အခန်း (၄၇၉)
Vol. 33 Ch. 479
အကြီးအကဲဝေနှင့် လန့်ရှင်းရွှဲ့တို့သည် ကြာကန်၏ဘေးနားတွင် စကားပြောဆိုလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်များကို ဖြန့်ကျက်ပြီးသည့်နောက် တစ်လုံးချင်းစီအား သေချာကြားနေရသည်။
သူသည် ခိုးနားထောင်နေခြင်း မဟုတ်ပေ။ သင်ယူနေခြင်းသာ ဖြစ်၏။
ဆိုရိုးစကားပင် ရှိသေး၏။ ပညာယူရန် မရှက်နှင့်ဆိုသည့် စကားပင် ဖြစ်သည်။
ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် စာရွက်ဖြူ တစ်ရွက်လိုပင် ဖြစ်တော့သည်။ သူ့အနေနှင့် အကြီးအကဲဝေနှင့် တိုင်ပင်သင့်သည့် အရာများမှာ အလွန်တရာ များပြားနေ၏။ သို့ပေမဲ့ ဤကဲ့သို့ ရှက်စရာ စကားလုံးများကို ကြားလိုက်ရချိန်မှာတော့ သူသည် အလုံးစုံ အရှုံးပေးလိုက်၏။
"ငါသင်ယူလို့ မရနိုင်ဘူး ငါသင်ယူလို့ မရနိုင်ဘူး"
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။
"ခန်းမသခင်ရှစ် ..… များများစားနော်"
စနစ်သည် ဆွံ့အသွားမိ၏။
အလွန်တရာကောင်းမွန်ပြီး ကြည်နူးစရာ ကောင်းသည့် စကားလုံးများကို ပြောဆိုရမည့် အချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် အဘယ့်ကြောင့် များများစားနော်ဟူ၍ ပြောဆိုနေရသနည်း။ ထို့ကြောင့်ပင် တစ်ယောက်တည်းဖြစ်နေရခြင်း ဖြစ်ပေလိမ့်မည်။
‘စားပြီးပြီလား’ အဆင့်မှ မတက်သော တစ်ချို့သော နှစ်ချို့ FA များနှင့် ဘာကွာခြားနေမည်နည်း။
"ကောင်းပါပြီ"
ရှစ်ကျန်းရွှမ်သည် အသာ ခေါင်းညိမ့်လိုက်၏။
ပြီးနောက် ဖြည်းဖြည်းချင်း အစားအစာကို အရသာ ခံလိုက်၏။ အစားအစာများသည် အရသာရှိလှသည်ဆိုသော်လည်း သူမသည် ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာအရှိန်အဝါ ကို ထိန်းသိမ်းထားလျက်ရှိသည်။
မြောင်ဟွာခန်းမမှ တပည့်များသည်လည်း တူညီစွာပင် ဖြစ်သည်။ လက်ရှိအခြေအနေတွင်တော့ သူတို့အားလုံးသည် အရသာရှိလှသော အစားအစာမျိုးစုံအား တစ်ခါတည်း ပလုပ်ပလောင်းစားသုံးချင်၏။ သို့ပေမဲ့ သူတို့သည် အမျိုးသမီးများဖြစ်သည်မို့ ဟန်အမူအရာနှင့် သိက္ခာတရားကို ထိန်းသိမ်းထားမှ ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် တစ်ခြားသူများသည် ရယ်သွမ်းဖွဲ့နေလိမ့်မည်။
အစားအစာ စားပြီးသည့် နောက်မှာတော့ အကြီးအကဲဝေနှင့် လန့်ရှင်းရွှဲ့တို့သည် ရေကန်ဘေးတွင် စကားပြောလျက်ပင် ရှိနေသေး၏။
သို့ပေမဲ့ အခြေအနေမှာမူ သက်တောင့်သက်သာ ဖြစ်လာသည်။
