← Chapters

သူမ နိုင်ဖို့ ကျုပ် မျှော်လင့်တယ်

Vol. 013 Ch. 1286

သူမ နိုင်ဖို့ ကျုပ် မျှော်လင့်တယ်

Vol. 013 Ch. 1286

ရှန်းကျယ်သည် အင်ပါယာရှန်းဘုံမှ မယုံနိုင်စရာ ဝေးကွာသည့် အကွာအဝေးကို ဖြတ်ကာ ရီဖူရှင်းနှင့် တိုက်ခိုက်ရန်အတွက် သွေးနဂါးဘုံသို့ လာရောက်ခဲ့သည်။

သို့သော်လည်း ဤပြိုင်ပွဲတွင် သူသည် ရှုံးနိမ့်ခြင်းနှင့် အဆုံးသတ်ခဲ့ရ၏။

သွေးနဂါးဘုံမှ ထိုပြိုင်ဘက်ကင်း ပုံရိပ်သည် မည်သူ့ကိုမှ ဂရုမထားခဲ့ပေ။ လူတိုင်းက သူ ရှုံးနိမ့်မည်ဟု တွေးနေသည့် အချိန်တွင် သူသည် အခြေအနေကို ပြောင်းပြန်လှန်ပြီး အနိုင်ရရှိခဲ့သည်။

ထို့အပြင် သိသာစွာပင် ရီဖူရှင်းသည် သူတို့အချင်းချင်း ရင်ဆိုင်ရာ၌ စွမ်းအားအပြည့်ကို အသုံးမပြုခဲ့ပေ။

ရှန်းကျယ်က သူ့ကို ခြိမ်းခြောက်လာသည့် အခါတွင်မှသာ သူက နောက်ဆုံး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူအနိုင်ရလဒ်အရ ရီဖူရှင်းသည် ပြင်ပအကူအညီ မပါဘဲနှင့်လည်း သွေးနဂါးဘုံတွင် ထိပ်သီးပါရမီရှင် ဆိုသည်ကို သက်သေပြနေသည်။ ဤအချင်းအရာကိုပင် လူအများက သူ့အား မျှော်လင့်ထားခြင်း ဖြစ်၏။

မဟုတ်လျှင် သွေးနဂါးဘုံကို လှိုင်းထန်စေခဲ့သည့် ဤလူငယ်အပေါ် သူတို့က အနည်းငယ် စိတ်ပျက်မိကြပေမည်။

သို့ရာတွင် ရှန်းကျယ်သည် ဤရလဒ်အပေါ်တွင် အနည်းငယ်မျှ ကျေနပ်မှု မရှိပေ။ သူက အင်ပါယာရှန်းဘုံကနေ သည်နေရာသို့အထိ တကူးတက ရောက်လာသည်မှာ ရီဖူရှင်းထံမှာ အရှုံးခံရန်အတွက်လား။

ကြီးမားသော စွမ်းအားက သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် ပြည့်နှက်နေသည့် မဟာလမ်းစဉ်၏ စွမ်းအားများကို ဖြိုခွဲဖျက်ဆီးသည်။ သူက အစစ်အမှန် စွမ်းအားကို အသုံးပြု၍ ရီဖူရှင်းကို တိုက်ခိုက်လိုသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းသည် ရှန်းကျယ်ထံမှာ အားကောင်းစွာ ထွက်ပေါ်လာသည့် မဟာလမ်းစဉ်၏ စွမ်းအားများကို ခံစားလိုက်ရသည်။ ပြင်းထန်သော စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။ နေရာအနှံ့တွင် ကြီးမားသည့် အရှိန်အဝါများ ပြည့်နှက်နေသည့် ပုံပေါ်သည်။

သူ၏ အနီးဝန်းကျင်တွင်လည်း မဟာလမ်းစဉ်၏ အရှိန်အဝါများ ပေါ်ပေါက်လာသည်။

ရှန်းကျယ်က အမှန်တကယ် တိုက်ခိုက်ချင်နေလျှင် သူကလည်း နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။

