← Chapters

အခန်း (၄၈၄)

Vol. 33 Ch. 484

အခန်း (၄၈၄)

Vol. 33 Ch. 484

ဆူညံဆူညံနှင့် ဟောင်ဖွာ ဟောင်ဖွာ လုပ်တတ်သော ဝိညာဉ်ချောင်းဂိုဏ်းမှ စတုတ္ထမြောက်အကြီးအကဲသည် ကျွင်းချောင်ရှောင်း၏ သက်တန့်ရောင်စဉ်ကျမ်းအောက်တွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ပိုင်ယွေ့ကွေနှင့် တစ်ခြားသော သူများသည် မျက်လုံးပြူးသွားမိကြ၏။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည်လည်း ဆွံ့အနေမိကြသည်။

ဤကောင်လေးသည် သိုင်းဘုရင်အဆင့်နှစ်ကျင့်ကြံသူ တစ်ယောက်အား လွယ်လွယ်ကူကူသတ်ဖြတ်ပစ်ခဲ့၏။ ထိုသို့သော လုပ်ရပ်ကို သူတို့ဆိုလျှင်ပင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဓားအော်ရာများ၏ ဖိနှိပ်မှုအောက်မှာတော့ စတုတ္ထမြောက် အကြီးအကဲသည် ရှောင်ရှားခြင်း သို့မဟုတ် ခုခံမှုကိုပင် မပြုလုပ်နိုင်ခဲ့ချေ။ တည်နေရာတွင် မတ်မတ်ရပ်ပြီး သေဆုံးခြင်းကိုသာ စောင့်မျှော်၍ အသတ်ခံခဲ့ရ၏။

ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး တောင်ပြာဂိုဏ်း၌ ဓားအော်ရာများကို ထုတ်ဖော်အသုံးပြုခဲ့သည့်အချိန်၌ သိုင်းဘုရင်တစ်ယောက်ကို မလှုပ်ရှားအောင် ထိန်းချုပ်နိုင်ခဲ့ဖူးပြီဖြစ်သည်။

လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်းတိုးတက်လာသည်နှင့်အမျှ ဓားနည်းစနစ်ကို နားလည်မှုမှာ ပိုမိုတိုးတက်လာသည်ဖြစ်သောကြောင့် အဆင့်နိမ့်သိုင်းဘုရင်များနှင့် ရင်ဆိုင်သည့်အချိန်တွင် သူ၏ ချီနယ်မြေဖိနှိပ်မှုသည် သိုင်းအုပ်စိုးသူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်၏။

ဘုတ် ….။

ဝိညာဉ်ချောင်းဂိုဏ်းမှ စတုတ္ထမြောက်အကြီးအကဲသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

"အကြီးအကဲဝမ်"

ဝိညာဉ်ချောင်း ဂိုဏ်းမှ တတိယမြောက် အကြီးအကဲသည် ကျွင်းချောင်ရှောင်းအား သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် စူးစိုက်ကြည့်လိုက်၏။

"ဒီတော့ ခင်ဗျားက မကျေနပ်ဘူးလား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လာခဲ့ …. တိုက်ခိုက်ရအောင်"

မောက်မာလှပေသည်။

ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယမြောက် အကြီးအကဲသည် အလွန်တရာ လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။ "ကောင်လေး မင်း ဝိညာဉ်ချောင်းဂိုဏ်းကလူကို သတ်ဖြတ်ပစ်ခဲ့တယ်။ဒီတော့ မင်း သေတဲ့အထိ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်တော့ဘူး။

သူသည် အလွန်တရာ ဒေါသထွက်နေသည်ဆိုသော်လည်း စိတ်ထိန်းချုပ်နိုင်သည်။

စတုတ္ထမြောက်အကြီးအကဲကို သတ်ဖြတ်နိုင်သည်ဆိုမှတော့ ဤကောင်လေးသည် အလွန်တရာ အားကောင်းလှပေလိမ့်မည်။ သူသည်စိန်ခေါ်မှုကို မျက်ကန်းတစ္စေ‌မကြောက် လက်ခံလိုက်လျှင် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် သူသည် ခြိမ်းခြောက်ရုံသာ တတ်နိုင်ခဲ့၏။

