← Chapters

အခန်း (၄၇၅)

Vol. 32 Ch. 475

အခန်း (၄၇၅)

Vol. 32 Ch. 475

ကျွင်းချောင်ရှောင်းသည် ရုပ်မဆိုးပေ။ အချက်အလက်အားဖြင့် ပြောရမည်ဆိုလျှင် အလွန်အမင်း ချောမောနေသေး၏။

ထိုသို့ဆိုလျှင် ရှစ်ကျန်းရွှမ် သည် သူ့အား မြင်သည်နှင့် အဘယ့်ကြောင့် စိတ်လွတ်သွားသည်အထိ စိတ်ဓာတ်ကျသွားရသနည်း။

အဘယ့်ကြောင့်ဆိုသော် သူမ၏ နှလုံးသားထဲတွင် ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာအား ပုံဖော်ထားသည်မှာ ဤကဲ့သို့ မဟုတ်ပေ။

ရှစ်ကျန်းရွှမ် သည် မွေးကတည်းက မျက်စိကွယ်ခဲ့ရသူဖြစ်၏။ ထို့ကြောင့် လူသားဆိုသည်ကို မမြင်ဖူးခဲ့ချေ။ သူမ၏ နားလည်မှုများအရ သူမဘာသာ ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်‌ကို တွေးတောထားခြင်း ဖြစ်သည်။

သူမ၏ စိတ်ကူးထဲတွင် ကျွင်းချောင်ရှောင်း ဆိုသည်မှာ မျက်လုံး၊ နား ၊ နှာခေါင်းနှင့် ခေါင်းကြီးကြီး ရှိသော သတ္တဝါတစ်ကောင်ပင် ဖြစ်၏။

အတိုချုပ် ပြောရမည်ဆိုလျှင် ရှစ်ကျန်းရွှမ်၏ စိတ်ကူးထဲတွင်ရှိသော ပုံပန်းသွင်ပြင်သည် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင် မဟုတ်ဘဲ ဂြိုလ်သားတစ်ယောက်နှင့်ပင် ဆင်တူနေသည်။

ထို့ကြောင့် ရှစ်ကျန်းရွှမ် သည် အမြင်များ ပြန်လည်ရရှိပြီး အလင်းများကို အသားကျပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်ကို ခပ်ဝါးဝါး မြင်လိုက်ရ၏။

သူမ၏ စိတ်ကူးထဲမှ ပုံပန်းသွင်ပြင်နှင့် နှိုင်းယှဉ်လိုက်ပြီးသည့်နောက်မှာတော့ အလွန်တရာ ခြားနားသည်ဟု နားလည်လိုက်မိသည်။

ထို့ကြောင့် ကြီးကြီးမားမား စိတ်ဓာတ်ကျသွားခြင်းပင် ဖြစ်သည်။ ကြီးကြီးမားမား စိတ်ပျက်သွားခဲ့၏။

ထို့နောက် သူမ၏ စိတ်ခံစားချက်များသည် ကျဆင်းသွားပြီး စိတ်လွတ်သွားခြင်းပင် ဖြစ်တော့သည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင် လူသားတို့၏ ပုံပန်းသွင်ပြင်အား တစ်ခါမှ မမြင်ဖူးခဲ့သူ ရှစ်ကျန်းရွှမ် သည် သူမ၏ စိတ်ကူးတွေးဆခြင်းပေါ်၌ ပြသနာရှိနေခြင်းသာ ဖြစ်၏။

ကျွန်ုပ်တို့၏ ဂိုဏ်းချုပ်ကျွင်းသည် ရုပ်ဆိုးလှသည် မဟုတ်ပေ။ သူမ၏ မျှော်လင့်ချက်နှင့် မကိုက်ညီခြင်းသာ ဖြစ်သည်။

"ရုပ်ဆိုးတယ် … ရုပ်ဆိုးတယ်" စနစ်ဆီမှ ရုပ်ဆိုးသည်ဟူသော စကားလုံးသည် ကျွင်းချောင်ရှောင်း၏ နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ သူ၏ နှလုံးသားအား အပ်တစ်ချောင်းဖြင့် ခပ်ဆွဆွ ဆွ၍ ထိုးနှက်နေသကဲ့သို့ပင် ခံစားနေရ၏။

