အရမ်းနောင်တရနေပြီ...
Vol. 40 Ch. 595
#ဘာသာပြန် = စနိုးဝှိုက်
စွယ်စုံကျမ်းရဲ့ စတိုးကနေ ပထမ ဆုံးအကြိမ်လဲလှယ်တာက လင်းဖန်ကို အပြည့်အဝ နားလည်စေခဲ့ပါတယ်..။
သိူ့ပေမယ့်..ထူးခြားမူ တွေ ဆန်းကျယ်မူတွေ ကလည်း ရှိနေဆဲပါ..။သူ နားမလည်တဲ့ အရာတွေလဲ ဒီထဲမှာ အများကြီး ရှိပါတယ်..။ဒီ နိုဘီတာ ရဲ့ ခွင့်လွှတ်မူ ဦးထုတ်ကတောငိ ဆန်းကြယ်တဲ့ သမိုင်းကြောင်းနဲ့ပါ..။
နိုဘီတာ နိုဘီ က..ဒီ ဦးထုတ်ကို ..အထူးဖန်တီး ခဲ့တယ် လို့ သူခံစားနေခဲ့ရပါတယ်..။ဒါက တကယ်ကို ကြောက်စရာပါပဲ..။
အဲ့အချိန်မှာတော့ လင်းဖန်မှာ စွယ်စုံအမှတ် ၃၉၅ မှတ်သာ ကျန်ပါတော့တယ်..။
သူ စွယ်စုံအမှတ် တွေ ပိုပြီး ဝင်ဖို့ဆိုရင် တရုတ်ဆေးပညာ အခြေခံ သင်ရိုး အပြည့်အဝ ဖြန့်ဝေပြီးတဲ့ အချိန်အထိ စောင့်ရတော့မှာပါ..။
ဝူယူလန်ဟာ ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်..။
"ဒါက အတော်ကို အန္တရာယ်များတာပဲ..။အစ်ကိုလင်း ကြောင့်သာ မဟုတ်ရင် ကောင်လေး ဝမ်က တကယ်ခုန်ချတော့မှာ..။အဲလိုဆို အခြေအနေက ပိုဆိုးသွားမှာပဲ..။ဒီ မိန်းမ က အတော်ကို အရှက်ကင်းမဲ့လွန်းတယ်..။မိန်းကလေး အချင်းချင်းတောင် အထင်သေးမိတယ်.."
လူလိမ် ထျတ် သက်ပြင်းချလိုက်တယ်..။
"အင်း..ဒီနေ့ခေတ်လူတွေ များ ကြည့်ပါဦး..။ကံကောင်းချင် တော့ ငါ ထျန်က ဒါတွေကို ဆယ်စုနှစ်များစွာ မြင်လာခဲ့ရတာ..။ဒါကြောင့်လည်း ငါ အခုလို တစ်ယောကိတည်းနေနေတာလေ..။ဒီလို မိန်းကလေးတွေကြောင့် ထိခိုက်မှာကို ကြောက်ရွံ့မိလို့ပဲ.."
လင်းဖန် ရယ်မောလိုက်ပြီး...
"လူလိမ် ထျန် , ခင်ဗျား နည်းနည်းလောက် အရှက်ရှိလို့ မရဘူးလား..။ခင်ဗျား ဒီလိုဖြစ်နေတာက မိန်းကလေး တစ်ယောက်တောင် မရှာနိုင်လို့လေ.."
လူလိမ် ထျန် ရယ်မောလိုက်တယ်...။
"မင်းဘာတွေ ပြောနေတာလဲ...။အရင်တုန်းကဆိုရင် ငါ ထျန်က မြို့ပေါ်မှာရော နယ်ဖက်မှာရော ဘယ်မှာမှ မရှုံးနိမ့်ခဲ့ဘူး..။မိန်းကလေးတွေ ဘယ်လောက်များများ ငါ့ကို ကြည့်နေကြလဲ ဆိုတာကို မင်းသိရဲ့လား..။ဒါပေမဲ့ ငါသူတို့ကို ပြန်မကြည့်ခဲ့ဘူး..။ဘာလို့လဲ ဆိုတော့..ငါက သူတို့ ဘယ်တော့မှ မရနိုင်တဲ့ လူတစ်ယောကိ မို့လို့ပဲ..."
