← Chapters

ငါ့ဆီကို လာပါ..စွယ်စုံအမှတ်ကလေးတွေ..

Vol. 40 Ch. 598

ငါ့ဆီကို လာပါ..စွယ်စုံအမှတ်ကလေးတွေ..

Vol. 40 Ch. 598

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ကျေနပ်သွားခဲ့တယိ..။

"ဘယ်ကျောင်းတွေကို ဖြန့်ချီမှာလဲ.."

ဒီတစ်နိုင်ငံလုံးက ဆေးပညာ အကယ်ဒမီ ကျောင်းတွေက သူတို့လက်ထဲမှာ ရှိတယိ ဆိုတာကို သိထားပြီးသားပါ..။

"နိုင်ငံတစ်ခုလုံးက အကယ်ဒမီ ကျောင်းတွေ ဆိုတော့..ကျောင်းပေါင်း ၃၀ ကျော်လောက်ဖြစ်မယ်..။ပညာရေးဌာန က ဒီသင်ရိုးကို လက်ရှိ သင်နေတဲ့ ကျောင်းသားတွေ သင်ကြားဖို့ ခွင့်ပြုပေးခဲ့တယ်လေ..။ကျွန်တော် ထင်တာတော့ ဆရာရဲ့ သင်ရိုးက နှစ်ရက် သုံးရက် ဆိုရင် အကုန်လုံးဆီ ရောက်မှာ ကျိန်းသေတယ်.."

"ဒါကောင်းတယ်.."

လင်းဖန် ဒိီအချိန်ကို စောင့်နေခဲ့တာ အတော်ကြာပါပြီ..။သူ နောက်ဆုံးတော့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသလိုပါပဲ..။သို့ပေမယ့်..ဒီလိူမျိူး သူ့ရဲ့ သင်ရိုးက ကျောင်းတိုင်းကို ပျံ့နှံ့သွားပေမယ့် ကျောင်းသားတွေ သေချာ မလေ့့လာရင်..သူလည်း စွယ်စုံအမှတ်ရမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် ဒါက ပြသနာ မဟုတ်ပေ..။ကျောင်းပေါင်း သုံးဆယ်မှာ လေးလေးနက်နက် မဖတ်တဲ့လူ မရှိပဲ ဘယ်နေပါ့မလဲ..။

ထပ်ပြောရရင် လင်းဖန် သူ့ရဲ့ အခြေခံ သင်ရိုးနဲ့ ပတ်သက်ပြီး ယုံကြည်မူ ရှိပါတယ်..။အသက်ကြီးကြီး သမားတော်တွေတောင် သူ့ရဲ့ သင်ရိုးကို လေ့လာကြမှာပါ..။ဒါဆိုရင် သူ့ဆီဝင်လာမဲ့ စွယ်စုံအမှတ် ပမာဏက နည်းမှာ မဟုတ်ပါဘူး..။

ကျိုးမင်ချင်း ပြောလိူက်တယ်..။

"ဆရာ..ကျွန်တော် အခုနောက်ပိုင်းနားလည် လာတာ.အဲဒီ ဥာဏ်ကောင်းစေသော ဆေးလုံးက တကယ် ဆန်းကျယ်တယ်နော်..။ကျွန်တော် ဒီဆေးဖော်စပ်တဲ့..ဆေးပင်တွေကို လေ့လာကြည့်သေးတယ်..။ဒီလို ဆေးပင်တွေ ပေါင်းစပ်တာနဲ့ ဒီလောက်အထိ အကျိူးသက်ရောက်မူ ဖြစ်မလာသင့်ဘူး.."