ကျွင်းချောင်ရှောင်းသည် ချီးကျူးသလို ပြောလိုက်၏။ "ဒုတိယအကြီးအကဲက ခုနတုန်းက လူသတ်ချင်စိတ်တောင် ပေါက်နေတာ။ဒါပေမဲ့ အခုချိန်မှာ တော်တော်လေး တည်ငြိမ်သွားပြီ။ အကြီးအကဲဝေက မိန်းကလေးတွေကို ချော့တဲ့ နေရာမှာ အစစ်အမှန် ကျွမ်းကျင်သူပဲ ဖြစ်ရမယ်။"
"ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျန်းရွှမ်ကပြောလိုက်သည်။ "ချင်းယန်မြို့ကို ဘယ်အချိန်မှာ သွားကြမလဲ။"
"အခု သွားကြတာပေါ့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အစားအစာများ စားပြီးသည့်နောက်မှာတော့ တကယ်ဆိုလျှင် ပတ်ဝန်းကျင်ကောင်း တည်နေရာတစ်ခုအား ရှာဖွေ၍ ကောင်းကောင်းမွန်မွန် စကား ပြောဆိုနေသင့်သည် မဟုတ်လား။
ဂိုဏ်းချုပ်ကျွင်းသည် ကောင်မလေး တစ်ယောက် ရဖို့ အတွက် တကယ့်ကို မျှော်လင့်စရာ မရှိသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွှမ်နှင့် မြောင်ဟွာခန်းမ တပည့်များကို ဦးဆောင်၍ ချင်းယန်မြို့ဆီသို့ ဦးတည်လိုက်၏။
လန့်ရှင်းရွှဲ့မှာတော့ သံမဏိအရိုးဂိုဏ်းတွင် အချိန်အတိုင်းအတာတစ်ခုအထိ ကျန်ရစ်ခဲ့၏။
ကြည့်ရသည်မှာ သူမသည် သူမ၏ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ခံစားချက်များကို အလုံးစုံ ဖြေရှင်းချင်စိတ် ရှိပုံပေါ်၏။
…....
အလွန်တရာများပြားပြီး လှပလွန်းသော မိန်းကလေးများသည် ချင်းယန်မြို့ထဲသို့ ဝင်ရောက်လာကြသည်။ ထိုအရာသည် မြို့ထဲရှိ မြို့သူမြို့သားများအတွက် ကြီးမားသည့် လှိုင်းဂယက်ကြီး ဖြစ်လာသည်။
လာရောက်ကြသည့်သူများမှာ မြောင်ဟွာခန်းမမှ ခန်းမသခင်ဖြစ်သည်ကို သိရှိပြီးနောက်မှာတော့ မြို့တော်ဝန်ရှဲ့သည် ကိုယ်တိုင်ကိုယ်ကျထွက်၍ ကြိုဆို၏။
ဟုတ်ပေသည်။
သူသည် ဂိုဏ်းချုပ်ကျွင်းအားလည်း စိတ်ထဲမှ ချီးကျူးလိုက်မိ၏။
အဆင့်လေးဂိုဏ်းတစ်ခုကို ဖိတ်ခေါ်လာရုံသာမက များပြားလှသည့် ဂိုဏ်းသားများနှင့် အကြီးအကဲများကိုပါ ဖိတ်ခေါ်လာနိုင်သေး၏။ မည်မျှ အားကောင်းလိုက်သနည်း။
သို့မဟုတ် ဂိုဏ်းချုပ်ကျွင်းနှင့် ခန်းမသခင်ရှစ်တို့သည် အစောကတည်းက ချစ်ကျွမ်းဝင်နေခဲ့သည်လား။ ရှစ်ကျန်းရွှမ်နှင့် တပည့်များအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက်မှာတော့ မြို့တော်ဝန်ရှဲသည် အသာပြုံး၍ လက်သီးကို ဆုပ်လိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း … ဒီ ရှဲ့က ဘယ်အချိန်မှာ မင်္ဂလာဆောင်ကို တက်ရောက်ရမှာလဲ။"