“အနိုင်အရှုံးက အဖြေထွက်နေခဲ့ပြီပဲ။ ဒါပေမဲ့ သူတို့က ပြဿနာကို အခုထိ လွှတ်မချနိုင် ကြသေးဘူး။ ကြည့်ရတာ သူတို့က တစ်ယောက်နဲ့ တစ်ယောက် စမ်းသပ်ဖို့ အခွင့်အရေးကို ဘယ်တော့မှ မရနိုင်တော့မှာကို ကြောက်နေတာများလား”

ချီရှန်းက အပြုံးနှင့် ပြောသည်။

ရှန်းကျယ်သည် ရီဖူရှင်းကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။ သို့သော် သူ မည်သည့်နေရာတွင် ရောက်နေသည်ကို ကောင်းကောင်းသိ၏။

သွေးနဂါးဘုံ၏ တော်ဝင်နန်းတော်သည် သူ၏ ဒေါသများကို ဖွင့်ထုတ်ရန် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ပေ။

သူ၏ ဖခင်ဖြစ်သူ အင်ပါယာရှန်း လူကိုယ်တိုင် ရောက်လာခဲ့လျှင်ပင် သူက ထိုသို့ လုပ်ရဲလိမ့်မည် မဟုတ်ပေ။

ဤနေရာသည် မိုက်ကန်းကန်း လုပ်ဆောင်၍ ရနိုင်သည့် နေရာမျိုးမဟုတ်ပေ။

ထို့အပြင် ချီရှန်း ပြောသည်မှာ မှန်ကန်သည်။ သူသာ အမှန်တကယ် တိုက်ခိုက်ရန် ဆန္ဒရှိပါက နောက်ပိုင်းတွင် အခွင့်အရေးများ ရလာလိမ့်ဦးမည်။

သူက ထိုအချက်ကို သတိပြုမိသည်နှင့် သူ့၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ကာ ပြန်လှည့်၍ လျှောက်ထွက် သွားတော့သည်။

တိုက်ပွဲ တစ်ခုလောက်နှင့် သူ၏ စိတ်ကို သက်ရောက်မှုများစွာ မရှိသော်လည်း သူသည် ရလဒ်နှင့်ပတ်သက်ပြီး မပျော်ရွှင်နိုင်ပေ။ သူ၏ မျက်နှာထက်တွင် အေးစက်သည့် အမူအရာရှိနေသည်။

ရှန်းနန်သည် သူ့အစ်ကို ထွက်ခွာသွားသည်ကို ကြည့်နေသော်လည်း ဘာမှ မပြောပေ။ သူ၏ ခံစားချက်သည်လည်း သိပ်မကောင်းပေ။

သူက ရီဖူရှင်းကို ရှုံးနိမ့်ခဲ့ရသည်။

ရှန်းကျယ်သည် သူ့နေရာသို့ ပြန်ရောက်သွားပြီး ရီဖူရှင်းသည်လည်း သူ၏ အရှိန်အဝါကို ရုပ်သိမ်းသည်။ သူသည် သူ့နေရာသို့ ပြန်လျှောက်သွားခဲ့သည်။

နောက်ဆုံး ဖြစ်ပွားခဲ့သည့် ပြိုင်ပွဲအနည်းငယ်မှာ ရှုကျီနှင့် ရှားရှင်းယွန်တို့အကြား ပြိုင်ပွဲ၊ ဖေမင်နှင့် ရီဝူချင်းတို့အကြား ပြိုင်ပွဲနှင့် ရီဖူရှင်း၊ရှန်းကျယ်တို့အကြား ပြိုင်ပွဲတို့ ဖြစ်ကြသည်။

သူတို့အထဲတွင် မက်မွန်ဖိတ်ကြားလွှာ ရရှိခဲ့သည့် သူများလည်း ပါဝင်သည်။ နောက်ထပ် တိုက်ပွဲများသည် အဓိပ္ပာယ်များစွာ မရှိလှပေ။ ထောင်ချီစာလုံး သင်္ကေတ ကျောက်စာချပ် သိမြင်နားလည်မှု အတွက် အစစ်အမှန် တိုက်ခိုက်ခြင်းမျိုး မဖြစ်ခဲ့ပေ။