"ဥာဏိကောင်းစေသော ဆေးလုံးက တကယ် ဆန်းကျယ်တယ်..။ခင်ဗျား ဟန်ပန် အမူအရာက အရင်ကနဲ့ ဘာမှ မဆိုင်တော့ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါက တကယ်ကို အမှန်ပါပဲ..။ကျိုးမင်ချင်းက အမြဲတမ်း ခွန်အားတွေ ပြည့်ဝနေတဲ့ လူတစ်ယောက် ဆိုပေမယ့်..အခု အခြေအနေနဲ့ ယှဥ္ကြည့်ရင် ကွာခြားမူက ကြီးမား လှပါတယ်..။

သို့ပေမယ့်..အဓိက အသိအမှတ်ပြုရမယ့် အစိတ်အပိုင်းက သူ့ရဲ့ ဦးနှောက်ပါပဲ..။ဥာဏ်ကောင်းစေသော ဆေးလံူးက တစ်စုံတစ်ယောက်ရဲ့ မှတ်ဥာဏ်ကို ကြီးကြီးမားမာစ အထောက်အကူ ပြူပေးမှာပါ..။မင်းချင်း ဆိုရင် အရာရာတိုင်းကို ဓာတ်ပုံ ရိုက်ထားသလို မှတ်မိနေသင့်ပါတယ်..။

လက်ရှိပုံစံအရတော့ သူ အဲ့အခြေအနေကို ရောက်သေးတဲ့ ပုံစံ မရှိပေ..။သို့ပေမယ့် သူ ဦးနှောက်ကို မကြာခန အသုံးပြုပေးရင်..ဒီလို ရရှိဖို့ဆိုတာ ဖြစ်နိုင်ပါတယ်..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်ပြီး..

"ဆရာ..ကျွန်တော်ရဲ့ မှတ်ဥာဏ်တွေက အရမ်းကို တိုးတက်လာခဲ့တယ်..။ဒါက ကျွန်တော် ဆေးပညာ လေ့လာတဲ့ နေရာမှာတော့ အကျိုးသက်ရောက်မူကြီး တစ်ခုပဲလေ..။ဒါတွေ အကုန်လုံးက ဥာဏ်ကောင်းစေသော ဆေးလုံး ကြောင့်ပဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်အထင်တော့ ခင်ဗျား အရင်က အလုပ်ကြိုးးခဲ့တာ ရဲ့ အကျိုးရလာဒ်ပဲ..။ဆေးကို သောက်ပြီးတာနဲ့ အရင်က ဖတ်မှတ် ခဲ့တဲ့ စာအုပ်တွေက ခင်ဗျားရဲ့ စိတ်ထဲမှာ ပြန်မှတ်မိလာခဲ့တာလေ.."

ကျိူးမင်ချင်း ပြန်ပြောလိုက်တယ်..။

"ဒါက တကယ် အမှန်ပဲ.."

လူလိမ် ထျန်ဟာ သူတို့ နှစ်ယောက်ကို ကြည့်ပြီး ဘာတွေ ပြောနေကြတာလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

"ဥာဏ်ကောင်းစေသော ဆေးလုံးက ဘာလဲ..။ပြီးတော့..မှတ်ဥာဏ်တွေ တိူးတက်လာတယ် ဆိုတာက ဘာကို ပြောတာလဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ကျုပ်က ပြီးခဲ့တဲ့ အခေါက်က ခင်ဗျားကို ပေးတဲ့ဆေးအကြောင်း ပြောနေကြတာ..။ခင်ဗျား မသောက်ချင်တာက တကယ် ရှက်စရာပဲ..။အဲတာက

တကယ့် နတ်ဆေးလုံးပဲ...။ဘယ်လောက် ရှက်ဖို့ ကောင်းလဲ.."

"ဟင်..ငါ အဲလိုဟာကို မလိူချင်ပါဘူး.."

လူလိမ်ထျန် ဒီလို ပြောလိုက်ပေမယ့် ..ခံစားချက်ကတော့ မတူညီနေခဲ့ပါဘူး..။သူ ဒီဆေးကို အတော်သိချင်နေခဲ့ပါတယ်..။ဒါက အတော်ကို ဆန်းကျယ်တာပါ..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ခင်ဗျား မလိူချင်တာကောင်းတယ်..ကျုပ်လည်း ခင်ဗျားကို မပေးချင်တာနဲ့ အတော်ပဲ..။နောက်ပိုင်း ယူလန် နဲ့ ကျန်တဲ့ လူတွေကို တစ်လံူးစီ ပေးမယ်..။အဲ့အချိန်ကျမှ လိူချင်တယ် မလုပ်နဲ့..။အဲဒီဆေးက တစ်စုံတစ်ယောက်ကို ပိုပြီး ဥာဏ်ကောင်းလာစေတယ်.."

