အခန်း (၅၉၉)
Vol. 40 Ch. 599
#ဘာသာပြန် = စနိုးဝှိုက်
ရက်အနည်းငယ် ကြာပြီးနောက်..။
ကျိုးမင်ချင်းရဲ့ ဖုန်းဝင်လာခဲ့တယ်..။
"ဆရာ..ဒါက ပျော်စရာ ကိစ္စပဲ..။အခြေခံ သင်ရိုးက တစိနိုင်ငံလုံးက ဆေးပညာ အကယ်ဒမီ တွေကို အကျိူးသက်ရောက်မူ ကြီးမားစေခဲ့တယ်.."
လင်းဖန် အံ့ဩသွားခဲ့တယ်..။
"တကယ်လား..အဲလောက်တောင် အဆင်ပြေနေတာလား..."
ကျိုးမင်ချင်း ပြုံးလိုက်ပြီး..
"ဆရာ..ဒါက ဆရာကိုယ်တိုင်ရေးထားတဲ့ အခြေခံ သင်ရိုးလေ..။မအောင်မြင်ပဲ ဘယ်လိုလုပ်နေမှာလဲ..။ကျွန်တော် တစ်ခြား ကျွမ်းကျင်တဲ့ သမားတော်တွေကို ဖုန်းဆက်ကြည့်တော့လည်း သူတို့က ကောင်းမွန်တယ် လို့ပဲ ပြောကြတယ်..။ဒီတစ်ခုက အရင်အဟောင်းထက် စာရင် ပိုပြီး ကောင်းမွန်တယ်လေ..။ကျောင်းသားတွေကလည်း နားလည်ရလွယ်ကူလို့ သဘောကျနေကြတယ်..."
"ဒါကောင်းတယ်.."
လင်းဖန် ပြုံးလိုက်တယ်..။သင်ရိုးအသစ်ကို သဘောကျ ကြတယ် ဆိုရင် ..ဒါက သူစွယ်စုံအမှတ်တွေ ပိုပြီး ရတော့မယ် လို့ ဆိုလိုတာပါပဲ..။
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ..အင်တာနကိပေါ်ကိုလဲ တစ်ချက်ကြည့်လိုက်ဦး..။သင်ရိုးအသစ်အကြောင်း သတင်းတွေ တက်လာနေပြီ..။သူတို့ က ကျောင်းသားတွေ နဲ့ ဆရာတွေ အကြောင်း တင်ထားကြတာလေ.."
ဖုန်းချပြီးနောက်မှာ လင်းဖန်..အင်တာနက်ကိုချက်ချင်း စစ်ဆေးကြည့်လိုက်တယ်..။
"တရုတ်ဆေးပညာ အခြေခံသင်ရိူးအသစ်ဟာ ကောင်းမွန်တဲ့ တုန့်ပြန်မူတွေ ရနေခဲ့သည်..။ဆရာ နဲ့ကျောင်းသားတွေဟာ သဘောကျနေခဲ့ကြသည်.."
"နတိဆေးဆရာ လေးရေးသားတဲ့ အခြေခံ သင်ရိုးဟာ သင်ရိုးအဟောင်းထက် ပိုကောင်းမွန်နေခဲ့သည်.."
"ကျောင်းသားတွေဟာ..ဒီအခြေခံ သင်ရိုးက သူတို့ အမြဲတမ်း လိူအပ်နေတဲ့ အရာတစ်ခုလို့ ပြောကြားခဲ့ကြသည်.."