ငါ့ကို ရယ်ကြပါ …….။

ငါ့ကို အနိုင်ကျင့်ကြပါ ……။

ငါ့ကို ရယ်လို့ ရပါတယ် ……..။

ငါ့ကို အနိုင်ကျင့်လို့ ရပါတယ် ……။

ငါ့ကို အားနည်းတယ်ဆိုပြီး ပြောလို့ရပါတယ် …… ။

ဒါပေမဲ့ ငါ့ရဲ့ ချောမောလှတဲ့ အသွင်သဏ္ဍာန်ကိုတော့ သံသယမဖြစ်ပါနဲ့။

ငါဆိုတဲ့ ကျွင်းချောင်ရှောင်းက ချင်းယန်နိုင်ငံတိုင်းက မိန်းကလေးတိုင်းကို ခေါင်းခေါက်ပြီး ထွက်ပြေးလို့ ရတယ်။ ဘယ်သူမှ ငါ့ကို လိုက်ပြီး ဖမ်းလို့ ရမှာ မဟုတ်ဘူး။

ကျွင်းချောင်ရှောင်း၏ စကားများကို ကြားရှိချိန်မှာတော့ စနစ်သည် စိတ်‌ဓာတ်ကျသွားသည်။ "ဒီလောက် အရှက်မဲ့တဲ့ လူမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး။"

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ် သည် အားပြတ်သလို မေးလိုက်သည်။ "အဆင်ပြေရဲ့လား"

သူမသည် ကျွင်းချောင်ရှောင်းအား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ဓာတ်တွေ ကျပြီး စိတ်ပင် လွတ်သွားသည်ဟု ပြောဆိုလိုက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ နှလုံးသားကို ဆယ်ပေါင်တူ နှင့် ထုလိုက်သလို ဖြစ်စေကြောင်း ဤအမျိုးသမီး မသိရှိခဲ့ချေ။

ဟူး။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီး ချကာ ပြောလိုက်သည်။ "ကျုပ်အဆင်ပြေပါတယ်"

ရှစ်ကျန်းရွှမ် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်။ကျွန်မကို အလင်းကို ထိတွေ့ခွင့်ပေးတဲ့အတွက်။ဒီအရာက ခဏတာပဲ ဆိုပေမယ့် ကျွန်မ အရမ်းပျော်ရွှင်ခဲ့ရတယ်။"

သူမသည် ပြုံးလိုက်သည့် အခါမှာတော့ အလွန်တရာကို ချစ်ဖို့ ကောင်းနေ၏။

သူမသည် လောကကြီးအကြောင်းကို ဘာတစ်ခုမှ မသိရှိသော အပြစ်ကင်းစင်လှသည့် မိန်းကလေးတစ်‌ယောက်နှင့်ပင် ဆင်တူလွန်းသည်။

ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။ သူမဆီမှာ မျက်စိရောဂါနဲ့ ထူးဆန်းလွန်းတဲ့ ရောဂါတစ်ခု ရှိနေတယ်။ကောင်းကင်ကြီးက သူမ‌အပေါ် မမျှတလိုက်တာ။

"ခန်းမသခင်ရှစ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျားလည်း အလင်းကို မြင်ခဲ့ရပြီဆိုတော့ ခင်ဗျားရဲ့ ရောဂါက ကုသဖို့ အခွင့်အရေး ရှိနိုင်လိမ့်မယ်။ဒါကြောင့် မျှော်လင့်ချက် အပြည့်အဝထားပါ။ပြီးတော့ နေ့စဉ်နေ့တိုင်းကို ပျော်ရွင်စွာနဲ့ ဖြတ်သန်းပါ။"

သူမသည် စိတ်ဓာတ်ကျတတ်သည့်အခါတွင် စိတ်လွတ်သွားတတ်သည်ကို သိရှိပြီးနောက်မှာတော့ သူသည် သူမအား အားရပါးရ အားပေးလျက်ရှိနေ၏။

"ကောင်းပါပြီ"

ရှစ်ကျန်းရွှမ် ပြုံးကာ ပြောလိုက်၏။ "စိတ်ချပါ"

