← Chapters

အခန်း (၄၆၈)

Vol. 32 Ch. 468

အခန်း (၄၆၈)

Vol. 32 Ch. 468

ဟယ်ဝူတီ သည် သက်တန့်ရောင်စဉ်ကျမ်း၏ ပထမဦးဆုံးကို ရရှိပြီးသည့်နောက်မှာတော့ များပြားလှသော ကျင့်ကြံသူများ၏ အမဲလိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် သူသည် သူ၏ အသက်ကို ကယ်တင်ရန်အတွက် ထိုသူများဆီသို့ သိုင်းကျမ်းအား လွတ်ပစ်ရန် ပြင်ဆင်ခဲ့၏။

သို့ပေမဲ့ သူသည် သိုင်းကျမ်းအား ထုတ်ယူလိုက်သည့် အချိန်မှာပဲ လေထုထဲတွင် သိုင်းကျမ်းသည် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူသည် မည်ကဲ့သို့ ဖြစ်သွားသည်ကို မရှင်းလင်းနိုင်တော့ချေ။

အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ သူသည် ကောင်ကင်ဘုံ တောင်ဘက်ဂိတ်တံခါးမှ အရှေ့ဘက်ဂိတ်တံခါး မြောက်ဘက်ဂိတ်တံခါးမှ တောင်ဘက်ဂိတ်တံခါး အစဉ်အဆက်ကို လှည့်ပတ်ကာ ထွက်ပြေးနေရ၏။

နောက်ဆုံးအကြိမ်မှာတော့ ရွေးချယ်ခွင့် မရှိတော့ဘဲ သူ၏ အထူးနတ်ဘုရားစွမ်းအင်ကို အသက်သွင်းကာ တည်နေရာ ဖြတ်သန်းထွက်ပြေးခဲ့ရသည်။

ထိုကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများ၏ ဝိုင်းဝန်းအမဲလိုက်ခြင်းကို ခံခဲ့ရပြီးသည့်နောက်မှာတော့ သူသည် တည်နေရာထဲသို့ ဖြတ်သန်းထွက်ပြေးလာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်သည် သုံးညအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ဟယ်ဝူတီ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် အလွန်တရာ ကံဆိုးလှသည်ဟုပင် သတ်မှတ်ရပေလိမ့်မည်။

ထိုကဲ့သို့သော အရာများ ဖြစ်ပေါ်လာခြင်း၏ အဓိက အကြောင်းအရင်းမှာ သက်တန့်ရောင်စဉ်ကျမ်း ပျောက်ဆုံးသွားခဲ့ခြင်းသောကြောင့်ပင် ဖြစ်၏။

ယခု သူသည် သေမျိုးလောကသို့ ရောက်ရှိလာခဲ့ပြီး သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ လက်ရှိအခြေအနေမှာတော့ သိုင်းနည်းစနစ်ခန်းမဆောင်ထဲရှိ ပျောက်ဆုံးနေသော သက်တန့် ရောင်စဉ်ကျမ်းအား မြင်ခဲ့ရသည်။

ဟယ်ဝူတီ သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိနေ၏။ သက်တန့်ရောင်စဉ်ကျမ်းသည် အဘယ့်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

မဟုတ်သေးပေ။

ဟယ်ဝူတီ သည် သေချာကြည့်လိုက်သည့် အချိန်မှာတော့ သိုင်းနည်းစနစ်သည် အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်မနေသည်ကို သတိပြုမိလိုက်၏။

"ဒါက မူရင်းမဟုတ်ဘူး။ နာမည်တူတာပဲ ဖြစ်လိမ့်မယ်"

သူ မြန်မြန်ပဲ ဖွင့်ကြည့်လိုက်တော့ အထဲတွင်ရှိသော မန္တာန်နှင့် သိုင်းနည်းစနစ်များအားလုံးသည် သူမြင်ခဲ့ဖူးသည့်အရာနှင့် တူညီနေသည်ကို မြင်လိုက်ရ၏။ သူသည် တိကျစွာဖြင့် ပြောလိုက်၏။ "ဒါက မိတ္ထူတစ်ခုပဲ ဖြစ်ရမယ်"

အဆင့်မြင့်ဂြိုဟ် တစ်ခုဆီမှ သိုင်းနည်းစနစ်တစ်ခုသည် သေမျိုးကမ္ဘာတွင် မိတ္ထူရှိလို့နေ၏။ ထို့ကြောင့် ဟယ်ဝူတီသည် အလုံးစုံ ဆွံ့အနေမိသည်။

"ဂျူနီယာ ညီလေးဟယ်"