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်တယ်..။ဘာလို့ သူ တစ်ခုခုမှားနေသလိူ ခံစားနေရတာလဲ မသိတော့ပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"မင်ချင်း ခင်ဗျား ဒီရောက်နေပြီ ဆိုမှတော့ ဘာလို့ ညစာစားပြီးမှ မပြန်တာလဲ..။တစ်ချိန်တည်းမှာပဲခင်ဗျား နားမလည်တာ ရှိရင် မေးလို့ရတာပေါ့..."

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..အဲလိုအရာက တကယ်ရှိတယ်..။ကျွန်တော့်ိစိတ်အခြေအနေက အဆင်ပြေနေတော့ စာအူပ်တွေ အများကြီး ဖတ်ဖြစ်တယ်လေ..။ဒီတော့ မေးခွန်းတွေကလည်း အများကြီးပဲ..။အဲတာတွေက ကျွန်တော်စိတ်ထဲမှာ ရှုပ်ထွေးနေပြီး အခုထိ အဖြေမထွက်သေးဘူး.."

သူ့အတွက်တော့ လင်းဖန် ရဲ့ တပည့်ဖြစ်ခွင့်ရတာက ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကံကောင်းမူကြီးပါ..။သူ့ဆရာက သူ့ကို တရုတ်ဆေးပညာရဲ့ လမ်းကြောင်းမှန်ဆီ တင်ပေးခဲ့ပါတယ်..။

လင်းဖန် ရယ်မောလိုက်တယ်..။ဒီကျိုးမင်ချင်းက တကယ် လေ့လာအားကောင်းတာပါ..။ဒါကြောင့်လည်း လင်းဖန် သူ့ကို သင်ပြပေးချင်တာပါ..။သူက သူ့ဟာသူ လေ့လာနေတောက..လင်းဖန်လိူ ငပျင်းတစ်ယောကိက တစ်ချိန်လုံး လိုက်သင်ပေးစရာ မလိူတော့ပါဘူး..။

ကျိုးမင်ချင်းက အသက်ကြီးနေပြီ ဖြစ်ပေမယ့်..အလားအလာ တော့ ရှိနေပါသေးတယ်..။အထူးသဖြင့် ဥာဏ်ကောင်းစေသော ဆေးလုံးသောက်ထားတဲ့ အတွက်ကြောင့် သူ့ရဲ့ အလားအလာက လူငယ်လေးတွေလိုပါပဲ..။

တရုတ်သမားတော် တစ်ယောက်အတွက်တော့ ဒါက ကောင်းမွန်တဲ့ အရာပါ..။

…

ခုနှစ်ရက် ကြာပြီးနောက်..။

တရုတ်ဆေးပညာ အကယ်ဒမီ တစ်ခုတွင်..။

"မင်းကြားပြီးပြီလား..။သင်ရိုးအသစ်က မနက်ဖြန် ရောက်လာတော့မှာပဲ.."

"သူတို့က ရောက်နေတာကြာပြီ..။သင်ရိုးအသစ်တွေက ကျောင်းမှာ တစ်ချိန်လုံးရှိနေတာ..။သူတို့က ဖြန့်ဝေ့ပြီး ပြိုင်တူ သင်မယ့်နေ့ကို စောင့်နေကြတာ ဖြစ်မယ်..."

"ဒါဆို သင်ရိုးအဟောင်းတွေကို ဘယ်လိုလုပ်မှာလဲ..။ငါတို့က ဒါကိုလေ့လာပြီး အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား.."

"ဒါကတော့ မသေချာဘူး..။သင်ရိုးအသစ်ကလည်း အဟောင်းနဲ့တော့ သိပ်မကွာလောက်ပါဘူး..။ဘာပဲဖြစ်ဖြစ် ဒီဆေးပညာကတော့ တူတူပဲလေ.."

"ငါကြားတာတော့..ဒါကို နတ်ဆေးဆရာလေး ရေးထားတာတဲ့..။ဘယ်လိူ ပုံစံလဲ..တကယ်သိချင်မိတယ်.."