*ဖြောင်း ဖြောင်း*
ကျောက်ကျန်းယန် လက်ခုပ်တီးလိုက်တယိ..။
"ဒီလို ကောင်းမွန်တဲ့..အကြောင်းပြချက်ကြောင့်..ခင်ဗျား အမှတ် ၁၀၀ အပြည့်ရသင့်တယ်.။ဒါပေမဲ့..ကျုပ် ခင်ဗျားကို အမှတ် ၁ မှတ် ပဲပေးမယ်..။ကျန်တဲ့ ၉၉ မှတ်ကိုတော့ ကြွားဝါတဲ့ အတွကိ ပြန်နှုတ်ရမယ်..."
"အင်း..ငါ လူငယ်တွေကို ဒီအကြောင်း မပြောသင့်ဘူး..။မင်းတို့က ငါ့ရဲ့ အတွေ့အကြုံတွေကို နားလည်နိုင်ဦးမှာ မဟုတ်ဘူး..."
လူလိမ် ထျန် သက်ပြင်းချပြီး ပြောလိုက်တာပါ..။သူဝင်ပေါက်မှာ တိတ်တဆိတ် ထိုင်ပြီး စီးကရက်ကို မီးညှိလိုက်တယ်..။ယင်းနောက် သူ လေးနက်တဲ့ အမူအရာနဲ့ အဝေးတစ်နေရာကို ကြည့်နေခဲ့ပါတယ်...။
ခနအကြာတွင်..။
လင်းဖန် ဘဝအကြောင်းတွေး နေတုနိးမှာပဲ..အပြင်ကနေ ဆူညံတဲ့ အသံတွေကိုကြားလိုက်ရတယ်..။
"ကျုပ်ကို ရိုက်နှက်ခဲ့တာ သူပဲ.."
ချင်းဟောင်ရန် လင်းဖန်ကို လက်ညိုးထိုးပြီး ပြောလိုက်တာပါ..။သူနဲ့ အတူလည်း ရဲအရာရှိ တစ်ယောက် ပါလာခဲ့ပါသေးတယ်..။သူ မျက်လုံးထဲကိုကြည့်ရင် သူ ဒေါသထွက်နေတယ် ဆိုတာကို တွေ့ရမှာပါ..။
ရဲအရာရှိဟာ ပြောလိုက်တယ်..။
"မာစတာလငိး..သူက သူ့ကို မာစတာလင်း ရိုက်လိုက်တယ်လို့ ပြောနေတယ်..။အဲလို ကိစ္စ တစ်ကယ် ရှိခဲ့တာလား..."
လင်းဖန် ချင်းဟောင်ရန် ကို ကြည့်ပြီး ပြောလိုက်တယ်..။
"သူက ဘယ်သူလဲ..။ကျုပ် သူ့ကို သိတောင် မသိဘူး..."
"စောကိရေးမပါတာ..။မင်း ငါ့ကို ရိုက်နှက်ခဲ့တာလေ..။ကြည့်လိုက်ဦး..ငါ့မျက်နှာ ရောင်ကိုင်းနေပြီ.."
ချငိးဟောင်ရန် ဒေါသထွက်စွာ ပြောလိုက်တာပါ..။
ရဲ့အရာရှိဟာ မျက်မှောက်ကျုပ်လိုက်ပြီး..
"ကျေးဇူးပြုပြီး အဆင့်အတန်းကို ထိန်းပေးပါ..။ရိုင်းရိုင်းစိုင်းစိုင်း တွေ မပြောပါနဲ့.."