…
လင်းဖန် ဟာ အစက ပြုံးနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ အပြုံးတွေက ပိုပိုပြီး တောက်ပလာခဲ့ပါတယ်..။
စွယ်စုံအမှတ် + 1
စွယ်စုံအမှတ် + 1
…
အဲအချိန်မှာပဲ လင်းဖန် ရဲ့ စွယ်စုံအမှတ် တွေဟာ..သူ တစ်ခါမှ မမျှော်လင့်ထားတဲ့ အရှိန်နှုန်းနဲ့ ထိူးတက်နေခဲ့တယ်..။အရင်တုန်းက ဆိုရင် သူ စွယ်စုံအမှတ် နည်းနည်းရဖို့ အတော်ကြိုးစားပေမယ့်..အခုအချိန်မှတော့ စွယ်စုံအမှတ် ဝင်လာနေတဲ့ နှုန်းက ကြောက်စရာပါပဲ..။
ဒီလို သာ ဆက်သွားနေရင် ဘယ်လောက်အထိတောင်ရောက်သွားမှာလဲ..။လင်းဖန် အံ့ဩလွန်းလို့ အသက်ရူဖို့တောင် မေ့နေခဲ့ပါပြီး..။သူ့မျက်နှာပေါ်က အပြုံးကတော့ ပေါက်ကွဲ ထွကိလာတော့မယ့် အတိုင်းပါပဲ..။
စွယ်စုံအမှတ် : 3450
သူ ဒီလောက်အထိ ရဖို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ..။ဒါက တကယ်ကို အံ့ဩစရာပါပဲ..။
ပြီးတော့ လင်းဖန်ကို ပိုပြီး အံ့ဩစေတာက..စွယ်စုံအမှတ် တွေက ဆက်ပြီး ဖြည်းညှင်းစွာ မြင့်တက်နေဆဲပါ..။
နည်းနည်း
နည်းနည်း..
ကြည့်ရတာ..အခြေခံ သင်ရိုးကို လူတွေ ဖတ်နေကြတဲ့ ပုံပါပဲ..။သို့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကြည့်ရင် ဒီပမာဏက နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်..။
တစ်ချို့ သင်ရိုးအသစ်ကို မလေ့လာရသေးတဲ့ လူတွေ လည်း ရှိနေကြဦးမှာပါ..။သူတို့ အကုန်လံူး သင်ရိုးအသစ်ကို နစ်မြောပြီး နားလည်ကြလိမ့်မယ်လို့လည်း လင်းဖန် မမျှော်လင့်ထားခဲ့ပေ..။
သိူ့ပေမယ့် ဒီနှုန်းအတိုင်း ဆိုရင် စွယ်စုံအမှတ်တွေ ခုန်တက်သွားဖို့ ဆိုတာက မဖြစ်နိုင်တာ မဟုတ်တော့ပါဘူး..။
အဲ့အချိန်မှာပဲ.သူ့ဖုန်းဟာ မြည်လာခဲ့တယိ..။
ကျို့ချင်းချင်..။
"ဂုဏ်ယူပါတယ် မာစတာလင်း..။မင်းရဲ့ သင်ရိုးအသစ်က တကယ်ကို အောင်မြင်သွားပြီလိုလ ပြောလို့ရတယ်..။ကျောင်းသားတွေ ဆိုရင်လည်း တကယ်ကို သဘောကျနေကြတာ.."
"ကျွန်တော်ကို မြှောက်နေတာပဲ.."
"ကျွန်တော်တို့ အဖွဲ့အစည်းကလည်း မာစတာလင်းရဲ့ အူရောင်ငန်းဖျားနဲ့ ရောဂါအမျိုးမျိုး စာအုပ်ကို ဖြန့်ချီပေးမလို့..။ဒီလိူ ကောင်းမွန်တဲ့ စာအုပ်က အကုန်လုံးကို မျှဝေပေးသင့်တယ်လေ.."
ဒီလို ဖြန့်ဝေဖို့ ဆိုတာက လင်းဖန် ဆန္ဒရှိနေတဲ့ အရာတစ်ခုပါပဲ..။
"ကောင်းပြီလေ..ဥက္ကဌ ကျို့ ကိုင်တွယ်မယ် ဆိုရင် ကျွန်တော် စိတ်ပူစရာ မရှိပါဘူး..။လုပ်စရာရှိတာ ဆက်လုပိပါ.."
"ဟားဟား..ကျေးဇူးတင်ပါတယ် မာစတာလင်း..။ဘေးဂျင်းကို ရောက်လာတဲ့ အချိန်ကြရင် ကျွန်တော် ဝိုင်နဲ့ ပြုစုပါ့မယ်.."
"ကောင်းပါပြီ.."
တစ်ယောကိပြီး တစ်ယောက် ဆီက ဖုန်းတွေ ဝင်လာခဲ့တယ်..။နောက်ဆုံးတစ်ယောက်ကတော့ သူ့အဖေ ဆီကပါ..။
"အဖေ..ဘာဖြစ်လို့လဲ.."
"သား..အခု ထွက်နေတဲ့ အခြေခံ သင်ရိူးက မင်းဟာလား.."
