အခန်း (၄၈၆)
Vol. 33 Ch. 486
သံချပ်ကာ ဝံပုလွေတပ်သားများသည် လွန်ခဲ့သည့် သုံးလတုန်းကလိုပင် လူတစ်ထောင်ကျော်သာ ရှိနေသေး၏။ သို့ပေမဲ့ ၎င်းတို့၏ အားအင်အဆင့်များမှာတော့ သိသိသာသာ တိုးတက်လာခဲ့သည်။ အားလုံးသည် သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်လို့နေ၏။
ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံတော်တော်များများ သုံးခဲ့ရ၏။
သူ့အနေနှင့် မိုင်းတွင်းမှ ထွက်ရှိသမျှသော သဘာဝ ကျောက်တုံးများအားလုံးကို ထုတ်ယူ၍ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များ တိုးတက်စေရန် ကူညီပေးခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးများ၏ အကူအညီနှင့် သူတို့အားလုံးသည် ရက်အနည်းငယ်အတွင်း ပိုမိုမြင့်မားသည့် အဆင့်အတွင်းသို့ ကျင့်ကြံနိုင်ခဲ့ကြသည်။
သံချပ်ကာ ဝံပုလွေ အဖွဲ့ တပ်သားများအားလုံးသည် လက်ရှိအချိန်မှာတော့ သိုင်းဆရာအဆင့် ကျင့်ကြံသူများ ဖြစ်လို့နေ၏။
အရင်းအမြစ်များကို အသုံးပြုပြီးသည့်နောက်မှာတော့ သူတို့အားလုံးသည် လွယ်လွယ်ကူကူနှင့် အဆင့် ချိုးဖြတ်နိုင်ခဲ့ကြသည်။
တောက်ယွမ် သေချာလေ့ကျင့်ပေးထားသော သံချပ်ကာ မြင်းတပ်ကြီးကိုပင် ၎င်းတို့သည် အရင်က ဖိနှိပ်နိုင်ခဲ့သည်။ လက်ရှိ သံချပ်ကာ ဝံပုလွေ တပ်သားများ၏ အားအင်အဆင့်သည် တိုးတက်လာခဲ့သည်ဖြစ်သောကြောင့် ကျားဖြူ တပ်မှ သံချပ်ကာ မြင်းတပ် ငါးသောင်းကျော်တို့ ကို တိုက်ခိုက်ရန်ဆိုသည်မှာ သဘာဝအားဖြင့် လွယ်ကူနေ၏။
ထိုတင် မဟုတ်သေးချေ။
ကျုံးရီသည် ရှေ့ဆုံးမှ ဦးဆောင်၍ သွားလျက်ရှိသည်။ သူသည် ပြိုင်ဘက်ကင်း ဓားတစ်စင်းလိုပဲ သွားရာနေရာတိုင်းတွင် လူများကို သတ်ဖြတ်ခဲ့သည်။ ရန်သူများအား အသက်ရှင်သန်ရန် အခွင့်အရေး မပေးခဲ့ပေ။
ထို့အပြင့် သံချပ်ကာမြင်းတပ်များသည် ၎င်းတို့အား ဝန်းရံပိတ်ဆို့ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်တည်း လူသုံးလေးထောင်တို့သည် တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ကျားဖြူတပ်သားများသည် အလွန်တရာ ကြိုးစား၍ တိုက်ခိုက်ခဲ့ကြသည်။ သို့ပေမဲ့ သံချပ်ကာ ဝံပုလွေ တပ်သားများပေါ်တွင် ရှိသော ချပ်ဝတ်များသည် အလွန်ပင် အားကောင်းလှသောကြောင့် သူတို့အနေနှင့် ထိုးခုတ်၍ မရနိုင်ချေ။
"တက်"
ကျုံးရီသည် ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။
အာဝူး … အာဝူး
ဟာရီကိန်းဝံပုလွေများသည် အမြန်ဆုံးနှုန်းဖြင့် ပြေးလာခဲ့ကြသည်။ ချင်းယန်နိုင်ငံ၏ တိုက်ခိုက်ရေးတည်နေရာထဲမှာတော့ သူတို့အားလုံးသည် လူတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုး ဗျာဟာခင်း၍ တိုက်ခိုက်လျက်ရှိနေ၏။
