← Chapters

တတိယ ကပ်ဘေး၊ ဓားနှင့် မီး

Vol. 89 Ch. 1233

တတိယ ကပ်ဘေး၊ ဓားနှင့် မီး

Vol. 89 Ch. 1233

မီးတောက်မီးလျှံများမှ ထွက်ပေါ်လာသည့် အပူချိန်မှာ ဝေ့ဝူယင်၏ အ‌ရေပြာကို လောင်ကြွမ်းလာခဲ့ကာ သူ့ ဆံပင်များကိုပင် စတင် စွဲကပ်လာခဲ့၏။ အသွေးအသား ခန္ဓာကိုယ်နှင့် ရင်ဆိုင်ခွင့် ရခဲ့သော်လည်း ငရဲ၏ မီးလျှံများမှာ ဘယ်တော့မှ ရိုးရှင်းခြင်း မရှိခဲ့ချေ။

တန်ခိုးရှင် မျက်လုံး...

မီးတောက်များ၏ လောင်ကြွမ်းမှု အောက်၌ အရည်ပျော်လုနီး ဖြစ်နေခဲ့သည့် ဝေ့ဝူယင်၏ မျက်လုံးများမှာ တန်ခိုးရှင် မျက်လုံးကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ထာဝရ အငွေ့အသက်နှင့် အတူ တဖန်လည် မွေးဖွားလာခဲ့သည်။

“ဟမ်...”

ခန္ဓာကိုယ်တစ်ခုလုံး ဖြည်းညင်းစွာ လောင်ကျွမ်းခံနေရသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ မီးတောက်မီးလျှံများက သူ့ ခန္ဓာကိုယ်ကို အဖက်ဖက်မှ ဝန်းရံထားကာ ဒွါရပေါက်တိုင်းမှ ခန္ဓာကိုယ် အတွင်းပိုင်းကို တိုးဝင်၍ လောင်ကြွမ်း နေကြသည်။

ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် သူ၏ သွေးများမှာ ‌လောင်ကြွမ်းသွားခဲ့၏။ ထို့နောက်တွင်တော့ အရိုးများနှင့် ဆဲလ်များ...။

အချိန်များ ဖြတ်ကျော်နေသည်နှင့် အမျှ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လျှင်မြန်စွာပင် လောင်ကြွမ်း ဝါးမြိုခံနေရသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူ့နေရာတွင် ပုံမှန် ဝိညာဉ် တစ်ခုသာ ဆိုပါက အော်ဟစ် ငိုကြွေးကာ သေဆုံးခြင်းကိုပင် တောင်းဆို နေလောက်ပြီ ဖြစ်သည်။ အရှင်လတ်လတ် လောင်ကြွမ်းခံနေရသည့် အဖြစ်မျိုးကို မည်သူက လိုချင်ပါမည်နည်း။

သို့သော်လည်း... ဝေ့ဝူယင် အတွက်တော့ အသွေးအသား ခန္ဓာကိုယ်မှာ အကာအကွယ် အစီအမံများတွင် ပထမဆုံး အလွှာသာ ဖြစ်သည်။ မီးတောက်များမှာ သူ့ မူလဝိညာဉ်၏ အပြင်ဘက် အခွံကိုပင် ထိတွေ့ခြင်း မရှိပါသေးချေ။

ဝေ့ဝူယင်မှာ မီးသွေးခဲ ဖြစ်သွားခြင်း မရှိသေးသည့်တိုင် သူ၏ အရေပြားကတော့ တောက်ပသည့် အလင်းတန်းများ အောက်၌ အရည်ပျော်ကျ နေသယောင် ထင်ရသည်။ သို့သော်လည်း... မည်သည့် နာကျင်မှုမျိုးကိုမှ မခံစားရချေ။

ဝေ့ဝူယင် ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းနှင့် အဂ္ဂိရတ် ဧဒင် အင်အားတို့ကို အသုံးပြုကာ အသွေးအသား ခန္ဓာကိုယ်နှင့် မူလ အသိစိတ်တို့ ခံစားနေရသည့် နာကျင်မှုများကို အသိစိတ် ပင်လယ် အစွန်အဖျား တစ်နေရာသို့ ပို့လွှတ်ထားခဲ့သည်။

“ငါနည်းနည်း လောလိုက်ပေမဲ့ အလုပ်ဖြစ်တယ်...”

