နိုဘီတာ ရဲ့ ခွင့်လွှတ်မူ ဦးထုတ်
Vol. 40 Ch. 594
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင် တွေ အကုန်လုံးဟာ သူ့ကို နားချနေကြပါတယ်..။
"ကောင်လေး ဝမ် အခု ပြန်ဆင်းလာခဲ့..။ဒါက မထိုက်တန်ဘူးလေ..။အစ်မမင်းကို ပိုကောင်းတဲ့ မိန်းကလေး နဲ့ မိတ်ဆက်ပေးမယ်..။ဒီလို မိန်းကလေး မျိုးနဲ့..ဝေးသွားရတာက ကောင်းတဲ့ အရာပဲ.."
"ဟုတ်တယ် ကောင်လေးဝမ်..။ရူးမိုက်တာတွေကို မလုပ်မိစေနဲ့..."
"ဒီမိန်းကလေးက အတော်ဆိုးရွားတာပဲ..။ငါတို့ရဲ့ ကောင်လေး ဝမ်ကို တောင် အနိုင်ကျင့်ရဲ့တယ်..။ဒီလို လိ္မ္မာယဥ္ကျေးတဲ့ ကောင်လေးက ဘာလို့ ဒီလို မိန်းကလေးနဲ့မှ တွေ့ရတာလဲ မသိဘူး..."
လူတိုင်းက ဝိုင်းပြီး နားချနေကြပေမယ့် ဒါတွေက ကောင်လေး ဝမ်အပေါ်ကို တော့ အကျိုးသက်ရောက်မူ မရှိပေ..။ကောင်လေး ဝမ်ကတော့ ထိုင်မြဲအတိုင်း ထိုင်နေပြီး သူ့စိတ်တွေက အတွေးလွန်နေခဲ့ပါတယ်..။
ရုတ်တရက် လူအုပ်ထဲက ဒေါသထွက်တဲ့ အသံတွေ ထွကိပေါ်လာခဲ့တယ်..။
"မိန်းကလေး မင်းဘာလုပ်ချင်နေတာလဲ..။မင်းက ကောင်လေးဝမ်ကို နားချရမယ့် အစား ထွက်သွားချင်နေတာလား..."
"မင်းက တကယ် လူမဆန်တာပဲ..။မင်းက မင်းဖြတ်ချင်တဲ့ အချိန်မှာ ဖြတ်လိုက်တယ်..။မင်းရဲ့ ချစ်သူ အသစ်ကိုတော့ ကောင်လေး ဝမ် ရဲ့ရှေ့ကို ခေါ်မလာသင့်ဘူးလေ.."
အဲ့အချိန်မှာပဲ..လူငယ်လေးတစ်ယောက်နဲ့..ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောကိကို..လူအုပ်ကြီးက ဝိုင်းထားလိုက်ကြပါတယ်..။မိန်းကလေး ရဲ့ လက်ထဲမှာတော့ တန်ဖိုးကြီးတဲ့ လက်ကိုင်အိတ် တစ်ခု ရှိနေပြီး သူ့မဘေးမှာ ရှိတဲ့ လူငယ်လေးဟာ အော်လိုက်တယ်..။
"လမ်းဖယ်ပေးကြ..။သူ့ဟာ သူ ခုန်ချတာက ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး..။ဘေးကိုဖယ်..."
လူလိမ် ထျန် ရှေ့ကို သွားကြည့်လိုက်ပြီး..
"ကြည့် ..ဒါက ကောင်လေး ဝမ် ရဲ့ ကောင်မလေးပဲ..။ဒီမိန်းကလေးက သူမရဲ့ ရည်းစားအသစ်ကို ကောင်လေးဝမ် ရှေ့ ခေါ်လာရအောင် ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ဒါက သူ့ကို ရန်စသလို ဖြစ်မနေဘူးလား..."
