← Chapters

ပရဟိတ

Vol. 40 Ch. 600

ပရဟိတ

Vol. 40 Ch. 600

#ဘာသာပြန် = စနိးဝှိုက်

ဒါရိုက်တာ ဟောင်ဟာ ကျို့ဝေဝေ နဲ့ ကျန်တဲ့ လူတွေကို နန်ရှမ်း ကလေး ဂေဟာကို..လိုက်ကြည့်ဖို့ ခေါ်သွားခဲ့တယ်..။လင်းဖန် ရဲ့ ကြိုစားမူတွေကြောင့် နန်ရှမ်း ဂေဟာက အတော်လေးကို ပြောင်းလဲ နေခဲ့ပါပြီ..။သူတို့ ကလေးတွေ အတွက် စာသင်ဖို့ အဆောက်အဦးတွေ ဆောက်နေခဲ့ကြတာပါ..။

ဆောက်လုပ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဟာ သူတို့ ဆောက်နေတာက..မိဘတွေ မရှိတော့တဲ့ ကလေးတွေ စာသင်ဖို့ အတွက် ဆိုတာ သိထားပါတယ်..။ဒါကြောင့် သူတိူ့ လေးလေးနက်နက် ထားပြီး တာဝန်ယူ ဆောက်လုပ်နေကြတယ်...။တကယ်လို့ သူ တစ်ခုခု အဆင့်မမှီတာကို တွေ့ရင် ချက်ချင်း ဖျက်ခိုင်းပြီး အသက်ပြန်လုပ်ခိုင်းလေ့ ရှိပါတယ်..။

သူ့အတွက်ကတော့..ကလေးတွေ အတွက် ဒီလို အဆောက်အဦးကို ဆောက်ခွင့်ရတာက အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုပါ..။တကယ်လို့..သူသာ..မကောင်းတဲ့ စိတ်နဲ့..ခိုးယူပြီး လုပ််မယ် ဆိုရင် ဒါက ပိုပြီး ကြီးလေးတဲ့ အကုသိူလ် တစ်ခုပါပဲ..။

ကျို့ဝေဝေ သိချင်စွာ မေးလိုက်တယ်..။

"ဒါရိုက်တာ ဟောင် ဒီအဆောက်အဦးတွေက ဘာအတွက်လဲ.."

ဒါရိုက်တာ ဟောင် ပြန်ပြောလိုက်တယ်..။

"ဒါက ကလေးတွေ စာသင်ခန်းလုပ်ဖို့ အ​ေဆာက်အဦး ဆောက်နေတာလေ..။ကလေးတွေက အထူးလိုအပ်ချက် တွေ ရှိနေတာလေ..။တကယ်လို့ ကလေးတွေသာ ကျောင်းကို သွားရင် ကျောင်းက နေရာတွေ အခက်အခဲဖြစ်လာလိမ့်မယ်..။ထပ်ပြောရရင် ဒီကလေးတွေက မငယ်တော့ဘူးဆိုတော့..ကျောင်းတက်ပြီး စာသင်သင့်နေပြီလေ.."

ယန်မူ ရေရွတ်လိုက်တယ်..။

"ဒီ ဂေဟာက ပိုက်ဆံ တွေ အများကြီး ရှိနေတာပဲ..။ဒီအဆောကိဦးတွေ ဆောက်ဖို့ဆိုရင် အနည်းဆံူး သန်းအနည်းငယ်လောက် တော့ လိုအပ်မှာ.."

ကျို့ဝေဝေ ဒါကို ကြားတဲ့အချိန်မှာ ယန်မူကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"တကယ်တော့ ကျွန်မတို့မှာ ဒီလောက် ငွေကြေးပမာဏ မရှိပါဘူး..။ဒါပေမဲ့ ကလေးတွေက လူကောင်းတစ်ယောက် နဲ့ တွေ့ခဲ့တယ်လေ..။အဲလူကပဲ သူတို့အတွက် ရန်ပုံငွေတွေ ရအောင် စီစဥ္ပေးတာ.."