အလင်းကို မြင်ခဲ့ရသည့် အခိုက်အတန့်သည် အလွန်ပင် တိုတောင်းလှသည့် အချိန်ပင် ဖြစ်သည်ဆိုသော်လည်း ဟောခန်းမ၏ အပြင်အဆင်နှင့် ကျွင်းချောင်ရှောင်း၏ မျက်နှာအား မြင်ခဲ့ရသည်ဆိုသည်မှာ သူမအတွက် နှလုံးသားထဲတွင် ပျော်ရွှင်ရသည့် အခိုက်အတန့် ဖြစ်လာခဲ့သည်။

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ် သည် ပြုံးကာ ပြောလိုက်၏။ "ရှင် မြောင်ဟွာ ခန်းမဆီကို လာခဲ့တာ ဆေးလုံးပေးဖို့ သက်သက် တော့ မဟုတ်ဘူးမို့လား"

ဟမ် ….

‌ကျွင်းချောင်ရှောင်းသည် ခေါင်းကို ကုတ်‌ကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ် … ကျုပ်တို့သံမဏိအရိုးဂိုဏ်းက လက်ရှိမှာ ပြသနာတစ်ခု ရှိနေတယ်။ဒါကြောင့် ခင်ဗျားတို့ဂိုဏ်းအနေနဲ့ ကူညီပေးနိုင်မလားဆိုတာကို လာပြီး မေးမြန်းတာပါ။"

"ဘယ်လိုပြသနာမျိုးလဲ" ရှစ်ကျန်းရွှမ် မေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ကျန်းယန်နိုင်ငံ ၏ ကျူးကျော်မှု အကြောင်းကို ပြောလိုက်ရ၏။ ပြီးနောက် သူသည် အဆင့်လေး ဂိုဏ်းနှစ်ခုကို တိုက်ခိုက်ခဲ့ရကြောင်းလည်း သေချာ ရှင်းပြလိုက်၏။

"ဘယ်လို"

ရှစ်ကျန်းရွှမ် သည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက သိုင်းဘုရင်ကို သတ်ဖြတ်ခဲ့တယ် ဟုတ်လား"

"ဟုတ်ပါတယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သုံးယောက်တည်းပါ"

ရှစ်ကျွမ်းရှန်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားပြီလား"

"ဟုတ်ပါတယ်"

"မဟုတ်သေးပါဘူး"

ရှစ်ကျန်းရွှမ် ပြောလိုက်၏။ "တကယ်လို့ ရှင်က အဆင့်ချိုးဖြတ်ပြီးပြီဆိုရင်တောင်မှ သိုင်းဘုရင် သုံးယောက်ကို တစ်ခါတည်း သတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါက"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်က ဓားနဲ့ သိုင်းဘုရင်အဆင့်ကို တစ်ပြိုင်နက်တည်း အဆင့်ချိုးဖြတ်ခဲ့တာလေ။"

သူ၏ လည်သံ အလွန်တရာ နှိမ့်ချလွန်းလှ၏။ သို့ပေမဲ့ ဘာမှန်းမသိစွာဘဲ အလွန်တရာ အားကောင်းလှသော အရှိန်အဝါများဖြစ်ပေါ်နေသည်။

ဟမ်

ရှစ်ကျွမ်းရှန်သည် မတ်တပ်ထရပ်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဓားနဲ့ သိုင်းဘုရင် ဟုတ်လား။ ကျွန်မသိပြီ"

သူမ ထပ်ပြောလိုက်သည်။ "အစောပိုင်းတုန်းက ကောင်းကင်ပေါ်မှာ ဓားနဲ့ သိုင်းဘုရင် ဖြစ်တည်လာတဲ့ အရိပ်သင်္ကေတပေါ်ခဲ့တယ်လို့ အကြီးအကဲက ပြောခဲ့တယ်။ဒါက ဂိုဏ်းချုပ်ကျွင်း အဆင့်ချိုးဖြတ်တာလား"

ချီးတဲ့မှ …. ငါ့ရဲ့ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေတွေက မြောင်ဟွာခန်းမကနေတောင်မှ မြင်ရတာလား။

ဒီလိုဆိုရင် ငါ့ရဲ့‌ကျော်ကြားမှုက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းနေပြီပေါ့။

