← Chapters

ငါ့စိတ်အခြေအနေပေါ် မူတည်တယ်..

Vol. 40 Ch. 596

ငါ့စိတ်အခြေအနေပေါ် မူတည်တယ်..

Vol. 40 Ch. 596

#ဘာသာပြန် = စနိုးဝှိုက်

ချန်းဟိုင်ဂီဟာ..တိမ်ဖြူလမ်းကို ရောက်လာတဲ့ အချိန်မှာ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ..။အထူးသဖြင့် ရုပ်ရည် ခန့်ညားတဲ့ မာစတာလင်းကို မြင်လိုက်ရတဲ့ အချိန်မှာပါ..။သူ့ ရင်ထဲက ကြောက်စိတ်တွေဟာ လံူးဝ ​ပျောက်ကွယ်သွားခဲ့တယ်..။

မာစတာလင်းသာ သူ့ဘက်ကနေ ရှိနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူယုံကြည်ပါတယ်..။

လူလိမ် ထျန် ရှေ့ကိုတက်သွားပြီး ကြောင်အစွာ ပြောလိုက်တယ်..။

"ညီငယ်လေး..ဒီခြေထောက်တွေက..အခြေအနေ ဆိူးနေပါလား.."

ဒါကို ပြောပြီးနောက်မှာ သူ ခြေထောက်တွေကို ဖိကြည့်လိုက်ပါတယ်..။

ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာလည်း ချန်းဟိုင်ဂီကို ကြည့်နေခဲ့ကြတယ်..။သူက ငယ်ရွယ်ပေမယ့် သူ့ခြေထောက်တွေက ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ..။ဒါက တကယ်ကို သနားစရာပါပဲ..။

ဘေးနားမှာ ရှိနေတဲ့ ရှန်းမင်ဟာ တောင်းပန်လိုက်တယ်..။

"မာစတာလင်း..ကျေးဇူးပြုပြီး အစ်ကို ချန်းကို ကယ်လို့ရသေးလား ကြည့်ပေးပါဦး.."

"မင်းတို့က ငါ့ကို အရေးမပါတဲ့ လူတစ်ယောက်လို လုပ်နေတာပဲ.."

လင်းဖန် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

"မင်းတို့ကို အန္တရာယ်ရှိတဲ့ နေရာတွေမှာ မပါဝင်ဖို့ ပြောထားတာပဲ..။ဘာလို့ နားမထောင်တာလဲ..။ဘယ်လိုဖြစ်တာလဲ ငါ့ကို ပြောစမ်းပါဦး.."

ချန်းဟိုင်ဂီ အတွက် ဒါက ရှင်းပြဖို့ ခက်ခဲလှပါတယ်..။အခု ချိန်မှာ ပြန်တွေးရင်တောင် သူ ဘယ်လောက်ကံဆိုးနေလဲဆိုတာကို ခံစားမိပါတယ်..။

"မာစတာ လင်း..ကျွန်တော် ခြောက်ရက်မြောက်နေအထိ ဘာအန္တရာယ် ရှိတာမှ မလုပ်ခဲ့ပါဘူး..။ဒါပေမဲ့ ကျွန်တော် မတော်တဆ လမ်းဘေးပြိုုင်ပွဲတစ်ခုကို ဝင်မိခဲ့တယ်..။လမ်းတစ်ဝက်က တောင်တစ်တောင် အရောက်မှာ..သစ်ပင်ကြီးတစ်ပင်က ကျွန်တော်ကားရဲ့ ရှေ့ကို..လဲကျသွားခဲ့တယ်..။ကံကောင်းလို့ ကျွန်တော့် အပေါ်ကို မကျတာ..။ဒါကြောင့် ခြေထောက်ပဲ ထိသွားတာလေ..။မဟုတ်ရင် ကျွန်တော် အသက်ပါ ဆုံးရှုံးရမှာ..."

သူ ဒါတွေကို ပြောတဲ့ အချိန် ​စိတ်ထဲမှာ ကြောက်ရွံ့မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ငါ့ အမြင်ကို ပြောရရင် မင်းက အတော်ကို ကံဆိုးသွားတာပဲ.."