လင်းဖန် လှမ်းကြည့်လိုက်တယ်..။ဒါက အမှန်ပါပဲ..။ဒီ မိန်းမလှလေးက ဖက်ရှင်ကျကျ ဝတ်ဆင်ထားခဲ့တာပါ..။သူမဘေးက ကောင်လေးကလည်း သူဌေးသား ပုံစံမျိုး ဝတ်ဆင်ထားခဲ့တာပါ..။လံူးဝ ဆင်းရဲမယ့် ပုံစံမျိုး မရှိပါဘူး..။
ချင်းဟောင်ရန် ..အနည်းငယ် စိတ်ရှုပ်သွားခဲ့တယ်..။ဒီလူတွေက ဘာလုပ်နေကြတာလဲ..။သူက အရှုံးသမားတစ်ယောက်က မိန်းမလှ လေးတစ်ယောက်နဲ့ တွဲနေတာ မြင်တာကြောင့် မိန်းမလှလေးကို ပိုးပန်းဖို့ ကြိုးစားခဲ့တာပါ..။ဒီ မိန်းမလှလေးက ပိုက်ဆံကို ကြိုက်နှက်သက် နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ..။သူ့အတွကိကတော့ ပိုက်ဆံက ပြသနာ မဟုတ်ပါဘူး..။
ဒါက ပိုက်ဆံပဲလေ..။သူ့မှာ ရှိတာကလည်း ပိုက်ဆံပါပဲ..။
ဒါကြောင့် သူ သူမကို ချက်ချင်း ဆွဲဆောင်နိုုင်ခံပါတယ်..။
သူတို့ မနေ့ညက ပျော်ပါးပြီးတဲ့ ..နောက်မှာ ဒီနေ့ နေ့လည်ဘက် ..အရှုံးသမားဆီကို လာပြီး မင်းကောင်မလေးက ငါ့ဆီရောက်သွားပြီလို့ ပြောဖို့ လာခဲ့ကြတာပါ..။
အရှုံးသမားက ဒါကို ဘာများတတ်နိုင်ဦးမှာလဲ....
သိူ့ပေမယ့် ဒီကောင်က ဒီလောက် စိတ်မြန်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူက ရုတ်တရက် အဆောက်အဦးပေါ်တက်သွာပြီး ခုန်ချဖို့ လုပ်ရင်း ဒီအေခြအနေကို ဖြစ်ပေါ်စေခဲ့တာပါ..။
လီရှောင်ရှောင်ဟာအိတ်ကို ဆွဲထားရင်း..ခေါင်းမိုးပေါ်မှာ ရှိနေတဲ့..သူမရဲ့ ရည်းစားဟောင်းကို ကြည့်လိုက်တယ်..။သူမ အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့ပါတယ်..။ယင်းနောက် သူမ ဘေးနားမှာ ရှိနေတဲ့..ကောင်လေးကို ကြည့်ပြီး ပြုံးလိုက်တယ်..။ဒါကမှ တကယ့်မင်းသားလေး ပါပဲ..။ဒီ ကောင်လေးဝမ် က သူမအတွက် စိတ်ရှုပ်စရာ ဖြစ်နေခဲ့တာ အချိန်အတော်ကြာနေခဲ့ပါပြီ..။
"မိန်းကလေး.သူ့ကို ဒီလို မလုပ်ဖို့ မင်းမတားပေးနိုင်ဘူးလား..။သူ ဒီလို ခုန်ချမှာကိုမင်း ကြည့်နိုင်ရဲ့လား..."
လူအုပ်ထဲက တစ်စုံတစ်ယောက်က ပြောလိုက်တာပါ..။
လီရှောင်ရှောင် မျက်မှောင်ကျုတ်လိုက်ပြီး..
"သူ့ဟာသူ ခုန်ချတာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ..။ကျွန်မနဲ့ သူနဲ့က ပြီးပြီးသွားပြီ..။သူ့ကို ဘယ်သူကမှ မခုန်ချခိုင်းဘူး..."