နာကျင်မှု ထိန်းချုပ်ခြင်း ဆိုင်ရာ သီအိုရီကို အတည်ပြုရန် အတွက် ဝေ့ဝူယင် ပထမ ခြေလှမ်း တစ်ထောင်ကို ခပ်မြန်မြန် ပြေးလွှားကာ စမ်းသပ်ခဲ့သည်။ ၎င်းက အမှတ်တကယ်ပင် အလုပ်ဖြစ်ခဲ့ပေသည်။ ကံမကောင်းစွာပင်... ထိုနည်းဗျူဟာတွင် စွန့်လွှတ် ပေးဆပ်ရသည့် အပိုင်း တစ်ခုတော့ ရှိနေခဲ့ပေသည်။

"အား... အား...”

ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်မှာ သေခြင်းတရား၏ ဝန်းရံ ထိုးနှက်မှုကို ခံနေရသည့် အလား အလူးအလဲ အော်ဟစ် နေခဲ့၏။ သူ၏ အော်ဟစ်သံများမှာ ကြားရသူတိုင်းကို နှစ်ထောင် ပေါင်များစွာ အိပ်မက်ဆိုးများ မက်သွားစေနိုင်သည် အထိ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

ကပ်ဘေးအား ဖြတ်ကျော်သူတိုင်း နာကျင်မှုများကို အလူးအလဲ ခံစားရမည်။ ၎င်းမှာ ငရဲမှ ဖန်တီးသည့် ကပ်ဘေးတိုင်း၏ မပြောင်းလဲနိုင်သော အမှန်တရား ဖြစ်ပေသည်။ ကံကောင်းစွာပင် ဝေ့ဝူယင်မှာ ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းကို အသုံးပြု၍ ဝိညာဉ်ကို မူလ စိတ်နှင့် ပြောင်းလဲ ချိတ်ဆက်ထားပေသည်။

“ဝေဒနာလမ်းသွယ်က ခံစားရတဲ့ နာကျင်မှု အတိုင်းအတာပေါ် မူတည်ပြီး ငရဲရဲ့ သန့်စင်ခြင်း စွမ်းအားကို ထုတ်လွှတ်တယ်...”

ဝမ်မင်ယာထံမှ ရရှိခဲ့သည့် အချက်အလက်များမှာ ဝေ့ဝူယင် အတွက် ဗျူဟာများ ချမှတ်ရာတွင် အလွန် အရေးပါခဲ့ပေသည်။

ယခု၌ သူ၏ မူလစိတ်မှာမည်သည့် နာကျင်မှုကိုမှ မခံစားရသေးလေရာ ငရဲ၏ သန့်စင်ခြင်း စွမ်းအားများမှာလည်း မစတင်သေးဟု ဆိုလိုပေသည်။

အကယ်၍ သူသာ ထိုအချက်အလက်များကို သိရှိ မထားပဲ တတိယ ကပ်ဘေး အတွင်း ဝင်ရောက်ခဲ့ပါက သန့်စင်ခြင်း စွမ်းအားကို ခုခံရင်း သို့တည်းမဟုတ် နာကျင်မှုများကို ခုခံရင်း ယခုလို နည်းဗျူဟာကို ဘယ်တော့မှ စတင်နိုင်လိမ်မည် မဟုတ်ချေ။