ချင်းဟောင်ရန် ရဲ့ ဒေါသတွေက ပေါက်ကွဲ ထွကိလုနီးနေခဲ့ပါပြီ..။
"ကျုပ်ကို ရိုက်နှက်ခဲ့တာ သူပဲ.."
ရဲအရာရှိဟာ ပြောလိုက်တယ်..။
"သူက မင်းကို သိလည်းမသိဘူး ရိုက်လည်း မရိုက်ဘူးလို့ ပြောနေတယ်လေ..။မင်းမှာ ဘာသက်သေ ရှိလို့လဲ..."
"ရှောင်ရှောငိ..ဒီကိုလာပြီး သူ ငါ့ကို ဘယ်နေရာမှာ ရိုက်နှက်တာလဲ ပြောလိုက်စမ်း.."
ချင်းဟောင်ရန် အော်ပြောလိုက်တာပါ..။
လီရှောင်ရှောင်က ဘေးနားမှာ မတ်တတ်ရပ်နေခဲ့တာပါ..။သူမ ချင်းဟောင်ရန် ရဲ့ စကားကို ကြားတဲ့ အချိန်မှာ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"အဲတာ သူပဲ..။ကျွန်မ ချစ်သူကို သူ ရိုက်နှက်ခဲ့တာ.."
အမှန်တကယ်တော့..ရဲအရာရှိဟာ မာစတာလင်း ဒီငနဲ ကို ရိုက်နှက်ခဲ့ပြီး ဝန်မခံဘူး ဆိုတာကို သဘောပေါက် နေခဲ့ပါပြီ..။
ဒါပေါ့..
မာစတာ လင်း ကဘယ်သူလဲ..။မာစတာလင်းက သူ့လို သာမန် ရဲ့အရာရှိတွေရဲ့ စံပြပုဂ္ဂိုလ်ပါ..။မာစတာလင်းဆိုတာက ရဲဌာန နဲ့ ဆက်ဆံရေး ကောငိးတွေ ရှိပါတယ်..။
ရဲအရာရှိဟာ မေးလိုက်တယ်..။
"မင်းကို သူက ရိုက်နှက်ခဲ့တာ ဆိုတော့..။သူက မင်းကို ဘယ်လို ရိုက်နှက်ခဲ့တာလဲ..."
ချင်းဟောင်ရန် ဘာပြောရမှန်း မသိပေ..။သူ မမြင် ခဲ့ပါဘူး..။သူ ခေါင်းကို ခါယမ်းပြီး ပြောလိုက်တယ်..။
"ကျုပ် မမြင်ခဲ့ဘူး.."
ရဲ့အရာရှိ ပြောလိုက်တယ်..။
"ဒါက ထူးဆန်းတယ်နောိ..။မင်းပြောတာတော့ သူက မင်းကို ရိုက်ခဲ့ပေမယ့် မမြင်လိုက်ရဘူးဆိုတော့..။ရိုက်တဲ့ လူက သူမှန်း မင်းဘယ်လို သိတာလဲ.."
ချင်းဟောင်ရန် ပြောလိုက်တယ်..။
"ဒါက ကျုပ်ရည်းစားပဲ..။သူမ မြင်လိုကိတယ်..."
"အိူး မင်းကောင်မလေး မြင်လိုက်တာလား..။ကောငိးပြီလေ..သူက မင်းကောင်လေးကို ဘယ်လို ရိုက်လိုက်တာလဲ.."
ရဲအရာရှိ မေးလိုက်တာပါ..။
လီရှောင်ရှောင် အမူအရာနဲ့ ပြောလိုက်တယ်..။
"သူက ခုန်ပြီး ကျွန်မ ကောင်လေးရဲ့ မျက်နှာကို တစ်ချက်ထဲ ကန်လိုက်တာ နောက်ကို မီတာ အနည်းငယ်လောကိ လွင့်သွားတယ်..."
