အခန်း (၄၈၃)
Vol. 33 Ch. 483
ရက်အနည်းငယ်ကြာပြီးသည့်နောက် …
အရှေ့တောင်ရန်ကျူး၏ အကျော်ကြားဆုံး စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့် ပိုင်ယွေ့ကွေ သည် ကျားဖြူ စစ်တပ်ကြီးအား ဦးဆောင်၍ ချင်းယန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
စစ်သည်သုံးသိန်းဆိုသော အားအင်သည် နည်းပါးသည်လား။
ချင်းယန်မြို့၏ မြို့တံတိုင်းဆီမှ ကြည့်မည် ဆိုလျှင် လူသားလှိုင်းများကဲ့သို့ပင် တလိပ်လိပ်ဖြင့်တက်၍ လာနေသည်ကို မြင်ရ၏။
ထိုစစ်သားများသည် သိုင်းနည်းစနစ်များကိုလည်း ကျင့်ကြံကြသည်။ထို့ကြောင့် ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်လိုက်ချိန်မှာတော့ ကောင်းကင်တစ်ခုလုံးပင် တုန်ခါသွားနိုင်လောက်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
မြို့တွင်းမှ လူများသည် ထိုစစ်တပ်ကြီးအား မမြင်ရသော်လည်း အဝေးဆီမှ ထွက်ပေါ်နေသော ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါများကြောင့် ကြောက်ဒူးပင် တုန်နေမိကြ၏။
ဤကဲ့သို့ အားကောင်းလှသော လက်နက်ပြည့် စစ်တပ်ကြီးတစ်ခု၏ ရှေ့တွင်တော့ သာမာန်လူများသည် မြက်ပင်များကဲ့သို့ပင် …..။
မြို့တံတိုင်းပေါ်တွင် ရပ်နေသော မြို့တော်ဝန်ရှဲ့သည်ပင် ထိုစစ်သားများကို မြင်တော့ တံတွေးမြိုချလိုက်မိကြသည်။
ဂိုဏ်းချုပ်ကျွင်းသည်သာ မြို့ကို စောင့်ရှောက်ပေးနြေုခင်း မဟုတ်လျှင် သူ့တွင် ဤမျှကြီးမားသော စစ်တပ်ကြီးအား ရင်ဆိုင်ဖို့ သတ္တိမရှိချေ
ရွှွဲ့ရမ်ကွေ့ မှာတော့ တည်ငြိမ်နေတုန်းပင်။
ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ဦး ဖြစ်သည်မို့ စစ်သည် သုံးသိန်းမဆိုနှင့် သန်းပေါင်းများစွာသော စစ်သည်များကိုပင် သူ မြင်ဖူးသည်။
စုရှောင်မိုသည် မြို့၏ အုတ်တံတိုင်းမြို့ရိုးပေါ်၌ ထိုင်ရင်း စပ်ဖြီးဖြီး ပြောလိုက်၏ “ကြည့်ရတာတော့ ကြောက်စရာပဲ”
“စစ်သားတွေ အများကြီးပဲ။ ငါတို့ အထဲဝင်ပြီး ကန်လိုက်ရရင် ဒီကောင်တွေ သေကုန်မှာပဲ”
လီဖေး၏ မျက်လုံးများတွင်လည်း တိုက်ခိုက်လိုခြင်း ဆန္ဒတွေနှင့် ပြည့်လျှက်ရှိနေသည်။ သူသည် ချီတက်လာသော စစ်တပ်ကြီးထဲသို့ ဝင်၍ စိတ်ရှိလက်ရှိ ကန်ကျောက်ချင်စိတ်ကိုပင် မနည်းထိန်းထားရ၏။
“ဂျွတ် …”
ထျန်းချီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်သည် “ငါ မစောင့်နိုင်တော့ဘူး”
လွန်ခဲ့သော သုံးလ အတွင်း ၎င်းတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများ၊ ချီစုစည်းခြင်း ဆေးလုံးများ ကို အသုံးပြုကာ ကျင့်ကြံခဲ့ကြသည်။ ထို့ကြောင့် အားအင်အား ကျန်းယန်နိုင်ငံစစ်တပ်ကြီးနှင့် စမ်းသပ်ချင်စိတ် ပေါ်နေမိကြ၏။
