← Chapters

အခန်း (၄၇၈)

Vol. 33 Ch. 478

အခန်း (၄၇၈)

Vol. 33 Ch. 478

ရှစ်ကျန်းရွှမ်သည် တပည့်နှစ်ထောင်ကျော်တို့နှင့် သိုင်းဘုရင်အဆင့် အကြီးအကဲ လေးယောက်တို့အား ခေါ်ဆောင်လာခဲ့၏။

ဤအရာသည် အလွန်တရာ တောင့်တင်းလှသော လူစာရင်းပဲ ဖြစ်တော့သည်။

ထို့အပြင် သံမဏိအရိုးဂိုဏ်းမှ အမျိုးသားတပည့်များ၏ မျက်လုံး အစာကျွေးမှု ပွဲတော်လည်း ဖြစ်နေတော့သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်မှ မိန်းကလေးများသည် အလွန်တရာ လှပလွန်းသောကြောင့်ပင်။

"စီနီယာအစ်ကို … မြောင်ဟွာခန်းမက တပည့်တွေက အရမ်းလှတာပဲ။ သံမဏိအရိုးဂိုဏ်းမှာသာ ဒီလို မိန်းကလေးမျိုးတွေ ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ။"

သံမဏိအရိုးဂိုဏ်းတပည့်များသည် အတူတကွ စုဝေးနေကြပြီး တီးတိုး ဆွေးနွေးနေကြ၏။

တောင်ခြေမှာ မျက်စိအစာကျွေးရန် ရောက်ရှိနေတတ်ကြသော သခင်လေးများကဲ့သို့ပင် သံမဏိအရိုးဂိုဏ်း တပည့်များသည်လည်း မြောင်ဟွာခန်းမမှ မိန်းကလေးများအား ချီးကျူးလျက်ရှိနေကြသည်။

ထိုသခင်လေးများသည်သာ သံမဏိအရိုးဂိုဏ်းမှ တပည့်များ၏ အဖြစ်ကို မြင်လျှင် မနာလိုစိတ်ကြောင့် သွေးပင် အန်ထုတ်မိနေလိမ့်မည်။

"ခန်းမသခင်ရှစ်"

အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကျွင်းက တပည့်တွေကို အစားအစာနဲ့ ဝိုင်းတွေ ပြင်ဆင်ပေးဖို့ အမိန့်ပေးထားပါတယ်"

"ကျေးဇူးပါ ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ်သည် ပြုံးကာ ပြောလိုက်၏။ သူမသည် ကောင်းကင်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သေသေချာချာ ဝတ်စားဆင်ယင်ထားသည်မို့ သူမမှာ အလွန်တရာ လှပလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တကယ်လို့ ကျန်းယန်နိုင်ငံက ကျူးကျော်လာပြီဆိုရင် ချင်းယန်နိုင်ငံကို ကျိန်းသေပေါက် တိုက်ခိုက်မှာပဲ။ညစာစားပြီးရင် ကျေးဇူးပြုပြီး ချင်းယန်နိုင်ငံကို ကျုပ်နဲ့လိုက်ခဲ့ပေးပါ ခန်းမသခင်ရှစ်"

သူသည် မြောင်ဟွာခန်းမက လူများကို ဂိုဏ်းထဲတွင် ဘယ်တော့မှ ထားခဲ့လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဂိုဏ်းထဲတွင် တစ်ခြားသူများ မြင်၍မရသော လျို့ဝှက်ချက်များ ရှိနေသည် မဟုတ်လား။

အင်း။

ရှစ်ကျန်းရွှမ်က ပြောလိုက်၏။

မကြာခင်မှာပဲ အလွန် မွှေးကြိုင်လှသော ဟင်းပွဲများသည် တည်ခင်းထားပြီးဖြစ်နေသည်။

ရှစ်ကျန်းရွှမ် သည် အကြီးအကဲများကို ခြံရံကာ စားသောက်ခန်းထဲသို့ ဝင်လာ၏။

သံမဏိအရိုးဂိုဏ်း အမျိုးသမီးတပည့်များ၏ မျက်လုံးများမှာတော့ အစောကတည်းက တောက်ပလျက်ရှိနေ၏။ သူတို့အားလုံးသည် လျိုဝမ်ရှစ်၏ လက်ရာ ကို တစ်ကြိမ်စားဖူးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် ထိုအရသာကို တန်းတန်းစွဲနေကြသည်။