"မီတာ အနည်းငယ်..။မင်း ကိုယ်အလေးချိန် ဘယ်လောက် ရှိလဲ.."
"ပေါင် ၁၆၀ .."
"သူက မျက်နှာကို ခုန်ကန်လိုက်တာနဲ့..မင်းရဲ့ ပေါင် ၁၆၀ ခန္တာကိုယ်က နောက်ကို မီတာ အနည်းငယ် အထိလွင့်သွားတယ်ပေါ့..။မင်းက ဒါကို ဖြစ်နိုင်တယ် လို့ ထင်လို့လား..."
"ဒါ အမှန်ပဲ.."
အဲ့အချိန်မှာပဲ ချင်းဟောင်ရန် ရဲအရာရှိကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။
"ကျုပ်သိပြီ..ခင်ဗျားက သူ့ဘက်က ပါချင်နေတာပဲ..။ခင်ဗျား သူ့ကို ဖမ်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ဟုတ်တယ်မလား..။ခင်ဗျားရဲ့ ကိုယ်ပိုင်အမှတ်က ဘယ်လောကိလဲ..။ကျုပ် ဒီကိစ္စကို တိုင်ကြားမှ ရမယ်..."
လင်းဖန် ..ဆက်မကြည့်နိုင်တော့ပေ..။
"ကောင်းပြီ..မင်းက ငါမင်းကို ရိုက်တယ်လို့ ပြောတယ်မလား..။ဒါအမှန်ပဲ.."
ချင်းဟောင်ရန် လင်းဖန်ကို ဒေါသထွကိစွာ စိုက်ကြည့်လိုက်ပြီး..
"ဟုတ်တယ်..အဲတာ မင်းမလား..."
"မင်းက ငါမင်းကို ရိုက်တယ်လို့ ပြောပေမယ့် ငါက မရိုက်ဘူးလို့ ပြန်ရှင်းပြနေတယ်လေ..။ဒါကိုမှ မင်းက ထပ်ငြင်းနေရင်တော့ ငါလည်း ရွေးချယ်စရာ မရှိပဲ ဝန်ခံရတော့မယ်..။မတ်တတ်ရပ်ပြီး သေချာ ကြည့်ထား.."
လင်းဖန် ပြောလိုက်တာပါ..။
ချင်းဟောင်ရန် မတ်တတ်ရပ်ကြည့်နေခဲ့ပြီး လင်းဖန် ဘာလုပ်မလဲ ဆိုတာကို မသိတော့ပေ။။.
"ခြေထောက်ကို ကြည့်ထား..."
ဘန်း...
အဲ့အချိန်မှာပဲ လင်းဖန် ချန်ဟောင်ရန်ကို မီတာ အနည်းငယ် လွင့်သွားအောင် ကန်လိုက်တယိ..။
"အခု အဆင်ပြေသွားပြီ..။အခု အကုန်သေချာ မြင်သွားပြီ ဆိုတော့ ဘာမှ ငြင်းစရာ မလိုကြတော့ဘူး..။ရဲအရာရှိကြီး သူ့ကို ကျွန်တော် ကန်လိုက်တာပဲ.."
ရဲအရာရှိဟာ ကြောင်အသွားခဲ့တယ်..။ဘာတွေ ဖြစ်နေတာလဲ..။မာစတာလင်းက သူ့ကို တကယ် ကန်လိုက်တာလား..။
လီရှောင်ရှောင် အံ့ဩသင့်သွားပြီး ချင်းဟောင်ရန် ဆီကို အမြန်ပြေးသွားလိုက်တယ်..။
သို့ပေမယ့် ကြမ်းပြင်ပေါ်မှာ အထုပ်အနည်းငယ် ပြန့်ကျဲ နေခဲ့ပါတယ်..။
လင်းဖန် လှမ်းကြည့်လိုက်ပြီး..