ချန်းဟိုင်ဂီ ပြန်ပြောလိုက်တယ်..။

"ကျွန်တော်က ကံဆိုးတာတော့ မှန်ပါတယ်..။ဒါပေမဲ့ အနည်းဆုံးတော့ ခန္တာကိုယ် အပိုင်းကို မထိခဲ့ဘူးလေ..။တကယ်ကို့ အပေါ်ပိုင်းကို သာ ထိသွားခဲ့ရင် တစ်ခါတည်း ဇာတ်သိမ်းပြီ..."

"မင်းလို အခြေအနေ မျိုးကို ငါပထမဆုံး မြင်ဖူးတာပဲ..။သူ့ရဲ့ ဗေဒင်ပညာက အရမ်းကို တိကျတယ်..။မင်းက သူ ပြောတာကို နားမထောင်ဘူးဆိုတော့ အတော်ဆိုးရွားတာပဲ.."

လူလိမ် ထျန် ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။သူ ဒီငနဲ ရဲ့ သတ္တိကို တကယ်လေးစာစ မိပါတယ်..။

ချန်းဟိုင်ဂီ ရှကိရွံ့သွားခဲ့တယ်..။သူ ခေါင်းကို ငုံ့ပြီး ပြောလိုက်ပါတယ်..။

"ကျွန်တော် သူ့ကို ယုံကြည်ပါတယ်..။အခုဟာက...ဒါက..."

သူ တကယ် နောင်တရနေခံ့ပါပြီ..။သူ မာစတာလင်းကို မယုံကြည်ခဲ့လို့ မဟုတ်ပဲ..သူငယ်ချင်းတွေ ရဲ့ စကားတွေကို မခံချင်စိတ်ဖြစ်သွားခဲ့လို့ပါ..။သိူ့ပေမယ့် ဒီလောက်အထိ တိကျနေမယ် လို့တော့ သူ မထင်ထားခဲ့ပေ..။သူ တောင်ကုန်းတစ်ခုကို ရောက်ဖို့ ဘယ်လောက်မှတောင် မမောင်းရသေးပဲ အခုလို ဖြစ်သွားခဲ့တာပါ..။

"မာစတာ..လင်း..ကျွန်တော် ပြန်ကောင်းနိုင်သေးလား..."

ချန်းဟိုင်ဂီ လင်းဖန်ကို တောင်းပန်တဲ့ အကြည့်တွေနဲ့

ကြည့်လိုက်တယ်..။အခု သူ့မှာ တစ်ခြား ရွေးချယ်စရာ မရှိတော့ပါဘူး..။တကယ်လို့ မာစတာလင်းကသာ မကူညီပေးနိုင်ဘူးလို့ ပြောရင် သူ တကယ် အဆုံးသတ်ပါပြီ..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..

"ဟင်း..မင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ..။ငါ အကြံပေးတာကို နားမထောင်တာ မင်းပထမ ဆုံးပဲ..။အရင်တုန်းက ဆိုရင် မိသားစုတစ်ခုက..အပျော်ခရီးကို သွားဖို့ စီစဥ္ထားတာကို ငါ့ရဲ့ အကြံပေးချက်ကြောင့် ဖျက်သိမ်းပြီး ..ကပ်ဆိုးကနေ လွတ်မြောက်သွားကြတယ်..။မင်း ငါ့စကားကို နားမထောင်တာလဲ ကောင်းပါတယ်..။အခု တစ်ခုခု ဖြစ်လာပြီ ဆိုတော့ နောင်တရနေပြီ မလား.."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် နောင်တရတယ်..။ကျွန်တော် သေလောက်အောင် နောင်တရနေပါပြီ..."