ကျို့ဝေဝေဟာ ဒါကိုကြားတဲ့ အချိန်မှာ အဲ့လူကို အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်တယ်..။ဒီလို ဂေဟာ တစ်ခုအတွက် ပိုက်ဆံ ဒီလောက်အများကြီးလှူတဲ့ လူက ကျိန်းသေ လူကောင်းတစ်ယောက်ပဲ ဖြစ်မှာပါ..။

သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ လီဖက်တီးဟာ ဝီးချဲတစ်ခုကို တွန်းနေခဲ့တယ်..။ဝီးချဲပေါ်က ကလေးမှာက ခြေထောက်တစ်ဖက် မရှိတော့ပါဘူး..။အဲတာတောင် သူတို့နှစ်ယောက်က ပျော်ရွှင်စွာ စကားပြောနေကြပါတယ်..။သူတု့ိ ကြည့်ရတာ ပျော်ရွှင်နေကြတဲ့ ပုံပါပဲ..။

"မင်္ဂလာ မနက်ခင်းပါ ဒါရိုက်တာ.."

သူတို့နှစ်ယောကိဟာ ဒါရိုက်တာ ဟောင်ကို မြင်တဲ့ အချိန်မှာ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့ နှုတ်ဆက်လိုက်ကြတယ်..။သူတို့နှစ်ယောက်က ငယ်ရွယ်ပေမယ့် လည်း သာမန်ကလေးတွေ ထက်ပိုပြီးရင့်ကျတ်နေခဲ့ပါပြီ..။

သူတို့ လူရှိ နေနေရတဲ့ ဘဝကို ပျော်ရွှင်ပါတယ်..။အရင်တုန်းကလို အမိန့်မနာခံတာနဲ့ ကျိန်ဆဲခံ ရိုက်နှက်ခံရတာနဲ့ ယှဥ္ရင် ဒီနေရာက အဆတစ်ထောင် အဆ တစ်သောင်း လောက်ပိုပြီး သာပါတယ်..။

"မင်းတို့နှစ်ယောက် ဘယ်ကို သွားကြမလို့လဲ.."

ဒါရိုက်တာ ဟောင် ပြုံးပြီး မေးလိုက်တာပါ..။

လီ ဖက်တီး လေးဟာ ​ပြန်ပြောလိုက်တယ်..။

"အစ်မ ရှင်းရှင်း က ကားအကြီးကြီး တွေကို မြင်ချင်တယ်လို့ ပြောလို့..သူမကို လိုက်ပြမလို့လေ.."

ဒါရိုက်တာ ဟောင် လီဖက်တီးလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"အင်း ကောင်းတယ်. လီဖက်တီးလေး. ။မင်းက သူငယ်ချင်းတွေကို ကူညီရကောင်းမှန်း သိတာပဲ..။လာ..ဒီက အစ်ကိုတွေ အစ်မတွေကို မိတ်ဆက်လိုက်ဦး..။ဒီအစ်ကို တွေ အစ်မတွေက ပရဟိတ လုပ်မလို့ တို့ဆီကို လာလည်ကြတာ..."

"မင်္ဂလာ မနက်ခင်းပါ..အစ်ကို တို့ အစ်မတို့.."

ကျို့ဝေဝေ အောက်ကို ငုံ့လိုက်ပြီး..

"တွေ့ရတာ ဝမ်းသာပါတယ် လီဖက်တီးလေး..။မင်း ဒီမှာ ပျော်ရဲ့လား..."

လီဖက်တီးလေး ဟာ နှာခေါင်းကို ရှုတ်ပြီး ပြောလိုက်တယ်..။

"သား ပျော်ပါတယ်..။ဒီမှာ တကယ်ကို ပျော်တယ်.."

အဲ့အချိန်မှာပဲ..ကျို့ဝေဝေရဲ့ အကြည့်ဟာ ဘေးနားက ဝီးချဲပေါ်မှာ ထိုင်နေတဲ့ ရှငိးရှင်း ဆီကို ရောက်သွားခဲ့တယ်..။ဝမ်းနည်းမူ တစ်ချို့ သူ့မျက်နှာပေါ်မှာ ပေါ်သွားခဲ့ပြီး..

"တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး.."

ရှင်းရှင်းဟာ အနည်းငယ် ရှက်ရွံ့နေခဲ့ပါတယ်..။

"တွေ့ရတာ ဝမ်းသာပါတယ် အစ်မကြီး.."

လီဖက်တီးနဲ့ ရှင်းရှင်း ထွကိသွားပြီးတဲ့ နောက်မှာ ကျို့ဝေဝေဟာ အနည်းငယ် ခံစားသွားရတယ်..။

"ဒါရိုက်တာ ဟောင်..ဒီ ရှင်းရှင်းက တော်တော် ချစ်ဖို့ကောငိးတယ်နော်..။ဒါပေမဲ့..."

ဆံပင်တိုတိုနဲ့ မိန်းကလေးဟာ ခေါင်းညိမ့်လိုက်ပြီး..

