ဒီနေ့က နောက်ဆုံးတော့ရောက်လာပြီ..
Vol. 40 Ch. 597
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် စားပွဲပေါ်က ဘဏ်ကတ်ကို ယူကြည့်လိုက်ပြီး..
"မင်း ဘဏ်ကတ်ကို ပြန်ယူထားလို့ရတယ်.."
သို့ပေမယ့် ချန်းဟိုင်ဂီဟာ ဘယ်ဟာက သူ့အတွက် ကောင်းလဲ ဆိုးလဲဆိုတာကို သိထားပါသေးတယ်..။သူ အလျင်အမြန်လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"မာစတာ လင်း ကျွန်တော်ဒါကို ပြန်မယူပါရစေနဲ့..။မာစတာလင်း ပိုက်ဆံကို မမက်ဘူးဆိုတာ ကျွန်တော်သိပေမယ့်..ကလေး ဂေဟာ တစ်ခုကို ယူထားတယ်လို့ ကြားမိတယ်..။ဒီငွေက ကလေးတွေ အတွက် တစ်ခုခု အထောက်အကူ ပြုနိုင်တယ် ဆိုရင်တောင် ကျွန်တော် ကျေနပ်မိမှာပါ..."
"ဒါက...."
လင်းဖန် တစ်ခနလောက် စဥ္စားချင်ယောင် ဆောငိလိုက်တယ်..။
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ ပြောလိုက်ကြပါတယ်..။
"သူဌေးလေး ဘာတွေ လက်မခံနိုင်ဖြစ်နေရတာလဲ..။ဒီကလေးက လူကောင်းလေးပါ..။သူ့ဆီမှာ အကြင်နာ တရားတွေ ရှိနေသေးတယ်လေ.."
"ဟုတ်တယ် ..ကလေးတွေအတွကိ သုံးဖို့ ရသွားတာပေါ့.."
"အရင်တစ်ေခါက်က ပန်ချီရောင်းရငွေတွေ ရှိပေမယ့် အနာဂတ်မှာ သူတို့အတွက် ပိုက်ဆံ ပိုပြီး လိုအပ်လာတော့မှာလေ..။ဒါက ပြသနာ တွေကို ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့..."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဒါဆိုလည်း ငါ လက်ခံထားလိုက်မယ်..။မင်းရဲ့ ဆန္ဒအတိုင်း ငါ ကောင်းကောင်း သုံးပေးပါ့မယ်..."
ဒါက ဒေါ်လာ ဆယ်သန်းပါ..။တကယ်လို့ သူသာ လက်မခံလိုက်ရင် ဖြုန်းတီးမူ တစ်ခုပါပဲ..။
လူလိမ် ထျန်ကတော့..လင်းဖန် ဒေါ်လာဆယိသန်း တန် ဘဏ်ကတ်ကို ဘေးနားက ကြည့်နေရင်း..မနာလိုဖြစ်နေခဲ့ပါတယ်..။
ပိုက်ဆံရှာတာက ဒီလောက် လွယ်ကူနေတာလား..။
ချန်းဟိုင်ဂီဟာ အခုမှ အသက်ရူ ချောင်သွားခဲ့တယ်..။ဒီ ပိုက်ဆံ ဆယ်သန်းက သူအလွန်ဆံူး ထုတ်နိုင်တဲ့ ပမာဏ ဖြစ်ပေမယ့် ပိုက်ဆံကို သူ လုံးဝ ဂရုမစိုက်ပါဘူး..။
သူ့အဖေက..ရာထူးမြင့်မားတဲ့ အရာရှိတစ်ယောက်ဖြစ်ပြီး..သူ့အမေက စီးပွားရေး ကျွမ်းကျင်အဆင့် တစ်ယောက်ပါ..။အစိူးရ အရာရှိနဲ့..စီးပွားရေး လုပ်ငန်းရှင်တွေဟာ တစ်မိသားစုထဲက မဖြစ်ရဘူးဆိုတဲ့ စည်းမျဥ္း ရှိပေမယ့် သူ့အမေက အဖေနဲ့ လက်မထပ်ခင်ကတည်းက.အောင်မြင်တဲ့ လုပ်ငန်းရှငိဖြစ်နေခဲ့တာပါ..။