ကျန်းစွန်းဖန်းဟွာနှင့် အခြားသူများမှာတော့ ခေါင်းကို မော့မော့ထားပြီး အလွန်တရာ အေးစက်သည့် ပုံစံမျိုးဖြင့် ရှိလို့ နေ၏။

သူတို့သည် ထိုင်ခုံတွင် ထိုင်လိုက်ပြီးသည့်နောက်မှာတော့ တစ်ချို့သော တပည့်များသည် တူများကို အလျှင်အမြန် ကောက်ယူလိုက်ကြသည် ကို မြင်လိုက်ရသည်။

ကျန်းစွန်းဖန်းဟွာက အသာသတိပေးလိုက်၏။ "မင်းတို့ မစားမသောက်ခဲ့ရတာ ဘယ်နှစ်ရက် ရှိနေပြီလဲ"

အမျိုးသမီး တပည့် တစ်ယောက်က တီးတိုး ပြောလိုက်၏။ "ပထမအကြီးအကဲ … သံမဏိအရိုးဂိုဏ်းစားဖိုမှူးချက်ထားတဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိတာပဲ"

"အရသာရှိတယ် ဟုတ်လား"

ကျန်းစွန်းဖန်းဟွာသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ နှစ်ပေါင်းရာချီနေထိုင်ခဲ့သော အမျိုးသမီး အိုကြီးတစ်ယောက်ဖြစ်သည်မို့ သူမမစားဖူးသော အရသာ ရှိသည့် အစားအစာဆိုသည်မှာ မရှိပေ။

သူမသည် တူကို ကောက်ယူ၍ အစားအစာအား တစ်ကိုက်ယူကိုက်လိုက်သည်။

အလွန်တရာ လျှာစွမ်းထက်လှသူဖြစ်သောကြောင့် အကြီးအကဲ၏ နှလုံးသားထဲသို့ ကောင်းမွန်သည့် မှတ်ချက်များ တိုးဝင်လာခဲ့တော့၏။

ဝှစ် … ဝှစ်။

မြောင်ဟွာခန်းမမှ တပည့်များသည်လည်း တူများကို ကောက်ယူလိုက်ကြသည်။

ကျန်းစွန်းဖန်းဟွာသည် သူမတို့အား မဟန့်တားတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် အစားအစာအား ဝါး၍ တမြုံမြုံ နှင့် အရသာခံနေသောကြောင့်ပင်ဖြစ်၏။

သူမသည် အရသာရှိလှသော အစားအစားပေါင်းများစွာကို စားခဲ့ဖူး၏။ သို့ပေမဲ့ ဤဟင်းပွဲကို စားသုံးပြီးသည့်နောက်မှာတော့ သူမစားခဲ့ဖူးသမျှ အရာအားလုံးမှာ အမှိုက်နှင့် ဂေါ်ဖီထုပ် အစိမ်း များ ဝါးစားခဲ့ရသလို ခံစားနေရသည်။

အစားအစာသည် လူသားတို့အတွက် အလွန်တရာပင် အရေးကြီးသော အရာပင်ဖြစ်၏။

စားသောက်ခြင်းအမှုကို ပြုလုပ်စရာမလိုသည့် ကျွမ်းကျင်သူမှလွဲ၍ ဤကဲ့သို့ အရသာရှိသော ဟင်းပွဲများ၏ လွှမ်းမိုးမှုကို ခုခံနိုင်သည့်သူမှာ ရှားပါးပေလိမ့်မည်။

"ဘယ်လိုလဲ"

လန့်ရှင်းရွှဲ့က မေးလိုက်၏။

ကျန်စွန်းဖန်းဟွာသည် စားသောက်ရခြင်း၏ ကျေနပ်မှုကို အတင်းဖိနှိပ်ကာ ပြောလိုက်သည်။ "စားကြည့်လိုက်လေ"

လန့်ရှင်းရွှဲ့သည် သူမ၏ တူကို ကောက်၍ အစားအစာများကို စားလိုက်၏။

သူမ၏ လှပလွန်းသော မျက်နှာပေါ်မှာတော့ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ ဖြစ်ပေါ်လာသည်။ သူမသည် လျိုဝမ်ရှစ်၏ အစားအစာနှင့် ပတ်သက်၍ အလွန်တရာ အံအားသင့်သွားကြောင်း သိရှိနိုင်သည်။

"အားလုံးပဲ"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "ဒီလိုမကောင်းတဲ့ ဟင်းပွဲတွေကို ကျွေးမိတာ တောင်းပန်ပါတယ်...."

