး ရှိနေတုန်းမှာပဲ ကျို့ထျန်းဖူ ရဲ့ နောက်ထပ်စကားလုံးတွေဟာ သူ့ကို ျကြာက်ရွံ့စေခဲ့တယ်..။

"မာစတာ လင်းက မင်းကို သတိပေးခဲ့ပေမယ့် မင်းက နားမထောင်ခဲ့ဘူးဆိုတော့ ဒါက မာစတာလင်းကို မပျော်မရွှင်ဖြစ်စေမှာကို စိုးရိမ်မိတယ်..။မင်းသာ ဒီတိုင်းသွားရင် ရှင်းပြရခက်နေမှာပဲ..။ငါကလည်း မာစတာလင်းနဲ့့ အရမ်းရင်းနှီးတာ မဟုတ်ဘူး..။ဒီတော့ မသွားခင် တစ်ခုခု ပြင်ဆင်သွားဖို့ လိုအပ်တယ်..။မင်းက အရှက်ရအောင် လုပ်ထားတော့ မာစတာလင်း..မပျော်မရွှင်ဖြစ်မှာ အသေအချာပဲ..."

ကျို့ထျန်းဖူ ပြောလိုက်တာပါ..။

ချန်းဟိုင်ဂီ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ​ပြန် ပြောလိုက်တယ်..။

"သခင်လေး..ကျွန်တော် နားလည်ပါတယ်..။တကယ်လို့ သခင်လေးကျို့သာ သတိမပေးရင် ဒီလို တွေးမိမှာ မဟုတ်ဘူး.."

ယင်းနောက် သူ သူ့အဖေ ဘက်ကို လှည့်လိုက်ပြီး..

"အဖေ မာစတာလင်းက တကယ်တော်တဲ့ လူတစ်ယောက်ဖြစ်သလို နတ်ဆေးဆရာလေး လဲဖြစ်နေတယ်..။သူက သားရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ..။သားသာ သူ့ဆီ မသွားခဲ့ရင် ကျန်တဲ့ ဘဝတစ်လျောက်လုံး နောင်တရနေရတော့မှာ..."

အဖေ ချန်း ပြောလိုက်တယ်..။

"ဟိုင်ဂီ ရဲ့ခြေထောက်ကို မဖြတ်ရဘူးဆိုရင် ဘယ်လို တောင်းဆိုမူမျိုးကိုမဆို လက်ခံပေးနိုင်တယ်..။ဒါပေမဲ့ သူ့ရဲ့ အခြေအနေက သွားဖို့ အဆင်မပြေဘူးလေ..။မာစတာလင်းအတွက် ကိုယ်ပိုင်လေယာဥ္ တစ်စီး စီးစဥ္ပြီး ဒီကို ဖိတ်လိုက်ရင် ဘယ်လိုလဲ..."

ကျို့ချန်းဖူ ပြုံးလိုက်ပြီး..

"စစ်ရေးဆိုင်ရာ ခေါင်းဆောင် ချန်း..က မြင့်မားတဲ့ အဆင့်အတန်း ရှိပြီး ..လုပ်ပိုင်ခွင့်တွေ ရနေပေမယ့် ဒါတွေက အသုံးမဝင်မှာ စိုးရိမ်မိတယ်..။ကျွန်တော်တောင် သူ့ကို ကျေးဇူးတင်ဖို့ ရှန်ဟိုင်းသွားခဲ့ရတာကို..ခေါင်းဆောင် ချန်းက..သူ့ကို ဒီကို လှမ်းခေါ်ချင်တာလား..။မာစတာလင်းနဲ့ ကျွန်တော်က သိပ်မရင်းနှီးပေမယ့် သူလုံးဝ လာမှာမဟုတ်ဘူးဆိုတာ ကျိန်းသေသိတယ်..။ကျွန်တော် တို့က သူ့ကို မပျော်မရွှင်ဖြစ်အောင် လုပ်ထားမှတော့ သူ့ကို ဒေါသ ထပ်ထွက်အောင် မလုပ်သင့်ဘူးလေ.."