"ဟေး..ရဲအရာရှိကြီး..ဘာတွေလည်း ကြည့်ပါဦး..။ဘာလို့..အဲတာက စိတ်ကြွဆေး တွေနဲ့ တူနေရတာလဲ.."
ရဲအရာရှိဟာ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ အလျင်အမြန်သွားပြီး..ချင်းဟောင်ရန် ပြုတ်ကျတဲ့ အထုတ်တွေကို ကိုင်ကြည့်လိုက်တယ်..။သူက မူယစ်ဆေး တိုက်ဖျက်ရေးဌာနရဲ့ လိူင်စင်ကို ရထားတာကြောင့်..ဒါကို တစ်ချက်ကြည့်လိုက်တာနဲ့ ဘာတွေလဲ ဆိုတာကို ပြောနိုင်ပါတယ်..။
ယင်းနောက် သူ လက်ထိပ်ကို ထုတ်ပြီး ချင်းဟောင်ရန်ကို လင်ထိပ်ခတ်လိုက်တယ်..။
"အရေးပေါ် တင်ပြချက်..။ကျွန်တော် စိတ်ကြွဆေး ပိုင်ဆိုင်ထားတဲ့လူကို ဖမ်းမိးထားတယ်..။ကျေးဇူးပြုပြီး အကူအညီ လှမ်းပို့ပေးပါဦး.."
ရဲအရာရှိဟာ ချက်ချင်းပဲ အထက်ကို တင်ပြလိုက်တယ်..။အခြေအနေက ဒီီလိုဖြစ်သွားမယ်လို့ သူမထင်ထားခဲ့ပါဘူး..။
လီရှောင်ရှောင်ဟာ ရဲအရာရှိ ပြောတာကို ကြားပြီး အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။သူမ ဒီနေရာက ထွက်သွားချင်နေခဲ့ပါပြီ..။ဘာတွေ ဖြစ်နေလဲ သူမ မသိတော့ပေ..။ဘာလို့ သူမကောင်လေးက စိတ်ကြွဆေးတွေကို ဖွက်ထားရတာလဲ..။
သို့ပေမယ့် ရဲအရာရှိဟာ သူမကို ထွက်သွားခွင့် မပြုပါဘူး..။သူဟာ သူမကို တားဆီးလိုက်ပြီး ပြောလိုက်တယ်..။
"မင်းသွားလို့ မရသေးဘူး..။စစ်ဆေး စရာလေး ရှိလို့ လိုက်ခဲ့ရမယ်..."
လီရှောင်ရှောင် ဆွံ့အနေခဲ့ပါပြီ..။ဒီကိစ္စက သူနဲ့ဘာမှ မဆိုင်ပေ..။သူမ ချန်းဟောင်ရန် နဲ့ သိတာ ရက်အနည်းငယ်ပဲ ရှိပါသေးတယ်..။
လင်းဖန် ပုခုံးတွန့်ပြီး ပြောလိုက်တယ်..။
"ရဲအရာရှိကြီး..ကျုပ်သူ့ကို ရိုက်တာ ဘာမှ မဖြစ်တော့ဘူးမလား.."
ရဲအရာရှိဟာ ပြောလိုက်တယ်..။
"ဒါပေါ့..မာစတာလင်းက..မူးယစ်ဆေး သုံးစွဲသူကို ကူညီပြီး ဖမ်းဆီးပေးခဲ့တာပါ.."
လင်းဖန် ပြုံးလိုက်တယ်..။ဘယ်လောက် တိုက်ဆိုင်လိုက်လဲ...။
သိပ်မကြာခင်မှာပဲ ရဲအင်အားစုတွေဟာ ရောက်လာခဲ့တယ်..။
ချင်းဟောင်ရန် နဲ့ လီရှောင်ရှောင်နှစ်ယောက် စလုံး ကားထဲကို ခေါ်သွားခံလိုက်ရပါတယ်..။
လက်ဖန်လက်ဝေ့ယမ်းလိုက်ပြီး..