ဝိညာဉ်မှာ ပိုမို၍ သန်မာလေလေ နာကျင်မှုများမှာ ပိုမို၍ လျော့နည်းလေလေ ဖြစ်သည်။ ရလဒ် အနေဖြင့် ပိုမို သန်မာသည့် ဝိညာဉ်များမှာ ဝေဒနာ လမ်းသွယ်ကို ပိုမို အချိန်ရှည်ကြာစွာ ခုခံနိုင်ကြသည်။ တစ်ချိန်တည်း၌ သူတို့၏ အစစ်အမှန် ဝိညာဉ်များမှာ အပြစ်သား ဝိညာဉ်တို့ ကဲ့သို့ ပြိုင်စံရှား နည်းလမ်းများကို အသုံးပြုကာ မြင့်တက်လာသည့် အပူချိန်ကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု မရှိပဲ နေနိုင်ကြသည်။

ကံမကောင်းစွာပင်... ဝေ့ဝူယင်၏ ဝိညာဉ်မှာ ယခုမှ သေမျိုး အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သေမျိုး အဆင့်တွင် ငရဲ၏ သန့်စင်ခြင်း မီးတောက်များကို ခုခံနိုင်သည့် ပြိုင်စံရှား ကျင့်စဉ်များ မရှိပါချေ။

ဝေ့ဝူယင် အရှေ့ကို ဆက်လက် ဦးတည် နေခဲ့၏။ မီးတောက်များက ပိုမို၍ များပြားလာကာ အပူရှိန်မှာလည်း အဆမတန် ပိုမို မြင့်မားလာနေခဲ့လေသည်။ ဝမ်မင်ယာထံမှ ရရှိထားသည့် အချက်အလက်များသာ မှန်ကန်ပါက ဝေဒနာ လမ်းသွယ်ကို ဖြတ်ကျော်ရန် သူ ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀ လှမ်း လျှောက်လှမ်းရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် လက်ကို နှလုံးသား တည်ရှိရာ ရင်ဘတ်သို့ ထိလိုက်၏။

“မင်းအလှည့် ရောက်တော့မယ်...”

ဒိတ်... ဒိတ်... ဒိတ်...

ဝေ့ဝူယင်၏ အစစ်အမှန် နဂါး နှလုံးသားမှာ ထိုစကားလုံးများကို တုန့်ပြန်သည့် အလား ပြင်းထန်စွာ ခုန်လာခဲ့၏။ ၎င်းက သူ အဆင်သင့် ရှိနေသည်ဟု ပြောနေသယောင်ပင်။

ထိုအရာက ပဟေဠိ၏ နောက်ဆုံးသော အပိုင်းလည်း ဖြစ်သည်။ ၎င်းမှာ ကပ်ဘေးအား ကျော်လွှားနိုင်ရန် ကံကြမ္မာကို ချိပ်ပိတ် ပေးနိုင်ရုံမျှသာ မက အောင်မြင်နိုင်သည့် အလားအလာကိုလည်း တံဆိပ်ခတ် နိုင်ခဲ့သည်။

အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ မွေးရာပါ ဗီဇမှာ မည်သည့် အခြေအနေတွင် မဆို အမြတ်ထုတ်ရန် အဆင်သင့် ရှိနေခဲ့ကာ ကောင်းကင်တာအိုမှာလည်း သူ၏ ထိုကိုယ်ရည်ကိုယ်သွေးကို လိုက်လျော ညီထွေ ဖြစ်စေခဲ့သည်။ ငရဲ၏ ကပ်ဘေးများမှာ ကောင်းကင် တာအို ဖန်တီးသည့် ကမ္မ ကံကောင်းခြင်းများ မဟုတ်သော်လည်း ဝေ့ဝူယင်၏ အမြင်တွင်တော့ ၎င်းတို့မှာ အဆုံးစွန်သော အန္တရာယ်နှင့် ယှဉ်တွဲနေသည့် အကြီးမားဆုံးသော ကံကောင်းခြင်း အရင်းအမြစ်များပင် ဖြစ်သည်။

ဖျပ်... ဖျပ်...