"အသက်ငယ်ငယ်လေးရှိသေးတယ် ..သူမ ခြေထောက်က ...ဟင်း...."

ကျို့ဝေဝေဟာ ဒါရိုက်တာ ဟောင်ရဲ့ ရှင်းပြမူကြောင့်..နန်ရှမ်းဂေဟာ ရဲ့ အခြေအနေ တော်တော် များများကို နားလည် သဘောက်ပေါက် ခဲ့ရပါတယိ..။ဒီကလေးတွေက လူကုန်ကူးသမားတွေရဲ့..နိပ်စက်မူတွေကို ခံခဲ့ကြရတဲ့ ကလေးတွေပါ..။သူတို့ လူကုန်ကူးသမား တွေနဲ့ နေတုန်းက ဘယ်လောကိတောင် ခက်ခဲကြလိမ့်မလဲ..။

ဒါရိုက်တာ ဟောင် ပြောလိုက်တယ်..။

"ဒါက တော်သေးတယ်လို့ ပြောလို့ရနေပါပြီ..။ကျွန်မတို့မှာ..စုစုပေါင်း ၃၆၅ ယောက် ရှိပေမယ့် ၁၆၀ လောက်ပဲ ခန္တာကိုယ် အကောင်းအတိုင်းနဲ့ ကျန်းကျန်းမာမာ ရှိကြတယ်..။ကျန်တဲ့ကလေးတွေက ချွတ်ယွင်းနေကြတာ တွေချည်းပဲ.."

"အရမ်းများတာပဲ.."

ကျို့ဝေဝေ ယုံတောင်မယုံကြည်နိုင်တော့ပေ..။အစိုးရက ဒီလို ကလေးတွေ အတွက်တော့ ထည့်သွင်းစဥ်းစား ပေးထားပါသေးတယ်..။သူတို့လို မသန်စွမ်းတဲ့ကလေးတွေ အတွကိကြီးလာရင် အလုပ်ရှိပေမယ့်လည်း..တစ်ခြား သာမန်လူတွေနဲ့ ယှဥ္ရင်တော့ ကွာခြားနေပါသေးတယ်။

ဒါရိုက်တာ ဟောင် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ဒါပေမဲ့ မာစတာလင်း ရဲ့ ကုသပေးမူ နောက်ပိုင်းမှာ..မသက်သာသေးတာ ၃၅ ယောက်ပဲ ကျန်တော့တယ်..။ကျန်တဲ့ လူတွေ အကုန် ကုသပေးပြီးသွားပြီ.."

ကျန်းဝေဝေ အတော်ကို အံ့ဩသင့်သွားခဲ့တယိ..။

"ဒါရိုက်တာဟောင်..ဒီမာစတာလင်းက ကလေးတွေ ပြန်ကောင်းအောင် ကုသပေးခဲ့တာလား..။ဒါပေမဲ့ ဘာလို့ ကလေး ၃၅ ယောက်က ကျန်နေသေးတာလဲ.."

ဒါရိုက်တာ ဟောင် ပြန်ပြောလိုက်တယ်..။

"ညီမ မြင်တဲ့ အတိုင်းပဲလေ..။သူတို့က နဂိုကတည်းက ခြေထောက်တွေ လက်တွေ မရှိကြတော့..ကုသလို့ မရတော့ဘူး..။လက်ရှိ နန်ရှမ်းဂေဟာ ဒီအဆင့်ကို ရောက်နေတာ မာစတာလင်းရဲ့ ကျေးဇူးတွေ ချည်းပဲ.."

"ဒါက အံ့ဩစရာပဲ.."

ယန်မူ အံ့ဩသင့်စွာ ပြောလိုက်တာပါ..။ဒါရိုက်တာ ဟောင် ပြောနေတာတွေက ယံူကြည်ဖို့တောင် ခက်ခဲလွန်းလှပါတယ်..။

ကျန်းဝေဝေက ရှန်ဟိုင်းက မဟုတ်ပါဘူး..။သူမ မာစတာလင်း ဆိုတဲ့ နာမည်နဲ့ မရင်းနှီးပေ..။သူမ သိချင်စွာ မေးလိုကိတယ်..။

"ဒါရိုက်တာ ဟောင်..မာစတာလင်း ဆိုတာက ဘယ်သူလဲ..။သူက တကယ် အံ့ဩစရာပဲ..."

