← Chapters

ရှေ့ဆက်ရမည့် လမ်းကြောင်း

Vol. 89 Ch. 1246

ရှေ့ဆက်ရမည့် လမ်းကြောင်း

Vol. 89 Ch. 1246

မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ အပြန်လမ်းတွင် ဝေ့ဝူယင်မှာ ပိုင်လင်၏ ကျောထက်၌ အေးဆေးစွာ အနားယူ နေခဲ့လေသည်။ ပိုင်လင်မှာ အလွန်တရာ လှပလှသည့် ရွှေနီရောင် မီးလျှံစင်းကြောင်း တစ်ခုကို ချန်ရစ်ရင်း အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း ပျံသန်းကာ ခမ်းနားသော မြင်ကွင်း တစ်ခုကို ထွင်းထု နေခဲ့သည်။ ပိုင်လင်၏ ပျံသန်းနှုန်းမှာ အံ့အားသင့်စရာ ကောင်းအောင် မြန်ဆန်လှကာ အဆင့်တူ အစစ်အမှန် သားရဲများထဲတွင် အမြန်ဆုံး အဖြစ်ပင် သတ်မှတ်နိုင်လိမ့်မည် ဖြစ်သည်။

နိဗာန မီးတောက်များမှာ အံ့အားသင့်လောက်ဖွယ် အဖျက် အင်အားကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း ပိုင်လင် ပိုင်ဆိုင်ထားသည့် အမြင့်မားဆုံးသော စွမ်းအင်က ပျံသန်းနိုင်စွမ်းပင် ဖြစ်သည်။ နိဗာန ပြန်လည် မွေးဖွားခြင်း ဒုတိယ အဆင့်ကို စတင် ဝင်ရောက် ကတည်းက သူမမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် သာမန် မြေကြီး ရှန့်ထိုမျာနှင့် နှိုင်းယှဉ်နိုင်သည့် အမြန်နှုန်းကို ပိုင်ဆိုင်လာခဲ့သည်။

ဟုန်ယန်လျူလန်ထံမှ ရရှိသည့် ဖီးနစ် ငှက်မွေးကို သန့်စင်ပြီးနောက်တွင်တော့ သူမ၏ သွေးမျိုးဆက် စွမ်းရည်မှာ ဒုတိယမြောက် အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။ ၎င်းက သူမ၏ အင်အားနှင့် အမြန်နှုန်းကို သိသိသာသာပင် မြင့်တက် စေခဲ့ပေသည်။

ယခုအခါ ပိုင်လင်၏ ပျံသန်းနှုန်းမှာ မာ့ကျန်းနှင့် ဝူယုတို့ထက်ပင် ပိုမို မြန်ဆန် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သားရဲတို့၏ ဗီဇ သဘာဝ အရ ပိုင်လင် ပိုင်ဆိုင်ထားသည့် ရုပ်ခန္ဓာမှာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ မန်နာများနှင့် အလွန် လိုက်လျော ညီထွေ ရှိလှသည်။ ထို့ကြောင့်ပင် ထိပ်တန်း အမြန်နှုန်းကို အချိန် ကာလ ရှည်ကြာစွာ တသမတ်တည်း ထိန်းထားနိုင်ပေသည်။ ပိုင်လင်မှာ လောကရှန့်ထိုများထက် ပိုမို၍ မမြန်လျှင်ပင် သူတို့ထက် သေချာပေါက် ကြာရှည်စွာ ပိုမို ခံနိုင်ရည် ရှိပေသည်။

မြေကြီး ရှန့်ထို အဆင့်ထက် ကျော်လွန်နေသည့် ပုဂ္ဂိုလ်များနှင့် ဂိတ်တံခါးများကို ဖွင့်လှစ်နိုင်သည့် ဟင်းလင်းပြင် သင်္ဘောများမှ တစ်ပါး မဟာ စက်ဝန်းကြယ်ကွင်းပြင်တွင် အမြန်ဆုံး ပျံသန်းနိုင်သော သတ္တဝါဟု ပိုင်လင်ကို တင်စားလျှင် လွန်လိမ့်မည် မထင်ပါချေ။

