← Chapters

လောင်ကြွမ်းခြင်း

Vol. 89 Ch. 1238

လောင်ကြွမ်းခြင်း

Vol. 89 Ch. 1238

ဂီး...

ပိုင်လင်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူမ ချက်ချင်းပင် အသက်စွမ်းအင်များ ပါဝင်နေသည့် နိဗာန မီးတောက်များကို ထုတ်လွှတ်ကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ သို့သော်လည်း တက်ချက်နေသည့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကတော့ ရပ်တန့်သွားခြင်း မရှိပါချေ။

ဝေ့ဝူယင်၏ အခြေအနေက တိုးတက် ကောင်းမွန်လာခြင်း မရှိသည့်တိုင် သူ့ ခန္ဓာကိုယ် အတွင်းရှိ တစ်စုံတစ်ရာကတော့ တုန့်ပြန်ခဲ့ပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝေ့ဝူယင်မှာ ယွီစွန်းလီကို ဖမ်းယူရန် ‌ရောက်ရှိလာခဲ့သည့် အစစ်အမှန် မွေးဖွားခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုတိုက်ပွဲ၌ နိဗာန မီးတောက်များမှာ အစစ်အမှန် မွေးဖွားခြင်း အတွက် ရန်သူ ဖြစ်ကြောင်း ဝေ့ဝူယင် ရှာဖွေ တွေ့ရှိခဲ့သည်။ ရလဒ် အနေဖြင့် ဝေ့ဝူယင်မှာ မိမိကိုယ်ကို လက်နက် တစ်ခု အဖြစ် တပ်ဆင်ရန် နိဗာန မီးတောက်များကို ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့သည်။

မာ့ကျန်းမှာ နိဗာန မီးတောက် ရည်ရွယ်ချက်ကို ကျင့်ကြံရန် အတွက် မီးတောက် နှစ်ခု ပေါင်းစည်းခြင်း နည်းလမ်းမှ ဖီးနစ် အပိုင်းကို ဝေ့ဝူယင်ထံ လက်ဆင့်ကမ်း ပေးခဲ့သည်။

ထိုနည်းလမ်းကို ရရှိခဲ့ပြီးနောက်၌ မကြာခင်မှာပင် ဝေ့ဝူယင်မှာ ပျောက်ဆုံးနေသည့် ဗာမီလီယန် ရုပ်ခန္ဓာ ကျင့်ကြံခြင်း နည်းလမ်းကြောင့် နိဗာန မီးတောက်ကို မကျင့်ကြံနိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ ဗာမီလီယန် ရုပ်ခန္ဓာ ကျင့်ကြံခြင်း နည်းလမ်းမှာ နိဗာန မီးတောက်များကို အန္တရာယ် တစ်စုံတစ်ရာ မရှိပဲ မွေးဖွားပေးနိုင်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။ သို့သော်လည်း... ၎င်းက ဖြေရှင်းရန် အလွန်အမင်း ရှုပ်ထွေးသည့် ပြဿနာတော့ မဟုတ်ပါချေ။

ခန္ဓာကိုယ် သန့်စင်မှု အခြေအနေ တစ်ခုသို့ ရောက်ရှိပြီးနောက်တွင် သူ၏ မူလ ဒြပ်စင် ကြယ်တာရာ အင်အားမှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းကို ချီးမြှင့် ပေးလိမ့်မည်ဟု ဝေ့ဝူယင် ကောက်ချက်ချခဲ့သည်။

ထို့ကြောင့်ပင် ဝေ့ဝူယင် ပိုင်လင်၏ အမတေ သွေးစက်ကို ထျန်းတျန် အတွင်း ချိပ်ပိတ်ကာ အိုရီ၏ ထိန်းချုပ်မှု အောက်၌ ထားခဲ့သည်။ သူ၏ မျှော်လင့်ချက်က ပေါင်းစပ်ခြင်း နည်းလမ်း တစ်ခုကို သုံးကာ သွေးအမတေကို အိုရီ၏ ကြယ်တာရာ အမြုတေ အခင်းအကျင်း အတွင်း ပေါင်းစပ်ဖို့ ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း အတောအတွင်းတွင်ပင် အမတေ သွေးစက်မှာ ချိပ်ပိတ်လျှက်သား အတိုင်း တည်ရှိနေဆဲ ဖြစ်သည်။