အစကတော့..သူမက မာစတာလင်းဆိုတာ ..သူမလိုပဲ ပရဟိတ သမားလို့ ထင်ခဲ့တာပါ..။သို့ပေမယ့် လက်ရှိအခြေအနေအရတော့ အဲလို မဟုတ်လောက်ပါဘူး..။

ရန်ပုံငွေတွေကို တိုးတက်အောင် လုပ်ပေးဖို့ကဘတစိစုံတစ်ယောကိ အတွက် ခက်ခဲတဲ့ အရာမဟုတ်ပါဘူး..။သို့ပေမယ့်..ဒီကလေးတွေ ကို ပြန်ကောင်းအောင် ကုသပေးတာက သာမန်လူတွေ အတွက် မဖြစ်နိုင်တဲ့ အရာပါ..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"ပရဟိတ သမားတွေ..ဒီကို လာနေတယ် လို့ မာစတာလင်းကို အကြောင်းကြားပြီးသွားပြီ..။သူ ခနနေကြရင် ရောက်လာလိမ့်မယ်..။ဒါဆိုရင် သူနဲ့ ကိုယ်တိုင် စကားပြောလို့ရပြီလေ.."

အဲ့အချိန်မှာပဲ..အပြင်ဘက်ကနေ ပျော်ရွှင်တဲ့ အသဲတွေ ဆကိတိုက်ကြားလိုက်ကြရပါတယ်..။

"အန်ကယ် လင်း..."

"အန်ကယ်လင်း..အမြန် .သား ပန်ချီဆွဲထားတာကို လာကြည့်ပါဦး..."

အပြင်ဘက်မှာ ကလေးတွေရဲ့ ရယ်မောတဲ့ အသံတွေကို လည်းကြားနေခဲ့ရပါတယိ..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"သူရောက်နေပြီ..။ဟိုဘက်မှာ..သူ့ကို ဆို ကလေးတွေက အရမ်းသဘောကျကြတယ်.."

…

အပြင်ဘက်..။

ကလေးတွေ ဝန်းရံထားတဲ့ အလယ်မှာ လင်းဖန်ဟာပြုံးပြီး ရပ်နေခဲ့ပါတယ်..။ယင်းနောက် သူ ဟန်လုကို မေးလိုက်တယိ..။

"ပရဟိတ သမားတွေက ဘယ်မှာလဲ.."

ဟန်လုက ဒီမှာနေလာတာ ကြာပြီဖြစ်ပြီး ဒီနေရာကိုလည်း အရမ်းသဘောကျပါတယ်..။အထူးသဖြင့် မနက်အိပ်ယာထ တဲ့ အချိန်ကလေးတွေကို မြင်ပြီး နိုးထရတာကိုပါပဲ..။

သူ့ရဲ့ ဘဝ ရည်မှန်းချက်ကို တွေ့သွားခဲ့ပါပြီ..။

"ဒါရိုက်တာ ဟောင်က အထဲကို လိုက်ပြနေတယ်.."

ဟန်လု ပြောလိုက်တာပါ..။

"အိုး..."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး ကလေးတွေိကို မေးလိုက်တယိ..။

"မင်းတို့ ပန်ချီဆွဲတာ ဘယ်အခြေအနေ ရောက်သွားပြီလဲ..။အပျင်းကြီးနေကြတာလား.."

ကလေးတွေဟာ ပြန်ဖြေလိုက်ကြတယိ..။

"သားတို့ အပျင်းမကြီးပါဘူး..အန်ကယ်လင်း..."

လင်းဖန် ပြုံးလိုက်တယ်..။ကလေးတွေက တကယ်ကို မပျင်းရိကြပါဘူူ..။သူ ရဲ့ စွယ်စုံအမှတ်တွေထဲက တစ်ချို့က ဒီကလေးတွေ ဆီကနေ ရနေခဲ့တာပါ..။

"မာစတာလင်း ရောက်နေပြီလား.."

အဲ့အချိန်မှာပဲ ဒါရိုက်တာဟောင်ဟာ တစ်ခြားလူတွေ နဲ့ အတူ ရောက်လာခဲ့တယိ..။

လူအုပ်ကြားထဲမှာတော့..ကျို့ဝေဝေဟာ လင်းဖန်ကို သိချင်စွာ ကြည့်နေခဲ့ပါတယိ..။သူက ငယ်ရွယ်ပေမယ့် ယုံကြည်ရတဲ့ ပုံပါပဲ..။သူ ကလေးတွေ နဲ့ တွေ့တဲ့ အချိန်မှာ နွေးထွေးပြီး..လူကြီးလူကောင်း ဆန်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။