“ကျုပ်တို့ မြို့စားရီကိုပဲ ဆက်ပြီး ဒုက္ခပေးမနေသင့်ဘူး။ ပြိုင်ပွဲဝင်တွေက ထောင်ချီစာလုံး သင်္ကေတတွေကို လေ့လာဆန်းစစ်ဖို့ အချိန်အနည်းငယ်ပဲ ရရှိခဲ့ပြီးတော့ တိုက်ပွဲ တစ်ခုစီကလည်း သူတို့ရဲ့ အားအင်တွေကို အများအပြား ဖြုန်တီးရတယ်။  အဲဒါကြောင့် ကျုပ်တို့က တတ်နိုင်သမျှ ပြိုင်ပွဲဝင်တွေကို ခွဲလိုက်ကြမယ်။ လူတစ်ယောက်က အောင်မြင်ဖို့ ပွဲစဉ်အများအပြား မတိုက်ခိုက်ဘဲ နေကြရအောင်”

ချီရှန်းက ပြောသည်။

မက်မွန်ပွဲတော်၏ လေထုက ပြန်လည်၍ သက်ဝင် လှုပ်ရှားလာသည်။ ဤပြိုင်ပွဲတွင် မည်သည့်စည်းမျဉ်းမှ သတ်မှတ်ထားသည် မရှိပေ။ သို့ရာတွင် ဤနေရာရှိ လူတိုင်းသည် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ပြီး အနိုင်ရရှိရန် ကြီးစွာသော ဆန္ဒရှိကြသည်။ ထို့ကြောင့် လေထုအခြေအနေက ပေါ့ပါးသွားသည် ဆိုလျှင်ပင် လူတိုင်းက ဤသည်ကို အလေးအနက် မှတ်ယူကြဦးမည် ဖြစ်သည်။ သူတို့ အားလုံးသည် သူတို့၏ ပြိုင်ဘက်ကို အနိုင်ယူလိုကြ၏။

သို့သော်လည်း သူတို့သည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နေကတည်းက သူတို့၏အားသာချက်မှာ အချင်းချင်းအကြား ကွာခြားမှု အများကြီး ရှိလိမ့်မည် မဟုတ်ပေ။ ချီရှန်း ပြောသည့်အခါ လူတိုင်းက နားလည်ပြီး သဘောတူလိုက်ကြ၏။

ချီရှန်းက ယွီရှီးဖေးကို ကြည့်ကာ ပြောသည်။

“ရှီးဖေး၊ နောက်တစ်ပွဲမှာ ဝင်မတိုက်ချင်ဘူးလား”

သူက သူ၏ ချစ်လှစွာသော မိန်းကလေးကို ပထမဆုံး တိုက်ခိုက်ရန် မေးလိုက်ကာ ဥပမာသဘောမျိုး ပြသည်။

ယွီရှီးဖေးက ခေါင်းညိတ်လိုက်ပြီး သူမက ရင်ထျန်းကျောက်ကို ကြည့်ကာ ရယ်ပြုံး၍ မေးသည်။

“မင်းသမီးရင်၊ ကျွန်မနဲ့ တိုက်ခိုက်ချင်လား”

ရင်ထျန်းကျောက်သည် အင်ပါယာဝူ၏ သမီးတော် ဖြစ်သည့်အတွက် သူမကို 'မင်းသမီး' ဟု ခေါ်ဆိုရန် ထိုက်တန်ပေ၏။

ရှုကျီသည် ရှားရှင်းယွန်နှင့် တိုက်ခိုက်ပြီးပြီ ဖြစ်သည့်အတွက် အမျိုးသမီးဟူ၍ သူမတို့ နှစ်ဦးသာ ကျန်ရစ်သည်။ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း သူမတို့နှစ်ဦး တိုက်ခိုက်ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သည်စိန်ခေါ်မှုက ယွီရှီးဖေးသည် တမင်သက်သက် ရင်ထျန်းကျောက်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။

နတ်တောင်ပေါ်ရှိ လူတိုင်း၏ မျက်နှာထက်တွင် စိတ်ဝင်စားသည့် အကြည့်များ ဖြစ်ပေါ်လာသည်။