အိုရီ၊ ဘုရင်၊ ခရာတိုနှင့် ဧဒင်တို့ အားလုံးမှာ ဝေ့ဝူယင်၏ မူလ စိတ်နှင့် ချိတ်ဆက်နေသည့် တည်ရှိမှုများ ဖြစ်သည်။ ထို့ကြောင့်ပင်... တတိယမြောက် ကပ်ဘေးမှ ထွက်ပေါ်လာသည့် တန်ပြန် ရိုက်ခတ်မှု ဒဏ်မှာ သူတို့၏ ကြယ်တာရာ စိတ်ဝိညာဉ်များကို ပြင်းထန်စွာ ပုံပျက်စေခဲ့သည်။ ကြယ်တရာ အမြုတေများ ဆိုလျှင် မျက်နှာပြင် ကွဲအက်မှုများ ဖြစ်ပေါ်လာသည် အထိ ရက်စက် ကြမ်းကြုတ်သော တုန်ခါမှုများကို ခံစားခဲ့ရသည်။

ထိုအခိုက်တွင်ပင် ပိုင်လင်က နိဗာန မီးတောက်များကို ထုတ်လွှတ်လိုက်သော အခါ အမတေ သွေးစက်မှာ တုန့်ပြန်လာကာ ထွက်ပြေဖို့ ကြိုးပမ်းခဲ့သည်။

ရှဲ... ရှဲ...

အိုရီ၏ ကြယ်တာရာ အမြုတေမှာ ချက်ချင်းပင် နိဗာန မီးတောက်များနှင့် လောင်ကြွမ်း သွားခဲ့သည်။ ၎င်းတို့က အိုရီ၏ အိမ် ဖြစ်သည့် ထျန်းတျန် အတွင်းကိုပင် ဆက်လက် စီးဆင်း သွားခဲ့၏။

ပိုင်လင်မှာ အမတေ သွေးစက်ကို ဝေ့ဝူယင်ထံ ပေးအပ်စဉ် ကတည်းက အထဲ၌ ပါဝင်နေသည့် မိမိကိုယ်ပိုင် ဆန္ဒကို ဖယ်ရှားခဲ့ပြီး ဖြစ်လေရာ ၎င်းမှာ ကိုယ်ပိုင် အသိစိတ်နှင့် အသစ်တစ်ဖန် မွေးဖွားလာသည့် အရိုင်းကလေးလိုပင် ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ ချိပ်ပိတ်မှုမှ လွတ်သည်နှင့် မြင်မြင်သမျှကို မီးလောင်တိုက် သွင်းဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ ထျန်းတျန်မှာ ‌ရွှေရောင် အလင်းတန်းများနှင့် တောက်ပ နေခဲ့ပြီ ဖြစ်သည်။ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည့် ငွေရောင် အလင်းတန်းများ၏ တားဆီးမှုကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် မကြာသေးခင်ကမှ ပုံသွင်းထားသည့် အတုမဲ့ (ပါရဂွန်) ခန္ဓာမှာ ပြာမှုန်ဖြစ်သည် အထိ လောင်ကြွမ်း သွားလောက်ချေပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ဒန်ထျန်းသည် နီရဲရွှေရောင် အလင်းဖြင့် တောက်ပခဲ့သည်! သူ၏ ဒန်ထျန်း တည်ရှိမှုကို ထိန်းသိမ်းကာ နိဗ္ဗာန် မီးလျှံများကို လှောင်အိမ်ထဲတွင် ထောင်ချောက်ဆင်ထားသော မကုန်ခန်းနိုင်သော ညင်သာသော ငွေရောင် တောက်ပမှု မရှိပါက ဝေ့ဝူယင်၏ မကြာသေးမီက ပုံသွင်းထားသော ရုပ်ပိုင်းဆိုင်ရာသည် ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားပေလိမ့်မည်။

မကြာခဏ ဆိုသလို ထူးထူးဆန်ဆန်းများ ပြုမူတတ်သော်လည်း အိုရီမှာ ကြယ်တာရာ စိတ်ဝိညာဉ်များထဲတွင် အတည်ငြိမ်ဆုံး တုန့်ပြန်နိုင်သူ တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမမှာ ဝေ့ဝူယင် ပထမဆုံး ဖန်တီးခဲ့သည့် ကြယ်တာရာ ဝိညာဉ်လည်း ဖြစ်သည်။ ဝေ့ဝူယင်နှင့် သူမ အကြားရှိ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှာ ခရာတိုနှင့် ဧဒင်တို့ပင် မယှဉ်နိုင်လောက်အောင် သန်မာသည်။

အိုရီက အလျှင်အမြန်ပင် ဝိညာဉ် အင်အားကို အသုံးပြုကာ ဘုရင်၏ ကြယ်တာရာ အမြုတေကို ထျန်းတျန် အတွင်းမှ တွန်းထုတ် ပစ်လိုက်သည်။ ဝေ့ဝူယင် တစ်ယောက် အသိစိတ်များ ကစဉ့်ကလျား ဖြစ်နေစဉ်တွင် သူမ၏ ကိုယ်ပိုင် အသိစိတ်နှင့် တုန့်ပြန်မှုမှာ ထင်မှတ်မထားရလောက်အောင် မြန်ဆန်လွန်းလှသည်။

ဝှစ်...