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်၍ ထူးမခြားနားသလို ပြောလိုက်သည်။ "ဒါက ထူးခြားတဲ့ကိစ္မှမဟုတ်တာ။အရင်တုန်းကလည်း သတ်ခဲ့ဖူးတာပဲ။ဘာကို ကြောက်ရမှာတလဲ"

ဝိညာဉ်ချောင်ဂိုဏ်းမှ တတိယမြောက် အကြီးအကဲသည် ဆွံ့အသွား၏။

ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အံ့အားတသင့် ပြောလိုက်သည်။ "အကြီးအကဲရွှေနဲ့ အကြီးအကဲကျွမ့်တို့ကို သတ်ပစ်ခဲ့တာ မင်းလား"

ကျွင်းချောင်ရှောင်း အံ့အားသင့်သွား၏။ "ခင်ဗျား မသိဘူးလား"

သူ၏ အထင်အရဆိုလျှင် ဝိညာဉ်ချောင်းဂိုဏ်းမှ လိုက်လံသတ်ဖြတ်မှုကို ခံရပြီးသည့်နောက်မှာတော့ သူ မည်သူဖြစ်သည်ကို သိရှိသွားခဲ့ပြီဟု ထင်သွားခဲ့သည်။ ထို့ကြောင့်ပဲ သူသည် မြို့ရိုးနံရံဆီမှ ခုန်ဆင်းလာပြီး စတုတ္ထမြောက်အကြီးအကဲကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ကြားတွင် ရန်ငြိုးက ရှိနှင့်နေပြီမဟုတ်လား။ နှစ်ယောက်ကို သတ်ပြီးမှတော့ နောက်တစ်ယောက်ကို ထပ်သတ်၍ ဘာမှ ထူးခြားလိမ့်မည် မဟုတ်ချေ။

တကယ်တမ်း ပြောရမည်ဆိုလျှင် ဝိညာဉ်ချောင်းဂိုဏ်းသည် မည်သူသတ်ဖြတ်ခဲ့သည်ကို မသိရှိပေ။ ဘိုးဘေးကြီးသည်လည်း သူ့အား မမြင်ခဲ့ရသောကြောင့် သူ မည်သူဖြစ်သည်ကို အတိအကျ မသိခဲ့ရ။

သွမ့်ရွှေဂိုဏ်းမှ တပည့်နှစ်ယောက်တို့သည်လည်း ဒေါသထွက်သွားကြသည်။

သူတို့သည် ကျွင်းချောင်ရှောင်းအား သတ်ချင်မိနေ၏။ သူတို့၏ ဂိုဏ်းသားများနှင့် အကြီးအကဲသည် ဝိညာဉ်ချောင်းဂိုဏ်းနှင့်အတူ တောင်ပြာဂိုဏ်းကို လိုက်ပါသွား၏ ။ ပြီးနောက် ဘယ်တော့မှ ပြန်မလာခဲ့တော့ချေ။ အသတ်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

သိုင်းဘုရင် သုံးယောက်တို့သည် ဒေါသတကြီးဖြင့် ကြည့်လိုက်၏။

ကျွင်းချောင်ရှောင်းသည် ရယ်ကာ ပြောလိုက်၏။ "ခင်ဗျားတို့ မကျေနပ်ဘူးလား။ဒီလိုလုပ်ရအောင်"

သူ ခဏရပ်တန့်ကာ ပြောလိုက်၏။ "ကျုပ်က အနိုင်ကျင့်တယ်လိုတော့ အပြောမခံနိုင်ဘူး။ဒီတော့ ခင်ဗျားတို သုံးယောက် တစ်ခါတည်း တက်ခဲ့ကြ။"