ဒါကြောင့်.သူ့ရဲ့..နောက်ခံက အတော်ကို မြင့်မားတယ်လို့ ပြောလို့ရပါတယ်..။ကုမ္ပဏီတစ်ခုစတင် တယ် ဆိုတာက သူ့အတွက်တော့ ကလေးကစားစရာ တစ်ခုလိုပါပဲ..။
ဒီဒေါ်လာ ဆယိသန်း ဆိုတာက သူ့မိဘရဲ့ ငွေတွေ မဟုတ်ပဲ သူကိုယ်တိုင် ကြိုးကြိုးစားစား နဲ့ ရှာထားရတာပါ..။ကုမ္ပဏီရဲ့ ရန်ပုံငွေတွေဟာလည်း ဒီထဲမှာပါပဲ..။
လင်းဖန်..ဆေးပညာကို တတ်ကျွမ်းပြီးသွားကတည်းက သူ့ဆိုင်မှာ ကိရိယာ အစုံအလင်ထား ရှိထားခဲ့ပါတယ်..။ချန်းဟိုင်ဂီ ရဲ့..ဒဏ်ရာတွေက ထိလွယ်ရှလွယ် အခြေအနေပါ..။လက်ရှိ ဆေးပညာ အဆင့်အတန်းနဲ့..ကုသမယ် ဆိုရင် သူ့ခြေထောက်ကို ဖြတ်ပစ်ရုံကလွဲပြီး တစ်ခြား နည်းလမ်း မရှိပါဘူး..။
သို့ပေမယ့် နန်ရှမ်းဂေဟာ က ကလေးတွေ နဲ့ စာရင် သူက နည်းနည်း ပိုသာပါသေးတယ်..။
"ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ သေဆုံးသွား
ပြီ ဆိုပေမယ့် သိပ်မကြာသေးတော့..ပြန်ကောင်းလာအောင် လုပ်လို့ရတယ်လေ..။ဒါက အရမ်းကြီးခက်ခဲတဲ့ အရာမဟုတ်ဘူး..။မင်း ကတိပေးထားတဲ့ အတိုင်း အနာဂတ်မှာ နေထိုင်မယ်လိူ့ ငါမျှော်လင့်တယ်..။ငါက လိမ်ညာတဲ့ လူတွေကို မကြိုက်ဘူး.."
လင်းဖန် ပြုံးပြီး ပြောလိူက်တာပါ..။
ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။
"စိတ်မပူပါနဲ့ မာစတာလင်း..။ကျွန်တော် ပြောထားတဲ့ အတိုင်း ပြောင်းလဲသွားမှာပါ..။ကျွန်တော် စကားကို ထပ်ပြီး မေ့မနေတော့ပါဘူး.."
သူ ပြောင်းလဲ ချင်နေခဲ့ပါပြီ..။ဒါက ဒီထူးခြားဆန်းကျယ် တဲ့ မာစတာလင်း အကြောင်းကို ပိုပြီး သိချင်လို့ပါပဲ..။
လက်ထဲမှာ ရှိတဲ့ ငွေအပ်တွေနဲ့ ..လင်းဖန်ဟာ ချန်းဟိုင်ဂီ ရဲ့ ခြေထောက်တွေထဲကို..စိူက်လိုက်တယ်..။
အာရုံကြောတွေကို ပြန်လည် လံှု့ဆော်ဖို့ ဆိုရင် ငွေအပ်တွေ နဲ့ချည်းပဲ ဘယ်လိုမှ..မဖြစ်နိုင်ပါဘူး..။သူ စွယ်စုံကျမိးရဲ့ အားဖြည့်ပေးမူကိုလည်း လိုအပ်ပါသေးတယ်..။
ဆိုင်ပိုင်ရှငိ တွေဟာ ဘေးနားကနေ ကြည့်နေပြီး အံ့ဩနေခဲ့ကြတယ်..။သူတို့အတွက်ကတော့ သူဌေးလေး ရဲ့ နည်းပညာတွေက တကယ်ကို အံ့ဩစရာပါပဲ..။သူ အပ်တွေကို လှုပ်ရှားတဲ့ ပုံစံက အရမ်းကို လျင်မြန်လွန်းလှပါတယ်..။
ချန်းဟိုင်ဂီက တော့ တစ်ချိန်လုံး ကြောက်ရွံ့နေခဲ့တယ်..။ယင်းနောက် သူ့ရဲ့ အမူအရာ..ဟာ တဖြည်းဖြည်း ပြောင်းလဲ သွားပြီး ကျေနပ်စွာ ပြောလိုက်ပါတယ်..။
"ခံစားရတယ်..ခံစားရတယ်...ခြေထောက်တစ်ခုလုံး အပူလှိုင်းတွေ စီးဆင်နေသလိုမျိုး ခံစားနေရတယ်.."