ဝေ့ဝူယင် ခြေလှမ်း ဒါဇင် အနည်းငယ် ထပ်မံ လျှောက်လှမ်းလိုက်ကာ အပူချိန်မှာလည်း တိုးလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ မီးတောက်များမှာ ဒီဂရီ ထောင်ပေါင်းများစွာ မြင့်မားလှသည့် အပူချိန်များကို ထုတ်လွှတ် နေခဲ့၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အရည်ပျော်လုနီးပါး သံမဏိတုံး တစ်ခုလို ဖြစ်နေသော်လည်း လုံးလုံးလျားလျား အရည်ပျော်သွားခြင်း မရှိပါသေးချေ။

ထိုအရာက မီးစွမ်းအင်၊ ချော်ရည်ပူ စွမ်းအင်၊ အကြွင်းမဲ့ သုည ရေခဲစွမ်းအင်၊ မူလဒြပ်စင် စွမ်းအင်များနှင့် ဆယ်စုနှစ် သုံးခုကျော် သန့်စင်ခဲ့သည့် အကျိုးဆက်ပင် ဖြစ်သည်။ ထိုကဲ့သို့ သန့်စင်ခဲ့ခြင်းသာ မရှိပါက သူ၏ ရုပ်ခန္ဓာမှာ အရည်ပျော်ကာ ဝိညာဉ် ‌ဖော်ထုတ်ခံ နေရလောက်ပြီ ဖြစ်သည်။

အပေါ်တွင် ဖော်ပြခဲ့ပြီးသည့် အတိုင်း ငရဲကို ရောက်ရှိလာသည့် အမွေခံ အပြစ်သား တစ်‌ယောက် အနေဖြင့် သူ၏ ရုပ်ခန္ဓာမှာ အပေါ်ယံ အခွံမျှသာ ဖြစ်သည်။ ပုံမှန်အားဖြင့် အပြစ်သား တစ်ယောက်တွင် ငရဲ၏ သန့်စင်ခြင်း စွမ်းအားကို ခုခံရန် အကာအကွယ်လွှာ သုံးခု ရှိသည်။ ၎င်းတို့မှာ ရုပ်ခန္ဓာ၊ ဝိညာဉ် အပေါ်ယံလွှာနှင့် သန့်စင်ထားသည့် အစစ်အမှန် အပြစ်သား ဝိညာဉ်တို့ပင်။

ကံမကောင်းစွာပင် ဝေ့ဝူယင်ထံတွင်တော့ နှစ်ခုသာ ရှိသည်။ သူ၏ ပြင်ပ ရုပ်ခန္ဓာမှာ သူတော်စင် အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်ဖို့ အလွန်ပင် အလှမ်းကွာပေသေးသည်။ အကယ်၍ သူတော်စင်တို့၏ အလွှာမှာ လျှို့ဝှက် အာဏာရှင် အဆင့်ရှစ် အစစ်အမှန် သူတော်စင် အဆင့်ကို ခေါ်ဆိုသည် ဆိုလျှင်ပင် ထိုနှိုင်းယှဉ်မှုက ရယ်စရာ ကောင်းနေဆဲ ဖြစ်သည်။

ငရဲ၏ ကပ်ဘေးအား ဖြတ်ကျော်ရန် အတွက် သူ ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀ လျှောက်လှမ်းရမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ခြေလှမ်း တစ်ထောင် ကျော်ကျော်ဖြင့်ပင် ရုပ်ခန္ဓာမှာ အရည်ပျော်ကျ လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ရုပ်ခန္ဓာ အရည်ပျော်သွားပါက ဝိညာဉ်မှာ ပေါ်လွင်လာလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် လက်များကို ငုံ့ကြည့်လိုက်၏။ မိမိ၏ အရေပြားနှင့် ကြွက်သားများ အရည်ပျော်ကာ အရိုးများ ပေါ်လာနေသည်ကို မြင်တွေ့ရခြင်းက အနည်းငယ် ထူးဆန်းလှသည်။ အထူးသဖြင့် မည်သည့် နာကျင်မှုမှ မခံစားရသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

ဝေ့ဝူယင် ရှေ့ကို ဆက်၍ ရွေ့လျားနေ၏။

ဖျပ်... ဖျပ်...