ရွှဲ့ရမ်ကွေ့သည် လောကကြီး၏ ကြီးမားပုံကို မြင်ဖူးပြီး ဖြစ်သောကြောင့် မကြောက်လန့်ချေ။
စုရှောင်မိုနှင့် လီဖေးတို့မှာတော့ သေသေချာချာ လေ့ကျင့်ထားသူများ ဖြစ်သောကြောင့် မကြောက်ရွံ့ပြန်။ အလုံးစုံ ရှုံးနိမ့်နိုင်မည့် အခြေအနေသို့ ရောက်ရှိလျှင်တောင်မှ သူတို့၏ စိတ်ဓာတ်နှင့် ဟန်အမူအရာများသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့် ဆိုသော် သူတို့သည် သံမဏိအရိုးဂိုဏ်းသားများ ဖြစ်သောကြောင့်ပင်။
မြို့၏ တံတိုင်းတွင် ရပ်နေကြသူများမှာ အတွင်းစည်းတပည့်များ သီးသန့်မဟုတ်ကြချေ။ အပြင်စည်း တပည့်များ ဖြစ်သော စုန့်ရွှမ်ကျူး ၊ လင်းကျန့်ဟန် ၊ လီထျန်းထျန်း ၊ စွေ့ပုကျန့် ၊ စီမာကျုံးတ နှင့် တခြားသူများလည်း ပါဝင်နေသည်။
ဂိုဏ်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား ပြုလုပ်ရန် တာဝန်ကျသည့် တပည့်အနည်းငယ်မှ လွဲလျှင် ရှိသမျှသောသူအားလုံး တို့သည် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်၏။
ဟယ်ဝူတီ သည်လည်း ဤနေရာသို့ ရောက်ရှိနေသည်။ သူသည် လက်ရှိတွင် အဆင့်ခြောက် သိုင်းဆရာတစ်ယောက် အဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။
သုံးကြိမ်တိုင်တိုင် မှတ်ဉာဏ်များ ပျောက်ဆုံးပြီး ကျင့်ကြံခြင်းအဆင့်များ ပျောက်ကွယ်ခဲ့သည်သာ မဟုတ်လျှင် တစ်လအတွင်း အဆင့်ဘယ်လောက်ထိ တက်မလဲ ဆိုသည်ကို ခန့်မှန်း၍ပင် မရနိုင်သူဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းမှာတော့ မြို့၏ နံရံတံတိုင်းပေါ်တွင် အသာ လှဲလျောင်းနေပြီး ချောမောလှပပြီး ဆွဲဆောင်မှု ရှိသော အပြုံးတစ်ခုသည် သူ၏ မျက်နှာပေါ်တွင် တည်ရှိနေသည်။
“ကျန်းယန်နိုင်ငံက ဒီလောက်လူတွေ လွတ်လိုက်လိမ့်မယ်လို့ မထင်မိခဲ့ဘူး”
ကြီးမားလွန်းလှသည့် စစ်တပ်ကြီးအား ကြည့်ရှုရင်း ကျန်းစွန်းဖန်းဟွာ သည် မျက်မှောင်ကုတ်လိုက်မိ၏။
သူမ၏ အမြင်အရဆိုလျှင် ကျန်းယန်နိုင်ငံ ထိုမျှအထိ စစ်သည်များ ထုတ်သုံးသည်မှာ ၎င်းတို့၏ ပိုင်ဆိုင်မှု နယ်နိမိတ်ကို ချဲ့ထွင်ချင်သောကြောင့်ပင် ဖြစ်သည်။
လန့်ရှင်းရွဲ့ သည် ထူးမခြားနားသလို ပြောလိုက်၏ “ကျွန်မတို့ အဆင့်လေး ဂိုဏ်းနှစ်ခုကို ရင်ဆိုင်နိုင်တယ်ဆိုရင် တောင်မှ သံမဏိအရိုးဂိုဏ်းက ချင်းယန်နိုင်ငံကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ရှစ်ကျန်းရွှမ်သည် ပြုံးကာ ပြောလိုက်သည် “အကြီးအကဲလန့် .. စောစောစီးစီး မသုံးသပ်ပါနဲ့အုံး”
သံမဏိအရိုးဂိုဏ်းသည် ကျန်းယန်နိုင်ငံနှင့် နှိုင်းယှဉ်၍မရနိုင်ဘူးဆိုသော်လည်း သူမသည် ဂိုဏ်းချုပ်ကျွင်းအား အလွန်တရာ ယုံကြည်သည်။
