← Chapters

အခန်း (၄၇၄)

Vol. 32 Ch. 474

အခန်း (၄၇၄)

Vol. 32 Ch. 474

ထိုင်ခုံရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော ရှစ်ကျန်းရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ဓာတ်သဘာဝ များနှင့် ဖုံးလွှမ်းလျက်ရှိသည်။ သူမ၏ မျက်လုံးများသည် အမြင်အာရုံ ကွယ်ပျောက်နေသည် ဆိုသော်လည်း အဆုံးမဲ့သော သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်လျက်ရှိသည်။

သိစိတ်ကင်းလွတ်သွားသော သားရဲရိုင်းကြီးတစ်ကောင်လိုပင်။ လူသားများအား ကြက်သီးမွေးညှင်းများ ထသည်အထိ ကြောက်လန့်စေ၏။

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။

ချစ်စရာကောင်းလွန်းလှသော မိန်းကလေးသည် အဘယ့်ကြောင့် ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားရသနည်း။

ယခုမှ ဝင်ရောက်လာကြသော မြောင်ဟွာခန်းမ၏ အကြီးအကဲများသည် ကျွင်းချောင်ရှောင်း၏ မေးခွန်းကို ကြားရချိန်မှာတော့ စိတ်ထဲတွင် ကျိန်ဆဲလိုက်မိကြသည်။

မင်းနဲ့ ခန်းမသခင်တို့ နှစ်ယောက်ထဲ ခန်းမထဲ ရှိနေတာလေ။ သူမ ဘယ်လိုလုပ် စိတ်လွတ်သွားတယ်ဆိုတာ ငါတို့က သိရအောင် အကြားအမြင်ရနေတာမှ မဟုတ်တာ။

“ကျွင်းချောင်ရှောင်း …”

ကျန်းစွန်းဖန်းဟွာ က ဒေါသတကြီး ပြောလိုက်သည် “ဘာတွေဖြစ်တာလဲ”

ပဌ္စမအကြီးအကဲသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ပြောလိုက်သည် “မင်းရဲ့ ဆေးလုံးကို သောက်ပြီးတဲ့နောက် ခန်းမသခင် ဒီလိုဖြစ်သွားတာမဟုတ်လား။”

“သေစမ်း”

ကျန်းစွန်းဖန်းဟွာ က ကျွင်းချောင်ရှောင်းအား စူးစိုက်ကြည့်ကာ ပြောလိုက်သည် “အစီအရင်ထဲကို ဝင်ပြီး ခန်းမသခင်ကို ထိန်းချုပ်ရတော့မယ်”

ဝှစ် ..

ဝှစ် ..။

ပြောပြီးသည့်နောက် လန့်ရှင်းရွဲ့ နှင့် တခြားသော အကြီးအကဲများသည် အလျှင်အမြန်ပဲ ရှေ့သို့ တိုးလိုက်သည်။ သူတို့၏ လက်များသည် စည်းသင်္ကေတများအား မြန်မြန်ပဲ ဖွဲ့စည်းလိုက်ကြတော့သည်။

“သေကြစမ်း”

ရှစ်ကျန်းရွှမ် သည် တီးတိုးပြောလိုက်သည်။

သူမ၏ မျက်လုံးသေများဆီမှ သတ်ဖြတ်လိုခြင်းအော်ရာများသည် ပိုမို၍အားကောင်းလာသည်။

သူမသည် သေးငယ်သော လက်လေးကို ယမ်းခါလိုက်တော့ အနီရောင် ဓာတ်သဘာဝများသည် စုဝေးလာ၏။

“သတိထား”

ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွဲ့ တို့သည် လက်များကို ဆန့်တန်းလိုက်သည်။ ထူထဲလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ရှေ့၌ ပေါက်ကွဲထွက်လာပြီး အနီရောင် ဓာတ်သဘာဝများ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ဒွီ …။

စွမ်းအင်သုံးမျိုးသည် ထိပ်တိုက်တွေ့ရှိပြီးနောက်မှာတော့ ကြမ်းတမ်းပြင်းထန်လွန်းသော စွမ်းအင်လှိုင်းများသည် ဟောခန်း၏ တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွားတော့သည်။ အတွင်းရှိ ပရိဘောဂ အားလုံးသည် တစစီ ပျက်ဆီးကုန်လေ၏။

စနစ်မှ ပြောလိုက်သည် “အရမ်းအားကောင်းတယ်။ သိုင်းဘုရင် ထိပ်ဆုံးအဆင့် နှစ်ယောက်တောင် မယှဉ်နိုင်ဘူး”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည် “တကယ် အားကောင်းတာပဲ”

သူ၏ အမြင်အရဆိုလျှင် ရှစ်ကျန်းရွှမ်သည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသော တိုက်ခိုက်ရေး စွမ်းအင်ကို ထုတ်ဖော်လျက်ရှိနေသည်။ သူမသည် အဆင့်လေးဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်လာသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

“ဒါပေမဲ့ ….”

