အိုရီ၏ ပြောင်းလဲမှု
Vol. 89 Ch. 1239
မှန်ပေ၏။ လွတ်မြောက်မှုကို ရရှိလာခဲ့သည့်တိုင် သူတို့၏ လက်ရှိ အခြေအနေက ပြဿနာကို ဖြေရှင်း ပြီးဆုံးခြင်း ဆိုသည့် အနေအထားနှင့် အလွန် အလှမ်းကွာဝေးနေသေးဆဲ ဖြစ်သည်။
ဘုရင်၏ လုပ်ဆောင်ချက်မှာ ဧဒင်ကို လွတ်မြောက်စေခဲ့သည့် တိုင်အောင် ဝေ့ဝူယင်၏ စိတ်ဝိညာဉ်မှာ ကာကွယ်မှုနှင့် တည်ငြိမ်မှု အလွှာ တစ်ခုကို ဆုံးရှုံးစေခဲ့သည်။ လူငယ်၏ မူလစိတ် ပြိုကွဲခဲ့သည့် အချိန်တွင် ဧဒင်နှင့် ကောင်းကင် စစ်ဝိညာဉ်တို့သာ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း မရှိပါပဲ ဒုတိယမြောက်စိတ်နှင့် မူလစိတ် နှစ်ခုစလုံး ပေါက်ကွဲ သွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း... ဘုရင်၏ လုပ်ဆောင်ချက်က မမှားပါချေ။ ၎င်းက သူ့အတွက် အလွန် လျှင်မြန်စွာ တုန့်ပြန်ရန် လိုအပ်ခဲ့သည့် အခြေအနေ ဖြစ်သည်။
ဟူး... ဟူး...
ဧဒင် ခုနစ်သွယ် ရင်းမြစ် စိတ်ဝိညာဉ် အလင်းများကို ဝေ့ဝူယင်၏ နဖူး အတွင်း အဆက်မပြတ် သွန်းလောင်းကာ ငရဲမီးများကို ဖိနှိပ်ဖို့ ကြိုးပမ်းလိုက်၏။ အနည်းငယ် အလုပ်ဖြစ်သည့်တိုင် ၎င်းက အခြေအနေကို ယာယီသာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ဧဒင် သိပေသည်။ မှန်ကန်သည့် ဖြေရှင်းချက် တစ်ခု မဟုတ်ပါသေးချေ။
“ငါ ဘာလုပ်ရမလဲ...”
ဧဒင်က အလောတကြီး မေးလိုက်၏။ သူ၏ ကြယ်တာရာ အမြုတေမှာ ဓားရည်ရွယ်ချက် ပါဝင်သည့် ကြမ်းတမ်း ခက်ထန်သော အလင်းတန်းများကို ထုတ်လွှတ် နေခဲ့သည်။
"...”
ဧဒင်က တုန့်ပြန်ခြင်း မပြုချေ။ သူက ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း ဝိညာဉ် အလင်းများကို သွန်းလောင်းရင်း စဉ်းစားနေခဲ့သည်။ ပထမဆုံး ဖြစ်ပေါ်လာသည့် ကျန် ကြယ်တာရာ ဝိညာဉ် နှစ်ခုကို အပြင်သို့ အတင်း အဓမ္မ ထုတ်ယူရန် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် လက်ရှိ ကြုံတွေ့နေရသည့် အလွန် ဆိုးရွားသော အခြေအနေကို ထောက်ချင့်ရလျှင် ထိုကဲ့သို့ ပြုလုပ်ခြင်းက ကျင့်ကြံခြင်း သွေဖီမှုကို လှုံ့ဆော်ပေးလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်သာ ပေါက်ကွဲသွားပါက မည်သူမှ အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။
ဧဒင် အိုရီကို လှမ်းကြည့်လိုက်၏။ အိုရီမှာ နာကျင်စွာ အော်ဟစ် နေသည့်တိုင် သူ၏ ဝိညာဉ် အလင်းနှင့် နိဗာန မီးတောက်၊ ငရဲမီးတောက်များ အကြား အပြန်အလှန် တုန့်ပြန်နေသည်ကို ဧဒင် တွေ့လိုက်ရသည်။ ဝိညာဉ် အလင်းမှာ ၎င်းတို့ကို ဖိနှိပ်ထားခြင်း မရှိသည့်တိုင် မီးတောက်များမှာလည်း ပြန်လည် လောင်ကြွမ်းခြင်း မရှိပါချေ။ ငရဲမီးတောက်များမှာ ဝိညာဉ်များကို လောင်ကြွမ်းနိုင်စွမ်း၊ ဖိနှိပ်နိုင်စွမ်း ရှိသည်။ ၎င်းမှာ ထိုရည်ရွယ်ချက် အတွက် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အိုရီ၏ ဒြပ်စင် ရွှေ့ပြောင်းခြင်း ဝိညာဉ် အလင်းကတော့ လောင်ကြွမ်းခြင်း မရှိပါချေ။ တစ်နည်းအားဖြင့် သက်ရောက်မှု မခံရပါချေ။
“အိုရီယန်နာ... ငါ့အသံကို ကြားလား..”