အဖေ ချန်း ခေါင်းညိမ့်လိုက်တယ်..။သူလည်း ဒါကို မြင်နိုင်ပါတယ်..။ပြီးတော့ သခင်လေး ကျို့က သူဘယ်သူလဲ ဆိုတာ သိနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ချန်းဟိုင်ဂီ ပြောလိုက်တယ်..။

"အဖေ..သား..ရှန်းမင် နဲ့ သွားလိုက်မယ်လေ..။ဒါက သားကြောင့်ဖြစ်တာ ဆိုတော့ သားကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်..."

ကျို့ထျန်းဖူ အခြေအနေ အကုန် စီစဥ္ပြီးသွားမှ ပြောလိုက်တယ်..။

"ကောင်းပြီ ငါ အခုသွားတော့မယ်..။ငါ့အစား မာစတာလင်းကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး..."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။အဆုံးမှာတော့ အဖေချန်းကပဲ ကျိုးထျန်းဖူကို လိုက်ပို့လိုက်ပါတယ်..။

သူ့ရဲ့ ရာထူးက ကျို့ထျန်းဖူ ထက် ပိုမြင့်တယ်လို့ ဆိုကောင်းဆိုနိုင်ပေမယ့်..ကျို့မိသားစုက ​ဘေဂျင်းမှာ သွားရှုပ်လို့မရတဲ့ မိသားစု တစ်ခုပါ..။

…

တိမ်ဖြူလမ်း..။

လင်းဖန် သူ့ နှာဖူးပေါ်ကို လက်ညိုးတင်ပြီး ကံကြမ္မာကို တွက်ချက်နေခံ့တယ်..။ယင်းနောက် သူ ခေါင်းခါယမ်းလိုက်ပြီး..

"မင်း ပုန်းနေလို့မရဘူး..။ဒါက ရေစက်ကြောင့်ပဲဖြစ်ဖြစ် အနာဂတ်ကြောင်ပဲဖြစ်ဖြစ် အကုန်လုံးက ကံတရားပဲ.."

ဝူယူလန် သိချင်စွာ မေးလိုက်တယ်..။

"အစ်ကိုလင်း ဘာလုပ်နေတာလဲ..။ဘာ ကံတရားလဲ.."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"ဘာမှ မဟုတ်ဘူး..ဒီတိုင်း ကိစ္စသေးသေးလေးပါ..။တစ်ချို့လူတွေက ကံတရားအတိုင်းမွေးဖွား လာကြတာလေ..။ငါက ဒီတိုင်း တစ်ခုခုကို တွေးတော နေတာ..."

ဝူယူလန် ရဲ့ လှပတဲ့ မျက်လုံးတွေဟာ မြောက်တက်သွညးခဲ့တယ်..။

"ဘာဖြစ်နိုင်မလဲ..။ညီမကို ပြောပြ...အကြံဥာဏ်ပေးလို့ရရင်လည်း ပေးမှာပေါ့.."

လင်းဖန် ပြုံးလိုက်ပြီး..

"မေ့လိုက်တော့...။မင်းနာလည်မှာ မဟုတ်ဘူး..။မပြောတာက အကောင်းဆုံးပဲ..."

လူလိမ် ထျန် ပြုံးပြီး ပြောလိုက်တယ်..။

"ကောင်လေး မင်းက ကိစ္စတွေကို လျို့ဝှက်ပြီး လုပ်ရတာ ကြိုက်တဲ့ပုံပဲ..။အဲတာ ငါနဲ့ နေတာများလို့ ငါ့ရဲ့ ပညာတွေကို တတ်သွားတာ..."

" အဟွတ် "

ကျောက်ကျန်းဟန် ကူညီရာမဲ့စွာပဲ ပါးစပ်ထဲက လဖက်ရည်တွေ အပြင်ကို ပြန်ထွက်သွားခဲ့တယ်..။ယင်းနောက် သူ ပါးစပ်ကို အမြန်သုတ်လိုက်ပြီး..