ကျန်းစွန်းဖန်းဟွာနှင့် တစ်ခြားသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြ၏။

ဤမျှလောက် အရသာရှိလောက်သော အစားအစာများကို မကောင်းဘူး ပြောမည်ဆိုလျှင် မည်သည့်အရာက ကောင်းမွန်သည့် အရာ ဖြစ်နေမည်နည်း။ သူတို့ စားခဲ့ဖူးသမျှ အရာအားလုံးသည် သလဲနှင့် ကျောက်ခဲများသာ ဖြစ်ပေလိမ့်မည်။

“ဟမ် ..”

လန့်ရှင်းရွှဲ့သည် အစားအစာကို တူဖြင့်ကောက်ယူ၍ ပါးစပ်ထဲထည့်ခါနီးမှာပဲ သူမသည် တံခါးဝမှ လျှောက်ဝင်လာသော အကြီးအကဲဝေအား မြင်လိုက်ရ၏။

သူမသည် ချက်ချင်းဆိုသလိုပဲ မတ်တပ်ထရပ်လိုက်ပြီး စားပွဲခုံပေါ်သို့ တူအား ပစ်ချလိုက်၏။ သူမ၏ လှပသော မျက်နှာထက်မှာတော့ ဒေါသတရားများနှင့် တောက်လောင်လာသည်။

"ဝေရှင်းဖန်"

သူမ၏ အသံကို အလွန်ကျယ်လောင်လှသောကြောင့် အားလုံးသော သူများသည် အလန့်တကြားဖြစ်သွားသည်။

ကျွင်းချောင်ရှောင်း လှမ်းကြည့်လိုက်ချိန်မှာတော့ လန့်ရှင်းရွှဲ့သည် အကြီးအကဲဝေအား စူးစိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။

သူ မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ဤအရာသည် အကြီးအကဲဝေ၏ နာမည်အရင်းပေလား။

အကြီးအကဲဝေသည် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ အနည်းငယ် ကြာမြင့်လှသည် ဖြစ်သော်လည်း နာမည်ရင်းကို သူ သေချာ မသိခဲ့ပေ။ သူသည် အလွန်တရာ နမော်နမဲ့နိုင်သော ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

အကြီးအကဲဝေသည် လန့်ရှင်းရွှဲ့အား အံ့အားတသင့်ဖြင့် ကြည့်လိုက်သည်။ ခဏလောက်ကြာတော့ သူသည် အသာပြုံးကာ ပြောလိုက်သည်။ "မင်း မြောင်ဟွာခန်းမထဲ ရောက်နေတာကိုး"

"အကြီးအကဲဝေ"

ကျွင်းချောင်ရှောင်းသည် အသံပို့ လွှတ်လိုက်သည်။ "ဒီအမျိုးသမီးကို သိလား"

"သိတာပေါ့"

အကြီးအကဲဝေသည် ပြန်ပြောလိုက်သည်။ "ငါ့ရဲ့ သုံးဆယ့်ငါးယောက်မြောက် ရည်းစားဟောင်းလေ"

"ရည်းစားဟောင်းဟုတ်လား … သုံးဆယ့်ငါးယောက်မြောက်"

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။

အကြီးအကဲဝေ … ခင်ဗျား ကျုပ်မျက်နှာကို သုံးဆယ့်ငါးချက်ရိုက်လိုက်သလိုပဲ။

လန့်ရှင်းရွှဲ့၏ လှပသော မျက်လုံးထဲတွင်တော့ ဒေါသတရားများဖြင့် မီးဝင်းဝင်း တောက်လျက်ရှိသည်။ ထို့အပြင် မကျေချမ်းနိုင်သော အငြိုးအတေး တရားများသည်လည်း မျက်နှာထက်တွင် ပေါ်ပေါက်လျက်ရှိနေသည်။