ပိုင်လင် ဘယ်လောက်ပင် မြန်ဆန်စေကာမူ... မဟာ စက်ဝန်း ကြယ်ကွင်းပြင်သို့ အပြန်လမ်းက အချိန်ယူရမည့် ခရီးရှည် တစ်ခု ဖြစ်လေရာ ဝေ့ဝူယင်မှာ ထိုအတောအတွင်း ကျင့်ကြံခြင်းကို ပြန်လည် စတင်ဖို့ ဆုံးဖြတ်ခဲ့သည်။ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေကို ဖြတ်သန်းခဲ့သည့် နှစ်ပတ် ခရီးစဉ်၌ အသစ် ပြန်လည် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်နှင့် အသားကျအောင် သူ လေ့ကျင့်နိုင်ခဲ့သည်။ ယခုတွင် သေမျိုးတာအိုနှင့် လျှို့ဝှက် တာအိုတို့ ကြီးစိုးရာ နေရာသို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်လေရာ သူ ပုံမှန်အတိုင်း ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

ပထမဦးဆုံး အနေဖြင့် ဝေ့ဝူယင် ဒြပ်စင်ကို ထုတ်ယူ၍ ဘုရင်နှင့် ပေါင်းစည်းခဲ့သည်။ ထို့နောက်တွင်တော့ ဆေဘာ သွေးကြောကို အသုံးပြု၍ ဆေဘာ စွမ်းအင်ကို သန့်စင်ခဲ့သည်။ အံ့အားသင့်စွာပင် ဆေဘာ သွေးကြော အသက်ဝင်လာသော အခိုက်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲသည့် အပေါက်ကလေးများကို တိတ်တဆိတ် ဖွင့်လှစ်ကာ အမှောင် ဟင်းလင်းပြင် အတွင်းမှ မန်နာများကို စုပ်ယူခဲ့သည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့ စုပ်ယူခြင်းမျိုးမှာ သေမျိုး ကျင့်ကြံသူများ အတွက် အသက် အန္တရာယ် ရှိသော်လည်း ဝေ့ဝူယင် အတွက်ကတော့ ပုံမှန် ကျင့်ကြံသလိုပင် ဖြစ်နေခဲ့သည်။ အကယ်၍ မူလ အဆင့် မန်နာ အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်မထားပါက ထိုကဲ့သို့ စုပ်ယူနေသည်ကို အာရုံခံမိဖို့ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဆေဘာ သွေးကြော အတွင်း ဝင်ရောက်သည်နှင့် အပျက်အစီး မန်နာများမှာ စတင် ပြောင်းလဲ လာကြောင်း ဝေ့ဝူယင် တွေ့လိုက်ရသည်။ ကြည့်ရသည်က ဆေဘာ ‌သွေးကြောမှာ ပြင်ပ အထောက်အပံ့များ မရှိလျှင်ပင် အပျက်အစီး မန်နာများကို စုပ်ယူကာ ဆေဘာ စွမ်းအင် အဖြစ် အခက်အခဲ မရှိ ပြောင်းလဲပေးနိုင်သည့်ပုံ ပေါ်သည်။

"..."

ဆေဘာသွေးကြောကို ကြည့်ရင်း ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ၎င်းမှာ ခန္ဓာကိုယ် အတွင်း အသစ်ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ပဲ ရှိပြီးသား စွမ်းအင် သွေးကြောများကိုသာ အသွင်ပြောင်းလဲလိုက်ခြင်းမျိုး ဖြစ်သည်။ သို့သော်လည်း ထိုအခြေအနေမှာ အဆင့်သုံး အခြေတည် ဆေဘာ ဝိညာဉ် တစ်ဖြစ်လည်း ဒြပ်စင်ကြောင့် ဖြစ်ပေါ်လာသည့် ယာယီ အခြေအနေ တစ်ခုမျှသာ ဖြစ်သည်။

မူလ တည်ရှိပြီးသား သွေးကြောများထဲတွင် ထာဝရ မကုန်ခမ်းနိုင် သကဲ့သို့ ထူးခြားသော အော်ရာ တစ်ခု ရှိပေသည်။ ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူ မတုန့်မဆိုင်းပင် လက်ညိုးကို အသုံးပြုကာ ခန္ဓာကိုယ်၏ အဓိက နေရာများကို ထောက်လိုက်သည်။ ချက်ချင်း ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ ‌ရောင်စုံ စွမ်းအင် အလင်းတန်းများနှင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲ၌ အလင်း စွမ်းအင်၊ အာကာသ စွမ်းအင်၊ အချိန် စွမ်းအင်၊ ရုပ်ခန္ဓာ စွမ်းအင်၊ စိတ်စွမ်းအင်၊ သွေးမျိုးဆက် စွမ်းအင်နှင့် ယန်စွမ်းအင်တို့ ပါဝင်နေပေသည်။

အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေကို ဖြတ်သန်းခဲ့သည့် နှစ်ပတ်တာ ခရီးစဉ်တွင် ဝေ့ဝူယင် အဆင့်ကိုး ကုသ‌ရေး ဆေးများကို အသုံးပြုက ခန္ဓာကိဒဘ် အတွင်း ကုန်ခမ်းသွားခဲ့သည့် စွမ်းအင် အားလုံးကို ထိပ်ဆုံး အခြေအနေထိ ရောက်အောင် ပြန်လည် ဖြည့်တင်းခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း... ဆေဘာ သွေးကြောများ၏ မိတ်ဆက်မှုက အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ်စေခဲ့လေရာ သူ ထိုသီအိုရီကို ချက်ချင်း စမ်းသပ်ချင်လာခဲ့သည်။ သူ ထင်ထားခဲ့သည့် အတိုင်းပင် နောက်ထက် စက္ကန့် အနည်းငယ် အကြာ၌ သူ့ ခန္ဓာကိုယ်၏ မန်နာ စုပ်ယူမှုနှုန်းမှာ ပိုမို တိုးတက် လာသည်ကို တွေ့လိုက်ရသည်။

ဆေဘာ သွေးကြောများ၏ အလုပ်လုပ်ပုံကို ဝေ့ဝူယင် အနီးကပ်ပင် ဆက်လက် ‌လေ့လာနေခဲ့သည်။ ၎င်းတို့ကို မတူ ကွဲပြားသည့် စနစ် ဆယ်စုဖြင့် ဖွဲ့စည်းထားကာ ထိုစနစ် တစ်ခုချင်းစီမှာ သွေးလည်ပတ်မှု စနစ်နှင့် အတော်လေး ဆင်တူပေသည်။ သို့သော်လည်း... ၎င်းတို့၏ တည်ဆောက်ပုံများကတော့ ခြားနားလှကာ တစ်ခုနှင့် တစ်ခု အဆီအငေါ်မရှိ ထပ်နေသည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ ဝေ့ဝူယင်သာ သေချာ မကြည့်ပါက ထိုစနစ်များ တည်ရှိနေသည်ကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။

ထိုစနစ်များ အတွင်း အပျက်အစီး မန်နာ စီးဆင်းမှုက အမျိုးမျိုးသော အော်ရာများကို ဖြစ်ပေါ်စေသည်။ စနစ်လေးခုထံမှ အလင်း စွမ်းအင်နှင့် တူသည့် အော်ရာနှင့် တစ်ခုထံမှ သွေးမျိုးဆက် စွမ်းအင် အော်ရာမျိုးကို ဝေ့ဝူယင် ခံစားရသည်။ သွေးလည်ပတ်မှု၏ နိဂုံးက နှလုံးသား ဖြစ်သလိုမျိုး၎င်းတို့ တစ်ခုချင်းစီတွင်လည်း ကိုယ်ပိုင် ပန်းတိုင်များ ရှိပေသည်။

အလင်းစွမ်းအင် မန်နာ စီးကြောင်းများမှာ လျှို့ဝှက် ဆန်းကြယ်သည့် အင်အား တစ်ခု၏ ဆွဲယူမှုကို ခံစားရသည့် အလား သူ၏ မူလ အလင်းရင်းမြစ်များထဲသို့ စီးဝင်သွားကြသည်။ ထို့နောက်တွင်တော့ မူလ အလင်းရင်းမြစ်က ၎င်းတို့ကို သန့်စင်ကာ ဝိညာဉ် အလင်းအဖြစ် အသွင်ပြောင်းပေးသည်။ ဖြစ်ပေါ်လာသည့် အလင်း ရင်းမြစ်တိုင်းမှာ သူ၏ ကြယ်တာရာ ဝိညာဉ် တစ်ခုချင်းစီနှင့် သင့်တော်ပေသည်။

“အဲဒါက ဘာလဲ...”