"လူလိမ် သရုပ်ဆောင်နေတာ ရပ်လိုက်တော့..။တစ်ခြားလူတွေသာ ခင်ဗျားကို ယုံကြည့်ကြလိမ့်မယ်..။ကျုပ်တို့က အတူတူနေလာတာ ကြာပြီး..ဒါကြောင့် ကြီးကြီးကျယ်ကျယ် တွေ မပြောပါနဲ့တော့..."

"ဟားဟား.."

လူတိုင်းရယ်မောလိုက်ကြတယ်..။

လူလိမ် ထျန် သူ့ကို စိုက်ကြည့်လိုက်ပြီး..

"မင်းက ဘာသိလို့လဲ ကောင်လေး..."

ကျောက်ကျန်းယန် မသိတာက လူလိမ်ထျန်မှာ တကယ့်ကျွမး်ကျင်မူ တစ်ခုရှိပြီး အဲတာကတော့ ကိုယ်ခံပညာပါပဲ..။လက်ရှိ ခေတ်အခြေအနေအရ ဆိုရင် သူ့က မာစတာ အဆင့်မှာ ရှိပါတယ်..။သို့ပေမယ့် သူက လင်းဖန်ကိုတော့ မယှဥ္နိုင်ပေ..။

လင်းဖန်က စူပါ မာစတာ အဆင့်ပါ..။သူက မာစတာတွေ သွားယှဥ္လို့ရတဲ့ အဆင့်မှာ မဟုတ်ပါဘူး..။

လင်းဖန် တို့စကားပြောနေတုန်းမှာပဲ..အပြင်ကနေ အသံတွေကို ကြားလိုက်ရတယ်..။

အကြီးအကဲ လိန်ဟာ အမြန်ရောက်လာခဲ့ပြီး..

"သူဌေးလေး မကောင်းတော့ဘူး..ကွန်ပြူတာတွေ ရောင်းတဲ့ ကောင်လေး ဝမ်က..အဆောက်အဦး တစ်ခုပေါ်ကနေ ခုန်ချဖို့ လုပ်နေတယ်..."

"ဟင်.."

လင်းဖန် အနည်းငယ် ကြောင်အသွားခဲ့တယ်..။

"ဘာဖြစ်တာလ​ဲ..။သူက ဘာလို့ ရုတ်တရက်ကြီး အဆောက်အဦးပေါ်က ခုန်ချချင်ရတာလဲ.."

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"ကျွန်တော်လည်း မ​ေသချာဘူး..။ဒါပေမဲ့ သူ့ကောင်မလေးက နောက်ကောင်လေး တစိယောက်နဲ့ တွဲသွားတယ်လို့တော့ ပြောသံကြားတယ်..။သူက ဒါကို မခံစားနိုင်ပဲ..ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားချင်တာလေ..."

လင်းဖန် အံ့ဩသွားခဲ့တယ်..။ဒီရက်ပိုင်း ကိုယ့်ကိုကို သတ်သေမယ့်လူတွေ အတော်များနေခဲ့တာပါ..။ဒါက နည်းနည်းတော့ များနေခဲ့ပါပြီ..။ဟုတ်တယ်မလား...။

"လာ..လာ..အမြန်သွားကြည့်ကြရအောင်..."

လူလိမ်ထျန် ခေါင်းခါယမ်းပြီး အကူညီမဲ့စွာ ပြောလိုက်တယ်..။

"အချစ်က တကယ်ကို နာကျင်ရတာပဲ..။ကောင်လေး ဝမ် ဒီအခြေအနေ နဲ့ ကြုံရမယ်လို့ ကြိုမတွေးမိဘူးလား မသိဘူး..."

လမ်းမှာပဲ လင်းဖန်ဟာ မေးလိုက်တယ်..။

"ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ.."

လူလိမ် ထျန်ဟာ ဝမ်းနည်းသွားခဲ့ပြီး...