ဧဒင် အိုရီထံသို့ ဆက်သွယ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ် မလာခဲ့ချေ။ ဧဒင် အတွက် ထပ်မံ တွန်းအားပေးရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပါချေ။
“အိုရီယန်နာ... မင်း ဘေးမှာ ရှိတဲ့ စွမ်းအင်တွေ အားလုံးကို မင်း စုပ်ယူမှ ဖြစ်မယ်... အားလုံးကို စုပ်ယူရမယ်... နားလည်လား...”
ဧဒင်၏ ရည်ရွယ်ချက်ကို နားလည်သည့် အလား ဘုရင်ကလည်း အသံကုန် အော်ဟစ် လိုက်၏။
“အားလုံးပဲ... အားလုံးကို စုပ်ယူလိုက်...”
ဝမ်... ဝမ်...
ထိုအခိုက်တွင်ပင်... အိုရီ၏ ကြယ်တာရာ အမြုတေမှာ ကြမ်းတမ်း ခက်ထန်စွာ စတင် တုန်ရီလာခဲ့လေ၏။
အကယ်၍ ခရာတိုမှာ အာဏာ အရှိဆုံး ဆိုလျှင်..
အကယ်၍ ဘုရင်မှာ အဆုံးဖြတ်နိုင်ဆုံး ဖြစ်သည် ဆိုလျှင်...
အကယ်၍ ဧဒင်မှာ တာဝန် အယူတတ်ဆုံး ဖြစ်သည် ဆိုလျှင်...
အိုရီမှာလည်း စိတ်အချရဆုံး ကြယ်တာရာ ဝိညာဉ် ဖြစ်လေသည် မဟုတ်ပါလား။
...
“အိုရီယန်နာ... မင်း ဘေးနားမှာ ရှိတဲ့ စွမ်းအင်တွေကို စုပ်ယူရမယ်... နားလည်လား...”
“အားလုံးပဲ... အားလုံးကို စုပ်ယူလိုက်...”
အိုရီတစ်ယောက် နာကျင်မှုများ၏ဒဏ်ကို ခံစားနေရင်းကပင် အသံများကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။ အချိန်နှင့် အမျှ သူ ကြားနေရသည့် အသံများမှာ ပိုမို ကျယ်လောင်ကာ ကြည်လင် လာခဲ့၏။ မကြာခင်မှာပင် ၎င်းတို့မှာ ဘုရင်နှင့် ဧဒင်တို့ထံမှ အော်ဟစ်သံများ ဖြစ်ကြောင်း သူ သဘောပေါက် လိုက်သည်။
ဘယ်လို အခြေအနေမျိုးကို ရောက်နေစေကာမူ ညီအကိုများကို ယုံကြည်လေရာ နာကျင်မှုများ ကြားမှပင် သူ၏ ကြယ်တာရာ အမြုတေထံမှ ပြင်းထန်သည့် စုပ်ယူမှု စွမ်းရည်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
ဟူး... ဟူး...