ဟင်း … ငါက သိုသိုသိပ်သိပ်နေချင်တာလေ။ဘယ်လိုဖြစ်ပြီးတော့ တစ်ဖြည်းဖြည်း ငါ့ဆန္ဒကို ကောင်းကင်ကြီးက လျစ်လျူရှုရတာလဲ။ ဒီလိုဆိုမှတော့ ငါကြီးကြီးကျယ်ကျယ် နေထိုင်မှ ဖြစ်တော့မယ်။

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိသည်။

"ဟုတ်တယ် … ကောင်းကင်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရာတွေအားလုံးက ကျုပ်အဆင့်ချိုးဖြတ်လို့ ဖြစ်တည်ခဲ့တဲ့ အရာတွေပဲ"

ဝိုး

ရှစ်ကျန်းရွှမ် ပြောလိုက်သည်။ "ဓားနှင့် သိုင်းဘုရင် ပေါ်မလာခဲ့တာဆိုတာ နှစ်ပေါင်းထောင်ချီနေပြီ။ ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လူတေ ကြားက နဂါးတစ်ကောင်ပဲ။"

ဤစကားသည် မြို့တော်ဝန်ရှဲ့ဆီမှ ထွက်ပေါ်လာမည်ဆိုလျှင် ကျွင်းချောင်ရှောင်း လုံးဝ အံ့အားသင့်လိမ့်မည်မဟုတ်ချေ။

သို့ပေမဲ့ ချစ်စရာ မိန်းကလေးတစ်ယောက်ဆီမှ ထွက်ပေါ်လာသော စကားဖြစ်သောကြောင့် အလွန်တရာ ဝမ်းမြောက်ဂုဏ်ယူမိသည်။

လူသားတို့၏ သဘာဝမှာ ဤသို့ပင် ဖြစ်သည်။ ဤကဲ့သို့ လှပသော မိန်းကလေးတစ်ယောက်ဆီမှ ချီးကျူးစကားကို ကြား၍ မတုန်လှုပ်သူဆိုသည်မှာ ဘုန်းကြီးများနှင့် ဂိုတွေး များသာ ရှိပေလိမ့်မည်။

သို့ပေမဲ့ ရှစ်ကျန်းရွှမ် က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက အဆင့်လေးဂိုဏ်းက သိုင်းဘုရင်တွေကို သတ်ဖြတ်ခဲ့တယ်။ သူတို့က ဒီကိစ္စကို လွှတ်ပေးထားမှာ မဟုတ်ဘူး။"

"ဒါကြောင့်ပဲ ကျုပ်က ခန်းမသခင်ရှစ်ဆီက အကူအညီကို လာတောင်းတာလေ" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ရှစ်ကျန်းရွှမ် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း ဒုက္ခရောက်နေပြီဆိုမှတော့ ကျွန်မက ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။"

ဤအမျိုးသမီးသည် အပြောင်းအလဲများသည်ဆိုသော်လည်း ဆုံးဖြတ်ချက် ခိုင်မာလှသူဖြစ်၏။ ချက်ချင်းဆိုသလိုပဲ အဓိကဟောခန်းဆီသို့ သွား၍ အကြီးအကဲများကို စုစည်းပြီး ‌ဖြစ်နေသည့် ကိစ္စရပ်များအားလုံးကို အသိပေးခဲ့သည်။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ကျိန်းသေပေါက် ငြင်းပယ်ကြတော့၏။

သူတို့၏ အထင်အရဆိုလျှင် သံမဏိအရိုးဂိုဏ်းအတွက် အဆင့်လေးဂိုဏ်းနှင့် ရန်ဖြစ်ရခြင်းသည် မသင့်တော်သည့် ကိစ္စဟု သုံးသပ်ကြသည်။

"အကြီးအကဲတို့"

စားပွဲခုံ၏ ထိပ်တွင် ထိုင်လျက်ရှိသော ရှစ်ကျန်းရွှမ် က ပြောလိုက်သည်။ "ကျွန်မ စိတ်ဆုံးဖြတ်ပြီးသွားပြီ။"

သူမသည် အလွန်တရာ အားကောင်းလှပြီး ကြီးကျယ် ခမ်းနားလှသော ဟိတ်ဟန်များကို ထုတ်ဖော်လိုက်၏။