"မင်္ဂလာဆောင်ဟုတ်လား" ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
မြို့တော်ဝန်ရှဲ့သည် ပြုံးကာ ပြောလိုက်၏။ "မြောင်ဟွာခန်းမသခင်ကိုတောင်မှ ဒီအထိ ရအောင် ဖိတ်ခေါ်လာနိုင်ပြီးပြီ။ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက မင်္ဂလာဆောင်ဖို့ တစ်ခုတည်းပဲ ကျန်တော့တယ်လို့ထင်တယ်"
"ပေါက်ကရတွေ လျှောက်မပြောနဲ့"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခန်းမသခင်ရှစ်နဲ့ ကျုပ်က မိတ်ဆွေတွေပါပဲ"
မြို့တော်ဝန်ရှဲ့သည် ကျုပ်သိပါသည်ဟူသော အမူအရာနှင့် ဖြစ်နေသည်။ သူသည် ပြုံးကာ ပြောလိုက်၏။ "နားလည်ပါပြီ နားလည်ပါပြီ"
တစ်ဖက်လူမှာ အထင်မှားနေခြင်း ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိ၏။ သို့ပေမဲ့ သူသည် ရှင်းပြရန် ပျင်းရိ နေ၏။
ထို့ကြောင့် နှုတ်ဆက်ကာ သံမဏိအရိုးဂိုဏ်းသို့ ပြန်လာခဲ့လိုက်သည်။
တိုက်ပွဲရှောင် ကတ်ပြားအသက်ဝင်ခြင်းမှ ရပ်တန့်သွားရန် အချိန်တစ်လကျော်လောက် ကျန်ရှိနေသေး၏။ သူသည် ထိုအခွင့်အရေးကို အရယူ၍ ကျင့်ကြံမှ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သိုင်းဘုရင်အဆင့်တစ်မှအဆင့်နှစ်သို့ ချိုးဖြတ်ရောက်ရှိသွားနိုင်၏။
သူသည် ဓားနှင့် သိုင်းဘုရင်တစ်ယောက် ဖြစ်ပြီး စိတ်ဝိညာဉ်အမြုတေနှစ်ခု ရှိသောကြောင့် ကျင့်ကြံြုခင်း အဆင့်တက်ရာတွင် အလွန်နှေးကွေးလှ၏။ သို့ပေမဲ့ သူအနေနှင့် ဆက်တိုက်တိုးတက်အောင် ကျင့်ကြံနေမှသာလျှင် တိုက်ခိုက်ရေး စွမ်းအားများသည် ဆက်တိုက်တိုးတက်နေမှာ ဖြစ်သည်။
………..
ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ လန့်ရှင်းရွှဲ့သည် နီရဲနေသော မျက်လုံးအစုံနှင့် ထွက်ခွာသွား၏။
သူမတွင်ရှိသော ဒေါသတရားများမှာတော့ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူသည် ချင်းယန်မြို့နှင့် သံမဏိအရိုးဂိုဏ်းကြား ခေါက်တုံ့ခေါက်ပြန် တစ်ကြိမ် သွားခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ အကြီးအကဲဝေသည် သူ၏ချစ်ခြင်းတရား ပြသနာများအား ဤကဲ့သို့သော အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့၏။ အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက် ပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ဆေးဥယျာဉ်သို့ သွားလိုက်၏။