“သွေးနဂါးဘုံရဲ့ အနာဂတ်ဘုရင်မက အင်ပါယာဝူဘုံရဲ့ မင်းသမီးကို အနိုင်ယူနိုင်မလား သိချင်မိတယ်”

တစ်စုံတစ်ယောက်က အပြုံးနှင့် ပြောသည်။ လူတိုင်းက ချီရှန်းနှင့် ယွီရှီးဖေးကြားမှ ဆက်ဆံရေးကို သိရှိကြ၏။ သူတို့အားလုံးသည် ထိုစုံတွဲကို သူတို့၏ နှလုံးသားထဲမှ ကောင်းချီးပေးကြ၏။

သူတို့၏ ပျော်ရွှင်ဖွယ် အခမ်းအနားက ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

ယွီကလန်၏ သမီးတော် ယွီရှီးဖေးသည် တာအိုခန္ဓာဖြင့် မွေးဖွားခဲ့ပြီး သူမသည် ထူးကဲသာလွန်သည့် ကံကြမ္မာ ရှိကာ တစ်နေ့တွင် ယွီကလန်ကို ဆက်ခံရလိမ့်မည် ဖြစ်သည်။

နန်းတော်ရှိ အကြီးအကဲအချို့သည် ထိုကဲ့သို့ ဉာဏ်စွမ်းဉာဏ်စ ရှိပြီး အရည်အချင်းပါရမီ ရှိသည့် အမျိုးသမီးလေးကို အထူး နှစ်သက်ကြသည်။ ပြောကြသည်က သွေးနဂါး အင်ပါယာကပင် မကန့်ကွက်ဟူ၍ ဖြစ်သည်။

“အင်ပါယာဝူက စစ်စွမ်းရည်မှာ ထူးချွန်တာမို့ သူ့ဘုံက မင်းသမီးလေးကလည်း သေချာပေါက် အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ သူမရဲ့ တိုက်ပွဲစွမ်းရည်က ထူးချွန် ပြောင်မြောက်တယ်။ သူမက ကျုပ်တို့ရဲ့ အနာဂတ် ဘုရင်မလေးအတွက် ပြဿနာ ဖြစ်လာနိုင်မလား ကြည့်ကြတာပေါ့”

တစ်ယောက်က အပြုံးနှင့် ပြန်ပြောသည်။

သူက ဤတိုက်ပွဲ၌ ယွီရှီးဖေး နိုင်မည်ဟု ထင်ထားလျှင်ပင် တစ်ဖက်ပြိုင်ဘက်က ဒေသနန်းတော်တွင် ကျင့်ကြံနေသည့် အင်ပါယာဝူဘုံမှ မင်းသမီး ဖြစ်နေသည်။

ရင်ထျန်းကျောက်နှင့် ယွီရှီးဖေးသည် ခန်းမအလယ် တိုက်ပွဲကွင်းပြင်သို့ လျှောက်လာခဲ့ကြသည်။ သူတို့ နှစ်ယောက်လုံးသည် ထူးကဲလှပသည့် အမျိုးသမီးလေးများ ဖြစ်သည့်အတွက် အမြင်အာရုံကို ပသာဒဖြစ်စေသည်။

“မင်းသမီး”

ယွီရှီးဖေးက အပြုံးရေးရေးနှင့် ပြောသည်။

ရင်ထျန်းကျောက်က ခေါင်းညိတ်သည်။

“ကျေးဇူးပြုပြီး...”