………
မြို့၏ အပြင်ဘက်တွင်တော့ ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားသည့် ပိုင်ယွေ့ကွေ သည် မြင်းတစ်ကောင်အား စီးနင်းရင်း စစ်တပ်ကြီး၏ အလယ်၌ရှိလို့နေသည်။ သူ၏ မျက်လုံးများမှာတော့ စူးရှလို့ နေ၏။
သူသည် ကျားဖြူတပ်ကြီးတစ်ခုလုံး၏ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး အရှေ့တောင်ရန်ကျူး၏ အကြီးမြတ်ဆုံး စစ်ဗိုလ်ချုပ်ကြီး ဆယ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း အားကောင်းလွန်းသော အရှိန်အဝါများ ထွက်ပေါ်လို့နေသည်။
တောက်ယွမ် နှင့် အဆင့်တူ တပ်မမှုး တစ်ယောက်သည် မြို့ရိုးပေါ်မှ သံမဏိအရိုးဂိုဏ်းသားများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏ “မြို့ကို ဒီလောက်နည်းပါးတဲ့သူတွေနဲ့ ခုခံမယ်ဆိုတော့ ကျားဖြူတပ်ကို အထင်သေးနေတာလား”
“တပ်မမှုးတောက်ကို ကြည့်အုံး”
ဘေးနားရှိ တပ်မမှုးလူငယ်သည် ထူးမခြားနားသလို မဲကာရွဲ့ကာဖြင့် ပြောလိုက်သည် “ဒီလို မြို့လေးကို ဝင်တိုက်တာတောင် ရှုံးခဲ့သေးတယ်။ သုံးမရဘူး”
“ကျုပ်အထင်အရတော့”
တစ်ယောက်က ဆိုသည် “တပ်မမှုးတောက်က တမင် အလျော့ပေးခဲ့တာပဲ ဖြစ်ရမယ်”
တောက်ယွမ်သည် အရှေ့တောင်ရန်ကျူး၏ ကျားဖြူတပ်ကြီးတွင် အငယ်ဆုံး တပ်မမှုးတစ်ယောက်ဖြစ်သလို ပါရမီ မှာလည်း ရင့်သန်လွန်းလှသည်။ ထို့ကြောင့် လူတော်တော်များများသည် သူ့အား မနှစ်သက်ကြချေ။
ယခု ဘာသတင်းမှ မကြားရချိန်တွင် ပိုပိုသာသာလေး ဖိပြောထားမှ ဖြစ်မည်။
မျက်နှာပေါ်တွင် ဒေါသတရားများရှိနေသော ပိုင်ယွေ့ကွေ သည်ပင်လျှင် တောက်ယွမ်တစ်ယောက် တိုက်ပွဲအား တမင်အလျော့ပေးခဲ့သည် ဟူသော သုံးသပ်ချက်ကို ကြားတော့ ချက်ချင်းပဲ စိတ်သက်သာရာ ရမိသည်။
လက်ရှိတွင် နိုင်ငံ၏အုပ်ချုပ်သူ သည် တောက်ယွမ်အား ချီးကျူးမှုများ ပြုလုပ်ထား၏။
အနာဂတ်တွင် သူ့နေရာအား တောက်ယွမ်က ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေမိသည်။ ယခု အခြေအနေ အတိုင်းဆိုလျှင် တောက်ယွမ်သည် အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်တော့မည် မဟုတ်ချေ။
ရွှဲ့ရမ်ကွေ့ ပြောသည့်အတိုင်းပင် ပိုင်ယွေ့ကွေ သည် အလွန်တရာ စိတ်နှလုံးသား ကျဉ်းမြောင်းလွန်းသူ တစ်ယောက် ဖြစ်တော့သည်။
တောက်ယွမ်အနေဖြင့် ကျွင်းချောင်ရှောင်းအား မရှုံးနိမ့်ခဲ့လျှင်ပင် အနာဂတ်၌ ပိုင်ယွေ့ကွေ၏ ခြေထိုးခြင်းကို ခံရပေလိမ့်မည်။
“စစ်သူကြီးပိုင် …”
ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအကြီးအကဲ သည် လှမ်းလျှောက်လာပြီး လေးလေးနက်နက် ပြောလိုက်သည် “မြို့ ရဲ့ ဂိတ်တံခါးပေါ်မှာ ရပ်နေတာက မြောင်ဟွာခန်းမ သခင်ပဲ”