ရှန်းမင် အံ့ဩသင့်သွားခဲ့ပြီး..
"ဒီနည်းလမ်းက တကယ်ကို အံ့ဩသင့်ဖို့ ကောင်းတာပဲ..."
အစ်ကို ချန်းရဲ့ခြေထောက်အခြေအနေ ကို သူသိထားပြီးသားပါ..။ဆေးရုံက ဆရာဝန် တွေဆိုရင် သူ့ခြေထောက်တွေက တစ်သက်လုံး သုံးလို့ရတော့မှာ မဟုတ်ဘူး လိူ့တောင် ပြောထားခဲ့ပါတယ်..။မာစတာလင်း ဆီကို လာလိုက်တာနဲ့..ခြေထောက်တွေပြန်ကောင်းလာလိမ့်မယ်လိူ့ ဘယ်သူက ထင်ထားမှာလဲ..။ဒါက အံ့ဩသင့်စရာပါပဲ..။
ရှန်းမင် မာစတာ လင်းရဲ့ မျက်လုံးကို ကြည့်ပြီး တစ်ခုခုကို ခံစားလိုက်ရတယ်..။သူက အတော်ကို ဆန်းကျယ်ပြီး ဘေးနားမှာ ရှိနေကြတဲ့ လူတွေအတွက် ယုံကြည်စိတ်ချရမူကို ပေးစွမ်းနိုင်ပါတယ်..။
"မင်းရဲ့ ခြေထောက်တွေကို မဖို့ ကြိုးစားကြည့်.."
လင်းဖန် ချန်းဟိုင်ဂီ ရဲ့ ခြေထောက်က ငွေအပ်တွေကို ပြန်ဖယ်ပြီး ပြောလိုက်တာပါ.။
ချန်းဟိုင်ဂီ အနည်းငယ် ကြောက်လန့်နေခဲ့တယ်..။သူ ဖြည်းဖြည်း မကြည့်လိုက်တဲ့ အချိန်မှာ အမှန်တကယ်ပဲ မလို့ ရနေခဲ့ပါတယ်..။
ရုတ်တရက် ချန်းဟိုင်ဂီဟာ မျက်ရည်တွေ ကျလာခဲ့ပြီး..
"မာစတာလင်း ကျွန်တော်ရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ..။တကယ် ပြန်ကောင်းသွားပြီ..."
လင်းဖန် ပြောလိူက်တယ်..။
"ပြန်ကောင်းသွားပြီ..ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်လေ့ကျင့်ပေးမှ ရမယ်..။ငါ မင်းကို ဆေးညွှန်းရေးပေးလိုက်မယ်..။ဒီဆေးညွှန်းအတိုင်း မင်းရဲ့ ခန္တကိုယ်ကို လဝက်တိတိ အားဖြည့်ပေးရမယ်..။ပြီးရင်တော့ အပြည့်အဝ ပြန်ကောင်းသွားပြီ.."
ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်ပြီး..
"ကျွန်တော် နားလည်ပါပြီ..။ဒါပေမဲ့ နောက်ပိူင်းတွေမှာ ဘာမှ မဖြစ်လောက်တော့ဘူးမလား မာစတာလင်း.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ဘာမှ ဖြစ်မှာ မဟုတ်တော့ဘူး..။ပြန်ရောက်ရင် သာ ဆေးညွှန်းအတိုင်း သေချာသောက်..။အကုန်အဆင်ပြေသွားလိမ့်မယ်.."
လင်းဖန် ချက်ချင်း ကုသလို့ ရပေမယ့် ..ဒေါ်လာ ဆယ်သန်းပေးရတာ မတန်ဘူးလို့ ချန်းဟိုင်ဂီ ထင်သွားမှာကြောင့် အချိန်ဆွဲထားခဲ့တာပါ..။ဒီအတော်အတွင်းမှာ သူက မာစတာလင်း သူ့အပေါ်ဘယ်လောက်အထိ ကျေးဇူးကြီးလဲ ဆိုတာကို နားလည်လာမှာပါ..။
"ကျေးဇူးပါ မာစတာလင်း.."