စနစ်က မြန်မြန်ပဲ သုံးသပ်လိုက်သည် “သူမက လက်ရှိမှာ စိတ်လွတ်နေတာ။ သူမ အစစ်အမှန် မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို မြင်သည်။

သူမ၏ မျက်ဝန်များထဲတွင် သတ်ဖြတ်လိုခြင်းအရိပ်အယောင်များနှင့် ဖြစ်နေပြီး တွေ့သမျှ လူတိုင်းကို သတ်ဖြတ်ရန် ဝံ့ရဲလို့နေ၏။

ဤတိုက်ခိုက်ရေးစွမ်းအားများသည် စိတ်လွတ်နေခြင်းကြောင့် ထွက်ပေါ်ခဲ့ခြင်းပေလား။

ဘုန်း …။

ထိုအချိန်မှာပဲ ရှစ်ကျန်းရွှမ်၏ အနီရောင် ဓာတ်သဘာဝများသည် အထက်စီးမှ ဆက်လက် ဖိအားပေးနေပြီး သိုင်းဘုရင် ထိပ်ဆုံးအဆင့်နှစ်ယောက်၏ အားအင်များကို ဖယ်ရှားလိုက်သည်။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ သူတို့၏ မျက်နှာများသည် ပျက်ရွင်းသွား၏။

တခြားသော အကြီးအကဲများသည်လည်း ရှေ့သို့ တိုးလာကြသည်။

ထူးဆန်းသည့် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုပြီးသည့်နောက် သူတို့၏ ခန္ဓာကိုယ်ဆီမှ ခပ်ဖျော့ဖျော့ အလင်းတန်းများ ဖြစ်တည်လာသည်။ ထိုအလင်းတန်းများသည် ဖောက်ဖျက်မရနိုင်သည့် အလင်းပိုက်ကွန်တစ်ခု ကဲ့သို့ ဖြစ်တည်ပြီး ရှစ်ကျန်းရွှမ်အား ဖမ်းဆီးလိုက်၏။

ဘုန်း ..။

အနီရောင်အလင်းတန်းများသည် ပိုက်ကွန်အား တုန်ခါသွားစေသည်။

“ပထမအကြီးအကဲ .. ဒုတိယအကြီးအကဲ”

ငါးယောက်မြောက် အကြီးအကဲသည် သူမ၏ ပြောင်းပြန်ဆန်တက်လာသော သွေးများအား ဖိနှိပ်ပြီး ပြောလိုက်သည် “ .. မြန်မြန် …”

ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွဲ့ တို့သည် ရှေ့သို့ ပြေးတက်လိုက်ကြသည်။ သူတို့သည် လက်များအား ဆန်းတန်း၍ အတားအဆီးအစီအရင်အား ပိုမိုအားကောင်းလာအောင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြည့်သွင်းလိုက်ကြ၏။

အတားအဆီးကြီးသည် တည်ငြိမ်သွားသည်။

ဟူး ..။

သူတို့ပခုံးထက်တွင် ရောက်လာသော ကြီးမားလွန်းသည့် ဖိအားကြီး လျော့ကျသွားသည်ဟု အကြီးအကဲများက ခံစားမိလိုက်ကြ၏။

ဘုန်း … ဘုန်း …။

အတားအဆီးအစီအရင်ထဲတွင် ရှိနေသော ရှစ်ကျန်းရ့ွှမ် မှာတော့ အတားအဆီးအား ဆက်တိုက် ဖျက်ဆီးလျက် ရှိနေသည်။ သို့ပေမဲ့ သိုင်းဘုရင်ပေါင်းများစွာ၏ အားဖြည့်ထားမှုကြောင့် သူမသည် မဖျက်ဆီးနိုင်ချေ။

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်နေသည်။

ဘာတွေဖြစ်နေတာလဲ တစ်ယောက်လောက် ပြောပြပေးနိုင်မလား။

……..