ဆွီ
သံချပ်ကာ မြင်းတပ်မှ စစ်သားတစ်ယောက်၏ ရင်ဘက်တွင် လှံတစ်ချောင်း ထိုးစိုက်သွားခဲ့သည်။ ထိုသူသည် မြင်းပေါ်မှ ကျကျချင်းမှာပဲ ဟာရီကိန်း ဝံပုလွေများသည် သူ့အား နင်းဖြတ်သွားသည်။
"သတ် သတ်"
သံချပ်ကာ ဝံပုလွေတပ်သားများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့သည် လက်ထဲရှိ လှံများအား ကိုင်၍ စစ်သားများအား တစ်ယောက်ပြီးတစ်ယောက် ထိုးခုတ်သတ်ဖြတ်လျက်ရှိနေကြတော့သည်။
ထိုအချိန်မှာတော့ တိုက်ခိုက်ရေးတည်နေရာထဲမှာ အသက်ဟူသည် တန်ဖိုး မဲ့နေ၏။
အချိန်အနည်းငယ် ကြာပြီးသည့် နောက်မှာတော့ သံချပ်ကာ မြင်းတပ် တစ်သောင်းကျော်တို့သည် ဝံပုလွေတပ် ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။ အားလုံး၏ မျက်လုံးများထဲတွက်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နက် သွားရသည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ဟာရီကိန်းဝံပုလွေကို စီးနင်းထားပြီး အလွန်တရာ မာကျော၍ ခိုင်ခံသော ချပ်ဝတ်များကိုလည်း ဝတ်ဆင်ထားကြသည်။ ထိုသူတို့အားလုံးသည် ငရဲပြည်မှ ရောက်ရှိလာသော နတ်ဆိုးများကဲ့သို့ ဆင်တူနေ၏။
ပို၍ ဆိုးရွားစရာ ရှိသေး၏။
သံချပ်ကာ ဝံပုလွေတပ်သားများသည် ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသည်ဆိုသော်လည်း မျှော်စင်၏ ထိပ်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက်အား ရှင်းပစ်နေသော ရှောင်ကျီလည်း ရှိနေသေး၏။
ရှောင်ကျီသည် သေနတ်တစ်ချက် ပစ်လွှတ်လိုက်သည်နှင့် အသက်တစ်သက်အား နှုတ်ယူပြီး ဖြစ်နေသည်။
အခြားသော မျှော်စင်တစ်ဖက်မှာတော့ လီထျန်းထျန်းရှိနေပြီး ၎င်းသည်လည်း သေနတ်နှင့် ဆက်တိုက်ဆိုသလို ပစ်ခတ်နေသည်။ သူ၏ စွမ်းဆောင်ရည်မှာ အနည်းငယ်ဆိုးရွားလှသည်ဆိုသော်လည်း ကိုယ့်လူကိုယ် မှန်အောင်တော့ မပစ်တော့ချေ။
ပိုင်ယွေ့ကွေ၏ အမူအရာသည် အလွန်ပျက်ရွင်းနေ၏။
သံချပ်ကာ ဝံပုလွေတပ်သားများသည် အလွန်တရာ အားကောင်းလှ၏။ ၎င်းတို့၏သံချပ်ကာ မြင်းတပ်ကြီးသည် တစ်ချက်ကလေးမှ ပြန်လည်မတိုက်ခိုက်နိုင်ဘဲ ဖိနှိပ်ခံနေရသည်။
ရွှီ
တိုက်ပွဲအလံသည် ဝှေ့ယမ်းသွား၏။
ကျန်ရှိနေကြသောခြေလျင်တပ်သားငါးသောင်းကျော်တို့သည် ရှေ့သို့ တိုးလာကြသည်။
ထိုကဲ့သို့သော သံချပ်ကာ ဝံပုလွေတပ်သားများကို ရင်ဆိုင်သည့်နေရာမှာတော့ အရေအတွက်နှင့် ဖိနှိပ်မှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် အနိုင်ယူနိုင်ပေလိမ့်မည်။