လူအုပ်ကြီးဟာ ပြောလိုက်တယ်..။
"မငိးနည်းနည်းလောက် အကျိုးသင့် အကြောင်းသင့် ပြောလို့မရဘူးလား..။သူ့ကို စကားလေးနည်နည်းပြောလိုက်ရတာ ဘာဖြစ်သွားမှာ မို့လို့လဲ..။မင်း မကြိုက်ဘူးဆိုရင်တောင် ကောင်လေးဝမ် ကို ဒီတိုင်း ပြောလိုက်လို့ရတယ်လေ..။မင်းရဲ့ ရည်းစားကို ဒီကို ခေါ်လာဖို့ လိုအပ်လို့လား..။ဒါက မင်းသူ့ကို ရည်ရွယ်ရှိရှိ လုပ်နေတာ မဟုတ်ဘူးလား..."
"ဒါအမှန်ပဲ..။ငါ မင်းကို ပြောလိုက်မယ်..။တကယ်လို့ ကောင်လေးဝမ် ခုန်ချပြီး သေသွားခဲ့ရင် မင်းတို့ကို လူသတ်သမားတွေ အဖြစ်တရားစွဲ မယ်..."
လီရှောင်ရှောင် အနည်းငယ် ကြောက်ရွံ့သွားခဲ့တယ်..။
"ဒါက...."
သိူ့ပေမယ့် အဲ့အချိန်မှာပဲ..ချင်းဟောင်ရန်ဟာ..သူမကို ဖက်လိုက်ပြီး အထင်သေးစွာ ပြောလိုက်တယ်..။
"ဟီးဟီး..ဘယ်သူ့ကို ခြောက်လှန့်ဖို့ လုပ်နေတာလဲ..။သူ ခုန်ချ ချင်ရင် ခုန်ချလို့ရတယ်..။တကယ်လို့ မခုန်ချဘူးဆိုမှ ငါသူ့ကို အထင်သေးမိမှာ..။ရှောင်ရှောငိ အဲ့ အရှုံူးသမားကို ဂရုစိုက်မနေနဲ့ သွားကြမယ်..."
လီရှောငိရှာင် ခေါင်းညိမ့်လိုကိတယိ..။သူမ ဒီနေရာက ထွက်သွားချင်နေတာ ကြာလှပါပြီ..။
"အာ..ကောင်လေးဝမ် ..အလျင်စလို မလုပ်နဲ့..."
လူအုပ်ကြီးဟာ အံ့ဩသင့်စွာ အော်ဟစ်လိုကိတယ်..။
ကောင်လေးဝမ်ဟာ အောက်မှာ ဖြစ်ပျက်နေတာတွေကို မြင်နေရတဲ့ ပုံပါပဲ..။သူ့နှလုံးသားက အရမ်းကို နာကျင်နေခဲ့ပါပြီ..။သူဟာ ရုတ်တရက် လှုပ်ရှားလာပြီး ခုန်ချတောာ့မယ့် အမူအရာ ဖြစ်နေခဲ့တယ်..။
လင်းဖန် လှမ်းအော်လိုကိပါတယ်..။
"မင်းဘာလုပ်တာလဲ..။နောက်ပြန်ဆုတ်လိုက်...."
လူအုပ်ကြီးဟာ သူရောက်လာတာ မြင်တဲ့ အချိန်မှာ..ကျေနပ်သွားခဲ့ကြပါတယ်...။သူတို့ရဲ့ သူဌေးလေး ရောက်လာခဲ့ပါပြီ..။သူတို့ သူဌေးလေးကို အပြည့်အဝ ယုံကြည်ပြီး ဒီကိစ္စကို သူ သေချာ ဖြေရှင်းနိုင်မှာပါ..။
"ကောငိလေးဝမ် မင်းဘာလုပ်နေတာလဲ..။မင်းအဲဒီက နေခုန်ချလို့ ဘာရလာမှာ တုန်း..။လာခဲ့..အမြန်ပြန်ဆင်းလာခဲ့.."
လင်းဖန် အပေါ်ကို လှမ်းအော်လိုက်တာပါ..။
ကောင်လေးဝမ် လည်း လင်းဖန်ကို မြင်ပါတယ်..။
"သူဌေးလေး ကျွန်တော် အသက်မရှင်ချင်တော့ဘူး..။ကျွန်တော် လူရွေးမှားခဲ့တာ...."