“ပထမ အကြီးအကဲ .. ဒီနေရာမှာ နားလည်မှုလွဲမှားတာ တစ်ခုခု ဖြစ်နေပြီလို့ ထင်တယ်။”

အလင်းချုပ်နှောင်မှုထဲတွင် ရောက်နေသော ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပြိုတော့မည့် မိုးလိုပင် ဖြစ်လို့နေသည်။

မြောင်ဟွာခန်းမမှ အကြီးအကဲများသည် စိတ်လွတ်နေသော သူတို့ဂိုဏ်းချုပ်ကို ချုပ်နှောင်ရာတွင် သူ့ကိုပါ တပါတည်း ချုပ်နှောင်ထား၏။

သူသည် ဖြစ်စဉ်တစ်ခုလုံးအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ရသည်။ သောက်ကျိုးနည်းလှချေသည်တကား။

ကျန်းစွန်းဖန်းဟွာ သည် အားလုံးပြီးစီးသည့်နောက် ကျွင်းချောင်ရှောင်းအား အခန်းတစ်ခုဆီ ခေါ်သွားပြီး ခြေလက်များအား သံကြိုးများဖြင့် ချည်နှောင်ကာ အေးစက်စက် ပြောလိုက်သည် “ခန်းမသခင် အဆင်ပြေစေဖို့ မင်းဆုတောင်းသင့်တယ်။ မဟုတ်ရင် ဒီမြောင်ဟွာ ခန်းမကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့”

ကျွင်းချောင်ရှောင်းသည် အလုံးစုံ ဆွံ့အလျက်ရှိသည်။

သူူသည် စေသနာဖြင့် ဆေးလာပေးခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အကျဉ်းသား တစ်ယောက်လိုပင် ဖမ်းချုပ်ခြင်းကို ခံနေရသည်။ ထင်ထားသည့်အတိုင်းပင် သူတော်စင်၊ သူတော်မြတ်၊ သူတော်ကောင်း ပြုလုပ်ရသည်မှာ လွယ်သည့်အရာမဟုတ်ပေ။

စနစ်သည် ဇဝေဇဝါ ဖြစ်သွာသည် “စဦး စိတ်ဝိညာဉ်ဆေးလုံးက အစွမ်းသက်ရောက်မှု မရှိဘူးဆိုရင်တောင် တစ်ဖက်လူကို စိတ်လွတ်သွားစေနိုင်မှာ မဟုတ်ဘူး။”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်တွင် အသာထိုင်ချပြီး ပြောလိုက်၏ “ငါတော့ ပြဿနာတက်ပြီ။ အဲတာ မင်းကြောင့် …”

“ငါ့ကို ဘာလို့ အပြစ်တင်တာလဲ”

“ဒီမိန်းကလေးဆီ ဆေးလာပို့ဖို့ မင်းသာ မပြောရင် ငါ သတိရမှာတောင် မဟုတ်ဘူးလေ”

“ငါ့ကို ဓားခုတ်ရာ လက်ဝင်မလျှိုခိုင်းနဲ့။ မင်းဘာသာ လာပေးတာလေ။ ဘယ်သူက အတင်းပေးခိုင်းလို့လဲ”

“ဒါ မင်းအပြစ်ပဲ။ မဖြေရှင်းနဲ့တော့”

သူတို့သည် ငြင်းခုန်မှုကို ပြုလုပ်လျက်ရှိသည်။

ကျွင်းချောင်ရှောင်း၏ လက်ရှိအားအင်အရဆိုလျှင် သူသည် ထွက်ပြေးခြင်းအမူကို ပြုလုပ်နိုင်စွမ်း ရှိသည်။ သို့ပေမဲ့ ထိုအရာအား မဖြစ်သာတော့သည့် အခြေအနေမျိုးသို့ ရောက်မှ ပြုလုပ်ချင်မိ၏။ အဘယ့်ကြောင့် ဆိုသော် မြောင်ဟွာခန်းမ နှင့် ရန်သူတွေ ဖြစ်သွားနိုင်သည် မဟုတ်လား။

“စဉ်းစားကြည့်ရမယ်ဆိုရင် …”

အဓိက ဟောခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို စဉ်းစားရင်း သူ တီးတိုးရေရွတ်လိုက်သည် “ခန်းမသခင်ရှစ် က စိတ်လွတ်သွားတော့ ပုံပန်းသွင်ပြင် ခြားနားသွားတယ်။ ဒါပေမဲ့ ဒါကလည်း တမျိုးဆွဲဆောင်မှု ရှိနေတာပဲ”

“……….” စနစ်။

မင်းကို ချုပ်ထားတာလေ။ ဘယ်လိုလုပ် ဒီကိစ္စကို တွေးနေနိုင်သေးတာလဲ။ ဒီကောင် နှာဘူးလား။

…….