အကြီးအကဲများအားလုံးသည် ငြိမ်သက်သွားကြ၏။ သူတို့အားလုံးသည် ခန်းမသခင်၏ အမိန့်ကို နာခံ၍ သံမဏိအရိုးဂိုဏ်းကို ကူညီရန်သာ ရှိတော့သည်။

သူတို့ မည်ကဲ့သို့ ကူညီမည်နည်း။

ရှစ်ကျန်းရွှမ် သည် လူကိုယ်တိုင် လိုက်ပါလာသည်သာမက သူမနှင့်အတူ တပည့်တစ်ထောင်ကျော်ကိုပါ ခေါ်ယူခဲ့၏။

ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့သည်လည်း သူမနှင့် အတူ လိုက်ပါလာသည်။ ဤလူစာရင်းအရေအတွက်သည် အလွန်တရာ များပြား၍ အားကောင်းလှသည်ဟု ဆိုရမည်။

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ် က ပြောလိုက်သည်။ "ကျွန်မတို့ အခုစပြီး ထွက်ရအောင် လဝက်အတွင်း သံမဏိအရိုးဂိုဏ်းကို ရောက်လိမ့်မယ်"

ရှစ်ကျန်းရွှမ် သည် လက်သီးကို ဆုပ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ "အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင်ရှစ်။ ကျုပ်က နှလုံးသားထဲကနေ ဒီကြင်နာမှုကို မှတ်ထားပါ့မယ်။တကယ်လို့ အနာဂတ်မှာ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းဆီက အကူအညီ တစ်ခုခု လိုလာရင် ကျုပ်က မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ၊ ဓားတောင်ကိုပဲ ကျော်ရ၊ ကျော်ရ ကျိန်းသေပေါက် လာပြီးကူညီမှာပါ"

ရှစ်ကျန်းရွှမ် သည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ကျွန်မကို ဟွာတောင်တန်းမှာတုန်းက သိုင်းပညာနဲ့ ပတ်သက်ပြီး လမ်းည့ွှန်ထားတယ်လေ။ပြီးတော့ မိုင်ပေါင်းထောင်ချီကို ခရီးနှင်ခဲ့ပြီး ဆေးလာပေးခဲ့သေးတယ် မလား။ ရှင်တို့ ဂိုဏ်းဒုက္ခရောက်နေချိန်မှာ ကျွန်မက ကူညီရမယ့် အရေးက ရှိကို ရှိတယ်။"

"ဒါဆိုရင် ကျုပ် အရင်ထွက်သွားပါတော့မယ်။ ဂိုဏ်းကနေပြီးတော့ ခန်းမသခင်ရှစ်ကို စောင့်နေပါတော့မယ်။"

ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်ကို စီးနင်းကာ သံမဏိအရိုးဂိုဏ်းဆီသို့ အရင်ဆုံး ပြန်လာခဲ့လိုက်တော့သည်။

မြောင်ဟွာခန်းမသည် သိုင်းအုပ်စိုးသူတစ်‌ယောက်ကို လွှတ်လိုက်သည် မဟုတ်သော်လည်း သူသည် အလွန်တရာ စိတ်သက်သာရာ ရနေသေး၏။ အဘယ့်ကြောင့် ဆိုသော် ခန်းမသခင်ရှစ် ကိုယ်တိုင် လိုက်ပါလာသောကြောင့်ပင် ဖြစ်၏။

ခန်းမသခင်ရှစ်သည်သာ မြို့၏ ဂိတ်တံခါးတွင် မတ်မတ်ရပ်နေပါက ကြီးမားလှသည့် အတားအဆီးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

"ခန်းမသခင်"

ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ကျန်းစွန်းဖန်းဟွာသည် မနေနိုင်ဘဲ ပြောလိုက်မိသည်။ "သံမဏိအရိုးဂို‌ဏ်းကို ကျွန်မတို့ ကူညီမယ်ဆိုရင် အဆင့်လေး ဂိုဏ်းနှစ်ခုကို ရန်ပြုရုံတင်မကဘူး ကျန်းယန်နိုင်ငံကိုပါ ရန်ပြုသလို ဖြစ်နေမယ်။ ကျန်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူက အရမ်းကို ရည်မှန်းချက် ကြီးမားတဲ့လူပဲ။သူနဲ့ ပြသနာဖြစ်တာ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး" လန့်ရှင်းရွှဲ့ ပြောလိုက်သည်။