လူတစ်ယောက်တည်းနှင့် သိုင်းဘုရင် သုံးယောက်တို့ကို စိန်ခေါ်ခြင်းလား။ အလွန်တရာ မောက်မာလွန်းလှသည်။

"မောက်မာလိုက်တာ"

ဂိုဏ်းနှစ်ဂိုဏ်းဆီမှ အကြီးအကဲများ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် မီးဝင်းဝင်းတောက်လာကြသည်။

သိုင်းဘုရင်များဖြစ်သည်ဖို့ သူတို့ အနေနှင့် ဂျူနီယာလေးတစ်ယောက်၏ အထင်သေး ကြည့်ရှုခြင်းကို ခံနိုင်ရန် ကျိန်းသေပေါက် ခက်ခဲလှ၏။

"အကြီးအကဲကျန့် … အကြီးအကဲချောင်"

ဝိညာဉ်ချောင်ဂိုဏ်းမှ တတိယအကြီးအကဲသည် တီးတိုး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဒီလို ပြောနေပြီဆိုမှတော့ ကျုပ်တို့က အတူတူ ပူးပေါင်းပြီး တိုက်ခိုက်လို့ မရိုင်းပြလောက်ပါဘူး"

"သိပ်မှန်တာပေါ့"

သွမ့်ရွှေဂိုဏ်းမှ အကြီးအကဲကျန့်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက သုံးယောက်တစ်ယောက် တိုက်ခိုက်ချင်တယ်ဆိုမှတော့ ကျုပ်တို့ကလည်း အဆုံးထိ ပူးပေါင်းပါဝင်ပေးသင့်တာပေါ့"

ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင် အဆင့်နှစ်တစ်ယောက်ကို ချက်ချင်းပဲ သတ်ဖြတ်ပစ်နိုင်၏။

သူတို့အနေနှင့် တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရဖို့ ယုံကြည်ချက်မရှိပေ။ သို့ပေမဲ့ အတူတကွ တိုက်ခိုက်မည်ဆိုပါက အနိုင်ရရှိရန် အခွင့်အလမ်း ပိုမို မြင့်မားနေ၏။

ရွှီ … ရွှီ …. ရွှီ။

သုံးယောက်လုံးသည် ရှေ့သို့ ပျံသန်း၍ တိုက်ကွက် အခင်းအကျင်းအတိုင်း ဆင်းသက်လိုက်ကြသည်။ သူတို့သည် သူတို့၏ သိုင်းဘုရင်အဆင့် အရှိန်အဝါများကို ထုတ်‌ဖော်လိုက်တော့သည်။

ဝှစ် …။

အလွန်တရာ အားကောင်းလှသော အော်ရာများသည် တိုက်ခိုက်ရေး တည်နေရာထဲတွင် ပြည့်နက်သွား၏။

အဝေးရှိ မြို့တံတိုင်းပေါ်တွင် ရှိနေသော မြို့တော်ဝန်ရှဲ့သည်ပင် တုန်ရင်သွားသည်။

ကျန်းစွန်းဖန်းဟွာသည် အေးစက်စက် ပြောလိုက်သည်။ "တစ်ယောက်တည်းနဲ့ သိုင်းဘုရင် သုံးယောက်ကို စိန်ခေါ်တယ်။ဒီကောင်လေးက တကယ်မလွယ်ဘူးပဲ"

လန့်ရှင်းရွှဲ့က ပြောလိုက်၏။ "သူရဲ့ အားအင်က မဆိုးဘူးဆိုပေမယ့် ငယ်ရွယ်ပြီးတော့ အဆင်အခြင်မဲ့ လွန်းတယ်။"

ရှစ်ကျွန်းရွှမ်သည် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက သုံးယောက်တစ်ယောက် စိန်ခေါ်တယ်ဆိုမှတော့ သူက တကယ့်ကို လုပ်နိုင်တဲ့အရာမို့လို့လေ"

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် ငြိမ်သက်သွား၏။

ကြည့်ရသည်မှာ ခန်းမသခင်သည် ဤကောင်လေးနှင့် ပတ်သက်၍ အလွန်အမင်း အထင်ကြီးစိတ် ရှိနေပုံပင်။ ထိုလူငယ်လေး ဘာလုပ်လုပ် သူမအနေနှင့် ယုံကြည်ချက်ရှိနေသည်။

…….....

