← Chapters

အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ (၂)

Vol. 89 Ch. 1242

အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ (၂)

Vol. 89 Ch. 1242

“နောက်ဆုံးတော့ နင် နိုးလာပြီပေါ့....”

ဝေ့ဝူယင် ရောက်တတ်ရာရာ တွေးနေစဉ်မှာပင် ကောင်းကင် စစ်ဝိညာဉ်က အားနည်းသည့် လေသံဖြင့် မေးလိုက်၏။

၎င်းမှာ ဧဒင် အခြေစိုက်ရာ နေရာတွင် အိမ်ပြု နေထိုင်နေလေရာ နာကျင်မှုများ၏ သက်ရောက်မှုဒဏ်ကို အလားတူပင် ခံခဲ့ရပေသည်။ ပိုင်ရှုသည်ပင် ထိုစက်ကွင်းမှ လွတ်မြောက်ရန် အတွက် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးနှင့် အတူ ရှန့်ထို လက်စွပ် အတွင်း ပြန်လည် ဝင်ရောက် ထွက်ပြေးခဲ့ရသည်။

"ခင်ဗျားရော အဆင်ပြေရဲ့လား...”

ဝေ့ဝူယင် စိုးရိမ်စွာဖြင့် မေးလိုက်၏။

“ငါက ပြေပါတယ်... ဒါပေမဲ့...”

ကောင်းကင် စစ်ဝိညာဉ်မှာ ချီတုံချတုံ ဖြစ်သွားကာ စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်၏။ ထို့နောက်တွင်တော့ သူမက ထိုစကားကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်ကာ အခြား မေးခွန်း တစ်ခုကိုသာ မေးလိုက်လေသည်။

“နင့် အရိုးတွေက ထွက်လာတဲ့ မီးတောက်တွေက ဘာတွေလဲ...”

“ကျုပ်လည်း မသိဘူး...”

ဝေ့ဝူယင် ခေါင်းခါလိုက်၏။ ထိုအရာက သူ ဖြေနိုင်သမျှ အကုန် ဖြစ်သည်။ ကောင်းကင် စစ်ဝိညာဉ်မှာ ကောင်းကင် တာအိုမှ မွေးဖွားလာသည့် တာအို ဝိညာဉ် တစ်ခု ဖြစ်သည်။ သူမ အပေါ် ရာနှုန်းပြည့် ယုံကြည်မှု ရှိလျှင်ပင် ငရဲ၏ ကပ်ဘေးများ အကြောင်းကို အန္တရာယ် ကင်းကင်းနှင့် ဖွင့်ပြောပြနိုင်လိမ့်မည်ဟု သူ မထင်ချေ။

အံ့အားသင့်စွာပင်... ကောင်းကင် စစ်ဝိညာဉ်က သူ့ကို ဘာမှ ထပ်မမေးတော့ချေ။ သူမက စကားလမ်းကြောင်း ပြောင်းကာ ဝေ့ဝူယင်၏ မေးခွန်းကိုသာ ပြန်ဖြေလိုက်၏။

“အခု နင်က အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ရောက်နေတာ... ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင် နင် ဖန်တီးလိုက်တဲ့ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ ဆိုပါတော့”

“အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ...”

ဘဝ နှစ်ခုစလုံးတွင် ထိုကဲ့သို့ နာမည်မျိုး တစ်ခါမှ မကြားဖူးလေရာ ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် တောက်ပသွားခဲ့၏။

ကောင်းကင် စစ်ဝိညာဉ်က ဖုံးကွယ်ခြင်း မပြုပါချေ။ သူမက လျှို့ဝှက် ဘာသာစကားဖြင့် စတင်ကာ ရှင်းပြ လိုက်လေ၏။ ကံကောင်း ထောက်မစွာပင် ဝေ့ဝူယင်မှာ ၎င်းကို ချောမွေ့စွာပင် နားလည် နေခဲ့ပေသည်။

“အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ ဆိုတာက ကောင်းကင်က စွန့်ပစ်ထားတဲ့ အမှောင် ဟင်းလင်းပြင် တစ်ခု ဆိုပါတော့လေ... နယ်မြေကို တည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့ အရေးကြီး စွမ်းအင် အားလုံး ကင်းမဲ့နေတယ်... ပြင်ပ ကမ္ဘာနဲ့ သီးခြား ကွဲထွက်နတယ်... အာကာသနဲ့ အချိန်ရဲ့ ဂုဏ်သတ္တိတွေ ရှိနေသေးတယ် ဆိုပေမဲ့ သူတို့ရဲ့ အရည်အချင်း အားလုံးကတော့ ပျောက်ကွယ်နေတယ်.. တာအိုတွေကို လုံးဝ မပံ့ပိုးနိုင်တော့ဘူး...”