"မင်းက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ သိပေမယ့် လူဆိုးလည်း မဟုတ်ပါဘူး..။မင်းက စကားကို တည်တဲ့ လူတစ်ယောက်ပဲ..။အစကတော့ ငါမင်းကို..သတိပေးဖို့..စိတ်ကူးမရှိခဲ့ဘူး..ဒါပေမဲ့ မိုးကောင်းကင်ကြီးက ကြင်နာတော့ ငါမင်းကို သတိပေးစေခဲ့တယ်လေ..။ဒါပေမဲ့ မင်း ငါ့စကားကို နားမထောင်ပဲ....ဟင်း...ငါ တကယ် မထင်ထားခဲ့ဘူး.."

ချန်းဟိုင်ဂီ ..လင်းဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်တယ်..။

"မာစတာလင်း ကျွန်တော် ကိုယ့်အမှားကို သိနေပါပြီ..။ကျွန်တော် ပြောင်းလဲမှာပါ.."

ယင်းနောက် သူ့ အိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်လိုက်တယ်..။

"ဒီထဲမှာ ဒေါ်လာ ဆယ်သန်း ရှိပါတယ်..။ဒါကို နည်းတယ်လို့ မထင်ပါနဲ့ မာစတာလင်း..။လက်ရှိကျွန်တော့်မှာ ဒီလောက်ပဲ ရှိလို့ပါ.."

ဆယ်သန်း...

လူလိမ် ထျန် ချန်းဟိုင်ဂီကို ​စိုက်ကြည့်နေခဲ့တယ်..။ဒီငနဲမှာ ပိုက်ဆံ ဒီလောက်အများကြီး ရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ပြီးတော့ သူ စားပွဲပေါ်က ကတ်ကို မြင်တဲ့ အချိန်မှာ ဘဏ်ကတ်ရဲ့ အရောင်က တောက်ပနေတာကို သတိထားမိလိုက်တယ်..။

ဒေါ်လာ ဆယ်သန်း..။ဒီလောက် ပမာဏကို ရဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ အပင်ပန်းခံပြီး ရှာဖွေးရလောက်မလဲ..။

လင်းဖန် ဘဏ်ကဒ်ကို တစ်ချက်ကြည့်လိုက်တယ်..။ဒေါ်လာ ဆယ်သန်းက သေးငယ်တဲ့ ပမာဏ တစ်ခုတော့ မဟုတ်ပါဘူး..။ချန်းဟိုင်ဂီက တကယ်ကို ချမ်းသာတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူ့လို မာစတာ တစ်ယောက်က ငွေမက်တဲ့ ပုံစံ ပြနေလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ..။

"ငါက လူနာကို ကုသတဲ့ အချိန်မှာ ငွေကြေးကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး..။ဒါက ငါ့ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်..။တက

ယ််လို့ ငါ့ခံစားချက် ကောင်းနေတယ် ဆိုရင် လူနာကို ကုသမှာပဲ..။ငါ့ ခံစားချက် မကောင်းနေဘူးဆိုရင် ရွှေတွေ ပုံပေးရင်တောင် မျက်တောင် တစ်ချက် ခတ်မှာ မဟုတ်ဘူး..။ဒီတော့ မင်းရဲ့ ဘဏ်ကတ်ကို ပြန်ယူလိုက်ပါ.."

လင်းဖန် လူကြီးလူကောင်း တစ်ယောက်လို ပြောလိုက်တာပါ..။

တစ်ချို့ လာကြည့်ကြတဲ့ ဆိုင်ပိုင်ရှင်တွေဟာ..မြင်ကွင်းကို တွေ့ပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။

"သူဌေးလေး ရဲ့ ပိုက်ဆံအပေါ်ကို မြင်တဲ့ အမြင်က တကယ် မတူညီတာပဲ..။ငါတို့ သူနဲ့ သွားနှိုင်းယှဥ္လို့ မရဘူး.."

"ဒေါ်လာ ဆယ်သန်း..။ငါတို့ဆို ဒီလောက်ဝင်ဖို့ ဘယ်လောက်ကြာအောင် ရှာရမှာလဲ..။ဘဝမှာ ဒီလောက်ပမာဏ ဝင်ဖို့ အခွင့်အရေး ရှိပါဦးမလားတောင် မသိတော့ဘူး.."