"ဘာနတ်ဆေးဆရာလဲ..။ဒီနေ့ခေတ်မှာတော့ လူတွေက ကိုယ့်ကိုကို နာမည် ကောင်းကောင်းလေးတွေ ပေးနေကြတာပဲ.။ငါတော့ မယံူပါဘူး."

အကယ်ဒမီ ရုံးခန်းတွင်..။

ဆရာတွေ အုပ်စုဟာ စုဝေးနေကြပြီး သင်ရိုးအသစ်အကြောင်းကို ဆွေးနွေးနေခဲ့ကြပါတယ်..။

"ပညာရေး ဌာနက သင်ရိုးအသစ်တွေ ပို့လိုက်ပြီးဆိုတဲ့ ကို ရလိုက်တယ်..။ငါတို့က ဒုတိယ စာမေးပွဲတောင် ရောက်နေကြပြီလေ..။တကယ်လို့ သင်ရိုးကို ရုတ်တရက် ပြောင်းလိုက်ရင် ဒါက မကောင်းနိုင်ဘူးမလား..."

"ငါတို့က ဘာတတ်နိုင်မှာလဲ..။ဒါက အထက်က ညွှန်ကြားချက် ပဲလေ.."

"သင်ရိုးအသစ်က ဘယ်လိုရှိလဲ တစ်ယောက်ယောက် သိထားလား.."

"မသိဘူး..ငါ မြင်တောင် မမြင်ဖူးသေးဘူး..."

"ဒါပေမဲ့ အရင်တုန်းက သင်ရိုးရေးတဲ့ လူက စပါယ်ရှယ်လစ် တစ်ချို့နဲ့ ပြသနာ ဖြစ်သေးတယ်လေ..။အဲတုန်းက တော်တော်ကြီးကြီးပဲ..။ပညာရေး ဌာနရဲ့ ခေါင်းဆောငိတောင် အဲ့အထဲ ပါသွားသေးတယ်.."

"အဲလိုလား"

"ဟုတ်တယ် ဒါကြောင့် ငါတို့ နိမ့်ချနေမှ ရမယ်..။ငါတို့ ရောက်လာတဲ့ သင်ရိုးတွေကို လက်ခံပြီး..သေချာသင်ပေးလိုက်ရင် အဆငိပြေသွားမှာပါ.."

"ငါကတော့ ဒီလိုဖြစ်လာမယ် မထင်ဘူး..။အကြီးအကဲ ဟန် ဘာပြောဦးမလဲ မသိဘူး.."

"ဟင်..အကြီးအကဲ ဟန် ရောက်လာပြီ.."

အဲ့အချိန်မှာပဲ အသက် ၅၀ အရွယ်လောက် ရှိပြီး အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့. လူကြီးဟာ ဝင်လာခဲ့တယ်..။

"အကြီးအကဲ ဟန်..သင်ရိုးအသစ်နဲ့ ပတ်သက်ပြီးဘာပြောချင်သေးလဲ.."

ဆရာ တစ်ယောက်က ပြောလိုက်တာပါ..။

အကြီးအကဲဟန် ပြန်ပြောလိုက်တယ်..။

"ငါလည်း မသိဘူးလေ..။ငါ မှ မမြင်ရသေးတာ.."

"သင်ရိုးအသစ်က ဆိုးရွားနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ.."

အကြီးအကဲ ဟန် ရယ်မောလိုက်ပြီး..

"ဆိုးရွားတာလား..။မင်း အတွေးလွန်နေတာပဲုဖစ်မယ်..။တကယ်လို့ ဒီသင်ရိုးတွေကသာ ဆိုးရွားမယ် ဆိုရင် သူ့ထက်ကောင်းတဲ့ သင်ရိုးက ရှိတော့မှာ မဟုတ်တော့ဘူး.."

လူတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။

"အကြီးအက​ဲ ဟန်..သင်ရိုးအသစ်ကို ကြည့်ပြီးပြီ မို့လို့လား..။သင်ရိုးအသစ်က မဆိုးရွားဘူးဆိုတာ ဘယ်လို သိတာလဲ.."