ဤရှုပ်ထွေးလှသော အကြည့်များကို ကြည့်ရှုရမည်ဆိုလျှင် သူမနှင့် အကြီးအကဲဝေကြားတွင် မေ့ဖျောက်၍ မရနိုင်သော ချစ်ခြင်းတရား၏ ဇာတ်လမ်းများ ရှိနေသည်မှာ သေချာလှ၏။

"ဝေရှင်းဖန်"

သူမသည် အေးစက်စက် ပြောလိုက်သည်။ "ကျွန်မ လန့်ရှင်းရွှဲ့က ရှင်မရှိဘဲနဲ့လည်း ကောင်းမွန်တဲ့ ဘဝကို နေထိုင်နိုင်တယ်ဆိုတာ သက်သေပြပြီးပြီ"

"ဒီကိစ္စတွေ ပြောရမဲ့နေရာ မဟုတ်ဘူး" အကြီးအကဲဝေ ပြောလိုက်၏။

"ဘာ"

လန့်ရှင်းရွှဲ့သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ "ရှင့်လို ယောကျာ်းတစ်ယောက်က ကတိဖျက်ခဲ့တဲ့ အကြောင်းကို တစ်ခြားသူတွေ သိသွားမှာ စိုးရိမ်နေတာလား..."

အကြီးအကဲဝေသည် ငြိမ်သက်သွား၏။

"ဟာသပဲ"

လန့်ရှင်းရွှယ်သည် မကျေမချမ်းဖြင့် ပြောလိုက်သည်။ "ကျွန်မက အသဲနှလုံး မရှိ‌တဲ့ ယောကျာ်းတစ်ယောက်ရဲ့ လှည့်စားခြင်းကို ဆယ်စုနှစ်တစ်ခုစာလောက် ခံခဲ့ရတယ်။ရှင်ပြောခဲ့တုန်းကတော့ လေပြင်ညှင်းတွေ တိုက်ခတ်တာနဲ့ ပန်းတွေ ပွင့်လာမယ်ဆို …"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။

ချီးတဲ့မှ ကောင်းလိုက်တဲ့ တော်ကီပါလား။

အကြီးအကဲဝေသည် နာနာကျင်ကျင်ပြောလိုက်သည်။ "ရှင်းရွှဲ့ …. ငါ့ကို အဲ့လောက်ကြီးအထိ မုန်းနေတုန်းဘဲလား။"

"ကျွန်မ ရှင့်ကို ပက်ပက်စက်စက် မုန်းတယ်"

လန့်ရှင်းရွှဲ့သည် အံကြိတ်ကာပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးထဲမှာတော့ အမုန်းတရားများနှင့် ပြည့်နက်လျက်ရှိသည်။

အကြီးအကဲဝေသည် ဘာတစ်ခုမှ မပြောပေ။ အသာလှည့်ကာ စားသောက်ခန်းထဲမှထွက်ခွာသွားတော့သည်။

လန့်ရှင်းရွှဲ့သည် ဤကဲ့သို့ လွယ်လွယ်ကူကူနှင့် လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူမသည် အရသာရှိလှသော အစားအစာများကိုပင် မစားတော့ဘဲ အကြီးအကဲဝေ၏ နောက်သို့ လိုက်သွားတော့၏။

နှစ်ယောက်သား ထွက်ခွာသွားပြီးသည့်နောက်မှာတော့ မြောင်ဟွာခန်းမမှ လူများသည် တီးတိုးပြောလိုက်သည်။

"ပထမအကြီးအကဲ ဒီ… အဘိုးကြီးက ဒုတိယအကြီးအကဲကို နာကျင်အောင် လုပ်ခဲ့တဲ့လူလား"

ကျန်းစွန်းဖန်းဟွာသည် အေးစက်စက် ပြောလိုက်သည်။ "ဒီလူက ဒုတိယအကြီးအကဲရဲ့ ခံစားချက်တွေကို မလေးမစားလုပ်ခဲ့တဲ့ မျက်နှာရူးကောင်ပဲ။ ယောကျာ်းတွေက သစ္စာတရာ ကင်းမဲ့လွန်းတယ်။"