ချန်းဟိုင်ဂီ ပြောလိူက်တာပါ..။သူ မာစတာလင်း ရဲ့ ခြေထောက်တွေကို တောင် ပြေးဖက်လိုက်ချင်ပါတယ်..။
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ငါမင်းကို ကုပေးပြီးသွားပြီ..။နောက်တစ်ကြိမ်ဆိုရင် ဂရုစိုက်ပါ..။ကောင်းပြီ..ငါ မင်းတို့ကို ဆက်ပြီး ဧည့်မခံ ပေးတော့ဘူး..။ဘာလို့ ဘေဂျင်းကို ပြန်ဖို့ မလုပ်ကြသေးတာလဲ.."
လင်းဖန် ချန်းဟိုင်ဂီနဲ့ စကားတွေ ထပ်မကြောချင်တော့ပါဘူး..။သူတို့က မတူညီတဲ့ လမ်းကြောင်းကို လျောက်လှမ်းနေကြတဲ့ လူတွေပါ..။သူ တို့ အနာဂတ်မှာ တွေ့ဆုံနိုင်ကြပေမယ့်လည်း..တစ်ခါတစ်ရံမှသာ ဖြစ်နိုင်ပါတယ်..။
ရှန်းမင် နဲ့ ချန်းဟိုင်ဂီတို့ ပြန်သွားပြီးတဲ့ နောက်မှာ လင်းဖန် ..ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သဘောကျစွာရယ်နောလိုက်တယ်..။
တစ်ခါတစ်လေမှာ..ပိုက်ဆံ ရှာရတာက အတော်ကို လွယ်ကူလှတာပါ..။
ဒါပေါ့..ဒါက ချန်းဟိုင်ဂီလို သူဌေးလက်သစ်လေးကို တွေ့လို့ပါပဲ..။
ထပ်ပြောရရင်..သူဌေးလက်သစ် တွေမှာ ပိုပြီး ပြသနာ ဖြစ်သင့်ကြပါတယ်..။
ခြေထောက်တွေ ပြန်ကောင်းဖို့ ဒေါ်လာ ဆယ်သန်း ဆိုတာက..သူတို့အတွက် များတယ်လို့ပြောလို့မရပါဘူး..။
သာမန်လူတွေ အတွက်ဘာမှမဟုတ်ပေမယ့်..ဒီလို သူဌေးလက်သစ်လေးတွေအတွက် ဒီပိုက်ဆံက ဘာမှ မဟုတ်ပါဘူး..။
အဲ့အချိန်မှာပဲ..လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ ရှေ့ကို ရောက်လာခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ ပြင်းပြတဲ့ ဆန္ဒတွေ ရှိနေခဲ့ပြီး..
"ငါ တရုတ်ဆေးပညာကို သင်ယူနိုင်လိမ့်မယ်လို့ မင်းထင်လား.."
လင်းဖန် လူလိမ် ထျန်ကို ကြည့်ပြီး ပြောလိူက်တယ်..။
"ခင်ဗျား အကြီးအကဲ ဝူ ဆီက ဗေဒင်ပညာ သင်နေတာ မဟုတ်ဘူးလား..."
လူလိမ်ထျန် ပြောလိုက်တယ်..။
"ငါ့ဖင်ကြီးကို သင်ပါလား..။ဒါက အတော်ကို ရှုပ်ထွေးတယ်..။ငါ ဘယ်လိုသင်နိုင်မှာလဲ.."
ဝူတန်ဟီ ပြောလိုက်တယ်..။
"အကြီးအကဲ ထျန်..ကျုပ် အခြေခံ အချက်လေးတွေ သင်ပေးရင်ရော ဘယ်လိုလဲ..။မင်း ဒါကိုမှမသင်ယူ နိုင်သေးရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်.."
လူလိမ် ထျန် ပြောလိူက်တယ်..။
"ကျုပ် ခင်ဗျားကို အပြစ်တင်နေတာ မဟုတ်ပါဘူး.။ဒါပေမဲ့ အခြေခံ အချက်လေးတွေကတင်အတော် ရှုပ်ထွေးနေတာလေ.."