"အကြီးအကဲ ဟန်..သင်ရိုးအသစ်ကို ရေးတဲ့လးကို သိလို့လား.."

အကြီးအကဲ ဟန် ခေါင်းခါယမ်းလိုက်ပြီး..

"ငါ သူ့ကို မသိပါဘူး..ဒါပေမဲ့ တစ်ခါဆုံဖူးတယ်.။သူ ငါတို့ ဆီမှာ ဆေးပညာ ပရဟိတ လာလုပ်သေးတယ်လေ..မင်းတို့ မသိကြဘူးလား..။ငါ သူ့ကို ကိုယ်တိုင်သွားကြည့်တာ..သူ့ရဲ့ ဆေးပညာက တကယ်ကို အံ့ဩစရာပဲ..။င့ါ့မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ငါ ယုံကြည်နိုင်မှာတောင် မဟုတ်ဘူး.."

လူတိုင်း အံ့ဩသွားခဲ့တယ်..။အကြီးအကဲဟန်က သင်ရိုးအသစ်တွေကို မမြင်ရသေးခင်မှာပဲ မျှော်လင့်ချက် ရှိနေလိမ့်မယ်လိူ့ မထင်ထားခဲ့ကြပါဘူး..။ဒါက သူတို့အတွက် သင်ရိုးအသစ်ကို ပိုပြီး သိချင် စေခဲ့ပါတယ်..။

စာသင်ခန်းတစ်ခုတွင်..။

ဆရာဟာ စာသင်ခန်းရဲ့ ရှေ့မှာ ရပ်ပြီး ပြောလိုက်တယ်..။

"ကျောင်းသားတို့..သင်ရိုးအသစ်က ရောက်လာပြီ..။အခုမင်းတို့ကို ဖြန့်ဝေပေးမယ်"

ခနအတွင်းပဲ သင်ရိုးအသစ်က ကျောင်းသားတွေ လက်ထဲကို ​ေရာက်သွာခဲ့ပါတယ်..။

ကျောင်းသားတွေဟာ..သင်ရိုးအသစ်ထဲက စာမျက်နှာတွေကို လှန်လိုက်တဲ့ အချိန်မှာ..အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။ယင်းနောက် သူတို့ အံ့ဩသင့်စွာ အော်ဟစ်လိုက်ပါတယ်..။

"ကြည့်ပါဦး..ဒီသင်ရိုးအသစ်က ဘာလဲဟ..။ဘာလို့ အရင်အဟောင်းနဲ့ တစ်ခုမှ မတူရတာလဲ.."

"ချီးပဲ ဒါအမှန်ပဲ..။သူတို့က ငါတို့ကို ကစားနေတာလား.."

"ဟေး ပထမအပိုင်းကို ကြည့်ပါဦး..။ဒါက ဒီတိူင်းရေးထားသလိုပဲ..။ဒါက သင်ရိုးအဟောင်းလိူ ဆန်းကြယ်ပြီး ရှုပ်ထွေး မနေဘူး..။နားလည်ဖို့ အရမ်းလွယ်ကူနေတယ်.."

"ဒါက မဟုတ်သေးဘူးနော်..။သင်ရိုးအသစ်က မဟုတ်သေးဘူး..။ခေါင်းစဥ္ အတွက် ရှင်းပြချက်တွေက သင်ရိုးအဟောင်းနဲ့ တစ်ခြားစီပဲ..။ဒါမဟုတ်သေးဘူး.."

"မင်းတို့ အင်တာနက်က သတင်းမှာ မကြည့်ခဲ့ကြဘူးလား..။အရင် သင်ရိုးအဟောင်းမှာက အမှားတွေအများကြီးပဲတဲ့.။အခု သစ်ရိုးအသစ်မှာ ရှင်းပြထားတာတွေကမှ အမှန်တွေ.."

"ဒါက တကယ် အမှန်ပဲလား..."

အဲ့အချိန်မှာတော့ ဒီလိူအခြေအနေက နိုင်ငံတစ်ခုလုံးရဲ့ ဆေးပညာ အကယ်ဒမီမှာ ဖြစ်နေခဲ့တာပါ..။

All Chapters