သူတို့က ထိုသို့ ပြောပြီးသည်နှင့် အရှိန်အဝါများက ပြောင်းလဲသွားသည်။ သူတို့သည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့သည့် အသွင်များ မဟုတ်ကြတော့ပေ။

ရင်ထျန်းကျောက်သည် မီးတောက်ကို အသုံးပြုသည့် စွမ်းရည်ရှိပြီး ယွီရှီးဖေးကတော့ ဆန့်ကျင်ဘက်ပင် ရေနှင့် ရေခဲ စွမ်းရည် ဖြစ်သည်။

သူတို့ နှစ်ယောက်၏ ဆန့်ကျင်ဘက် အရှိန်အဝါများက နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။ အခန်းက အပူအအေး တစ်လှည့်စီ ပြောင်းလဲသွားရာ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းသည် ဘေးတွင် ရပ်ကာ တည်ငြိမ်စွာ ကြည့်နေသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အပူနှင့် အအေးတို့ကို ခံစားနေသည်။

သို့ရာတွင် အအေးဓာတ်သည် အနည်းငယ် ပို၍ သန်မာနေသည်။

အအေးဓာတ်သည် တစ်စုံတစ်ယောက်၏ သွေးကြောများထဲမှ သွေးစီးဆင်းမှုကို နှေးကွေးသွားစေပြီး အေးခဲသွားစေရန် လုံလောက်ပေသည်။

“ဒီ အင်ပါယာဝူဘုံက မင်းသမီးလေးက ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတာပဲ”

ရီဖူရှင်းက အပြုံးနှင့် ပြောသည်။

သူ့ဘေးမှ ရှားရှင်းယွန်က သူ့ကို ကြည့်လိုက်ပြီးနောက် တိုက်ပွဲကွင်းပြင်သို့ ပြန်ကြည့်သည်။

“ဒီအင်ပါယာဝူဘုံရဲ့ မင်းသမီးလေးက အနောက်ဘက် ဒေသမှာတုန်းက နင့်ကို ကူညီခဲ့တယ်မလား”

ရီဖူရှင်းက ကြက်သေသေသွားသည်။

သူမ ဘာကို ဆိုလိုချင်နေတာလဲ။

အဲဒီအကြောင်းက ဘယ်ကနေ ဘယ်လို ထွက်လာရသည်လဲ။

ရင်ထျန်းကျောက်က သူ့ကို အမှန်တကယ် ကူညီခဲ့သည်။ ကျူးမျိုးနွယ်က သူ့ကို ပိတ်ဆို့တားဆီးပြီး သွားခွင့်မပြုသည့် အချိန်က သွမ့်ဝူကျီနှင့် ရင်ထျန်းကျောက်က သူ့ကို ကူညီကာ ပြောဆို ပေးခဲ့၏။

“မင်းသမီးသာ မပြောရင် ကျုပ်က မေ့တော့မလို့။ ဒီလိုဆိုမှတော့ ကျုပ်က နိုင်ဖို့ ကျုပ်မျှော်လင့်မိတယ်”

ရီဖူရှင်းက ပြုံးကာ ပြောသည်။ ရှားရှင်းယွန်က သူ့ကို လျစ်လျူရှုကာ တိုက်ပွဲကွင်းပြင်ကိုသာ ဆက်၍ ကြည့်ရှုနေသည်။

ရီဖူရှင်း ခန့်မှန်းခဲ့သလိုပင် ရင်ထျန်းကျောက်သည် အတော်လေး လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။

ယွီရှီးဖေးသည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်သူဖြစ်၍ သူမ၏စွမ်းအားမှာ မေးခွန်းထုတ်ရန်ပင် မလိုပေ။ သူမသည် အင်ပါယာဝူဘုံမှ မင်းသမီး ရင်ထျန်းကျောက်ကို ရှုံးနိမ့်စေခဲ့သည်။

လူတိုင်းသည် တိုက်ပွဲက ဆက်လက် ကြည့်ရှုလိုကြသေး၏။ ဤက အလွန်တင့်တယ်သော တိုက်ပွဲဖြစ်ပြီး ပရိသတ်များအား ပျော်ရွှင်နှစ်သိမ့်မှုကို ရရှိခဲ့သည်။

သို့သော်လည်း ရင်ထျန်းကျောက် အတွက်တော့ ထိုသို့မဟုတ်ခဲ့။ သူမသည် အဝေးသို့ စိတ်ပျက်အားလျော့စွာ လျှောက်သွားခဲ့သည်။ သူမ၏ နေရာသို့ ပြန်ရောက်သည့်အခါ ရီဖူရှင်းကို ကြည့်သည်။