လင်းဖန် ေခါင်းခါယမ်းလိုက်တယ်..။ဒီလူငယ်လေးက တကယ်ကို ခံစားလွယ်တာပါ..။သို့ပေမယ့် ဒါက ပုံမှန်ပါပဲ..။တစ်စုံတစ်ယောက်က သူ့ကောင်မလေး သူ့မျက်စိရှေ့မှာတင် ခိုးယူခံရတာကို မြင်နေရတာက လျစ်လျူရူတတ်တဲ့ လူမဟုတ်ရင် ကျိန်းစေ ခံစားရမှာပါ..။
တကယ်လို့ ဒေါသကြီးတဲ့ လူတွေ ဆိုရင် ဓားယူပြီးတောင် ချက်ချင်း ထိုးလိုက်နိုင်ပါတယ်..။
သည်းခံနိုင်ပါတယ်ဆိုတဲ့ လူတွေအတွက်တောင် ဒါက လက်ခံနိုင်ဖို့ မလွယ်ပါဘူး..။
လင်းဖန် ပြောလိုက်တယ်..။
"မင်း ခံစားနေရမယ် ဆိုတာကိုငါသိပါတယ် ဒါပေမဲ့ အခု ဆင်းလာခဲ့..။ငါ ပြောတာကို မင်းယုံမလားတော့ မသိဘူး ဒါပေမဲ့ ပြောပြမယ်..။ဒီမိန်းကလေးက ချမ်းသာမူကို မက်မောပြီး ဆင်းရဲမူကို အထင်မြင်သေးတယိ..။သူမက စိတ်ကြီးဝင်တတ်ပြီး သူတော်ကောင်းယောင်လည်း ဆောင်တတ်တယ်..။မင်းသာ သူမနဲ့ အတူ ဆက်ရှိနေမယ် ဆိုရင် ဒါက ကံဆိုးမူကြီး ဖြစ်လာမှာပဲ..။အခု နတ်ဘုရားတွေက မျက်လံူးဖွင့်လာအတွက် မင်းအစား အရူးတစ်ယောက် ဆီ ဒီအပြစ်ဒဏ်တွေကို ခံစားစေခဲ့တာ..။နောက်တစ်ခါ မင်း ပိုကောင်းတဲ့ မိန်းကလေးကို တွေ့လိမ့်မယ်.."
လူအုပ်ကြီးဟာ အံ့ဩသွားခဲ့တယ်..။သူဌေးလေးရဲ့ အကြံဥာဏ်က ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။
လီရှောင်ရှောင်လည်း ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
ဒီလူအခု ဘာပြောတာလဲ..။သူက သူမကို ဆိုးရွားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်အောင် ပြောလိုက်တာပါ..။
အဲ့အချိန်မှာပဲ ချင်းဟောင်ရန် ဟာ ဒေါသထွက်သွားပြီး ချက်ချင်းအော်ဟစ်လိုက်တယ်..။
"မအိမ်လုံး မင်းဘာစကား ပြောတာလဲ.."
ယင်းနောက် သူ ခေါင်းမိုးပေါ်ကို လက်ညိုးထိုးလိုက်ပြီး..
"ငါ မင်းကို ပြောလိုက်မယ်..မင်းရဲ့ ကောင်မလေးကို ယူသွားတာ ငါပဲ..။အဲတာ မင်း ဘာတတ်နိုင်လဲ..။မင်းမှာ သွေးရှိရင် ခုန်ချလိူက် အရှုံးသမား..။မင်း မခုန်ချရင် ငါမင်းကို အထင်သေးမိလိမ့်မယ်.."
"မင်း ဘာစကားပြောတာလဲ.."
မြို့သားတွေဟာ ဒေါသထွက်သွားခဲ့ကြပါတယ်..။ဒီငနဲက ဒီလောက်ရက်စက်လိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။
အမှန်တကယ်ပဲ ကောင်လေးဝမ် ဒေါသထွက်သွားခဲ့တယိ..။
"မင်း...မင်း...."