"...”

ဝေ့ဝူယင် တစ်ယောက် ဆွံ့အသွားခဲ့၏။ ကောင်းကင်များ၏ စွန့်ပယ်မှုကို ခံရခြင်း... ထိုအရာက အဘယ်နည်း။ သူ အနည်းငယ် မျက်မှောင်ကြုတ် လိုက်ရင်း...

“အဲဒါက ဆန့်ကျင်တာမျိုးတော့ မဟုတ်ဘူး မလား... ကောင်းကင်က စွန့်ပယ်ရင် အခြား စွမ်းအင်တွေ ဘယ်လို တည်ရှိနိုင်မှာလဲ... အချိန်နဲ့ အာကာသရဲ့ အရည်အချင်းတွေက ဒီနေရာမှာ မရှိဘူး ဆိုရင် သူတို့ရဲ့ ဂုဏ်သတ္တိကို ဘယ်လို ဖော်ဆောင်နိုင်တော့မှာလဲ...”

“ငါလည်း မသိဘူး...”

ကောင်းကင် စစ်ဝိညာဉ်က ယောင်ဝါးဝါးဖြင့် ဆိုလိုက်၏။ ထိုအရာက... အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ၏ အကြောင်းကို သူမ ကိုယ်တိုင်လည်း သိပ်မသိဟု ဆိုလိုပေသည်။ ထို့အပြင်... သူမ ပြောကြားခဲ့သည့် စကားများက မှားလျှင်တောင် မှားနေနိုင်ပေသည်။

“ကျွန်တော့် အထင်ပြောရရင် ဒီနေရာမှာ အရေးကြီးတဲ့ ဥပဒေသတွေ ပျက်ကွက်နေတယ် ဆိုပေမဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကတော့ ပျက်စီး မသွားသေးဘူး... ကောင်းကင်က တည်ရှိနေတယ်... ဘယ်ကိုမှ ထွက်ခွာ မသွားဘူး”

အိုရီက သူမ ခံစားနေရသည့် အရာကို ဝင်ရောက် ပြောလိုက်၏။

“ဘာဥပဒေသတွေလဲ...”

ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ သူသည်လည်းပဲ တစ်စုံတစ်ရာက ပျက်ကွက်နေသည်ဟု ခံစားရသည်။ သို့သော်လည်း... တိတိကျကျ ထောက်ပြနိုင်စွမ်းတော့ မရှိပါချေ။

“ကျွန်တော့ရဲ့ ဥပဒေသပေါ့...”

အိုရီက ဆောင့်ကြွားကြွား လေသံဖြင့် ဆိုလိုက်၏။

“မင်းရဲ့ ဥပဒေသ...”

ဝေ့ဝူယင် အံ့သြသွားခဲ့၏။ သူ ချက်ချင်းပင် စိတ်မျက်လုံးကို ဖွင့်ကာ ထျန်းတျန် အတွင်းရှိ အိုရီ၏ အမြုတေကို ကြည့်လိုက်သည်။ သူမသည်လည်းပဲ ဥပဒေသ တစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည်လား။

“ဘာလဲ...”