ထိုအချိန်မှာတော့ သူမသည် ကျွင်းချောင်ရှောင်းအား လှမ်းကြည့်ကာ ပြောလိုက်သည်။ "မင်းလည်း ဒီလိုလူမျိုးပဲ နေမှာ။မင်းတို့က တစ်ဖွဲ့တည်းလေ"

ဂိုဏ်းချုပ်ကျွင်း ဆွံ့အသွားသည်။

အကြီးအကဲဝေသည် အလွန်တရာ မြှာပွေလှသည့်သူ ဖြစ်သည်ဆိုလျှင်တောင် သူနှင့် ဘာဆိုင်နေသနည်း။

တစ်ခြားကမ္ဘာထဲက ဝိညာဉ်ကူးပြောင်းလာကတည်းက သူသည် ယောကျာ်းနှင့် မိန်းမကြား ချစ်ခြင်းမေတ္တာ ကိစ္စ များကို တစ်ခါတစ်လေ စိတ်ဝင်စားခဲ့သည် ဆိုလျှင်တောင်မှ မိမိကိုယ်ကို သန့်ရှင်းအောင် နေခဲ့သူဖြစ်၏။ ထိုကိစ္စနှင့် စာဖတ်သူများပင်လျှင် မိမိအား ခြောက်သွားမည်ဟုစိုးရိမ်ခဲ့ကြ၏။

အဘယ့်ကြောင့် အကြီးအကဲဝေလို မြှာပွေသောလူနှင့် တူညီသည့်လူဟု သူ့အား ပြောဆိုနေရသနည်း။

သို့ပေမဲ့ သေချာ စဉ်းစားရမည်ဆိုလျှင် အကြီးအကဲဝေသည် ဤနေရာတွင် ကျွမ်းကျင်လှသော ဆရာကြီးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့သော ဆရာကြီးတစ်ယောက် ရှိနေသည်ဆိုမှတော့ သူ့အနေနှင့် အခွင့်အရေး ရတုန်းပညာယူသင့်၏။

"လာလာ"

ကျွင်းချောင်ရှောင်း အော်လိုက်၏။ "ရပ်မနေကြနဲ့ အားလုံးပဲ စားကြ … စားကြ"

ပြောပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်၍ အကြီးအကဲဝေနှင့် လန့်ရှင်းရွှဲ့တို့ဆီသို့ အာရုံပို့လွှတ်လိုက်၏။

ထိုနှစ်ယောက်သည် ကြာကန် ဘေးနားတွင် မတ်တပ်ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

ထင်ထားတဲ့အတိုင်းပဲ အချစ်ရေးမှာ တကယ့်ကို ကျွမ်းတာပဲ။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်၏။ ဒီနေရာက သာမန်ပုံစံ တည်နေရာတစ်ခုပဲ။ဒါပေမဲ့ စုံတွဲတစ်တွဲ ရပ်လိုက်တဲ့ အခါမှာတော့ တကယ့်ကို စုံတွဲတွေအတွက် နေလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်သွားပြီ။ဒါကိုလည်း ငါသင်ယူမှဖြစ်မယ် သင်ယူမှ ဖြစ်မယ်။

"ရှင်းရွှဲ့"

အကြီးအကဲဝေသည် ရပ်တန့်ပြီးနောက် သူ၏ ‌ရှေ့မှ ကြာကန်အား ကြည့်လိုက်သည်။ ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "တကယ်တော့ ငါ့ဆီမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။"

"အခက်အခဲတွေ ဟုတ်လား"

လန့်ရှင်းရွှဲ့သည် နှာခေါင်းရှုံ့လိုက်၏။ "ရှင့်ရဲ့ အခက်အခဲက မိန်းမတွေ အများကြီး ရှိနေတာလား .. ဟုတ်တယ်မလား"