သူမသည် သူ့ကို စူးစိုက်ကြည့် နေသည်ဟုပင် ထင်မှတ်ရသည်။

ရီဖူရှင်းသည် တွေဝေနေသည်။

“သူမ နိုင်ဖို့ ကျုပ် မျှော်လင့်တယ်တဲ့လား”

ရင်ထျန်းကျောက်က ရေရွတ်သည်။ သိသာစွာပင် သူမသည် ရီဖူရှင်း ပြောသည်အား ကြားမိလိုက်လေသည်။ တိုက်ပွဲ မစတင်ခင်ကပင် သူမ ရှုံးနိမ့်မည်ကို ခန့်မှန်းမိခဲ့သည်။

သူမသည် အနည်းငယ် စိတ်ရှုပ်နေသည်။ အင်ပါယာခွာ အပျက်အစီး နယ်မြေတွင် သူမသည် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့ပြီး ယခုတွင်လည်း ယွီရှီးဖေးကို ရှုံးနိမ့်ခဲ့သည်။

သူမသည် အင်ပါယာဝူဘုံမှ လာခဲ့ကာ ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်ခဲ့သော်လည်း ဆက်တိုက်ဆိုသလိုပင် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်နေခဲ့ရသည်။ ထို့ကြောင့် သူမ၏စိတ်အခြေအနေ မကောင်းသည်မှာ သဘာဝသာလျှင် ဖြစ်သည်။

ရီဖူရှင်းသည် မသက်မသာပြုံးကာ ခေါင်းကို ခါယမ်းသည်။

သူမက သူ့ကို ကျိန်ဆဲနေခြင်း ဖြစ်ရမည်။

သူက ရင်ထျန်းကျောက်ကို အနိုင်ရရန် ဆုတောင်းပေးခဲ့ သော်လည်း သူမက ရှုံးနိမ့်ခဲ့သည်။

ရှားရှင်းယွန်သည် ရင်ထျန်းကျောက်ကို ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။

ယွီရှီးဖေးနှင့် ရင်ထျန်းကျောက် ပြန်လှည့်၍ ထွက်သွားပြီးသည့်အခါ သွမ့်ဝူကျီက ခြေလှမ်းသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“ကျုပ် အစက မင်းကို စိန်ခေါ်ချင်တာ။ ဒါပေမဲ့ မင်းက တိုက်ခိုက်ပြီးပြီ ဆိုတော့ ကျုပ် တခြား တစ်ယောက်ကိုပဲ စိန်ခေါ်ရတော့မယ်”

ထိုသို့ ပြောလိုက်ပြီး သူက အခြား ဦးတည်ရာသို့ ကြည့်သည်။

ထိုနေရာသည် လော့ကလန်မှ လော့ယန် ရှိနေသည့် နေရာပင် ဖြစ်သည်။

ထိုနေရာ၌ ရှိနေသည့် လူများအားလုံးကြားတွင် လော့ယန်သည် မီးစွမ်းရည် အသုံးပြုရာတွင် အကောင်းဆုံးသူ ဖြစ်သည်။

သွေးနဂါးမြို့တွင် ထူးချွန်သည့် ပုဂ္ဂိုလ်သုံးဦးရှိရာ လော့ယန်သည် မီးတောက် စွမ်းရည်တွင် အားကောင်း၍ ယွီရှီးဖေးသည် ရေစွမ်းရည် ဖြစ်ကာ ကျန်းထိုက်အယ်သည်တော့ လေဟာနယ် စွမ်းရည်ကို အသုံးပြုသည်။

သူတို့အားလုံးသည် အခြားစွမ်းရည် များတွင်လည်း ကောင်းမွန်ကြသည်။

သို့ရာတွင် သွမ့်ဝူကျီသည် ရီဖူရှင်းအပြင် သူ စိန်အခေါ်ချင်ဆုံးသူမှာ လော့ယန် ဖြစ်သည်။