"ငါက လူတွေကို သေချာ ခန့်မှန်းတတ်တယ်..။ငါ အရင်တုန်းက ကောင်လေး ဝမ်ရဲ့ ကောင်မလေးကို တစ်ခါတွေ့ဖူးတယ်လေ..။သူမက အရမ်းလှပတာ..။သူမက ခေါင်းအစ ခြေအဆုံး အဆင့်အတန်းမြင့် ပစ္စည်းတွေကိုပဲ သုံးထားပြီး ငွေကြေးသုံးစွဲတာလည်း အရမ်းကြမ်းတယ်..။ကောင်လေး ဝမ်က ဒါတွေကို ဘယ်လို တတ်နိုင်မှာလဲ..။ဒါက ငါ ခန့်မှန်းတာပါ..။အခုတော့ သူမ ကောင်လေး ဝမ်ကို ထားခဲ့ပြီလေ..။ဒါက ကောင်လေး ဝမ်အတွက်ကတော့ ကြီးမားတဲ့ ရိုက်ချက်ကြီးပဲ..။မိသားစုနဲ့ အဝေးမှာနေပြီး အထီးကျန်နေတဲ့ ကောင်လေး ဝမ် အတွက်ကတော့ ဒါက..ရပ်တည်နိုင်ဖို့ခက်ခဲတဲ့ ထိုးနှက်ချက်တစ်ခုပဲ.."

"ဒါက မဟုတ်သေးဘူးနော်..။ကျွန်တော် သူ့ဆိုင်မှာ ကွန်ပြူတာသွားဝယ်တုန်းကတောင် သူ့မှာ ကောင်မလေး မရှိသေးဘူး..။ဘယ်လိုဖြစ်ပြီး ဒီတစ်လ လောက်အတွင်းမှာ ကောင်မလေး ရသွားတာလဲ.."

လင်းဖန် ပဟေဠိဖြစ်စွာမေးလိုက်တာပါ..။

လူလိမ် ထျန် ပုခုံးတွန့်လိုက်ပြီး..

"ဘယ်သူသိမှာလဲ..။ဒီတိုင်း ကောင်လေး ဝမ် ရဲ့ ကြိုးစားအားထုတ်မူကြောင့် ဖြစ်မှာပေါ့..."

လင်းဖန်လည်း အများကြီး မတွေးတော့ပေ..။သူတို့ ဖြစ်နေတဲ့ နေရာကိုသာ အမြန်သွားလိုက်ကြပါတယ်..။

သူတို့ ရောက်တဲ့ အချိန်မှာ အကုန်ရှပ်ထွေးနေခဲ့တယ်..။ဒီမှာ လူတော်တော်များများ ရောက်နေခဲ့ပါပြီ..။

အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာတော့ ကောင်လေး ဝမ်ဟာ ထိုင်နေခဲ့တယ်..။သူ့ရဲ့ ခံစားချက်တွေကတော့..သိပ်မတည်ငြိမ်နေခဲ့ပါဘူး..။

"လီရှောင်ရှောင်..ဘာလို့လဲ...။ငါက မင်းအတွက် မလုံလောက် ဘူးလား..ဟမ်..။ဘာလို့ နောက်တစ်ယောက် နဲ့ တွဲပြီး ငါ့နောက်ကျောကို ဓားနဲ့ ထိုးသွားရတာ လဲကွာ...."

လူလိမ် ထျန် အံ့ဩသွားခဲ့ပြီး..

"ချီးပဲ..အပစ်ခံလိုက်ရတာ မဟုတ်ဘူး..။လိမ်ညာ ခံလိုက်ရတာပဲ..။ကောင်လေး ဝမ် မခံစားနိုင်တာ မထူးဆန်းတော့ပါဘူး..။ကြည့်ရတာ သူ လူမှားရွေး ခဲ့မိပြီထင်တယ်..."

လင်းဖန် လည်း ခေါင်းညိမ့်လိုက်ပါတယ်..။သူ တကယ် လူမှားရွေးခဲ့တာပါ..။

All Chapters