ပိုင်ယွေ့ကွေ သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏ “ထျန်းရင်နိုင်ငံရဲ့ အဆင့်လေးဂိုဏ်းတစ်ခု က မဟုတ်လား။ ဘာလို့ ချင်းယန်မြို့ဆီ ရောက်နေတာလဲ”
တတိယအကြီးအကဲ က ပြောလိုက်သည် “ချင်းယန်နိုင်ငံကို လာပြီး ကူညီတာ ဖြစ်နိုင်တယ်”
“ဟမ့်”
ပိုင်ယွေ့ကွေ သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “မြောင်ဟွာခန်းမ က နိုင်ငံ စစ်ပွဲမှာ ဝင်ပါမလို့လား”
သူပြောသလိုဆိုလျှင် ဝိညာဉ်ချောင်းဂိုဏ်းနှင့် သွမ့်ရွှေဂိုဏ်းတို့မှာ ဂိုဏ်းတစ်ခု မဟုတ်သလိုပင်။
တတိယအကြီးအကဲ က တည်ငြိမ်စွာ ပြောလိုက်သည် “မြောင်ဟွာခန်းမရဲ့ အားအင်ကို အထင်သေးလို့မရဘူး။ အထူးသဖြင့် ခန်းမသခင်ပဲ။ သူမက သာမာန်ထက် ထူးခြားတဲ့ မိန်းကလေးလို့ လူသိများတယ်”
ဝိညာဉ်ချောင်းဂိုဏ်းနှင့် မြောင်ဟွာခန်းမတို့သည် အဆင့်တူ ဖြစ်နေမည် ဆိုလျှင်တောင်မှ အလုံးစုံ အားအင်တွင် သူသည် အားနည်းလွန်း၏။
တခြားအရာများကို မကြည့်နှင့်ဦး။ ရှစ်ကျန်းရွှမ်၏ ဘေးတွင် ရပ်နေသည်မှာသိုင်းဘုရင် ထိပ်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။
ဤတစ်ကြိမ်တွင် ကျန်းယန်နိုင်ငံ သည် ဂိုဏ်းနှစ်ခုဆီမှ ကျွမ်းကျင်သူများအား ခေါ်ဆောင်လာခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တစ်ဖက်လူများသည် ပိုမို၍ အားကောင်းနေ၏။
ပိုင်ယွေ့ကွေမှာမူ ဂရုမစိုက်ချေ။
ဤသိုင်းဘုရင်များသည် ရုပ်ပြရုပ်ထု များသာဖြစ်သည်။ ချင်းယန်နိုင်ငံကိုသိမ်းပိုက်နိုင်ဖို့ဆိုလျှင် စစ်တပ်ကသည်သာ အသုံးဝင်ဆုံးဖြစ်၏။
သူသည် ဒန်ထျန်ထဲမှ စွမ်းအင်များအား အသက်သွင်းကာ အော်လိုက်၏ “မြို့ထဲမှာ ရှိတဲ့လူတွေရဲ့ အသက်ကြောင့် ခုခံမှုကို မပြုလုပ်ဖို့ မျှော်လင့်မိတယ်”
ပြောပြီးပြီးချင်းမှာပဲ အလင်းတန်းတစ်ခုသည် သူ့ဆီသို့ တိုးဝင်လာတော့သည်။
ဝိညာဉ်ချောင်းဂိုဏ်းမှ စတုတ္ထအကြီးအကဲသည် ရှေ့သို့ လှမ်းတက်လာပြီး စစ်သူကြီးပိုင်၏ ရှေ့တွင် စိတ်ဝိညာဉ်စွမ်းအင် နံရံကြီးတစ်ခု ဖန်တီးကာ တားဆီးလိုက်၏။
မည်ကဲ့သို့သော လက်နက်ပုန်းဖြစ်သနည်း။
စတုတ္ထအကြီးအကဲသည် ခန္ဓာကိုယ်ဟန်ချက်ကိုပင် မနည်းထိန်းသမ်းလိုက်ရသည်။ သူ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များအား အဆုံးစွန်ထိသာ အသက်မသွင်းခဲ့ပါက ဤလက်နက်ပုန်းအား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ရှောင်ကျီမှာတော့ AWM စနိုက်ပါအား အသာချလိုက်ပြီး အကူအညီမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
သိုင်းဘုရင်တစ်ယောက် အနားတွင်ရှိနေခြင်းကြောင့် သူသည် ရန်သူအား ထိခိုက်အောင် ပြုလုပ်ရန် ခက်ခဲလွန်းနေ၏။