ဘုရင်မှာ အပြင်သို့ ရောက်ရှိသွားခဲ့၏။ ပိုင်လင်က ညင်သာ သိမ်မွေ့သည့် အသက်ဆက် နိဗာန မီးတောက်များအား ဆက်လက် ထုတ်လွှတ်နေခဲ့ချိန်တွင် ဘုရင်မှာ ဝေ့ဝူယင် နံဘေးတွင် တုန်ရီနေခဲ့၏။

ဝေ့ဝူယင်၏ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသည့် ရုပ်ခန္ဓာမှာ အမတေ သွေးစက်၏ မီးလောင်တိုက်သွင်းမှုဒဏ်ကို ခံနိုင်သည် ဆိုသည့်တိုင် ၎င်းမှာ ယာယီမျှသာ ဖြစ်သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းမှ မွေးဖွားလာသည့် အပြင် အခြေခိုင်မာမှု မရှိသေးလေရာ ၎င်း၏ မကုန်ခမ်းနိုင်ခြင်းမှာ အကန့်အသတ် ရှိပေသည်။

အိုရီကတော့ ဆက်လက်၍ လုပ်ဆောင်နေ၏။ ၎င်းက ဒြပ်စင် ရွှေ့ပြောင်းခြင်း ဝိညာဉ် အလင်းများကို ခန္ဓာကိုယ် တစ်ခုလုံးထံ အဆက်မပြတ် သွန်းလောင်းရင်း နိဗာန မီးတောက်များကို ထိန်းချုပ်ဖို့ ကြိုးပမ်း နေခဲ့သည်။ သူသာ ထိုမီးတောက်များကို ထိန်းချုပ်နိုင်စွမ်း မရှိပါက အနှေးနှင့် အမြန် ဆိုသလို ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မီးလောင်တိုက် သွင်းခံရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်နှင့် သူ့ မွေးချင်း ညီအကိုများ မသေဆုံးရန် ထိုခြေလှမ်းကို ယနေ့ အောင်မြင်ဖို့ လိုအပ်ပေသည်။

ရှဲ... ရှဲ...

ရုတ်တရက် ရင်းနှီးပြီးသား လောင်ကြွမ်းသံ တစ်ခုကို ကြားလိုက်ရ၏။ ၎င်းမှာ ဝေ့ဝူယင်၏ အရိုးများထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပိုင်လင်၏ နိဗာန မီးတောက်မှာ အမတေ သွေးမျိုးဆက်ကို တုန့်ပြန်စေခဲ့ရုံမျှသာ မက အိုရီ၏ လုပ်ဆောင်ချက်သည်လည်း တိမ်မြုပ်ပျောက်ကွယ်နေသည့် အရာ တစ်ခုကို နိုးထ လာစေခဲ့လေသည်။

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အနက်ရောင် အလင်းဖြင့် တောက်ပလာခဲ့၏။ ၎င်းမှာ ညအလား မှောင်မိုက်လှသလို တစ်ချိန်တည်း၌ ကြယ်များအလား တောက်ပလှပေသည်။

ငရဲမီးတောက်...

ဝေ့ဝူယင်၏ အရိုးများ အတွင်း၌ ခိုအောင်းနေသည့် ငရဲမီးတောက်များမှာ အိုရီ၏ ဒြပ်စင် ‌ရွှေ့ပြောင်းခြင်း ဝိညာဉ် အလင်းများကြောင့် တဖန်ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်လေသည်။

ပုံမှန်အတိုင်း ဆိုပါက ငရဲမီးတောက်များ အချိန်ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း သန့်စင် သွားလိမ့်မည် ဖြစ်သော်လည်း အိုရီ ထုတ်လွှတ်လိုက်သည့် ဒြပ်စင် ရွှေ့ပြောင်းခြင်း ဝိညာဉ် အလင်းမှာ နိုးထခြင်းနှင့် ဖိနှိပ်ခြင်းတို့ အပါအဝင် ဒြပ်စင်များကို လှုံ့ဆော်ပေးနိုင်သည့် ထူးဆန်းသည့် ဂုဏ်သတ္တိမျိုးကို ပိုင်ဆိုင်ထားပေသည်။

၎င်းမှာ နိဗာန မီတောက်များကို ပြင်းထန်စွာ ဖိနှိပ်နိုင်ခဲ့သည့် တိုင်အောင် တစ်ချိန်တည်း၌ ငရဲမီးတောက်၏ ဝိညာဉ် လောင်ကြွမ်းခြင်း ဂုဏ်သတ္တိများကိုတော့ နိုးထလာစေခဲ့လေသည်။

“အား...”