ဆိုင်ပိုင်ရှင် တွေဟာ အံ့ဩသင့်သွားခဲ့ကြတယ်..။သူတို့ သူဌေးလေးကို ပိုပြီး လေးစားမိသွားခဲ့ကြပါတယ်..။

ဒါက သူတို့ သိထားတဲ့ သူဌေးလေးပါပဲ..။

သူ့ရဲ့စိတ်ဓာတ်က ဘယ်လိုလုပ် သာမန် လူတွေလိုဖြစ်နိုင်ပါ့မလဲ..။

တကယ်လို့ သာမန်လူတစ်ယောက်သာ ဆိုရင် ဒေါ်လာ ဆယ်သန်းကို ချက်ချင်း လက်ခံလိုက်မှာပါ..။

ဝူယူလန် လည်း လင်းဖန်ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။ဒါကမှ သူ့မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစ်ကိုလင်းပါ..။သူက တစ်ခြားလူတွေနဲ့ တူမှာ မဟုတ်ပါဘူး..။

ချန်းဟိုင်ဂီ အတွကိကတော့ မာစတာလင်း သူ့ပိုက်ဆံကို လက်မခံတာက သူ့ကို မကုသပေးချင်ဘူးလို့ ဆိုလိုတာပါပဲ..။ယင်းနောက် ချန်းဟိုင်ဂီ တောင်းပန်လိုက်တယ်..။

"မာစတာ လင်း..ဒီပမာဏက နည်းမှန်းကျွန်တော်သိပါတယ်..။ဒါပေမဲ့ ကျွန်တော်မှာ ဒီလောက်ပဲ ပါလာလို့ပါ..။​ေကျးဇူးပြုပြီး လက်ခံပေးပါ..ကျွန်တော် ဒီကျေးဇူးကို တစ်နေ့ပြန်ဆပ်ပါ့မယ်..."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ငါက ပိုက်ဆံကို ဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်ဘူး..။ဒါပေမဲ့ လူကောင်းတွေဆိုရင်တော့ ချက်ချင်း ကုသပေးတတ်တယ်..။မင်းက လူကောင်းတစ်ယောက်ဟုတ်ရဲ့လား ငါ့ကို ပြောပြစမ်းပါဦး..."

အဲ့အချိန်မှာပဲ ချန်းဟိုင်ဂီ အတွေးနက်သွားခဲ့တယ်..။

"ငါက လူကောင်းတစ်ယောက်လား.."

သူတွေးလိုက်တာပါ..။

လူတွေကို အနိုင်ကျင့်တာ အပြင် သူ တစ်ခြား ဘာကောင်းတာမှ မလုပ်ခဲ့ပါဘူး..။

ချန်းဟိုင်ဂီ မပြောခင်မှာပဲ..ရှန်းမင်ဟာ ပြောလိုက်တယ်..။

"မာစတာလင်း အစ်ကို ချန်းက လူကောင်းတစ်ယောကိပါ..။သူ့ပြသနာက ဆယ်လီ အသေးစားလေးတွေနဲ့ အိပ်ပေမယ့် သူက စိတ်ထား ဆိုးရွားတဲ့ လူတစ်ယောက် မဟုတ်ပါဘူး.."

လင်းဖန် ချန်းဟိုင်ဂီကို ကြည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး..

"ဟေး..မင်းကို ကြည့်ရတာ ယုံကြည်ရတဲ့ ကောင် မဟုတ်ဘူးပဲ..။အရင်တုန်းက မင်း ကတိတွေ ပေးထားပြီး မေ့နေပါလား..။ဒါက မဟုတ်သေးဘူးနော်..။ငါက ကိုယ့်စကားကို ဂရုမစိုက်တတ်တဲ့ လူတွေကို အမုန်းဆုံးပဲ.."