"ကောင်းကောင်းသွားကြပါ ရဲအရာရှိကြီးတို့..။ဒါက ကျုပ်နဲ့ မဆိုင်ဘူးလို့ ပြောလို့ရတယ်လေ..။ဒီတော့ နောက်ထပ် နိုင်ငံသားကောင်း ဆုတံဆိပ်ပေးဖု့ိ မလိုအပ်တော့ပါဘူး.."
ကားထဲက အရာရှိတွေဟာ အကူညီမဲ့ စွာ ရယ်မောလိုက်ကြတယ်..။
"မာစတာ လင်းက တကယ်အံ့ဩဖို့ ကောင်းတာပဲ..။စစ်ဆေးရေးမှုး လီ ဘာလို့ ရာထူးတက်တာ မြန်နေလဲ ဆိုတာ သိသွားပြီ..။မာစတာလင်းနဲ့ သာ အတူနေရင် မျက်လုံးမှိတ်ထားရင်တောင် လူဆိုးတွေကို ဖမ်းမိဦးမှာပဲ.."
"ဒါအမှန်ပဲ.."
လင်းဖန် မသိတာက ဒီမတော်တဆမူ အပြီးမှာ ရဲဌာနတွေ အတွင်း ကောလဟာလ ပြန့်သွားတယ် ဆိုတာပါပဲ..။ဒါက တရားခံတွေကို ဖမ်းမိချင်တယ် ဆိုရင် မာစတာလင်းနဲ့ သိထားဖို့ လိုအပ်တယ် ဆိုတာပါ..။ဒါဆိုရင် တရားခံကို ကျိန်းသေဖမ်းမိတော့မှာပါ..။
…
နှစ်ရက်ကြာပြီးနောက်..။
လင်းဖန် ဆိုင်ထဲမှာ ဖုန်းသုံးနေခဲ့တယ်..။ရုတ်တရက် ..မမျှော်လင့်ထားတဲ့ ဧည့်သည်နှစ်ယောက် ရောက်လာခဲ့ကြပါတယ်..။
"မာစတာလင်း..ကျွန်တော့်ကို ကယ်ပါဥိီး.."
ချန်းဟိုင်ဂီကို မမြင်ရခင်မှာပဲ သူ့ရဲ့ အသံကို ကြားနေခဲ့ရပါတယ်..။
ရှန်းမင် ဟာလည်း မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်နှာနဲ့ ဝီးချဲကို တွန်းလာနေခဲ့တယ်..။သူ နောက်ဆံူးတော့ ရောက်လာခဲ့ပါပြီ..။
ချန်းဟိုင်ဂီ အတွက်ကတော့ တိမ်ဖြူလမ်းကို လာရတာက တကယ့် စိတ်လှုပ်ရှားစရာ စွန့်စားခန်း တစ်ခုလိုပါပဲ..။
သူ့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ဒီမှာ ရှိနေလို့ပါ..။
လင်းဖန် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက ငါ့စကားကို နားမထောင်ခြင်းရဲ့ ရလာဒ်ပဲ.."
ချန်းဟိုင်ဂီဟာ ခေါင်းကို ငုံ့ထားခဲ့ပြီး သူ့ရင်ထဲမှာတော့ နောင်တတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
"မာစတာလင်း ကျေးဇူးပြုပြီး ကျွန်တော်ကို ကယ်ပေးပါဦး..။ကျွန်တော် ကိုယ့်အမှားကို သိပါပြီ.."
ချန်းဟိုင်ဂီ မျက်ရည်တောင် ကျလုနီးနီးပါပဲ..။မာစတာလင်း သူ့ကို ဒုတိယ အခွင့်အရေးပေးဖို့ကိုပဲ သူမျှော်လင့်ရမှာပါ..။