သူသည် ဝေးကွာလှသော သွေးနဂါးဘုံ၏ အရှေ့ဘက်ဒေသ အင်ပါယာတုန်း နန်းတော်တွင် ကျင့်ကြံနေသော်လည်း လော့ယန်က ဒေသဘုရင်တွင် အဆင့် သတ်မှတ်ချက်တွင် ရှိနေသည်ကို သူ သိရှိပေသည်။

လော့ယန်သည် လော့ကလန်၏ အထူးချွန်ဆုံးသူ ဟူ၍ ဆုံးဖြတ်နိုင်ပြီး သူသည် လော့ကလန်၏ အနာဂတ် ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

သွမ့်ဝူကျီသည် အလွန်မာနကြီးလှပြီး သူ၏ စွမ်းရည်တွင် များစွာ ယုံကြည်ချက် ရှိလှသော်လည်း သူက လော့ယန်ကို တိုက်ခိုက်နိုင်စွမ်း ရှိမရှိ မသေချာလှပေ။ အကယ်၍ သူ့ကို တိုက်ခိုက်နိုင်လျှင် သူက ရီဖူရှင်းနှင့် ရင်ဆိုင်ရန် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာတွင် ရီဖူရှင်းနှင့် တိုက်ခိုက်ရန် အခွင့်အရေး ရနိုင်ဦးမလား မသေချာပေ။

လော့ယန်က ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာကာ ပြောသည်။

“မင်း လူမှား ရွေးမိပြီ”

သူ၏ ပြိုင်ဘက်သည် အင်ပါယာတုန်း နန်းတော်၏ မင်းသား ဖြစ်နေလျှင်ပင် တိုက်ပွဲရလဒ်က သေချာနေသကဲ့သို့ သူအသံက သာမန်ပင် ဖြစ်သည်။

သူသည် လော့ယန် ဖြစ်သည်။

“သူက မောက်မာနေတုန်းပဲ”

နတ်တောင်ပေါ်မှ လူများသည် တီးတိုးရေရွတ်သည်။

“လော့ယန်က လော့ကလန်ရဲ့ နတ်ဘုရားမီးတောက် အနာဂတ် ဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရလို့ ငယ်ငယ်ကတည်းက ဆက်ခံသူအဖြစ် လေ့ကျင့်ပေးခြင်း ခံခဲ့ရတယ်။ သူက လော့ကလန် ပြန်လည် ဦးမော့လာဖို့အတွက် တာဝန်ရှိပြီးတော့ အရမ်းလည်း အရည်အချင်း ရှိတာကြောင့် ထိုက်တန်တဲ့ ပြိုင်ဘက်ကို တွေ့ဖို့ အမြဲတစေ ခက်ခဲခဲ့တယ်။ သူက ဒေသနန်းတော်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ပေမဲ့ ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှာ ဝင်ရောက်နေဆဲ ဖြစ်တယ်”

“လော့ယန်၊ ရှင်းခိုင်၊ ဖေမင်နဲ့ ကျန်းထိုက်အယ်တို့က သူတို့ရဲ့ မျိုးဆက်တန်းမှာတော့ လူစွမ်းကောင်းလို့ ခေါ်ခံထိုက်တဲ့ လူတွေ ဖြစ်တယ်။ သူတို့တွေက သွေးနဂါးဘုံရဲ့ အနာဂတ်တွေပဲ။ အခုဆို ချန်ယဲ့မြို့က ယူချင်းနဲ့ ရီဖူရှင်းပါ ပါဝင်လာပြီ။ ဒါက အမှန်တကယ် လူစွမ်းကောင်းတွေရဲ့ ခေတ်ဖြစ်တယ်။ ဒီလူအုပ်ထဲက ဘယ်သူများ အကောင်းဆုံး ဖြစ်မလဲ”

“အရှင်မင်းသား ဖြစ်လိမ့်မယ်”

တစ်စုံတစ်ယောက်က ပြုံးကာ ပြောသည်။

လူအများ၏ မျက်နှာထက်တွင် အပြုံးတို့ ပွင့်လန်းလာသည်။ သွေးနဂါးဘုံ၏ မင်းသား ချီရှန်းသည်လည်း လူစွမ်းကောင်း တစ်ယောက်ပင် မဟုတ်ပါလား။