ချန်းဟိုင်ဂီ ကြောင်အသွားခဲ့တယ်..။ကိုယ့်စကားကို ပြန်ရုတ်သိမ်းတာလား..။

ငါ ဘယ်တုန်းက အဲလို လုပ်ဖူးလို့လဲ..။

အဲ့အချိန်မှာတော့ သူမမှတ်မိတော့ပါဘူး..။

ရှနး်မင်လည်း တွေးနေခဲ့ပါတယ်..။အစ်ကို ချန်းက ယုံကြည်စရာ မကောင်းပဲ..ကိူယ့်စကားကို ဂရုမစိုက်တတ်တဲ့လူလား..။မာစတာ လင်းက ဘာကို အခြေခံပြီး ဒီစကားကို ပြောတာလဲ..။

မဟုတ်ဘူး..ခနနေဦး..

အဲ့အချိန်မှာပဲ ရှန်းမင် တစ်ခုခုကို သတိရသွားခဲ့တယ်..။သူ ခေါင်းငုံ​ြ့ပီး အစ်ကို ချန်းကို တီးတိုး ပြောလိုက်ပါတယ်..။

ချန်းဟိုင်ဂီ ဒါကိုကြားတဲ့ အချိန်မှာ မှတ်မိသွားပြီး အမူအရာပြောင်းလဲသွားခဲ့တယ်..။

လင်းဖန် ပြောလိုက်ပါတယ်..။

"အခုထိ မမှတ်မိသေးဘူးလား..."

ချန်းဟိုင်ဂီ ရှက်ရွံ့သွားခဲ့ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် မှတ်မိပါပြီ.."

ယင်းနောက် သူ ထပ်ပြောလိုက်ပါတယ်..။

"မာစတာလင်း..စိတ်မပူပါနဲ့..။ကျွန်တော် ဒီအကျင့်ဆိုးကြီးကို ကျိန်းသေ ပြောင်းလဲမှာပါ..။ကျွန်တော် တကယ် ထပ်မလုပ်တော့ပါဘူး.."

လူလိမ် ထျန်ကတော့ တစ်ချိန်လုံး ဒေါ်လာ ဆယ်သန်းကို ပဲ တွေးနေခဲ့တာပါ..။ဒါကြောင့် သူပြောလိုက်တယ်..။

"ငါက တော့ မင်းသူတို့ကို ကူညီပေးသင့်တယ်လို့ ထင်တယ်..။သူ တို့က ငယ်ရွယ်သေးကြတော့ အမှားလုပ်မိကြတာ ထုံးစံပဲလေ..။သူတို့မှာ နောက်တစ်ခါ အခွင့်အရေး မရှိရင် တကယ် သနားစရာ ကောင်းလိမ့်မယ်.."

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာလည်း ပြောလိုက်ကြပါတယ်..။

"ဟုတ်တယ် မာစတာလင်း..ကောင်လေးက အမှားကို သိနေလောကိပါပြီ..။တကယ်လို့ သူသာ ဒုက္ခိတ ဖြစ်သွားရင် သနားစရာပဲ.."

"ကောင်းလေး မင်းရဲ့ အမှားတွေကို ပြောင်းလဲသင့်တယ်..။မယုံကြည်သင့်တဲ့ လူတစ်ယောက် ထပ်မဖြစ်စေနဲ့တော့.."

"ငါတို့ရဲ့ သူဌေးလေးက တစ်စုံတစ်ယောက် ခံစားနေရတာကို ရပ်ကြည့်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး..။မင်းသာ ပြောင်းလဲ မယ် ဆိုရင် ဒါက ပြသနာ မဟုတ်ဘူး.."

လင်းဖန် ချန်းဟိုင်ဂီ ရဲ့ ရှေ့ကို လာပြီး ပုခုံးကို ပုတ်လိုက်တယ်..။

"မင်း အမှားကို သိပြီး ပြန်ပြင်ဆင်ဖို့ စိတ်ကူးရှိရင် ဒါအဆင်ပြေပါတယ်..။မင်း ရဲ့ ခြေထောက်ဆိုတာက ပြသနာ တစ်ခုမဟုတ်ဘူး.."

အဲ့အချိန်မှာတော့ ချန်းဟိုင်ဂီ မျက်ရည်တွေ ကျလာခဲ့ပါပြီ.။ဒီစကားက သူတစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ရတဲ့ အရာပါပဲ..။

All Chapters