"ဟုတ်တယ်..သားဟာ.."
"ဟားဟား..ငါ့သားက တကယ်ကို ထူးချွန်တာပဲ..။အဖေ အရမ်းဂုဏ်ယူမိတယ်..။အဖေ ထပ်ပြီး မပြောတော့ဘူး..။အဲ့စာအုပ်ကို တစ်ခုလောက် ကော်ပီ ကူးပြီး အနိကယ်လီ ဆီ ပို့ပေးရဦးမယ်..။နောက်မှ ပြောကြမယ်လေ..။အခု ဖုန်းချလိုက်ပြီ..."
လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပါတယိ..။ဒါပေါ့..သူအဖေ ရဲ့ ရည်ရွယ်ချက်ကို သူသိထားပြီးသားပါ..။အန်ကယ်လီကတော့ သူ့အဖေ ရဲ့ တိုက်ခိုက်မူကို ခံရတော့မှာ ကျိန်းသေပါပဲ..။
အန်ကယ်လီ အတွကိကတော့ ဒီလို အိမ်နီးချင်း မျိုးရှိနေတဲ့ အတွက် ဘာမှ တတ်နိုင်မှာ မဟုတ်ပေ..။
…
လူလိမ် ထျန် ပြောလိုက်တယ်..။
"ကောင်လေး ဘာတွေ ပြောစရာ ရှိနေလို့လား..။မင်းအပြုံးက စောစောစီးစီး ထူးခြားနေပါလား.."
လင်းဖန် ပြုံးလိုက်ပြီး..
"ပျော်စရာလား..။ပျော်စရာ ဆိုတာ ကျုပ်အတွက် လက်ရှိဖြစ်နေတဲ့ အရာပါ..။ကျုပ် ကောင်းကင်ပေါ် တက်သွားမယ်လို့တောင် ခံစားနေရတယ်.."
ဝူယူလန် လဖက်ရည် တစ်ခွက်ကို ယူလာခဲ့ပြီး..
"အစ်ကိုလင်း..သင်ရိုးအသစ်က တကယ်အောင်မြင်သွားတယ် ဆိုပေမယ့်လည်း..ဒီလောက်နဲ့ ပျော်ရွှင်တတ်တဲ့ လူမျိုးမဟုတ်ဘူးလေ.."
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး..
"မင်းတို့ နားမလည်ပါဘူး.."
လူလိမ် ထျန် ပြောလိုက်တယ်..။
"မငိးမပြောရင် ငါတို့က ဘယ်လို နားလညိမှာလဲ.."
လင်းဖန် ပြုံးနေခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပေ..။ဒီအခြေအနေက ရှင်းပြလို့ မရတဲ့ အရာတစ်ခုပါ..။သူတို့ကို ဘယ်လိုလုပ် ပြောလို့ ဖြစ်မှာလဲ..။စွယ်စုံအမှတ်တွေဘ အမြန်နှုန်းနဲ့ တိူးလာနေတယ် လို့ ပြောရမှာလား..။
သူသာ အဲလို သွားပြောရင် လူလိမ် ထျန်က သူ့ကို စောက်ရူးတစိယောက်လို့ ကြည့်နေတော့မှာပါ..။
သူက အခုဆိုရင် စွယ်စုံအမှတ် သုံးထောင်ကျော်နဲ့ ချမ်းသာ နေခဲ့ပါပြီ..။ဒါမျိူးက သူ အရင်တုန်းက အိမ်မက်မမက်ရဲ့ တဲ့ ပမာဏ မျိူးပါပဲ..။
သိူ့ပေမယ့် ဒီကိစ္စအပြီးမှာတော့ သူ့အနာဂတ်အတွက်မျှော်လင့်ချက် တွေ ပြည့်နေခဲ့ပါပြီ..။သူ စွယ်စုံအမှတ်တွေ ရဖို ပိုပိုပြီး ကြိုးစားသွားမှာပါ..။
…
နောက်တစ်ရက်..