သို့သော်လည်း သူသည် အခြားလူများနှင့် တိုက်ခိုက်ရန် မလိုခဲ့ပေ။  သူက သူကိုယ်တိုင်သာ ဖြစ်ရန် လိုသည်။

“လော့ယန် ပြောတာ မှန်တယ်။ သွမ့်ဝူကျီက တကယ်ပဲ လူမှား ရွေးလိုက်ပြီ။ လော့ယန်က မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုဖြစ်ပြီးတော့ သူ့ရဲ့ နားလည်သဘော ပေါက်နိုင်မှု စွမ်းရည်က ကြောက်မက်ဖွယ်ပဲ။ သွမ့်ဝူကျီက အတော်လေး ငယ်သေးပြီး အတွေ့အကြုံ နည်းသေးတယ်။ သူ့အနေနဲ့ လော့ယန်ကို အနိုင်ရဖို့ မလွယ်ဘူး”

သူတို့ စကားပြောနေစဉ်မှာပင် တိုက်ပွဲက စတင်နေပြီ ဖြစ်၏။

တိုက်ပွဲသည် အလွန်ပြင်းထန်စွာဖြင့် စတင်ခဲ့သည်။ ရီဖူရှင်းသည် သွမ့်ဝူကျီ၏ နတ်သက်ကြွေ မီးတောက်ကို မြင်ဖူးခဲ့သည်။ ထိုမီးတောက်က အလွန် သန်မာလှသည်။ ထိုအချိန်တွင် ၎င်းသည် မီးလျှံစည်းတံဆိပ်များ အဖြစ် ဖွဲ့တည်လာပြီး လမ်းစဉ် မီးတောက်များက ကောင်းကင်တစ်ခွင်ကို ပြည့်နှက်လာသည်။

သို့သော်လည်း သူသည် လော့ယန်၏ လမ်းစဉ် မီးတောက်များက ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကို မြင်တွေ့နိုင်သည်။

သူသည် သူ၏ စွမ်းအားများကို အသက်သွင်းလိုက်ကာ နေမင်းနတ်ဘုရား အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ တောက်ပသည့် နေမင်းကြီးသည် သူ၏ ခန္ဓာမှ ထွက်ပေါ်လာသည်။ မီးလျှံများသည် နတ်ဘုရားစွမ်းရည် ကဲ့သို့ပင် တိုက်ခိုက်မှု၊ ကာကွယ်မှု အားလုံးကို လျစ်လျူရှုနိုင်သည်။

လော့ယန်ကို ကြည့်နေသည့် ရီဖူရှင်း၏ မျက်လုံးများက နာကျင်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏မျက်လုံးများက လောင်ကျွမ်းသွားပြီ ဟူသော ခံစားချက်မျိုး ဖြစ်သည်။ ထိုကြောက်မက်ဖွယ် နတ်မီးလျှံများက မဟာမျိုးနွယ်စု ကိုးခုထံမှ သူ ကြုံတွေ့ဖူးခဲ့သည်ထက် ပို၍ အားကောင်းပေသည်။

လူတိုင်း ခန့်မှန်းထား သကဲ့သို့ပင် အဆုံးတွင် သွမ့်ဝူကျီသည် ဆိုးဝါးစွာ ရှုံးနိမ့်နိုင်သည်။ သူသည် မက်မွန်ဖိတ်ကြားလွှာ ရရှိခဲ့သည့်အတွက် အလွန်ထူးချွန်သည့် သူဖြစ်သည်မှာ သိသာပေသည်။

သို့သော်လည်း လော့ယန် ပြောသည့်အတိုင်းပင် သူက လူမှား ရွေးချယ်မိပြီ ဖြစ်သည်။

သူသည် လော့ယန်နှင့် ရင်ဆိုင်ရသည့်အခါ အပြတ်အသတ် ရှုံးနိမ့်ခဲ့၏။

ထို့ကြောင့် ဤတိုက်ပွဲ၏ ရလဒ်သည် မည်သို့မျှ သံသယမျှ ရှိရန် မလိုအပ်တော့ပေ။

***

All Chapters