အိုရီ အပါအဝင် ကြယ်တာရာ ဝိညာဉ် သုံးခုထံမှ နာကျင်သည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ အရိုး ဖွဲ့စည်းပုံ အရ ငရဲမီးတောက်များမှာ သူ့ ဦးနှောက်၊ နှလုံးသားနှင့် ထျန်းတျန်တို့ကို ပြင်းထန်စွာပင် သက်ရောက် နေခဲ့ပြီ ဖြစ်လေသည်။ ပြဿနာ တစ်ခု ပြေငြိမ်းသည်နှင့် နောက်တစ်ခုက ပေါ်လာခဲ့ပြန်လေပြီ။

အိုရီမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံး သွားကာ ဝိညာဉ် အလင်းများကိုလည်း ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ အရာအားလုံး ထိန်းချုပ်မှုမှ လွတ်ထွက်သွားပြီ ဖြစ်လေရာ နိဗာန မီးတောက်နှင့် ငရဲ မီးတောက် နှစ်ခုမှာ လုံးဝ ကစဉ့်ကလျား အခြေအနေ တစ်ခုကို ဖော်ဆောင်လုနီးပါး ဖြစ်သည်။ အကယ်၍ ထိုအရာသာ ဖြစ်ပေါ်လာပါက ဝေ့ဝူယင် အဆုံးသတ် သွားရတော့မည် ဖြစ်သည်။ ထိုအခါ သူတို့ အားလုံးလည်း အဆုံးသတ် သွားပေလိမ့်မည်။

ကလန့်...

ဆေဘာတွန်သံ တစ်ချက် ပျံ့လွင့် ထွက်ပေါ်လာ၏။ အိုရီ၏ တွန်းထုတ်လိုက်မှုကြောင့်ပင် ဘုရင်မှာ နိဗာန မီးတောက် လောင်ကြွမ်းခြင်းနှင့် ငရဲမီး လောင်ကြွမ်းခြင်း နှစ်ခုစလုံးထံမှ လွတ်မြောက်ခဲ့ပေသည်။ ဝေ့ဝူယင်ထံမှ ကူးစက်လာသည့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများမှာ သူ့အပေါ် ဆက်လက် သက်ရောက်နေဆဲ ဖြစ်သည့်တိုင် ညီအကိုများ၏ အော်ဟစ်သံများက သူ့ စိတ်အာရုံများကို ပြန်လည် စုစည်း သွားစေခဲ့သည်။

"ငါ့အသွားအောက်မှာ အားလုံး အဆုံးသတ်ရမယ်...”

ဘုရင်က သူ၏ လက်စွဲ မန္တန်ကို ကြမ်းတမ်း ခက်ထန်စွာ ရေရွတ်လိုက်ရင်း အိုမီဂါ ‌စိတ်ဝိညာဉ် အလင်းကို ထုတ်လွှတ်ကာ ဝေ့ဝူယင်နှင့် သူ့အကြားရှိ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ ချက်ချင်းဆိုပင် ဘုရင်မှာ နာကျင်မှုများမှ ပြန်လည် လွတ်မြောက်သွားခဲ့ကာ ညီအကိုများ၏ အခြေအနေများကို ရှင်းလင်းစွာ မြင်နိုင်လာတော့၏။

ကလန့်...