အကြီးအကဲဝေသည် ဦးခေါင်းအား ကောင်းကင်ပေါ်သို့ ၄၅ဒီဂရီ စောင်းကာ ဆွေးဆွေးမြေ့မြေ့နှင့် ကြည့်လိုက်သည်။ ပြီးနောက် ဝမ်းနည်းစွာ ပြောလိုက်သည်။ "ကျုပ် ဝေရှင်းဖန်က ကျန်တဲ့ ဘဝတစ်ခုလုံးကို လေစုန် အတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် တည်ငြိမ်နေတဲ့ မင်းဘဝကို ငါ ရှုပ်ထွေးအောင် မလုပ်ချင်ဘူး။ဒီလိုကြောင့် တစ်ယောက်တည်း ထွက်ခွာသွားတဲ့ လမ်းကို ရွေးချယ်ခဲ့တာပဲ။ပြီးတော့ မင်းနဲ့ ငါနဲ့ ကြားမှာ သစ္စာစကားတွေ ရှိခဲ့တယ် ဆိုရင်တောင်မှ မင်းရဲ့ လုံခြုံရေးကို စိုးရိမ်ပူပန်ခဲ့တာကြောင့် ငါတစ်ယောက်တည်းပဲ ထွက်ခွာသွားဖို့ လမ်းကို မျက်စိမှိတ် ရွေးချယ်ခဲ့ရတာပဲ။"

အကြီးအကဲဝေသည် အဖြစ်အပျက်များအား ရှင်းပြလိုက်ခြင်း ဖြစ်သည်။ သို့ပေမဲ့ ထိုသို့ ရှင်းပြချက်များကပင် တစ်ဖက်သားအပေါ် ခံစားသက်ဝင်မှုတွေ ရှိနေစေပြီး အပြောအဆို အသုံးအနှုန်းမှာလည်း ကဗျာဆန်နေသေးသည်။

အကြီးအကဲဝေသည် ချစ်ခြင်းမေတ္တာဆိုသော နယ်ပယ်တွင် ကျွမ်းကျင်လှသူမဟုတ်ပေ။ ပါရဂူ အဆင့်ပင် ဖြစ်လိမ့်မည်။

"ရှင်က လေစုန်အတိုင်း လျှောက်သွားချင်နေတာ။ ဒါဆိုရင် လေတိုက်ပြီးလေ။ လေပြည်ညှင်းတွေ တိုက်ခတ်ပြီ ဆိုမှတော့ ပန်းတွေပွင့်ရတော့မှာပေါ့" လန့်ရှင်းရွှဲ့သည် အေးစက်စက် ပြောလိုက်၏။

ထိုအရာကို ကြားတော့ ကျွင်းချောင်ရှောင်းသည် ထ၍ ရယ်လုမတတ်ဖြစ်သွားသည်။

“အင်း”

အကြီးအကဲဝေသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ရှင်းရွှဲ့ … မင်း ငါ့ကို နားလည်ပေးမယ်လို့ ထင်ခဲ့တယ်။ဒါပေမဲ့ အဆုံးသတ်မှာတော့ …"

သူသည် သူ၏ ရင်ဘတ်ကို အသာထုကာ ပြောလိုက်သည်။ "ငါ့နှလုံးသားတွေ နာလိုက်တာ"

လန့်ရှင်းရွှဲ့သည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ "ရှင်နာလည်ပြီလား။ ဒီတစ်နှစ်ပတ်လုံး ရှင့်ကို စောင့်ခဲ့ရတဲ့အတွက် ကျွန်မ ဘယ်လောက် နာကျင်ခဲ့ရလဲဆိုတာကို ရှင်သိပြီလား"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ဤကဲ့သို့သော ရှက်စရာကောင်းလှသည့် စကားလုံးများကို ပြောဆိုနေခြင်းသည် ချစ်ခြင်းမေတ္တာ၏ သဘောသဘာဝလေလား။ ထိုသို့ဆိုလျှင် ….။

စနစ်က ပြောလိုက်သည်။

"လက်ခံသူ ဒီလိုမျိုး တွေးနေမယ်ဆိုရင်တော့ တစ်သက်လုံး တစ်ယောက်တည်း နေရမှာပဲ။ ရည်းစားရဖို့ ဆိုရင် ဒါမျိုးတွေ မဖြစ်မနေ ပြောမှ ဖြစ်မယ် ဆိုတာ မသိဘူးလား"

All Chapters