အကြီးအကဲဝေသည် လက်ရှိမှာတော့ ကောင်းကင် ပေါ်သို့ မော့ ကြည့်ကာ ငူငူကြီး ထိုင်လျက်ရှိနေသည်။ သူသည် အလွန်တရာ စိတ်ပူပန်နေသော အမူအရာဖြင့် သက်ပြင်းချနေသည်။
"အကြီးအကဲဝေ"
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာ၍ မေးလိုက်သည်။ "အဆင်ပြေရဲ့လား"
ဟင်း။
အကြီးအကဲဝေသည် သက်ပြင်းချကာ ပြုံးလိုက်၏။ "ကျူပ်ဘဝမှာ အကြွေးတင်တာတွေ အရမ်းများနေပြီ"
ထိုအရာသည် ချစ်ခြင်းမေတ္တာအတွက် ပေးဆပ်ရမည့် အကြွေးများသာ ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်"
အကြီးအကဲဝေ ပြောလိုက်သည်။ "ဘာကိစ္စလဲ"
အင်း
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချ၍ လေးလေးနက်နက် ပြောလိုက်သည်။ "ကျုပ် … အကြီးအကဲဝေနဲ့ ဖွန်ကြောင်တဲ့ အတတ်ပညာကို ဆွေးနွေးချင်တယ်။ ဒါက သင်ယူသင့်တဲ့ ပညာရပ် တစ်ခုလို့ ကျုပ် ခံစားမိနေတယ်။"
"ဖွန်ကြောင်တဲ့ အတတ်ပညာဟုတ်လား"
“အင်း …. မိန်းကလေးတွေကို ဘယ်လိုမျိုး စည်းရုံးလဲဆိုတဲ့ အတတ်ပညာမျိုးပေါ့"
"မိန်းကလေးတွေကို စည်းရုံးတာ ဟုတ်လား"
"ယောကျာ်းနဲ့ မိန်းမကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတွေ အကြောင်းကို ဆွေးနွေးတာကို ပြောတာဗျာ"
အကြီးအကဲဝေသည် နားလည်သွား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ "လောကကြီးထဲမှာ အနာကျင်ရဆုံးက ယောကျာ်းနဲ့ မိန်းမကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ အကြောင်းအရာပဲ။ ဒီထဲကို ရောက်သွားပြီဆိုတာနဲ့ ထာဝရနောင်တတရားတွေနဲ့ပဲ ပြည့်နက်သွားလိမ့်မယ်။ အဲအကြောင်းကို ဆွေးနွေးတော့ရော ဘာထူးမှာလဲ"
"ကျုပ်လည်း အကြီးအကဲဝေလိုမျိုး ရည်းစားတွေ အများကြီး ထားချင်တယ်လေ။ဘယ်လောက် နာကျင်ရတာပဲ ဖြစ်ဖြစ် စမ်းကြည့်ချင်သေးတယ်" ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။
အကြီးအကဲဝေ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ "ဂိုဏ်းချုပ် … ဂိုဏ်းချုပ်က ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ရှိသေးတယ်။ ဒီတော့ ယောကျာ်းနဲ့ မိန်းမကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်းကို အာရုံမစိုက်ပါနဲ့။"
ချီးတဲ့မှ …. ငါက တစ်ဘဝလုံး ဂိုဏ်းချုပ်အနေနဲ့ တစ်ယောက်တည်းနေရတော့မယ်နဲ့ တူတယ်။
"ပြီးတော့"
အကြီးအကဲဝေက ပြောလိုက်သည်။ "နှလုံးသားရေးကိစ္စဆိုတာ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် အဆုံးထိ နာကျင်ရလိမ့်မယ်"