ချက်ချင်းဆိုသလိုပင် ဒြပ်စင် စွမ်းအင်များနှင့် အတွင်းအား စွမ်းအင်များ အပါအဝင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်းရှိ ရှိရှိသမျှ စွမ်းအင် အမှုန်တိုင်းမှာ လှုပ်ခတ် သွားခဲ့သည်။ အထူးသဖြင့်... အရိုးများ အတွင်း ကိန်းအောင်းနေသည့် ငရဲမီးများနှင့် ပိုင်လင်၏ အမတေ သွေးစက်မှ ဖြစ်ပေါ်လာသည့် နိဗာန မီးလျှံများပင်...။
ထိုစွမ်းအင်များမှာ အိုရီ၏ ကြယ်တာရာ အမြုတေထဲသို့ အံ့မခန်း လျှင်မြန်လှသော အရှိန်နှုန်းဖြင့် စီးဆင်း လာခဲ့၏။ လျှို့ဝှက် အာဏာရှင် တစ်ဦး မျက်တောင် တစ်ခပ်စာမျှလောက်သာ ကြာမြင့်သည့် အချိန်ကလေး အတွင်းမှာပင် ဝေ့ဝူယင်၏ တစ်ကိုယ်လုံး နီးပါးမှာ ခြောက်ကပ် သွားခဲ့သည်။
ခန္ဓာကိုယ် အတွင်း တည်ရှိနေသည့် စွမ်းအင် အားလုံး စုပ်ယူခံရပြီးနောက်တွင် မကြာသေးခင်ကမှ ပုံသွင်းထားသည့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အရိုးပေါ် အရေတင် ရုပ်အလောင်း တစ်ခုလို ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူကား အသက်ပင် ရှူခြင်း မရှိတော့ချေ။
အဆုပ် အတွင်းရှိ လေများ ပျောက်ဆုံးသွားပြီး မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ လေထု ဓာတ်ငွေ့ အားလုံးမှာလည်း ဝေ့ဝူယင်ထံ စတင်ကာ စုပ်ယူ ခံလာရသည်။ ဒြပ်စင် စွမ်းအားများနှင့် တည်ဆောက်ထားသည့် အခိုင်ခံဆုံးသော မူလ ဒြပ်စင် နန်းတော်သည်ပင် ဝေ့ဝူယင်ကို ဗဟိုပြုကာ လျှင်မြန်စွာ ပြိုလဲလာခဲ့၏။
ဘုန်း... ဘုန်း...
မကြာခင်မှာပင် နန်းတော် တစ်ခုလုံးမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။ ကံကောင်း ထောက်မတာ တစ်ခုက ထိုနေရာတွင် ဝေ့ဝူယင်နှင့် ပိုင်လင်တို့သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ပိုင်လင်မှာ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်သည့် သက်တောင့်သက်သာ မရှိမှုများကို ခံစားနေရသည့်တိုင် ဝေ့ဝူယင်ကို ဆက်လက်၍ ကာကွယ်ပေးနေခဲ့၏။
ပိုင်လင်မှာ မီးဖီးနစ် တစ်ကောင် ဖြစ်လေရာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးလျှံမီးတောက်များနှင့် ဖွဲ့စည်း ထားသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် သူမ ပိုင်ဆိုင်ထားသည့် စွမ်းအင်များမှာလည်း အလားတူပင် စုပ်ယူ ခံခဲ့ရသည်။ ပိုင်လင်မျာ မြေကြီးရှန့်ထိုများနှင့်ပင် နှိုင်းယှဉ်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် အိုရီ၏ စုပ်ယူမှုအားကိုတော့ ရပ်တန့်နိုင်ခဲ့ခြင်း မရှိပါချေ။