လင်းဖန် အခြေအနေတွေ ဆိုရွားလာတာကို ခံစားမိလိုက်တယ်..။ကောင်လေး ဝမ် ခုန်ချတော့မယ်လို့ သူခံစားနေရပါတယ်..။
သူ စွမ်စုံကျမ်းရဲ့စတိုးဆိုင်ကို ဖွင့်လိုက်တယ်..။
သူ လိုက်ရှာလိုက်ပါတယ်..။
ယင်းနောက် သူ မျက်လုံးပင့်ပြီး တစ်ခုခုကို တွေ့သွားခဲ့ပါတယ်..။
နိုဘီတာ ရဲ့ ခွင့်လွှတ်မူ ဥိီးထုတ် : စွယ်စုံအမှတ် ၁၀ မှတ်..။
သမိုင်းကြောင်း : ဒိုရေမွန်၏ အိပ်ကပ်ထဲမှာ ပစ္စည်းဖြစ်ပြီး နိုဘီတာ နိုဘီ အသုံးပြုခဲ့သည်..။ဒါက တစ်စုံတစ်ယောက်ရဲ့ စိတ်ဝဥာဥ္ ကို ပျော့ပြောင်းစေပြီး အတိတ်က အရှက်ခွဲမူများကို ခွင့်လွှတ်မူ ပေးနိုင်သည်..။
"ချီးပဲ ..ဒီတစ်ခုပဲ..။ဒိုရေမွန် နဲ့ ဘာသက်ဆိုင်မှန်း မသိပေမယ့် အသုံးဝင်မယ့် ပုံပဲ..."
အဲ့အချိန်မှာတော့ ကောင်လေးဝမ် ရဲ့ စိတ်အနေအထားက နောက်ဆုံးအဆင့်မှာ ေရာက်နေခဲ့ပါပြီ..။ကြည့်ရတာ လင်းဖန် ရဲ့အကြံဥာဏ်တွေကို ထပ်ဂရုစိုက်တော့မယ့် ပုံမရှိပါဘူး..။ဒါကြောင့် လင်းဖန်ဟာ စွယ်စုံအမှတ် ၁၀ မှတ်အသုံးပြုပြီး
နိုဘီတာ ရဲ့ ခွင့်လွှတ်မူ ဦးထုတ်ကို လဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ..။
သူ စိတ်ထဲက နေ လဲလှယ်မယ် လို့ ရေရွတ်လိုက်တယ်..။
တစ်ခြားလူတွေဟာ ဘယ်ကမှန်းမသိပဲ ပေါ်လာတဲ့ အစိမ်းရောင် ဦးထုတ်တစ်လုံးဟာ..ကောင်းကင်ပေါ်ထိုးတက်သွားပြီး ကောင်လေး ဝမ်ရဲ့ ခေါင်းပေါ်ရောက်သွားတာ တွေ့လိုက်ရပါတယ်..။ဒါက မှိန်ပြပြအလင်းရောင် ခနလောက်တောက်ပပြီး ပျောက်သွားခဲ့တာပါ..။
လင်းဖန် အသက်ပြင်းပြင်း ရူလိုက်ပြီး..
"ကောင်လေး ဝမ် အခုဆင်းလာတော့..."
မြို့သားတွေဟာ စိုးရိမ်နေခဲ့တယ်..။သူတို့ ဘာထပ်လုပိရမလဲ မသိတော့ပါဘူး..။သူဌေးလေးတောင် ဘာထပ်လုပ်မလဲ သိတဲ့ပုံ မရှိပေ..။
ဖြစ်နိုင်တာက ကောင်လေးဝမ် ..တကယ် ခုန်ချတော့မှာလား...
ခေါင်မိုးပေါ်တွင်..။
ကောင်လေး ဝမ်ရဲ့ ဦးနှောက်ဟာအနည်းငယ် အံ့ဩသင့်သွားခဲ့တယ်..။ယင်းနောက် သူ အောက်ကို ငုံကြည့်လိုက်ပါတယ်..။သူ ကြောက်ရွံ့သွားခဲ့ပြီး နောက်ကို အနည်းငယ် ဆုတ်လိုက်တယ်..။
စောက်ကျိုးနဲ ငါဘာလုပ်နေတာလဲ..။ဘာလို့ ဒီလောက် အမြင့်ကြီးကနေ.....