လင်းဖန် ပြောလိုက်တယ်..။
"လူလိမ် ခင်ဗျား ဆိုင်ကိုပဲ သေချာ စောင့်ရှောက်ပေးသင့်တယ်..။ဒါက ခင်ဗျား အတွက်တော့ အသင့်တော် ဆုံးပဲ.."
"ဟီးဟီး..ငါ အမှန်တကယ် လေ့လာလိုက်ရင် မင်းကို ကျော်တက်သွားမှာကို ကြောက်နေတာ မလား.။ငါ နားလည်ပါတယ်..။ကျော်ကြားတဲ့ လူတွေက တစ်ခြားလူတွေရဲ့ တက်လမ်းကို အမြဲပိတ်ပင်တတ်တယ် ။ထားလိုက်တော့..ငါ..ထျန် ..က နိမ့်ချပြီးပဲ နေတော့မယ်..."
"ဟားဟာ.."
လူတိူင်းဟာ သူပြောတာကို သဘောကျပြီး ရယ်မောလိုင်ကြပါတယ်..။
*ကလင် ကလင်*
ကျို့ထျန်းဖူ ရဲ့ ဖုန်းဝင်လာခဲ့တယ်..။
"မာစတာလင်း..ချန်းဟိုင်ဂီ မာစတာလင်း ဆီကို လာသေးလား..."
"အင်း..ကျုပ်သူ့ကို တွေ့ပြီးသွားပြီ ..။သူ အဆင်ပြေတယ်.."
တစ်ခြားတစ်ဖက်မှာတော့ တိတ်ဆိတ်သွားခဲ့ပါတယ်..။ခနအကြာမှ သက်ပြင်းချသံ ပေါ်လာခဲ့့ပီး..
"မင်းက တကယ် အံ့ဩဖို့ ကောင်းတာပဲ.."
ကျို့ထျန်းဖူ အတွက်ကတော့ မာစတာလင်း.ကအတော်ကို ဆန်းကျယ်နေခဲ့ပါတယိ..။
ကျို့ထျန်းဖူက..အခြေအနေကို ရှင်းပြချင်ခဲ့ပေမယ့် မာစတာလင်းက သူနဲ့ မရင်းနှီးအောင် တကယ် စည်းခြားထားတယ်လို့ ခံစားနေရပါတယ်..။ဒါပေါ့..ဒါက သူ့ရဲဘ အမြင်ပါ..။သူ သေတော့ မသေချာပါဘူး..။
လင်းဖန် ကျို့ထျန်းဖူ နဲ့..ဝေးကွာအောင် စည်းခြားထားတာက သူ့အကြောင်းအရင်းနဲ့ သူ ရှိပါတယ်..။တကယ်လို့ သူသာ ဒီငနဲနဲ့ ပေါင်းသင်းနေရင် ပြသနာ တော်တော်များများနဲ့ ရင်ဆိုင်ရမှာပါ..။
လင်းဖန် ဒါကို သူ့ရဲ့ ကံကြမ္မာကနေ ပြောနိုင်ခဲ့တာပါ..။
သူကိုယ်တိုင်လည်း လုံခြုံဖို့ ဆိုရင်..သခင်လေး ကျို့နဲ့ ဝေးဝေးနေတာ အကောင်းဆံူးပါပဲ..။
သူတို့နှစ်ယောက် အတော်ကြာအောင် စကားပြောပြီး ဖုန်းချလိုက်တယ်..။
အဲ့အချိန်မှာပဲ လင်းဖန် တိမ်ဖြူတွေ နဲ့ သာယာနေတဲ့ ကောင်းကင်ပြာကို မော့ကြည့်လိုက်ပါတယ်..။ဒီနေ့ရက် တွေက အတော်ကို သက်သောင့်သက်သာရှိပြီး သာယာလှတာပါ..။
လဝက်ခန့် ကြာပြီးနောက်..။
တိမ်ဖြူလမ်းက ပုံမှန် အတိုင်းပါပဲ..။ဘာမှ ထွေထွေထူးထူး ပြောင်းလဲမူ မရှိပေ..။
ဒီနေ့မှာတော့ ကျိုးမင်ချင်းဟာ ဆိုင်ကို ရောက်လာခဲ့ပါတယ်..။
"ဆရာ..အခြေခံသင်ရိုးကို ..တစ်နိုင်ငံလုံး ကျောင်းတွေဆီ စတင်ဖြန့်ချီလိုက်ပြီ..."
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။