လင်းဖန် နိုးလာတဲ့ အချိနိမှာ ပထမဆုံး လုပ်တဲ့ အရာက သူ့ရဲ့ စွယ်စုံအမှတ်တွေကို စစ်ဆေးပါ..။သူ ပမာဏကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်တယ်..။
စွယ်စုံအမှတ် : 4035
ဒါက မနေ့က ထက်စာရင် ပိုပြီး တိုးတက်လာခဲ့ပါပြီ..။
ကြည့်ရတာ ဒီအခြေခံ သင်ရိုးက သူ့ကို စွယ်စုံအမှတ်တွေ အများကြီး ရှာဖွေပေးမယ့် ပုံစံပါပဲ..။တကယ်လို့ သူတို့သာ..အခြေခံ သင်ရိုးအသစ်မပြောင်းနိုင်ရင် ဒါက သူ့အတွက် စွယ်စုံအမှတ် ဝင်ဖို့ အရင်းအမြစ်တစ်ခု ဖြစ်နေတော့မှာပါ..။
စွယ်စုံကျမ်း ရဲ့ စတိုးထဲမှာ သူလိုချင်တဲ့ အရာတွေ အများကြီးပါပဲ..။သို့ပေမယ့် သူ မဝယ်သေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူ့ရဲ့လက်ရှိမစ်ရှင်က ပြီးမြောကိသေးတာ မဟုတ်ပါဘူး..။
ကလေးတစ်ယောကိ စီတိုင်းကို ဥာဏ်ကောင်းဆေးသော ဆေးလုံးပေးနိုင်ဖို့က ..စွယ်စုံအမှတ် အများကြီးလိုအပ်မှာပါ..။ဒါကြောင့် သူ စွယ်စုံအမှတ် တွေကို မလိုအပ်ပဲ မသုံးချင်ပါဘူး..။
အဲ့အချိန်မှာပဲ..နန်ရှမ်း ဂေဟာက ဒါရိုက်တာ ဟောင်ရဲ့ ဖုန်းဝင်လာခဲ့တယ်..။
"မာစတာလငိး..ပရိဟိတ အဖွဲ့တစ်ခုက ကျွန်မတို့ ဂေဟာကို ရောက်နေကြတယ်..။မာစတာလင်း သူတို့ကို တွေ့ဖို့ အချိန်ရှိလား.."
ဒါရိုက်တာ ဟောင် မေးလိုက်တာပါ..။
လင်းဖန် " ကောင်းပြီလေ..ကျွန်တော် ခနနေလာခဲ့မယ်..။ကျုပ်တို့ ဂေဟာက ပရဟိတ အဖွဲဝငိတွေ ရနေလိမ့်မယ်လို့ မထင်ထားဘူး.."
"မာစတာလင်း သတိမထားမိလို့ပါ..။ကျွန်မတို့ဆီမှာ အပတ်စဥ္တိုင်း ပရဟိတ လုပ်တဲ့ အဖွဲ့တွေ ရှိပါတယ်..။ဒီလူတွေက အမြဲမလာပေမယ့် ကလေးတွေ အတွက် ခံစားချက်တွေကို ကွဲပြားစေတယ်လေ.."
လင်းဖန် ခနကြာအောင်စကားပြောပြီးနောက် ဖုန်းချလိုက်ပါတယ်..။
နန်ရှမ်း ကလေး ဂေဟာတွင်..။
များပြားလှတဲ့ ကားတွေ အပြင်ဘက်မှာ ရပ်သွားခဲ့တယ်..။
ယောက်ျားလေး..မိန်ူကလေး အုပ်စုတွေဟာ မတူညီတဲ့ ပစ္စည်းတွေကို သယ်ပြီး ကားထဲက ထွက်လာခဲ့ကြပါတယ်..။
သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ဆံပင်တိုတို နဲ့ မိန်းကလေးဟာ ပြောလိုက်တယ်..။
"ငါ..ပရိဟိတ သမားတစ်ယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..။ဒါက ငါ့အတွက် ပထမ ဆုံးအကြိမ်ပဲ..။ဝေဝေ..နင်က မကြာခနလာနေတာ ဆိုတော့..တစ်ခုခု မှတ်ထားဖို့လိုတာ ရှိသေးလား.."