လီချင်းယန် မေးလိုက်သည်။ "အဆင်ပြေရဲ့လား"

"ကျွန်တော် … ကျွန်တော် အဆင်ပြေပါတယ်"

ဟယ်ဝူတီ သည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ပြောလိုက်သည်။ "စီနီယာအစ်ကိုလီ ဒီလျို့ဝှက်သိုင်းကျမ်းကို ကြည့်ရတာ မရိုးရှင်းပုံပဲ။ဘယ်လိုလုပ် သံမဏိအရိုးဂိုဏ်းထဲမှာ ရှိနေတာလဲ"

ဂျူနီယာညီလေးဟယ်တစ်ယောက် ထိတ်လန့်တုန်လှုပ်နေသည်မှာ သိုင်းနည်းစနစ်တစ်ခုသည် အလွန်တရာ မြင့်မားနေခြင်းကြောင့်သာ ဖြစ်မည်ဟု လီချင်းယန် တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် တစ်ခြားအရာများကို ဂရုမစိုက်ဘဲ သေချာ ရှင်းပြလိုက်မိသည်။ "ဂျူနီယာညီလေးဟယ်… သံမဏိ အရိုးဂိုဏ်းက ရိုးရှင်းတဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူး။ ရှေးအချိန်ကတည်းက ဆင်းသက်လာခဲ့တဲ့ ဂိုဏ်းကြီးတစ်ခုပဲ။"

"ရှေးခေတ်အလီလီကတည်းက ဆင်းသက်လာခဲ့တဲ့ ဂိုဏ်းကြီးတစ်ခု ဟုတ်လား"

ဟယ်ဝူတီ ကြောင်သွားသည်။

လီချင်းယန်သည် သူ့အား ကျွင်းချောင်ရှောင်း ပြောပြခဲ့သည့်အရာများအား ပြောဆိုလိုက်မိသည်။

ထိုအရာများကို ကြားပြီးသည့်နောက်မှာတော့ ဟယ်ဝူတီ သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သံမဏိအရိုးဂိုဏ်းတပည့်များသည် များပြားလှသည် မဟုတ်သော်လည်း များပြားလှသည့် သိုင်းနည်းစနစ်များ တည်ရှိလို့နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ရှေးအစဉ်အဆက်မှ ဆင်းသက်လာခဲ့သော ဂိုဏ်းကြီးတစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်၏။

သို့ပေမဲ့ သက်တန့်ရောင် သူတော်စင်သည် သက်တန့်စဉ်ကျမ်းအား ဖန်တီးခဲ့သည်။ အဘယ့်ကြောင့် ဤနည်းစနစ်သည် သံမဏိအရိုးဂိုဏ်းတွင် ရှိလို့နေသနည်း။

"ခဏနေအုံး"

ဟယ်ဝူတီ သည် သက်တန့်ရောင်သူတော်စင်မှာ သူ၏ ဂြိုဟ်မှ မဟုတ်ကြောင်း ရုတ်တရက် သတိရသွားမိ၏။ ထိုသူသည် သေမျိုးလောက်မှ ရောက်ရှိလာသူဖြစ်၏။

သံမဏိအရိုးဂိုဏ်းက ရှေးတုန်းကတည်းက တည်ရှိခဲ့တယ်။ သက်တန့်ရောင် သူတော်စင်ကလည်း ငါတို့ ဂြိုလ်က မဟုတ်ဘဲ တခြားသေမျိုးဂြိုဟ်က လာတာ။သူတို့ကြားမှာ ဆက်စပ်မှု ရှိနေလိမ့်မယ်။

"စီနီယာအစ်ကိုလီ"

ဟယ်ဝူတီ မေးလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ ပထမဦးဆုံး ဂိုဏ်းခေါင်းဆောင်က ဘယ်သူလဲ။"

သူ့တွင် အရေးကြီးမားလှပြီး လေးနက်လှသည့် အကြံအစည်ရှိလို့နေ၏။ သက်တန့်ရောင်သူတော်စင်သည် သံမဏိအရိုးဂိုဏ်း၏ ပထမဆုံး ဂိုဏ်းချုပ်နှင့် ဆက်စပ်နေရမည်။ သို့မဟုတ် လူတစ်ယောက်တည်းသာ ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့်သာလျှင် သံမဏိအရိုးဂိုဏ်းထဲတွင် သက်တန့်ရောင်စဉ်ကျမ်း တည်ရှိနေခြင်းဖြစ်သည်။

လီချင်းယန် ခေါင်းကို ခါယမ်းလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ ပထမဦးဆုံး တည်ထောင်သူ ဖြစ်တဲ့ စီနီယာစွန်းက ဘယ်နေရာမှာနေတာလဲဆိုတာ ဂိုဏ်းချုပ်က မပြောပြထားဘူး"