မီးတောက်များက အရှိန်အဟုန် ပြင်းပြင်းဖြင့် တောက်လောင်နေဆဲ ဖြစ်ကာ လောင်ကြွမ်း အရည်ပျော်သွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ လမ်းတစ်လျှောက် အရည်ပျော်ကျကာ ကျန်ရစ်ခဲ့သည်။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ အရိုးစု ခြေထောက်ဖြင့် လမ်းလျှောက်နေသည့် အလားပင်။

ခြေလှမ်း နှစ်ထောင်...

မီးလျှံမုန်တိုင်းများမှာ ဝေ့ဝူယင်ကို ဒေါသတကြီးဖြင့် ဝါးမြိုနေခဲ့၏။ သူ ခြေလှမ်း အနည်းငယ် လျှောက်လှမ်းပြီးနောက်၊ သို့တည်းမဟုတ်... တိကျသည့် အချိန်စက်ဝိုင်း တစ်ခုကို ဖြတ်သန်းပြီးနောက် ၎င်းတို့က ပြန်လည်၍ ပျောက်ကွယ်သွားခဲ့သည်။ မည်သူမဆို ယခုလို ငရဲ၏ ကြောက်မက်ဖွယ်ရာ ဒေါသနှင့် ရင်ဆိုင်ရပါက ကြောက်ရွံ့စွာဖြင့် အလျှင်အမြန် ပြေးကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ အမူအရာကတော့ အေးဆေးနေခဲ့ကာ ခံစားချက် ကင်းမဲ့စွာဖြင့် တစ်ကြိမ်လျှင် ခြေတစ်လှမ်းနှုန်းသာ လျှောက်လှမ်း နေခဲ့သည်။

ထိုအခိုက်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်တွင် အသားပင် မကျန်ရှိတော့ဟု ပြောနိုင်ပေသည်။ ကျန်ရှိသော အသားအနည်းမှာလည်း နီရွှေရောင် တောက်ပမှုကို ထုတ်လွှတ်ကာ အရည်ပျော်နေသည့် အရိုးများနှင့် ပေါင်းစပ် သွားခဲ့သည်။ အံ့အားသင့်ဖွယ်ပင် ပျစ်ချွဲချွဲ အရည်များမှာ အရိုးများမှပင် အဆက်မပြတ် ထုတ်လုပ်နေပုံ ပေါ်လေရာ ငွေရောင် အလင်း ခပ်ဖျော့ဖျော့ကတော့ အခါအားလျော်စွာ ရှိနေခဲ့သည်။

“ဒါက မကုန်ခမ်းနိုင်တဲ့ စွမ်းအင်လား...”

ငွေရောင် ပျစ်ချွဲချွဲ အရည်များမှာ အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံး၏ လက္ခဏာ တစ်ရပ် ဖြစ်လိမ့်မည်ဟု သူ ယခင်ကတည်းကပင် ခန့်မှန်းထားပြီး ဖြစ်သည်။ ၎င်းတို့မှာ ဖယ်ရှားခံလိုက်ရလျှင်ပင် သဘာဝ နည်းလမ်း အတိုင်း ပြန်လည် ဖွံ့ဖြိုးနေသည့် ယင်ယန် ကဲ့သို့ မူလ အရင်းအမြစ် စွမ်းအင်များနှင့် အလွန် ဆင်တူသည်။

ထို့အပြင် သူ၏ အသွေး၊ အသားနှင့် အရိုးများမှာ မည်သည့် လုပ်ဆောင်ချက်မှ မပါပဲ ပြန်လည် ဖြည့်တင်းနေသလို ခံစားရသည်။ ၎င်းမှာ သူ ခြေလှမ်းပေါင်း နှစ်ထောင် အထိ ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ ဝေ့ဝူယင် ခြေလှမ်းတိုင်းကို အေးဆေးစွာပင် ဆက်လက်၍ လျှောက်လှမ်းနေ၏။

***

All Chapters