ရုတ်ချည်း ဆိုသလိုပင်... မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့တော့သည်။ အိုရီ၏ ကြယ်တာရာ အမြုတေမှာ ယခင်ကလို အပြစ်အနာအဆာ ကင်းမဲ့ကာ ပြီးပြည့်စုံသည့် စက်ဝိုင်း ပုံသဏ္ဌာန် မဟုတ်တော့ချေ။ ၎င်းမှာ မီးတောက် မီးလျှံများနှင့် ‌လောင်ကျွမ်းနေ၏။

သို့သော်လည်း ထိုမီးတောက် မီးလျှံများမှာ အိုရီ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက် ပေသည်။ ၎င်းတို့မှာ သန့်စင်သည့် အဖြူရောင် ရှိကာ အဆုံးမဲ့ အသွင်ပြောင်းခြင်း စွမ်းအင် တစ်မျိုးကို ပိုင်ဆိုင် ထားသည်။ တစ်ခါတစ်ရံ ၎င်းတို့က မီးနှင့် တူကာ တစ်ခါတစ်ရံ ရေအဖြစ် လှည့်ပတ် နေပြန်သည်။ မကြာခဏ ဆိုသလို မြေကြီး၊ လျှပ်စီး၊ လေ စသည်ဖြင့် အခြား ဒြပ်စင်များသို့လည်း ဆင့်ကဲ ပြောင်းလဲ သွားသည်။ ထိုမီးတောက် မီးလျှံများက မည်သည့် ဒြပ်စင် ဖြစ်သည်ကို ခန့်မှန်းရန် ဝေ့ဝူယင် အတွက်ပင် ခက်ခဲလှသည်။

“မင်း ပြောင်းလဲ သွားတယ်...”

ဝေ့ဝူယင်မှာ မကြာသေးခင်ကမှ ပြန်လည် နိုးထလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို သေသေချာချာ မစစ်ဆေးရသေးချေ။ အိုရီ အသွင်ပြောင်း သွားသည်ကိုပင် ယခုမှ သတိထားမိခြင်း ဖြစ်သည်။

"ဟီး... ဟီး...”

အိုရီက ကြွားဝါသည့် ပုံစံဖြင့် ရယ်မောလိုက်၏။

“ဘုရင်လုပ်သလို ကျွန်တော်လည်း လုပ်လိုက်တာလေ... ဟီး... ဟီး...”

"ဘုရင်လုပ်သလို...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း သေသေချာချာ စစ်ဆေး ကြည့်လိုက်၏။ ထိုအခါ အိုရီ၏ ကြယ်တာရာ အမြုတေထဲတွင် အော်ရာ သုံးခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ပထမ တစ်ခုက ကောင်းကင် အင်ပါယာ အော်ရာနှင့် ဆင်တူကာ ဒုတိယ တစ်ခုက မူလ ဒြပ်စင် အော်ရာ ဖြစ်သည်။

နောက်ဆုံးတစ်ခုကတော့ စည်းလုံး ညီညွှတ်မှု၊ အသွင်ပြောင်းလဲမှုနှင့် ဆက်သွယ်မှုတို့ကို ယူဆောင်လာရာ မူလ အစ အော်ရာ တစ်ခုလိုမျိုး ခံစားရသည်။ ၎င်းကတော့ မူလ အော်ရာပင် ဖြစ်လေ၏။

"အခု ကျွန်တော့ကို ဟိုလို ခေါ်လို့ရပြီ... ဟိုလိုမျိုးလေ.. မသိတော့ဘူး...”

အိုရီက ယောင်ဝါးဝါးဖြင့် ပြောလိုက်၏။

"..."

သူ့စကားကို လိုက်နားထောင်ရင်း ဝေ့ဝူယင်၊ ဘုရင်၊ ခရာတိုနှင့် ကောင်းကင် စစ်ဝိညာဉ်တို့ကတော့ အူ‌ကြောင်ကြောင် ဖြစ်နေခဲ့ကြလေတော့သည်။

ကိုယ့်ကိုယ်ကို အဓိပ္ပာယ် ဖွင့်ဖို့ ရုန်းကန်နေရသည့် အိုရီကို လျစ်လျူလိုက်ရင်း ဝေ့ဝူယင် ပိုင်ရှု၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်လခန့်က ဝေ့ဝူယင်နှင့် ချိတ်ဆက်ရန် ကြိုးစားခဲ့ အပြီးတွင် သူမမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် တန်ပြန် ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။ လက်ရှိတွင်တော့ သူမမှာ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးနှင့် အတူ ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ် အတွင်း ရှိနေခဲ့ပေသည်။

“ပိုင်ရှု...”