သူ ပြောပြသော စီနီယာစွန်းမှာ ကျွင်းချောင်ရှောင်း၏ ဇာတ်လမ်းထဲမှ စွန်းဝူခုံးပင် ဖြစ်တော့သည်။

"ဂိုဏ်းချုပ်ပဲ သိတယ်ဟုတ်လား"

ဟယ်ဝူတီ သည် ခဏလောက် စဉ်းစားမိ၏။ "ကျုပ်သွားမေးလိုက်မယ်"

ဖွီး

အဓိက ဟောခန်းထဲတွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် ပါးစပ်ထဲမှ လက်ဖက်ရည်များပင် ထွက်ကျလာခဲ့သည်။

သံမဏိအရိုးဂိုဏ်းက ရှေးကတည်းက ဆင်းသက်လာတဲ့ ဂိုဏ်း။ ဂိုဏ်းရဲ့ တည်ထောင်သူက စွန်းဝူခုံး ဖြစ်တယ်လို့ မင်းတို့ တကယ်ထင်နေတာလား။ ဒါက ငါ ဂိုဏ်းတစ်ရာ မဟာမိတ် လူသစ်စုဆောင်းပွဲတုန်းက လူအထင်ကြီးအောင် လျှောက်ပြောထားတာလေ။

"ဟယ်ဝူတီ"

သူသည် လက်ဖက်ရည်ခွက်ကို အသာချကာ ပြောလိုက်သည်။ "ဒီမေးခွန်းက အရမ်းအရေးကြီးတယ်"

ဟယ်ဝူတီ က ပြောလိုက်၏။ "ကျွန်တော်တို့ သံမဏိအရိုးဂိုဏ်းဆီမှာ သိုင်းနည်းစနစ်တွေ အများကြီးရှိတယ်လေ။ဒါကြောင့်အဲအကြောင်းကို အရမ်းပဲ စိတ်ဝင်စားမိလို့"

ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စဉ်းစားကာ ပြောလိုက်၏။ "ဒါက ဂိုဏ်းရဲ့ ထိပ်တန်းလျိုဝှက်ချက်တစ်ခုပဲ။‌ဒါပေမဲ့ မင်းက ဂိုဏ်းရဲ့ နောက်ဆုံးတပည့်ဖြစ်နေတော့ ငါ မင်းကို ပြောပြရမှာပေါ့"

ဟယ်ဝူတီ သည် ချက်ချင်းပဲ နားစွင့်ထားမိ၏။

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းရဲ့ စတင်တည်ထောင်သူ ပထမဦးဆုံး ခေါင်းဆောင်က အထက်ကမ္ဘာဆီကို တက်သွားခဲ့တယ်။ သူက ရွှေရောင်ဝတ်စုံကို ဝတ် သက်တံရောင် တိမ်တွေပေါ်ကို နင်းတက်ပြီး တစ်ခြားကမ္ဘာကို သွားခဲ့တယ်။ ဂိုဏ်းရဲ့ သိုင်းနည်းစနစ်တွေက ဒီမှာ ကျန်ခဲ့တာပဲ။"

"သက်တန့်ရောင် တိမ်တွေကို နင်းတက်တယ် ဟုတ်လား"

ဤအရာသည် သက်တန့်သူတော်စင်နှင့် ဆင်တူနေသည် မဟုတ်လား။ ထင်ထားသည့် အတိုင်းပင်။

ဟယ်ဝူတီ သည် ရုတ်တရက် နားလည်လိုက်မိ၏။ "သံမဏိအရိုးဂိုဏ်းကို တည်ထောင်ခဲ့တဲ့လူက သက်တန့်ရောင်သူတော်စင်နဲ့ တစ်ယောက်တည်းပဲ ဖြစ်‌ရမယ်။ ဒီကြယ်ကြွေကုန်းမြေတိုက်ကြီးကနေပြီးတော့ အထက်ကမ္ဘာဆီကို တက်လှမ်းလာတာပဲ ဖြစ်ရမယ်။"

တကယ်တမ်းမှာ‌တော့ ကျွင်းချောင်ရှောင်းသည် စွန်းဝူခုံးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လျှောက်၍ ပြောနေခြင်းဖြစ်သည်။

သို့ပေမဲ့ ဟယ်ဝူတီ မှာတော့ သူ သိရှိထားသည့် သက်တန့်ရောင် သူတော်စင်နှင့် ဆက်စပ်ကာ တွေးတောပြီး တစ်ယောက်တည်းပဲ ဖြစ်လိမ့်မည်ဟု တစ်ဖက်သတ် ကောက်ချက်ချကာ သုံးသပ်ခဲ့ခြင်းပင် ဖြစ်၏။

အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဟယ်ဝူတီ သည် တစ်ညလုံးစဉ်းစားနေမိ၏။ သူ၏ စိတ်တစ်ခုလုံးသည် စိတ်လှုပ်ရှားလျက်ရှိသည်။

သက်တန့်သူတော်စင်သည် အလွန်တရာ အားကောင်းလှသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

သူသည် တည်နေရာဖြတ်သန်းချိန်တွင် နေရာမှားရောက်ပြီး ဤသက်တန့်သူတော်စင်နေထိုင်ခဲ့သော ဤကုန်းမြေတိုက်ကြီးဆီသို့ ရောက်ခဲ့၏။

ဤအရာသည် သူ့အတွက် ကောင်းမွန်သည့် အနာဂတ်ဖြစ်အောင် ဖန်တီးပေးခြင်းနှင့်ပင် ဆင်တူနေသည်။

"ငါဒီမှာ ကျင့်ကြံရမယ်။ပြီးတော့ အနာဂတ်မှာ အလွန်တရာ နက်နဲတဲ့ ကျင့်ကြံခြင်းအဆင့်ကို ရောက်အောင် လုပ်ရမယ်။ငါ သူတော်စင်အဆင့်ကို လက်လှမ်းချိုးဖြတ်နိုင်ရမယ်"

ဟယ်ဝူတီ သည် စဉ်းစားလေ ပိုမို၍ စိတ်လှုပ်ရှားလေ ဖြစ်သည်။ သူကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။ “ငါ သံမဏိအရိုးဂိုဏ်းမှာ ကျင့်ကြံရမယ်"

များပြားလှသော တိုက်ဆိုင်မှုများကို ကြုံ‌တွေ့ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် သက်တန့်ရောင် သူတော်စင် ဖန်တီးထားသော ဂိုဏ်းတစ်ခု‌ဖြစ်ကြောင်း သူ ယုံကြည်လိုက်၏။

ဤနေရာ နေထိုင်လျှင် ပိုမိုအားကောင်းသည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်သည်ဆိုသည်ကို သူ တစ်ထစ်ချယုံကြည်သွားမိသည်။

ထို့ကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာသည် အလုံးစုံ ပြောင်းလဲသွားတော့၏။ ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပေ။

သုံးကြိမ်တိုင်တိုင် မှတ်ဉာဏ်များ ဆုံးရှုံးသည့် အတွေ့အကြုံကို ရပြီးသည့်နောက်မှာတော့ သူသည် လေးကြိမ်မြောက်သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ဟယ်ဝူတီ သည် နောက်ဆုံးမှာတော့ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး သူနှင့် ဂိုဏ်းသည် တစ်သားတည်းအဖြစ် ဆုံးဖြတ်နိုင်ခဲ့ပြီး ဂိုဏ်းသားဘဝကို စတင်တော့၏။

သက်တန့်ရောင်သူတော်စင်၏ မျက်နှာကြောင့် သူသည် ဂိုဏ်းချုပ်ကျွင်းအား အလွန်လေးစား၏။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် လက်ရှိဂို‌ဏ်း၏ ခေါင်းဆောင်တစ်ယောက်လည်း မဟုတ်လား။

သူ့အနေနှင့် အနာဂတ်တွင် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိချင်သည်ဆိုပါက အလွန်တရာ များပြားလှသည့် ထောက်ပံ့မှုများကိုလည်း လိုအပ်နေသေး၏။

“တံခါးပိတ်ပါပြီ”

ညသို့ ရောက်ချိန်မှာတော့ တံခါးပိတ်ရင်း ဟယ်ဝူတီ သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ပြီးနောက် ပြုံးရွှင်စွာဖြင့် တံခါးအား ပိတ်လိုက်တော့သည်။

သူသည် သံမဏိအရိုးဂိုဏ်း၏ နောက်ဆုံးတပည့်ဟူသည့် ရာထူးနှင့် အလုံးစုံ အသားကျသွားခဲ့ပြီဖြစ်၏။

……….