ကျင့်ကြံခြင်းအဆင့်များ နှင့် အရှိန်အဝါများကို ထုတ်ဖော်လိုက်သော သိုင်းဘုရင် သုံးယောက်နှင့် ရင်ဆိုင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်ငြိမ်သည့် ဟန်အမူအရာဖြင့် သာ ရှိနေသေး၏။

"ဒီသုံးယောက်ရဲ့ အားအင်အဆင့်က ဘာတွေလဲ"

စနစ်က ပြောလိုက်သည်။ "သိုင်းဘုရင် အဆင့်ငါးတစ်ယောက် ပြီးတော့ သိုင်းဘုရင် အဆင့်သုံးနှစ်ယောက်"

"ဒီလိုဆိုရင် သူတို့အားလုံးရဲ့ ပေါင်းခြင်းက သိုင်းဘုရင် အဆင့်ဆယ့်တစ်ပေါ့" ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။

စနစ် “….....”

တစ်ဖက်လူများ၏ ကျင့်ကြံခြင်းအဆင့်အား ထိုကဲ့သို့ ပေါင်း၍ ရသည်ဟု မည်သူသင်ပေးထားသနည်း။

"ဂိုဏ်းချုပ်ကျွင်း"

ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအကြီးအကဲသည် အေးစက်စွာ ပြောလိုက်၏။ "စကြတော့မလား"

သုံးယောက်‌ တစ်ယောက် တိုက်ခိုက်မှုအား လူပေါင်းများစွာ ကြည့်ရှုနေကြသည်။ ထို့ကြောင့် သူသည် သူ၏ နောက်ကွယ်မှ တစ်ဖက်လူများ အတင်းပြောသည်ကို ရှောင်ရှားချင်သည့်အနေဖြင့် အလွန်တရာ ဟိတ်ဟန်ကြီးမားလှသော အမူအရာ ထုတ်ဖော်နေ၏။

"စကြရအောင်"

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ "ဒီတော့ ပထမဦးဆုံးတိုက်ကွက်ကို ခင်ဗျားတို့ကို အရင်စခိုင်းလိုက်မယ်။

ဤအရာသည် အလွန်ပင် ကြီးကျယ်လွန်းလှ၏။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည်လည်း မျက်လုံးများ ချာချာလည်သွားမိသည်။

ဤလူငယ်လေးသည် အနာဂတ်တွင် ပိုမို၍ ဖင်ခေါင်းကျယ်လွန်းသော လူတစ်ယောက်ဖြစ်လာမည်ကို သူတို့စိတ်ထဲမှ ကြိတ်ကာ တွေးခဲ့မိသည်။ သို့ပေမဲ့ အနာဂတ်မှာ မဟုတ်ဘဲ ယခုပင် ဖင်ခေါင်းကျယ်လာနေသည်။

သိုင်းဘုရင် သုံးယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်‌ဖက်လူသုံးယောက်အား အရင်တိုက်ခိုက်ခွင့်ပင် ပေးနေသေး၏။

ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအကြီးအကဲ၏ မျက်နှာသည် ဒေါသတရားများနှင့် ပြည့်နက်သွားသည်။ သူသည် သွမ့်ရွှေဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့နှင့် မျက်လုံးချင်းဆုံမိချိန်မှာတော့ မိမိ၏ ကျွမ်းကျင်မှုရှိသော သိုင်းနည်းစနစ်များကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။

တည်နေရာတစ်ခုလုံးတွင် ရောင်စုံစိတ်ဝိညာဉ်အလင်းများ သည် စုဝေးလာ၏။

ဝှစ်။

စိတ်ဝိညာဉ်စွမ်းအင်များသည် စုပေါင်းလာပြီးသည့်နောက် လေ၏ လှိုင်းအလျှင်များ ဖြစ်တည်လာသည်။