ဂိုဏ်းချုပ်ကျွင်းသည် နှစ်ရက်တိတိ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ထိုအတောအတွင်း သူသည် အစားအစာ တစ်ခုတောင် မစားခဲ့ရပေ။ အလုံးစုံ ဆွံ့အနေမိသည် “အနည်းဆုံး ထမင်းလေး နည်းနည်းတော့ ကျွေးသင့်တယ်လေ။”

တတိယမြောက်နေ့မှာတော့ ဖမ်းဆီးထားသော ချိန်းကြိုးများအား လာဖြေပေးတော့သည်။

ကျန်းစွန်းဖန်းဟွာသည် သဘောမတွေ့သလို ပြောလိုက်သည် “ခန်းမသခင်က ခေါ်ခိုင်းလိုက်တယ်”

ကျွင်းချောင်ရှောင်း အလောတကြီးပြန်မေးလိုက်၏ “ခန်းမသခင်ရှစ် အဆင်ပြေရဲ့လား”

ကျန်းစွန်းဖန်းဟွာ ၏ မျက်နှာသည် ထူးမခြားနာသလို အေးစက်နေတုန်းပင် ရှိနေသေးသည် “တစ်စုံတစ်ခု ဖြစ်မယ် ဆိုရင် မင်းသေနေလောက်ပြီ”

ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မပြောတော့ပေ။ သူမ၏ လမ်းည့ွှန်မှုအောက်မှာပဲ အတွင်းခြံဝန်း၏ အခန်းတစ်ခုဆီ ရောက်ရှိသွားသည်။

ဤနေရာသည် ရှစ်ကျန်းရွှမ် နေထိုင်ရာ အတွင်းခြံဝန်းတစ်ခုလည်း ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း ….”

သူ အထဲဝင်ရန် ပြင်လိုက်ချိန်မှာပဲ ကျန်းစွန်းဖန်းဟွာသည် ထူးမခြားနားသလို ပြောလိုက်သည် “ဒီအဘွားကြီးက မင်းကို မသတ်ချင်ဘူး။ ဒီတော့ ဒီနေ့ပြန်သွားတာ ကောင်းမယ်”

အွန်း ..။

ဂိုဏ်းချုပ်ကျွင်း ခေါင်းညိတ်လိုက်သည်။

အတွင်းခြံဝန်းထဲ ဝင်ပြီးပြီးချင်းမှာပဲ သူသည် ခန်းမငယ်လေးတစ်ခု ထဲတွင် ထိုင်လျက်ရှိနေသော ရှစ်ကျန်းရွှမ်အား မြင်လိုက်ရသည်။ သူမ၏ မျက်နှာလေးသည် ဖြူရော်နေပြီး ယခုမှ ပြန်လည် သက်သာလာပုံပေါ်၏။

“ဂိုဏ်းချုပ်ကျွင်း .. ရောက်လာပြီလား”

သူမသည် အသံကြားတော့ အသာလှည့်ကြည့်ကာ ဆိုသည်။ သူမ၏ အသံများသည် အားမရှိသလိုပင်။

စဦးစိတ်ဝိညာဉ်ဆေးလုံးသည် သူမ အပေါ် မသက်ရောက်လေဘူးလား။

သူ ထိုအရာအတွက် စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်ပေမဲ့ တကယ်တမ်း သိရချိန်မှာတော့ ခေါင်းကိုသာ ခါယမ်းလိုက်မိသည် “ခန်းမသခင်ရှစ် .. ဒီဆေးလုံးက အဆင်မပြေစေခဲ့တာ တောင်းပန်ပါတယ်”

အဖမ်းခံထားရသော ရက်ပိုင်းအတွင်း သူ သေချာစဉ်းစားခဲ့သည်။ ရှစ်ကျန်းရွှမ် ထိုကဲ့သို့ စိတ်လွတ်သွားရခြင်း မှာ ဆေးလုံးကြောင့်ပင် ဖြစ်ရမည်။

“ဂိုဏ်းချုပ်ကျွင်း ….”