ဒီလူတွေက အရင်က တူတူ ပရဟိတ မလုပ်ဖူးပေမ
ယ့် သူငယ်ချင်းတွေပါ..။ကျို့ဝေဝေက ပရဟိတ သမားတစ်ယောက်ဖြစ်ခဲ့ပြီး..မကြာခန ဆိုလို ပရဟိတ တွေ လုပ်လေ့ရှိတဲ့ လူတစ်ယောက်ပါ..။ဒီတစ်ကြိမ် ..သူမ နန်ရှမ်းကလေး ဂေဟာကို လာတော့..တစ်ခြားလူတွေပါ လိုက်လာခဲ့ကြပါတယ်..။
ကျို့ဝေဝေက အတော်အသင့် ချောမောလှပပါတယ်..။သူမ နွေးထွေး ကြင်နာစွာ ပြုံးလိုက်ပြီး..
"ဘာမှ မှတ်သားစရာ မလိုဘူး..။ကလေးတွေကိုသာ ကြင်ကြင်နာနာ နဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေး.."
ဘေးနားမှာ ရှိတဲ့ လူငယ်တစ်ယောကိဟာ ပြောလိုက်တယ်..။
"ငါတို့..ငနဲလေးတွေနဲ့ ဖြေရှင်းရမှာမလား..။ငါ လုပ်နိုင်ပါတယ်.."
ကျို့ဝေဝေ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ပြီး..
"ယန်မူ..သူတို့က လမ်းဘေးက ကလေး တွေ မဟုတ်ဘူး..။စကားပြောတာကို သတိထားပါ..."
ယန်မူ ရယ်လိုက်ပြီး တောင်းပန်စွာ ပြောလိုက်တယ်..။
"စိတ်မဆိုးပါနဲ့ ဝေဝေ..။ငါက စကားပြောတာ အကျင့်ပါနေလို့ပါ.."
သူ ဒီမှာ ပရဟိတ လုပ်ချင်လို့ လာခဲ့တာ မဟုတ်ပါဘူး..။သူက ဒီတိုင်း ဝေဝေနဲ့ ပိုရင်းနှီးချင်ယုံ သက်သက်ပါ..။သူ ဒီကို လာပြီး ကလေးတွေနဲ့ အလကားသက်သက် မကစားချင်ပေ..။ဒါကြောင့် သူ့မှာ အချိန်ရှိရင် ဒီထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အရာတွေကိုပဲ လုပ်သင့်ပါတယ်..။
"ယန်မူ နင် ဝေဝေကို မပျော်မရွှင်ဖြစ်အောင် မလုပ်သင့်ဘူးနော်..။ကိုယ့်ကိုကို သတိပေးသင့်တယ်..."
ဆံပင်အတိုနဲ့ မိန်းကလေးဟာ ပြုံးလိုက်ပြီး ဝေဝေရဲ့ လက်မောင်းကို ဆွဲကာ ပြောလိုက်တာပါ..။
အဲ့အချိန်မှာပဲ ဒါရိုက်တာ ဟောင် ရောက်လာခဲ့တယိ..။
"အားလုံး တွေ့ရတာ ဝမ်းသာပါတယ်..။ကျွန်မက ဒီနေရာက ဒါရိုက်တာ ပါ.."
ကျို့ဝေဝေ ရှေ့ကိုတက်ပြီး ပြောလိုက်တယ်..။
"တွေ့ရျာ ဝမ်းသာပါတယ် ဒါရိုက်တာ..။ညီမက ပရဟိတ လာလုပ်တဲ့ ကျို့ဝေဝေပါ..။ဒါက ညီမရဲ့ ပရဟိတ လုပ်ကိုင်ခွင့် လက်မှတ်ပါ.."
ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..
"ကျေးဇူးတငိပါတယိ..."
ကျို့ဝေဝေ ပစ္စည်းတွေကို သယ်လိုက်ပြီး..
"ဒါရိုက်တာ ဟောင်..ဒါက ကျွန်မ ဒီဂေဟာကို ပထမဆုံးအကြိမ် လာဖူးတာဆိုတော့..အရမ်း မရင်းနှီးဘူး ဖြစ်နေတယ်..။ညီမကို နည်းနည်း မိတ်ဆက်ပေးပါဦး..။ဒါမှ နောက်တစ်ခါလာရင် ပိုပြီး ရင်းနှီးသွားမှာလေ.."
ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုက်တယ်..။
"သေချာတာပေါ့.."
ဒါရိုက်တာဟောင် ပရဟိတ သမားတွေကို တကယ်သဘောကျပါတယ်..။အထူးသဖြင့် အမှန်တကယ် ပရဟိတ လုပ်လိုစိတ် ရှိတဲ့ လူတွေကိုပါ..။