သိုင်းဘုရင်သုံးယောက်တို့သည် အတူတကွ စုပေါင်း၍ တိုက်ခိုက်ရာ၌ အလွန်တရာ အားကောင်းလွန်းသည်ဟု သတ်မှတ်ရမည် ဖြစ်၏။

ရှေ့ဆုံးတန်းတွင် မတ်မတ်ရပ်လျက်ရှိသော ကျားဖြူစစ်တပ်မှ စစ်သားများ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရိပ်အယောင်များ ဖြစ်တည်လာ၏။ သူတို့အားလုံးသည် အမှတ်မထင်နောက် သို့ ခြေဆယ်လှမ်းမျှ ဆုတ်ခွာလိုက်မိကြသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုအားအင်၏ အဟုန်ကြောင့် သူတို့ဆီ သက်ရောက်ပြီး မလိုလားအပ်သည့် သေဆုံးမှုများ ဖြစ်ပေါ်လာမည်ဟု သူတို့ စိတ်ပူပန်လျက် ရှိ၏။

ရှေးယခင်တုန်းကဆိုလျင် ထိုကဲ့သို့ အင်မော်တယ်တို့၏ တိုက်ပွဲများကြားတွင် သက်ရောက်မှုကို ခံရသောကြောင့် လူပေါင်းများစွာ သေဆုံးခဲ့သည့် အခြေအနေရှိခဲ့ဖူးသည် မဟုတ်လား။

"တိုက်မယ်"

ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအကြီးအကဲက‌ အော်ဟစ်လိုက်၏။

တစ်ချိန်တည်းမှာပဲ သူသည် လှုပ်ရှားမှု နည်းစနစ်ကို သုံး၍ ရှေ့သို့ ပြေးတက်သွား၏။ သူ၏ လက်သီးများသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် အတူ လေထဲတွင် လက်သီးချက်ပေါင်းတစ်ထောင်ကျော်တို့ကို ထိုးနက်လိုက်သည်။

"ပုန်းကွယ်လက်သီး"

အထူးအဆင့် လက်သီး နည်းစနစ်။

ဝှစ် … ဝှစ်။

အလွန်တရာ များပြားလှသော လက်သီးရိပ်များအားလုံးသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းပြီး ကျွင်းချောင်ရှောင်း ဆီသို့ ကျဆင်းလာသည်။

ဝိညာဉ်ချောင်း ဂိုဏ်းမှ တတိယအကြီးအကဲ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်တည်း သွမ့်ရွှေဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့သည်လည်း လျှင်မြန်စွာပင် ရှေ့သို့ တက်လာကြသည်။ သူတို့သည် မတူညီသည့် တည်နေရာ နှစ်ခုဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ထုတ်ဖော်တိုက်ခိုက်လိုက်ကြ၏။

ကြမ်းတမ်းလွန်းသော စွမ်းအင်နှစ်ခုသည် အလင်းတန်း နှစ်ခုအဖြစ် လေထဲတွင် ဖြစ်တည်လာပြီး ဓားမော့စွမ်းအင်တွေ အဖြစ် အသွင်ပြောင်းကာ ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာသည်။

ဤအရာသည် သွမ့်ရွှေဂိုဏ်း၏ ရေဆွဲဓားမော့နည်းစနစ်ပင် ဖြစ်တော့၏။

ပုန်းကွယ်လက်သီးလောက် အဆင့်မြင့်မားခြင်း မရှိသော်လည်း အလွန်တရာ ရှားပါးလှသည့် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ပင် ဖြစ်တော့သည်။

ဘုန်း … ဘုန်း … ဘုန်း … ဘုန်း။

အလွန်တရာ များပြားလှသော လက်သီးရိပ်များနှင့် ဓားမော့အရိပ်အယောင်များအားလုံးသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းပြီး ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာ၏။