ကျွင်းချောင်ရှောင်းသည် မြို့ရိုးနံရံမှ မတ်တပ်ထရပ်ပြီး ပြုံးကာ ပြောလိုက်သည် “နားထောင်ကြ … ချင်းယန်မြို့ က အခု သံမဏိအရိုးဂိုဏ်းရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိနေတယ်။”
“သံမဏိအရိုးဂိုဏ်း ဟုတ်လား။”
ပိုင်ယွေ့ကွေ နှင့် တခြားသော တပ်မမှုးတို့သည် နှာခေါင်းရှုံ့လိုက်ကြသည်။
ဝိညာဉ်ချောင်းဂိုဏ်းမှ စတုတ္ထအကြီးအကဲသည် လေးလေးနက်နက် ပြောလိုက်၏ “သာမာန်သံမဏိအရိုးဂိုဏ်းလေး က နိုင်ငံ စစ်ပွဲမှာ ဝင်ပါချင်တယ်ပေါ့။ ဟာသပဲ”
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ စစ်သည် သုံးသိန်းရှိသော ရှေ့သို့ ခုန်ဆင်းလိုက်သည်။ ပြီးနောက် သိုင်းဘုရင် အား လက်ညိုးထိုးကာ ပြောလိုက်သည် “အဘိုးကြီး ခင်ဗျားကို ကြည့်ရတာ သံမဏိအရိုးဂိုဏ်းကို အထင်သေးနေပုံရတယ်။ လာ … တိုက်ခိုက်ကြစို့”
ဤမျှများပြားသော ရန်သူများရှေ့သို့ ထွက်ကာ စိန်ခေါ်မှုကို ပြုလုပ်နေသည်။ မည်မျှ မောက်မာလိုက်သည့် လူငယ်ဖြစ်သနည်း။
ဝိညာဉ်ချောင်းဂိုဏ်း စတုတ္ထအကြီးအကဲ က အထင်သေးသလို ပြောလိုက်၏ “ငါ့ကိုလား။ မင်းက သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် ကျွင်းချောင်ရှောင်းပေါ့”
ပြောပြီးပြီးချင်းမှာပဲ သူ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ ထိုလူငယ် ထုတ်ဖော်လိုက်သော အော်ရာများသည် သူ့ကိုပင် သက်ရောက်လာခဲ့၏။
စတုတ္ထအကြီးအကဲသည် ရှောင်ရှားချင်၏။ သို့ပေမဲ့ လင်းကျန့်ဓားသိုင်း ဒုတိယတိုက်ကွက်၏ ဖိအားအောက်မှာ တော့ စတုတ္ထအကြီးအကဲသည် လှုပ်တောင်မလှုပ်နိုင်ချေ။
“အဘိုးကြီး”
ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်ကာ သူ၏ လက်ထဲတွင် အနီရောင်အလင်းလုံးတစ်ခုအား စုစည်းလိုက်သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်၏ “ဒါက သံမဏိအရိုးဂိုဏ်းကို အထင်သေးတဲ့ ရလဒ်ပဲ”
ဝှစ် …။
သက်တန့်ရောင်အလင်းတန်းများသည် ရှေ့သို့ ပြေးထွက်လာသည်။
“မဟုတ်ဘူး …”
ဝိညာဉ်ချောင်းဂိုဏ်းမှ စတုတ္ထအကြီးအကဲသည် တုန်လှုပ်သွား၏။
သိုပေမဲ့ သူ ပြောပြီးပြီချင်းမှာပဲ အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်အား ထွင်းဖောက်သွားတော့သည်။ သူ၏ အသိစိတ်တစ်ခုလုံးသည် အမှောင်ဖုံးကာ အသက်ပျောက်သွားတော့သည်။
ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွှဲ့ တို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားသည်။ ပိုင်ယွေ့ကွေ နှင့် ဂိုဏ်းနှစ်ခုဆီမှ တခြားသောသူများသည် မျက်လုံးပြူုးသွားကြ၏။
အဆင့်နှစ် သိုင်းဘုရင် …။
ထိုသူသည် တစ်ခါတည်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။