အိုရီ၏ စုပ်ယူမှုများက မူလ အာရုဏ်ဦး နန်းတော်တွင်ပင် ရပ်တန့်ခြင်း မရှိပါချေ။
ကြယ်ကွင်းပြင်တစ်ခု၏ အစကို နက်နဲသော ဥပဒေများ ပေါက်ကွဲခြင်းဖြင့် လှုံ့ဆော်ပေးခဲ့ပြီး ကောင်းကင်အောက်ရှိ ထိုဥပဒေများထဲမှ ဒြပ်စင်ကိုးခု၏ ဥပဒေများသည် အရေးကြီးသည်။ ကောင်းကင်သည် ၎င်းမရှိဘဲ မလုပ်နိုင်ပါ။ လူသား တာအိုသည် ၎င်းပေါ်တွင် ကြီးပွားသည်။
ကြယ်ကွင်းပြင်များမှာ လျှို့ဝှက် ဆန်းကြယ်သည့် ဥပဒေသများ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာကြသည်ဟု ဆိုကြသည်။ ကောင်းကင်အောက်၌ တည်ရှိနေသည့် ထိုဥပဒေသများ အနက် ဒြပ်စင်ကိုးခု၏ ဥပဒေသများမှာ အရေး အကြီးဆုံး ဖြစ်သည်။ ၎င်းတို့ မတည်ရှိပဲ ကောင်းကင်မှာ လောကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ သေမျိုးတာအိုသည်ပင် ထိုအပေါ်၌ အခြေပြု တည်ဆောက်ရသည်။
အိုရီ၏ ကယောင်ကတမ်း ဖြစ်မှုနှင့် ညီအကိုများ၏ အမိန့်အား လိုက်နာရန် အဆုံးစွန်သော ကြိုးပမ်းမှုမှာ စုပ်ယူမှု စွမ်းအားကို ရူးသွပ်ဖွယ်ရာ အဆင့်တစ်ခု အထိ တိုးမြင့်သွားစေခဲ့လေသည်။
မူလ ဒြပ်စင် စွမ်းအင်၊ တစ်နည်းအားဖြင့် အစစ်အမှန် ဒြပ်စင် စွမ်းအင်မှာ ကြယ်ကွင်းပြင်များ စတင် မွေးဖွားချိန်တွင်သာ တည်ရှိနိုင်သည်ဟု ပြောစမှတ် ပြုကြသည်။ ကြယ်ကွင်းပြင် လည်ပတ်ခြင်း ဝင်္ကပါ အစပြုသည်နှင့် တစ်ပြိုင်နက် မူလ ဒြပ်စင် စွမ်းအင်မှာ ကိုယ့်ကိုယ်ကို အပိုင်းများ အဖြစ် ခွဲပစ်ကာ နေကြယ်များ၊ ဂြိုဟ်များ၊ လများနှင့် အခြားသော ကောင်းကင်ခန္ဓာ အမျိုးအစားများကို ဖန်တီးသည်။
ထိုအရာက မှန်သင့်သလောက် မှန်ပေသည်။ မမှန်ကန်သည့် အရာကတော့ “အစစ်အမှန် ဒြပ်စင် စွမ်းအင်မှာ ကြယ်ကွင်းပြင်များ စတင် မွေးဖွားချိန်တွင်သာ တည်ရှိနိုင်သည်” ဆိုသော စကားပင် ဖြစ်သည်။ အစစ်အမှန် ဒြပ်စင် စွမ်းအင်များမှာ အစဉ်အမြဲ တည်ရှိနေသည်။ ၎င်းမှာ ကြယ်ကွင်းပြင်များ စည်ပင် ဝဖြိုးနေရသည့် အခြေခံပင် ဖြစ်သည်။
ဟူး... ဟူး...
အိုရီ၏ စုပ်ယူမှု သွမ်းအားမှာ ဝေ့ဝူယင်၏ ဝိညာဉ်အာရုံဖြင့် အလှမ်းမှီနိုင်သည့် အကွာအဝေးကိုပင် ကျော်လွန်ကာ ရောက်ရှိသွားခဲ့၏။ အင်ပါယာ တစ်ပါး၏ ဆင့်ခေါ်မှုကို ခံရသလိုမျိုး နဂါးငွေ့တန်း ကြယ်ကွင်းပြ် အတွင်းရှိ မူလ ဒြပ်စင် စွမ်းအင် မှန်သမျှမှာ အိုရီ၏ ကြယ်တာရာ အမြုတေ အတွင်းသို့ အလူးအလဲပင် စီးဝင် လာကြသည်။
နောက်ဆုံး ဘာဆိုဘာမှ မကျန်တော့သည် အထိ...။
***