ရှစ်ကျန်းရွှမ် ပြောလိုက်၏။ "အကြီးအကဲကြီးတို့ နှစ်ယောက် ဂိုဏ်းအတွက် တွေးပေးနေတယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိတယ်။ဒါပေမဲ့ တကယ်တမ်း ရည်မှန်းချက်ကြီးမားတယ်ဆိုတာ ကျွင်းချောင်ရှောင်း ဖြစ်တယ်ဆိုတာကို အကြီးအကဲတို့ တွေးမိမှာ မဟုတ်ဘူး"

ကျန်းစွန်းဖန်းဟွာသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ဂိုဏ်းသေးသေးလေးတစ်ခုရဲ့ ဂိုဏ်းချုပ်က ရည်မှန်းချက် ကြီးမားတယ်ဆိုရင်တောင် ဘာတွေ လုပ်နိုင်မှာ မို့လို့လဲ"

ရှစ်ကျန်းရွှမ် သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ကျွန်မ မမှားဘူး …. ကျွင်းချောင်ရှောင်းနဲ့ သူ့ရဲ့ သံမဏိအရိုးဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ကျိန်းသေပေါက် အရေးကြီးတဲ့ တစ်ထောင့် တစ်နေရာကနေ ပါဝင်လာလိမ့်မယ်။"

သူမသည် မျက်လုံးမမြင်ရဘူးဆိုသော်လည်း နှလုံးသားထဲမှ ထိုအရာကို ကောင်းကောင်း မြင်နေရ၏။

အတိအကျပြောရမည်ဆိုလျှင် သူမသည် သံမဏိအရိုးဂိုဏ်းကို ကူညီခြင်းဖြင့် သူမ၏ အနာဂတ်ကို အလောင်းအစား ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

တစ်နေ့ ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏ ဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လုံလောက်သည့် အားအင်အဆင့်ကို တည်ရှိသည်ဆိုပါက ကျိန်းသေပေါက် မြောင်ဟွာခန်းမတစ်ခုလုံးသည်လည်း ထိုမှတစ်ဆင့် အကျိုးအမြတ်များ ရရှိနိုင်၏။

ဘာမှမဟုတ်သည့် အခြေအနေတစ်ခုတွင်ပင် ထိုသူသည် နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ခဲ့သည်။ ဟွာယန်နိုင်ငံ၏ မိစ္တာဂိုဏ်းများကို သုတ်သင် ရှင်းလင်းခဲ့သည်။ လက်ရှိတွင်လည်း ဓားနှင့် သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိနေသည်။

မြောင်ဟွာခန်းမမှ အကြီးအကဲများအားလုံးသည် ထိုအရာကို မမြင်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။

သို့ပေမဲ့ ခန်းမသခင် ရှစ်ကျန်းရွှမ်ကတော့ ထိုအရာအားလုံးကို သိမြင်၏။ သူမသည် စိတ်ခံစားချက်များကို ဦးစားပေး၍ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည် မဟုတ်ပေ။ အချက်အလက်ပေါင်းများစွာကို သေချာစဉ်းစားပြီးမှ ဤကဲ့သို့သော ဆုံးဖြတ်ချကို ချပြခဲ့ခြင်းပင် ဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏ ဂိုဏ်းသည် ကြီးမားသော အလားအလာကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူမအနေနှင့် ရင်းနှီးမှုကို အရယူထားမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှစ်ကျွမ်းရှန်သည် သံမဏိအရိုးဂိုဏ်းကို ကူညီရန် သွားခဲ့ခြင်းဖြစ်သည်။

"ဂိုဏ်းချုပ်ကျွင်း"

သံမဏိအရိုးဂိုဏ်းဆီသို့ လာရာလမ်းမှာတော့ ရှစ်ကျန်းရွှမ် သည် တီးတိုးပြောဆိုလိုက်သည်။ "ကျွန်မကို စိတ်မပျက်စေနဲ့"

All Chapters