"ဂိုဏ်းချုပ်"

အဓိက ဟောခန်း၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိသော လီချင်းယန်သည် ဇဝေဇဝါဖြစ်မိနေ၏။ "ဂျူနီယာညီလေးဟယ်ကို ကြည့်ရတာ အရမ်း ပျော်နေသလိုပဲ။"

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။

"ဘာလို့လဲ ဆိုတော့ သူက သံမဏိအရိုးဂိုဏ်းဆိုတဲ့နေရာကို သေသေချာချာ နားလည်သွားလို့ပဲ"

"ဒီလိုကိုး"

လီချင်းယန် ပြောလိုက်သည်။ "တကယ်လို့ ဂျူနီယာညီလေးဟယ်ရဲ့ ထူးဆန်းတဲ့ ရောဂါကို ကုလို့ မပျောက်သေးဘူးဆိုရင် ပြန်ဖြစ်လာနိုင်သေးလား"

"ဒီရောဂါရဲ့ တစ်ဝက်က အတွင်း စိတ်မိစ္တာရဲ့ ကုသခြင်းကို ခံခဲ့ရပြီ။ ကျန်တဲ့ တစ်ဝက်ကတော့ အတွင်းစိတ်မိစ္ဆာတွေ မရှိဘူးဆိုရင် ပြန်ကောင်းသွားလိမ့်မယ်" ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ထူးဆန်းသည့် ရောဂါအကြောင်းကို ပြောဆိုချိန်မှာတော့ သူသည် ရှစ်ကျွမ်းရှန်အား သတိရမိသွား၏။

သူသည် ကြိတ်ကာ ပြောလိုက်မိ၏။

"စဦးစိတ်ဝိညာဉ်ဆေးက သူမရဲ့ ရောဂါကို ကုသနိုင်မလား ငါ သိချင်သေးတယ်။အရင်တုန်းက ငါ မြောင်ဟွာ ခန်းမကို လာလည်မယ်လို့ ပြောခဲ့ဖူးတယ်။ အခု ကျန်းယန်နိုင်ငံရဲ့ ကိစ္စတွေ အကုန်လုံးပြီးပြီဆိုရင် သူ့ဆီကို သွားပြီးတော့ ကြည့်ရမယ်။"

စနစ်က ပြောလိုက်သည်။ "အခု ဘာလို့ မသွားတာလဲ"

"မြောင်ဟွာခန်းမသခင်ရဲ့ မျက်လုံး ရောဂါကို ကုသပေးနိုင်မယ်ဆိုရင် သူမက ကျေးဇူးကျွေးကြီး တင်နေပြီ။ဒါဆိုရင် သံမဏိအရိုးဂိုဏ်းကြီး ‌ဒုက္ခရောက်တယ်ဆိုရင် လာပြီး ကူညီကယ်တင်မှာပေါ့"

"ဒါက"

ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်မိ၏။ ပြီးနောက် ပြောလိုက်သည်။ "ဒါ ဘာလို့ ငါ မစဉ်းစားမိတာလဲ"

မြောင်ဟွာ ခန်းမသည် အဆင့်လေး ဂိုဏ်းတစ်ခု ဖြစ်၏။ သူတို့နှင့် သာ ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီဆိုလျှင် အရှုံး မရှိပေ။

ထို့အပြင် ရရှိလာသော သတင်းအရ မြောင်ဟွာခန်းမသည် အဆင့်ငါးနိုင်ငံတစ်ခုတွင် တည်ရှိသည့် ဂိုဏ်းတစ်ခုဖြစ်၏။ ဝိညာဉ်ချောင်းဂိုဏ်း၊ သွမ့်ရွှေဂိုဏ်းတို့ကဲ့သို့ အဆင့်လေး ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း ပိုမို၍ အားကောင်း၏။

ကျွင်းချောင်ရှောင်းသည် သူ့နဖူးကို ရိုက်ကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ်က မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုပြီးပဲ စဉ်းစားနေမိတာ။ သူမက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဆိုတာကို ခဏခဏမေ့သွားတယ်။"

စနစ်သည် သူ့အား ဉာဏ်အလင်း ပေးခဲ့၏။ ထို့ကြောင့် သူသည် မြောင်ဟွာ ခန်းမဆီသို့ သွားရောက်ကာ လည်ပတ်ရပေလိမ့်မည်။

သို့ပေမဲ့ မသွားခင်‌မှာတော့ သူသည် တပည့်များကို ပိုမိုတိုးတက်လာစေရန် စီစဉ်စရာ ရှိသည်များကို ကြိုတင်စီစဉ်ပေးခဲ့၏။

မြောင်ဟွာ ခန်းမဆောင် မည်မျှ ‌အားကောင်းလာသည်ဆိုဆို ပြင်ပမှ အကူအညီတစ်ခုသာဖြစ်သည်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားချင်သည်ဆိုလျှင် သူနှင့် သူ၏ တပည့်များအပေါ်တွင်သာ အားကိုးရပေလိမ့်မည်။

All Chapters