ဘုရင်မှာ ဧဒင်၊ ခရာတိုနှင့် အိုရီတို့ ကဲ့သို့ ဘက်စုံ အသုံးဝင်ခြင်း မရှိသည့်တိုင် သူတို့ အားလုံးတွင် မရှိသည့် စွမ်းရည်တစ်ခု သူ့ထံ၌ ရှိပေသည်။

၎င်းကတော့ ခုတ်ပိုင်းခြင်းပင်။ ဘုရင်၏ ကြယ်တာရာ အမြုတေမှာ ဓားရည်ရွယ်ချက် ပါဝင်နေသည့် ဝိညာဉ် အလင်းကို ထုတ်လွှတ်ကာ အပြင်းထန်ဆုံးသော ဓားချက်ကို ထုတ်ဖော်လိုက်လေသည်။

၎င်း၏ ပစ်မှတ်ကတော့ ဧဒင်ပင်။

ဘုရင်မှာ အလွန် မာန ကြီးကာ မိမိကိုယ်ကို ယုံကြည်ချက် ပြင်းထန်သည့်တိုင် ဓားသွား တစ်ခုတည်းမှာ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ရလောက်အောင်တော့ မိုက်မဲခြင်း မရှိပါချေ။ ထို့ကြောင့်ပင် ၎င်း၏ ပထမဆုံး လှုပ်ရှားမှုက ဝေ့ဝူယင်နှင့် ဧဒင်တို့ အကြားရှိ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို အဆုံးသတ်စေဖို့ ရည်ရွယ် ခဲ့လေသည်။

ဝှစ်...

ငရဲမီးတောက်များနှင့် ဖုံးလွှမ်းနေသည့် ဧဒင်၏ ကြယ်တာရာ အမြုတေမှာ ပြင်ပ ထွက်ခွာခြင်း နည်းလမ်းကို သုံးကာ ဝေ့ဝူယင်၏ နဖူးမှ ထွက်လာခဲ့၏။ ဘုရင်မှာ နောက်ထပ် ဓားချက် တစ်ချက် ထုတ်ဖော်ရန် အတွက် တုန့်ဆိုင်းခြင်း မရှိပါချေ။

ကလန့်...

ဘုရင်၏ ဒုတိမြောက် ဓားချက်က ဧဒင်နှင့် ငရဲမီးများ အကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက် ပစ်လိုက်၏။ တဒင်္ဂ အတွင်းမှာပင် ဧဒင်မှာ စိတ်ပေါက်ကွဲခြင်းနှင့် ငရဲမီး လောင်ကြွမ်းခြင်း ဘေးဒုက္ခ နှစ်ခုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်လေသည်။

“ဧဒင်...”

ဘုရင်က အော်ဟစ်လိုက်၏။ အိုရီမှာ ဝေ့ဝူယင် အစိတ်ချရဆုံး ဖြစ်သည် ဆိုလျှင် ဧဒင်မှာ အငြင်းဖွယ်ရာ မရှိပဲ အယုံကြည်ရဆုံးသူ ဖြစ်သည်။ ထိုကြယ်တာရာ ဝိညာဉ်မှာ မွေးရာပါ ပြဿနာ ဖြေရှင်းနိုင်သည့် စွမ်းရည်ကို လက်ခံ ရရှိထားသူ ဖြစ်သည်။

ဧဒင်မှာ မည်သည့် ကိစ္စမျိုးကို မဆို သွေးအေးအေးနှင့် ကိုင်တွယ်နိုင်ကာ ကြယ်တာရာ ကပ်ဘေးများအား အဆုံးစွန်ထိ တွန်းပို့သည့် အစီအစဉ်များတွင် ထိပ်ဆုံးမှ ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။

ကြယ်တာရာ ဝိညာဉ် လေးခု စလုံးမှာ ဝေ့ဝူယင်၏ စိတ်ဝိညာဉ်မှ ပေါက်ဖွားလာခဲ့သည့် သတ္တဝါကလေးများ ဖြစ်လေရာ အမြတ်ထုတ် ကောင်းချီးခံ တစ်ဦး၏ သဘာဝကို ပိုင်ဆိုင်ထားကြပေသည်။

“ဒါက...”

ဧဒင်မှာ အသိစိတ်ကို ချက်ချင်းပင် ပြန်လည် ရရှိလာခဲ့၏။ သူ့ ကြယ်တာရာ အမြုတေ မျက်နှာပြင်မှာ အဆုံးမဲ့ အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေကာ ကြယ်တာရာ အင်အားနှင့် အဂ္ဂိရတ် စွမ်းအင်များကို ရိုင်းစိုင်းစွာ ထုတ်လွှတ်နေ၏။ သို့သော်လည်း ဧဒင်မှာ ထိုအရာကို အမှုမထားနိုင်သေးချေ။ ဝေ့ဝူယင်၏ အခြေအနေကိုသာ အလျင်ဦးစွာ အကဲခတ်လိုက်၏။

“မကောင်းတော့ဘူး...”

ဧဒင်၏ အသံက ပြင်းထန်သည့် စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့လေတော့သည်။ ည

***

All Chapters