ရှစ်ကျန်းရ့ွှမ်သည် ခေါင်းကို ငုံ့ကာ တောင်းပန်စကား ဆိုလိုက်သည် “တောင်းပန်ရမှာ ကျွန်မပါ”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်ရဲ့ အပြစ်ပါ … ကျွမ်းကျင်ဆေးဆရာကြီးကို ယုံလိုက်မိတာ။”

ရှစ်ကျန်းရွှမ် သည် ခေါင်းကို ခါယမ်းလိုက်သည် “ဒီလို စိတ်လွတ်တာက ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဒီတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ မဆိုင်ပါဘူး။”

ပထမအကြိမ် မဟုတ်ဘူးလား။

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

ရှစ်ကျန်းရွှမ် က နာနာကျင်ကျင် ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်းကို ဖုံးကွယ်မနေတော့ပါဘူး။ တကယ်တော့ ကျွန်မ ဆီမှာ မျက်စိရောဂါတင် မဟုတ်ဘူး။ အခုလို ထူးဆန်းတဲ့ ရောဂါ တစ်ခုလည်း ရှိတယ်။ စိတ်ဓာတ်ကျသွားရင် ထိန်းချုပ်နိုင်မှုတွေ လွတ်ကုန်ပြီး ရက်စက်တဲ့အရာတွေကို ပြုလုပ်တတ်တယ်။ ကောင်းသွားရင် ဘာတစ်ခု မှ သတိမရတော့ဘူး”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ခါသွားသည်။

သူမက နတ်သမီးလို၊ နတ်ဆိုးလို စရိုက် လက္ခဏာမျိုး ရှိနေတာပဲ။

“ဖြစ်နိုင်တယ်” စနစ်မှ အတည်ပြုလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း .…”

ရှစ်ကျန်းရွှမ်သည် ဖြစ်ညှစ်ပြုံးလိုက်ပြီး ပြောလိုက်သည် “ရှင့်ကို ခြောက်လန့်သလို ဖြစ်သွားသေးလား”

“ဟမ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်က အဆင်ပြေပါတယ်”

ရှစ်ကျန်းရွှမ် အသာပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း … ဆေးကို သောက်ပြီးတဲ့နောက်မှာ ကျွန်မ .. ကျွန်မ …”

သူမ၏ မျက်နှာလေးသည် နီမြန်းနေ၏ “ကျွန်မ ရှင့်မျက်နှာကို မြင်လိုက်တယ် ထင်တယ်”

ကျွင်းချောင်ရှောင်း ကြောင်သွားသည် “ဆေးလုံးက အစွမ်းပြတယ်လား”

ရှစ်ကျန်ရွှမ် ခေါင်းကို ခါယမ်းလိုက်၏ “ကျွန်မ အမြင်က ခဏပဲ ရတာ။ ပြီးတော့ သိစိတ်တွေ လွတ်သွားတယ်။”

မဟုတ်သေးပါဘူး။

ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။ အလင်းကို မြင်ရတယ်ဆို ပြန်ပျောက်သွားစရာမှ မရှိတာ။ ဘယ်လို ဖြစ်ရတာလဲ။

စနစ်က ပြောလိုက်သည် “သူမ ရဲ့ မျက်စိရောဂါ က ထူးဆန်းတာပဲ”

နေအုံး …။

ကျွင်းချောင်ရှောင်း သည် လေးလေးနက်နက် မေးမြန်းလိုက်သည် “ခန်းမသခင်ရှစ် … စိတ်ဓာတ်ကျလို့ စိတ်လွတ်သွားတာလို့ ပြောခဲ့တယ်နော်”

“ဟုတ်တယ်”

“ဘာလို့ စိတ်ဓာတ်ကျသွားတာလဲ”

“ဘာလို့ … ဘာလို့လဲ ဆိုတော့ …

ရှစ်ကျန်းရွှမ် ခေါင်းကို အသာငုံ့ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းကို မြင်လိုက်ရလို့ပါ”

“…….”

ငါ့ကို မြင်တာ။

စိတ်ဓာတ်ပါ ကျသွားတာ ဟုတ်လား။

ဂိုဏ်းချုပ်ကျွင်းသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့် တွေးလိုက်မိသည် “င့ါရုပ်ကို မြင်ပြီးမှ ဘာလို့ စိတ်ပါ လွတ်သွားတဲ့အထိ စိတ်ဓာတ်ကျသွားရတာလဲ”

“ရုပ်ဆိုးလို့ပေါ့” စနစ် က ပြောလိုက်သည်။

All Chapters