အိူး...
ဟုတ်သားပဲ...
ငါ့ရဲ့ ကောင်မလေးက..ငါ့ကို နောကိကောင်လေးနဲ့ အတူ အရှက်လာခွဲနေတာပဲ..။ဒါပေမဲ့ ငါက ဘာလို့ ဒီလောကိတောငိ ဒေါသထွက်နေရတာလဲ..။ဒီလို မိန်းကလေးနဲ့ စောစောလမ်းခွဲရတာ ငါ့အတွက်ကံကောင်းမူတစ်ခုပဲ..။မဟုတ်လို့ ငါနဲ့ အိမ်ထောင်ကျပြီးမှ သူ ဒီလို ဖောက်ပြန်ရင် ဘယ်လို လုပ်မလဲ..။
"ဟေး..ကြည့်ရတာ ကောင်လေး ဝမ် ဆင်းလာတော့မယ် ထင်တယိ.."
"ချီးပဲ သူဌေးလေးကတော့ သူဌေးလေးပဲ..။သူပေါ်လာတာနဲ့ ကောင်လေးဝမ် ရှေ့မဆက်ဖို့ ဆုံးဖြတ်လိုက်တယ်..."
သိပ်မကြာခင်မှာပဲ.ကောင်လေး ဝမ်ဟာ လင်းဖန် ရှေ့မှာ ပေါ်လာပြီး ကျေးဇူးတင်စွာ ပြောလိုက်တယ်..။
"သူဌေးလေး ကျေးဇူးတင်ပါတယ်..။သူဌေးလေး ကြောင့်သာ မဟုတ်ရင် ဒီလိုတွေ တွေးမိမှာ မဟုတ်ဘူး..။ဒိီလို မိန်းကလေး မျိုးက တကယ်မကောင်းဘူး..။ဒီ စောက်ရူးက ကျွန်တော့်အစား ဒုက္ခတွေ ခံစားရတော့မှာ..."
လင်းဖန် ကောင်လေး ဝမ် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..။
"မင်း ဒါကို ဖြတ်ကျော်နိုင်ပြီဆိုရင် ကောင်းပါတယ်..."
ချင်းဟောင်ရန်ဟာ ကောင်လေးဝမ် ရဲ့ စကားတွေကို ကြားပြီး ဒေါသကြောင့် မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။
ဒီငနဲက ဘာစကား ပြောတာလဲ...
"မအေလုံး.မင်းဘာ စောက်စကား ပြောတာလဲ..။မင်း မခုန်ချရဲဘူးမလား..။မင်းက အလကား အမှိုက်ကောင် အရှုံးသမားပဲ.."
ချင်းဟောင်ရန် ဒေါသထွက်စွာ အော်ဟစ်လိုက်တာပါ..။သို့ပေမယ့် ရုတ်တရက် သူ့ခန္တာကိုယ်ဟာ လေထဲမှာ လွင့်သွားခဲ့တယ်..။
လင်းဖန် သူ့ ဘောင်းဘီကို လူကြီးလူကောင်း ပီသစွာ ဖုန်ခါလိုက်ပါတယ်..။
"ဒီလို အမှိုက်ကောင် ပြောတာတွေကို ဘာမှ နားထောင်နေစရာ မလိုဘူး..."
ယင်းနောက်သူလက်ဝေ့ယမ်းပြီး ပြောလိုက်ယ်.။
"အခု အကုန်အဆင်ပြသွားပြီ ဆိုတော့ လူစုခွဲကြရအောင်..."
ဖူရှန်းရဲ့ အရိပ်မဲ့ ကန်ချက်..။လင်းဖန် ရဲ့ ကံချက်တစ်ခုကတင် အကုန်လုံးကို အဆံူးသတ်ဖို့ လုံလောက်ပါတယ်..။
အကုန်လုံးက အံ့ဩသင့်နေကြပါပြီ..။သူဌေးလေး သွားကန်လိုက်တာကို ဘယ်သူမှ မမြင်လိုက််ကြပါဘူး..။
တကယ် အံ့ဩစရာ သူဌေးလေးပဲ..