စွမ်းအင်များ အသီးသီး၏ ထိခိုက်ပေါက်ကွဲသံများအားလုံးသည် တည်နေရာတစ်ခုလုံးပင် ပျံ့နှံ့လာပြီး အားလုံးသည် နားကိုပင် အုပ်ထားလိုက်မိကြသည်။

ကြည့်ရှုနေကြသော စစ်သားများအားလုံးသည် အသက်ကို မနည်းရှုလိုက်ကြရ၏။

သူတို့အားလုံးသည်သာ ထိုကဲ့သို့သော အားအင်မျိုးကို ခုခံရမည်ဆိုပါက ကျိန်းသေပေါက် တစ်စစီ ဖြစ်သွားပေလိမ့်မည်။

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့ နှစ်ယောက်လုံးသည်လည်း ခေါင်းကို ခါယမ်းလိုက်မိ၏။

မတူညီသည့် သိုင်းနည်းစနစ်သုံးခု၏ မတူညီသည့် တည်နေရာသုံးခုမှ တိုက်ခိုက်ချက်များအား တည်နေရာတစ်ခုထဲတွင် ရပ်တန့်၍ လှုပ်ရှားခြင်း မရှိဘဲ ခုခံခြင်း။

ဤကဲ့သို့ အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ခုခံနိုင်မည်ဟု တကယ်ပင် ထင်နေသည်လား။

အဆင့်ငါးသိုင်းဘုရင်တစ်ယောက်နှင့် အဆင့်သုံး သိုင်းဘုရင်နှစ်ယောက်တို့၏ တိုက်ခိုက်ချက်များအားလုံးသည် စုစုပေါင်း အားအင် ဂျင်ခြောက်သန်းမှ ခုနစ်သန်း နီးပါးခန့်ရှိ၏။ ထို့ကြောင့် သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ပြီးနောက် တိုက်ခိုက်ရေး တည်နေရာတွင် ရှိသော လေလှိုင်းအဟုန်နှင့် ဖုန်များအားလုံးသည် ပျောက်ကွယ်သွား၏။

ကျွင်းချောင်ရှောင်း၏ ပုံရိပ်သည် ဖြည်းညှင်းစွာ ပေါ်လာခဲ့၏။

"မတ်မတ်ရပ်တုန်းပဲလား" ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့အားလုံးသည် အံအားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။

သိုင်းဘုရင်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကြမ်းတမ်းလွန်းလှပြီး ခုခံမည်ဆိုလျှင်ပင် အနောက်သို့ ခြေတစ်လှမ်းလောက် ဆုတ်သွားသင့်၏။ သို့ပေမဲ့ အဘ့ယ်ကြောင့် တစ်ချက်လေးမှ လှုပ်ရှားမှု မရှိဘဲ တည်နေရာတွင် ရပ်တန့်နေရသနည်း။

မကြာခင်မှာပဲ အားလုံးသည် ကျွင်း‌ချောင်ရှောင်း တစ်ယောက် တည်နေရာတစ်ခုထဲတွင် ရှင်းရှင်းလင်းလင်း မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်ပေါ်မှာတော့ ကြက်သွေးရောင် ချပ်ဝတ်တစ်ခုအား ဝတ်ဆင်လျက်ရှိသည်။ သူသည် အလွန်တရာ အားကောင်းလှပြီး ကြီးကျယ်ခန်းနားလွန်းသည့် အသွင်အပြင်မျိုးကို ထုတ်ဖော်လျက်ရှိသည်။

"ဒါက …"

ကျန်းစွန်းဖန်းဟွာနှင့် လန်းရှင်းရွှဲ့တို့အားလုံးသည် လန့်သွားရ၏။

သူတို့သည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ် ချပ်ဝတ်ကို ကိုင်ကြည့်လိုက်ကြပြီး ဤအရာသည် ရတနာတစ်ခုလား သို့မဟုတ် ရိုးရိုး ဝတ်စုံလား ဆိုသည်ကို မသဲကွဲကြချေ။

All Chapters