ဝေ့ဝူယင် စိတ်ကိုယ်ပွား တစ်ခုကို ရှန့်ထို လက်စွပ် အတွင်း ပို့လွှတ်လိုက်ရင်း ခေါ်လိုက်သည်။ သူ၏ အသံမှာ ထိုအာကာသ ဒိုင်မန်းရှင်း အတွင်းတွင် ပဲ့တင်ထပ် သွားခဲ့၏။

မှော်သန့်စင် ဆေးအိုးလုံးမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ ပိုင်ရှုထံမှ တုန့်ပြန်မှုကို မြင်သော အခါတွင်မှ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။

ဝေ့ဝူယင် များများစားစား မစဉ်းစားပဲ မူလ ခန္ဓာကိုယ်ထံမှ အဂ္ဂိရတ် စွမ်းအင်များကို ဆက်သွယ်ကာ မှော်သန့်စင် ဆေးအိုးထံ ပို့လွှတ်ပေးလိုက်သည်။ လက်ရှိ ပိုင်ရှု ခံစားနေရသည့် အခြေအနေက ဝိညာဉ် ခန္ဓာ ထိခိုက်မှု ဖြစ်သည်။ သူမ အတွက် ထိုဒဏ်ရာများကို ကုစားရန် လုံလောက်သည့် စွမ်းအင် ရင်းမြစ် တစ်ခုခု သို့မဟုတ် အသန့်စင်ဆုံး မြူနှင်းများကို လိုအပ်ပေစည်။ ကံမကောင်းစွာပင် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး အတွင်းမှ အသန့်စင်ဆုံး မြူနှင်းများမှာ အာရုဏ်ဦး ပါရဂွန် ဆေးလုံးကို ဖော်စပ်ရာတွင် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

“ကျွန်မ... အများကြီး... လိုတယ်...”

ပိုင်ရှု၏ အသံက ပြတ်တောင်း ပြတ်တောင်း ထွက်ပေါ်လာ၏။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝေ့ဝူယင်က သူ မကြာခဏ အသုံးပြုလေ့ ရှိသော ဒုတိယ ဦးစားပေး မှော်သန့်စင် ဆေးအိုးကို ရှာဖွေ လိုက်သည်။ ၎င်းတွင် ရှိသည့် အသန့်စင်ဆုံး မြူနှင်းများမှာ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးလောက် မများလျှင်ပင် တော်ရုံတန်ရုံ ထိပ်တန်း မှော်သန့်စင် ဆေးအိုးများထက်တော့ သာပေသည်။

သို့သော်လည်း... ထိုမှော်သန့်စင် ဆေးအိုးမှာ ပြောင်တလင်းခါနေသည်ကိုသာ ဝေ့ဝူယင် တွေ့လိုက်ရသည်။ ကြည့်ရသည်က ပိုင်ရှုမှာ ထိုမှော်သန့်စင် ဆေးအိုးထဲမှ အသန့်စင်ဆုံး မြူနှင်းများကို စုပ်ယူ ဝါးမြိုခဲ့ပြီး ဖြစ်နိုင်သည်။ ထိုဖြည့်တင်းမှု‌ကြောင့်ပင် သူမမှာ လက်ရှိ အခြေအနေ အထိ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။

သူ့ထံတွင် အခြား မှော်သန့်စင် ဆေးအိုး မရှိတော့ချေ။ သို့ဖြစ်လေရာ ဝေ့ဝူယင် တစ်ယောက် ဖြူရော်စွာ ပြုံးရင်း သက်ပြင်း တစ်ချက် ချရုံသာ တတ်နိုင်တော့၏။

“မင်း ခဏလောက်တော့ စောင့်ရလိမ့်မယ်...”

ဘယ်လိုပဲ ဖြစ်ဖြစ်... ချက်ချင်း ပြန်ကောင်းမလာသေးလျှင်ပင် ပိုင်ရှု၏ အခြေအနေက ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ထဲ အဂ္ဂိရတ် စွမ်းအင် အနည်းငယ် ထပ်မံ ဖြည့်တင်းပေးလိုက်ပြီးနောက် ဝေ့ဝူယင် ပိုင်လင်ဘက် ပြန်အာရုံလှည့် လိုက်လေတော့၏။

***

All Chapters