သို့ပေမယ့် ကျို့ဝေဝေသိချင်တာက ဒီမာစတာလင်းက အမှန်တကယ် ဘယ်လိုလူမျိူးလဲ ဆိုတာပါပဲ..။သူ့မှာ တစ်ခြား အရည်အချင်းတွေ ရှိနေတာလား..။

ဆံပင်တိုတို နဲ့ မိန်းကလေးဟာ.. ကျို့ဝေဝေ ရဲ့ လက်ကို ကိုင်ထားခဲ့တယိ..။သူမဟာ အံ့ဩတဲ့လေသံနဲ့ တီးတိုး ပြောလိုက်ပါတယ်..။

"ဝေဝေ ဒါက မာစတာလင်းလား..။ဒါပေမဲ့ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်လေ..သူက ဒီလောက်အထိ အံ့ဩဖို့ ကောင်းတာလား.."

ကျို့ဝေဝေ ဘာပြောရမှန်း မသိတော့ပေ..။သူမလည်း ဒီမာစတာလင်းကို ပထမဆုံးမြင်ဖူးတာပါ..။သူမ ဒါရိုက်ဟာဟောင် ..ပြောတာကို ယုံကြည်တယ် ဆိုပေမယ့်..ကိုယ်တိုင်မြင်ရတာ မဟုတ်တော့ အနည်းငယ် သံသယဖြစ်မိပါတယ်..။

ယန်မူ လင်းဖန်ကို ကြည့်လိုက်တယ်..။ဒီလို ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်က အသိအမှတ် ပြုခံနေရတာပါ..။အခုလို လူငယ် တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ပြိုင်ဆိုင်ချင်စိတ် ရှိတာက ပုံမှန်ပါပဲ..။သူ့စိတ်ထဲကနေ ရေရွတ်ဘိုကထတယ်..။

"ဒီငနဲက ဒီလောက်လည်း မဟုတ်ပါဘူး.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါရိုက်တာဟောင် သူတို့က ပရဟိတ လုပ်ဖို့ လာကြတဲ့ လူတွေလား.."

ဒါရိုက်တာလဟောင် ပြောလိုက်တယိ..။

"ကျွန်မ မိတ်ဆက်ပေးပါရစေ..။ဒါက ပရဟိတတွေ လိုက်လုပ်နေတဲ့.. ကျို့ဝေဝေ ပါ.."

ဆံပင်တိုတို နဲ့ မိန်းကလေးဟာ ရှေ့ကို ချက်ချင်းတက်လာခဲ့ပြီး လက်ကို ဆန့်တန်းကာ အပြုံးလေးနဲ့ မိတ်ဆက်လိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်..။ညီမက လီချင်ပါ..။ဒါက ပထမဆုံး အကြိမ် ပရဟိတ လုပ်ဖို့ လိုက်လာခဲ့တာလေ.."

လင်းဖန် ပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်..။ယင်းနောက် သူ ပြောလိုက်ပါတယ်..။

"အားလုံးကို ကြိုဆိုပါတယ်..။ကျွန်တော်က ဒီဂေဟာ မှာ တာဝန်ရှိတဲ့ လင်းဖန်ပါ..။နန်ရှမ်း ကလေး ဂေဟာကနေ အားလုံးကို ကြိုဆိုပါတယ်.."

လင်းဖန် ပရဟိတ သမားတွေကို ကြိုဆိုပါတယ်..။ဒါပေါ့..ကြိုဆိုတယ်ဆိုတာက အမှန်တကယ် ပရဟိတ လာလုပ်မယ့်လူတွေကို ပြောတာပါ..။တမင်လာပြီး ဟန်ဆောင်မယ့် လူတွေ ကတော့ သူပြောတဲ့ အထဲမှာ မပါပါဘူး..။

သို့ပေမယ့် သူ ကျို့ဝေဝေကို ပထမ ဆုံးအကြိမ်မြင်လိုက်တာနဲ့..ဒီမိန်းကလေးက အရမ်းကြင်နာ တတ်တဲ့ လူတစ်ယောကိဆိုတာကို ပြောနိုင်ခဲ့ပါတယ်..။

တစ်ခြားလူတွေကတော့..တစ်ခါတစ်လေ လာပြီး ကူညီကြတဲ့ လူတွေ ဖြစ်ပုံပါပဲ..။သို့ပေမယ့် ဒါက ပြသနာ မရှိပေ..။ဒီထဲမှာ ရိုးသားတဲ့ လူတစ်ယောက် ပါနေတယ် ဆိုရင်ပဲ ဒါကလုံလောက်ပါပြီ..။

All Chapters