ထိုအရာသည် အတွေ့အကြုံများပြားစွာရှိခဲ့သော လူတစ်ယောက်၏ တန်ဖိုးကြီးလှသော ဆိုဆုံးမစကားပင် ဖြစ်တော့သည်။
အကြီးအကဲဝေသည် အလွန်တရာစေိုးရွံ့သွားမိ၏။ ထို့ကြောင့် သူသည် ဖွန်ကြောင်သည့် ကိစ္စများကို မေးမြန်းရဖို့ လက်လျော့လိုက်ပြီး သူပြောချင်သည့် အကြောင်းအရာဆီသို့ ဦးတည်လိုက်တော့၏။
ပြီးနောက် သူသည် လက်ရှိ ဆေးပင်များ အကြောင်းကို မေးမြန်းလိုက်သည်။
ချီစုစည်းခြင်း ဆေးလုံးနှင့် သိုင်းဆရာဆေးလုံးများအတွက် များပြားလှသော ဆေးပင်များကို သန့်စင်ပြီး ဖြစ်နေ၏။
ကောင်းကင် နှင့် မြေကြီးအတွင်းမှ ဓာတ်သဘာဝများ၏ ထောက်ပံ့မှု အောက်မှာတော့ ဆေးပင်များတွင် ပါဝင်သော သဘာဝ စွမ်းအင်များသည် အရင်တစ်ကြိမ်ကထက် ပိုမို၍ အားကောင်းလာခဲ့သည်။
"ဂိုဏ်းချုပ်"
အကြီးအကဲဝေသည် ဆေးဥယျာဉ်၏ အပြင်ဘက် တည်နေရာ အလွတ်ကြီးပေါ်တွင် မတ်မတ်ရပ်ကာ ပြောလိုက်သည်။ "ကျုပ်အနေနဲ့ ဆေးပင်စိုက်ခင်းကို ပိုပြီးတော့ ချဲ့ထွင်ချင်သေးတယ်။"
"ကောင်းပြီ" ကျွင်းချောင်ရှောင်း အတည်ပြုလိုက်သည်။
ဤအတောအတွင်းမှာပဲ စွန်းပုကုံးနှင့် ဆေးဟောခန်းအတွင်းမှာရှိသော လူများသည် အကြီးအကဲဝေ၏ ညွှန်ပြပေးမှုအောက်မှာ အတွေ့အကြုံ အတော်ရနေပြီဖြစ်၏။ ထိုကြောင့် သူတို့အနေနှင့် ကြီးမားလှသည့် ဆေးဥယျာဉ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြသနာမရှိချေ။
ဟုတ်ပေသည။ ဂိုဏ်းချုပ်ကျွင်းသည် ချီစုစည်းခြင်းနှင့် သိုင်းဆရာ ဆေးလုံးများအတွက် လိုအပ်သည့် ဆေးပင်များကို အမြဲတမ်း စိုက်ပျိုးလိမ့်မည် မဟုတ်ချေ။
စိုက်ခင်းအား ချဲ့ထွင်ပြီးသည့်နောက်မှာတော့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် အမျိုးအစား ကွဲပြားသော တခြားဆေးပင်များကို စိုက်ပျိုးပေးလိမ့်မည်။
……...
ဆေးဥယျာဉ်ဆီမှ ပြန်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ခန်းမထဲတွင် ၄နာရီကြာ ကျင့်ကြံလိုက်၏။ ပြီးနောက် စမ်းသပ်မှု မျှော်စင်၏ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်များတွင် နှစ်နာရီကြာအထိ လေ့ကျင့်ခဲ့၏။
သူသည် စာကြည့်ခန်းထဲသို့ ရောက်ရှိသွားပြီးသည့်နောက်မှာတော့ အသိုက်ထဲတွင် ကွေးကွေးလေး အိပ်နေသော နဂါးလေးအား တွေ့လိုက်ရတော့သည်။ "သူထပ်ပြီးတော့ ဆောင်းခိုနေပြန်တာလား မသိဘူး။ ဆောင်းခိုတဲ့အဓိပ္ပာယ်က သန္ဓေပြောင်းဖို့ အားမွေးတာပဲ ဆိုတော့ ….."
ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်လိုက်ပြီးသည့်နောက်မှာတော့ အလယ်အလတ်စတိုးဆီသို့ အသာဖွင့်ကြည့်လိုက်၏။
သူသည် စနစ်၏ စတိုးဆီသို့ မကြည့်ခဲ့သည်မှာ အချိန်အတော်ကြာပြီး ဖြစ်သည်။ နောက်ဆုံးအကြိမ် refresh လုပ်ပြီးသည့်နောက်မှာတော့ သူသည် ကျန်သော ပစ္စည်းများအား ပြီးစီးအောင် မကြည့်ခဲ့ရသေးပေ။
လက်ရှိအချိန်တွင် ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေ၏။ ထို့ကြောင့် သူ့အနေဖြင့် စဦးအဆင့် စိတ်ဝိညာဉ် ဆေးလုံးတစ်ပုလင်းအား အလျှင်အမြန် ဝယ်ယူလိုက်သည်။
"တစ်ခြားကောင်းတာတွေ ရှိသေးလားမသိဘူး"
ကျွင်းချောင်ရှောင်း ဆက်လက်ကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူ စိတ်ပျက်သွားမိသည်။ ဝယ်ယူရလောက်အောင် ထိုက်တန်သည့် ပစ္စည်း မရှိပေ။
"ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀ လောက်ပိုနေသေးတယ်။ထပ်ပြီးတော့ ဝယ်ဖို့ လျှောက်ကြည့်ရမယ်။"
ပြောပြီးသည့်နောက်မှာတော့ သူသည် refresh လုပ်လိုက်တော့သည်။
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၄၄၅၄/၅၀၀၀”
စတိုးထဲရှိ ပစ္စည်းများသည် ပြောင်းလဲသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် သေချာကြည့်ရှုပြီး တတိယတန်းရှိ ပစ္စည်းတစ်ခုကို မြင်ချိန်မှာဝောာ့ ထိုင်ခုံမှ ထ၍ ခုန်ထလုမတတ် အံ့ဩသွား၏။
သာမန်အခြေအနေဆိုလျှင် သေနတ်နှင့် ပတ်သတ်သော အရာများကို တွေ့မှသာလျှင် သူ စိတ်လှုပ်ရှားတတ်သည်။ သို့ပေမဲ့ သူ လက်ရှိတွေ့နေရသည်မှာ သေနတ်မဟုတ်ပေ။
အမြှောက်သာ ဖြစ်၏။
ထိုအရာသည် အဆင့်မြှင့်တင်ထားသော အီတလီ အမြှောက်ကြီးပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း ထအော်လိုက်မိသည်။ "တကယ့်ကို အမြှောက်ကြီးပဲ"
သူသည် အသေးစိတ်အချက်အလက်များကို ကြည့်ရှုလိုက်သည်။
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော အမြှောက်။
မိတ်ဆက် - ၇၅ မမအမြှောက်။
ကမ္ဘာ့ပထမဦးဆုံး အမြှောက်ဖြစ်ပြီး ဒုတိယစစ်ပွဲတွင် အသုံးပြုခဲ့သော အမြှောက်လည်း ဖြစ်သည်။
အကျိုးသက်ရောက်မှု - အဝေးရောက်ပစ်ခတ်မှုတွင် အလွန်တရာ ကောင်းမွန်လှ၏။
အကျိုးမသက်ရောက်မှု - သလင်းအမြုတေများ အလွန်တရာ ကုန်ခမ်းပြီး အနည်းဆုံး အဆင့်မြင့် သလင်းအမြုတေများ လိုအပ်သည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀”
"ချီးတဲ့မှ …"
မိတ်ဆက်ကို မြင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ထအော်လိုက်မိသည်။ "ဒါ အီတလီအမြှောက်ကြီးပဲဟ"
သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ဆိုသည်မှာ အလွန်တရာ ဈေးကြီးလွန်းလှသည်။
စနစ်ကပြောလိုက်သည်။ "ဒါကို ဈေးကြီးတယ်ထင်ရင်လည်း မဝယ်နဲ့လေ"
သူ အဘယ့်ကြောင့် မဝယ်ဘဲနေရမည်နည်း။
ကျန်းယန်နိုင်ငံသည် သူ့အားသတ်ဖြတ်ရန် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အမြှောက်တစ်လက်သာ ရှိသည်ဆိုပါက ရှိရှိသမျှသော လူများအားလုံးကို ဖောက်ကွဲပစ်နိုင်ပြီဖြစ်သည်။
"ဝယ်မယ် .. ဝယ်မယ်"