အိုရီက စိတ်လှုပ်ရှားစွာပင် မေးလိုက်၏။ အခြား ကြယ်တာရာ ဝိညာဉ် သုံးခုမှာလည်း တူညီစွာပင် တုန့်ပြန်လာကြသည်။

"အဲဒါက ပြန်လည် ပြည့်ဖြိုးမြဲ ရုပ်ခန္ဓာ အလုပ်လုပ်တဲ့ပုံပဲလေ”

ဝေ့ဝူယင် ပြန်လည် အဖြေပေးလိုက်၏။ ထို့နောက်တွင်တော့ သူက ဆက်လက်ဿ ယင် ပြန်လည် ပြည့်ဖြိုးမြဲ ခန္ဓာကို စစ်ဆေး လိုက်သည်။ ကျေနပ်သည့် အပြုံးတစ်ခုက သူ့ နှုတ်ခမ်းထက်၌ ပေါ်လာခဲ့၏။

“ငါ့ရဲ့ ယန်စွမ်းအင်က မူလ ယန်စွမ်းအင် အဆင့်မှာပဲ ရှိနေသေးတယ်... ဘယ်ယင်စွမ်းအင်နဲ့မှ မရောယှက် ရ‌သေးသလိုပဲ... မသိတဲ့လူဆို ငါ့ကို လူပျိုရည် မပျက်သေးတဲ့ ကလေးနဲ့ မှားမှာပဲ”

ဝေ့ဝူယင်မှာ ပိုးအိမ်ကို ဖြတ်သန်း၍ တစ်ဖန်ပြန်လည် မွေးဖွားခဲ့သည့် အတွေ့အကြုံကို ရရှိခဲ့သည်။ ထိုဖြစ်စဉ်မှာ ယန်စွမ်းအင် ရင်းမြစ်နှင့် အရိုးအသက်တို့ကို တစ်မှ တစ်ဖန်ပြန်လည် စတင် စေခဲ့လေသည်။

“ဒါပေမဲ့ ဘယ်လိုမျိုးလဲ... ငါ့ကိုယ်ပိုင် ဆန္ဒနဲ့ ဆိုရင် လောကနှလုံးသား ရည်ရွယ်ချက်ကို သုံးတာတောင် မန်နာကို တိုက်ရိုက် အသွင်ပြောင်း မပစ်နိုင်ဘူး... ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ကတော့ လုပ်နိုင်နေတယ်”

ဝေ့ဝူယင် စိတ်ဝင်တစားပင် အချိန် ဥပဒေသ အပေါ် သာမည အာဏာကို သုံးကာ အပျက်အစီး မန်နာများကို အချိန် စွမ်းအင် အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း အကြိမ်ပေါင်း ဒါဇင်ချီသည် အထိ သူ ကျရှုံးခဲ့သည်။

“ငါ့ရဲ့ သာမည အာဏာက နိမ့်နေလို့လား... ဒါမှမဟုတ် ငြင်းပယ် ခံလိုက်ရတာလား... ငြင်းပယ် ခံရတဲ့ ခံစားချက်မျိုးတော့ ငါ မရပါဘူး... ဒါမှမဟုတ် ငါ့ရဲ့ ခွန်အားက နိမ့်ပါးလွန်းလို့ အငြင်းခံရတာကိုတောင် မသိလိုက်တာလား”

ဝေ့ဝူယင် တွေးလိုက်မိသည်။ ထို့အပြင်... အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာတုန်းက သူ၏ ခန္ဓာကိုယ်မှာ ယခုလို အပျက်အစီး မန်နာများကို မစုပ်ယူခဲ့ကြောင်းကိုပါ ပြန်လည် အမှတ်ရလိုက်မိသည်။ ထို့ကြောင့်ပင် သူ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို သုံးကာ ပြန်လည် အားဖြည့်ခဲ့ရခြင်း ဖြစ်သည်။ အကြောင်းပြချက်မှာ သူ့ ခန္ဓာကိုယ် အားနည်းနေခြင်းကြောင့် ဖြစ်နိုင်သလား ဝေ့ဝူယင် မသိပါချေ။

စွမ်းအင်များ အားလုံး ပြန်လည် ပြည့်ဝလာရန် အတွက် သုံးနာရီခန့်မျှ အချိန်ယူခဲ့ရ၏။ ဖြစ်စဉ် တစ်ခုလုံးကို သေချာစွာ စစ်ဆေးပြီးနောက် ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူက ဘာဆိုဘာမျှ မရှိသည့် အမှောင် ဟင်းလင်းပြင်ကို ဦးတည်ကာ ကျယ်လောင်စွာ အော်ဟစ် လိုက်လေတော့သည်။

“လျှို့ဝှက် တာအို... သေမျိုး တာအို...”

သူ၏ လေသံက ဆုတောင်းနေသည်နှင့် တူလှ၏။

“ကျုပ်ရဲ့ သွေးမျိုးဆက်ကို အဆင့်တက်ခွင့် တောင်းပါတယ်”

"..."

"..."

***

All Chapters