"တပည့်တို့ … အမိန့်ကို နားထောင်ကြ"
ကျွင်းချောင်ရှောင်းသည် မြို့၏ မြို့တံတိုင်းပေါ်တွင် အသာအော်လိုက်၏။ "ထွက်ပြီးတော့ ရန်သူတွေနဲ့ တိုက်တော့"
"ကောင်းပါပြီ"
စုရှောင်မိုနှင့် လီဖေးတို့သည် တိမ် ခြေလှမ်းကိုအသုံးပြု၍ မြို့၏ မြို့တံတိုင်းပေါ်မှ ခုန်ချလိုက်တော့သည်။ ပြီးနောက် သူတို့သည် တိုက်ခိုက်ရေး တည်နေရာဆီသို့ ပြေးသွားကြသည်။
သူတို့နှစ်ယောက်သည် ဤကဲ့သို့ လှုပ်ရှားနိုင်ရန် အချိန်အတော်ကြာကတည်းက စောင့်စားနေခဲ့ခြင်းပင် ဖြစ်တော့သည်။ ကံဆိုးလှစွာဖြင့် ဂိုဏ်းချုပ်သည် သူတို့အား အမိန့်မပေးခဲ့ချေ။
သူတို့သည် ကျုံးရီတစ်ယောက် သူ၏ တပည့်များကို ဦးဆောင်၍ အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်ကိုသာ ကြိုတ်မနိုင်ခဲမရ ကြည့်နေခဲ့ကြတော့သည်။ ယခု တိုက်ခိုက်ရန် ခွင့်ပြုချက်ရလိုက်သောကြောင့် သူတို့သည် လှောင်အိမ်ထဲမှ လွှတ်လိုက်သည့် ခွေးများကဲ့သို့ပင် ရှိရှိသမျှကို ကိုက်ခဲသတ်ဖြတ်လျက်ရှိတော့သည်။
လုံကျိရန်၊ စီမာကျုံးတနှင့် တစ်ခြားသော သူများသည်လည်း တိုက်ခိုက်ရေး တည်နေရာထဲသို့ ပြေးဝင်လာကြတော့၏။
ရုတ်တရက်ဆိုသလိုပဲ လူနှစ်ထောင်လောက်ရှိသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် တိုက်ပွဲ တည်နေရာထဲသို့ ပြေးဝင်သွားကြသည်။ သူတို့အားလုံးသည် ရှိရှိသမျှသော အားအင်များကို ထုတ်ဖော်၍ တိုက်ခိုက်နေကြသည်။
ထိုအချင်းအရာကို မြင်တော့ ကျန်းစွန်းဖန်းဟွာသည် မယုံကြည့်နိုင်ဟန်ဖြင့် ပြောလိုက်မိသည်။ "အားလုံးက သိုင်းဆရာ ထိပ်ဆုံး အဆင့်တွေပဲ။"
လန့်ရှင်းရွှဲ့သည်လည်း မျက်လုံးပြူးသွားမိသည်။ "ဒါက … ဒါက… အဆင့်ခုနစ်ဂိုဏ်းတစ်ခု ဟုတ်ရဲ့လား"
"အားနာပါတယ်"
သူမ၏ ဘေးနားတွင် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းက အခု အဆင့်ခုနစ်ဂိုဏ်းတစ်ခု မဟုတ်တော့ပါဘူး။ အဆင့်ခြောက် ဂိုဏ်းတစ်ခုပါ”
“……....." လန့်ရှင်းရွှဲ့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
အဆင့်ခြောက်ဂိုဏ်းတစ်ခုဆိုလျှင်ပင် သိုင်းဆရာ ထိပ်ဆုံးအဆင့် နှစ်ထောင်ကျော်တို့ကို ထုတ်ကာ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရန်သူတွေ ကြားထဲသို့ ဝင်ရောက်တိုက်ခိုက်နေသော တပည့်တို့သည် သိုင်းစစ်သူကြီး အဆင့်ခြောက်နှင့် အဆင့်ငါးတို့လည်း ပါဝင်နေ၏။
လွန်ခဲ့သည့် ရက်ကိုးဆယ် ကတည်းက သံမဏိအရိုးဂိုဏ်းတပည့်များသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် ဘယ်လောက်များများကို စုပ်ယူခဲ့ကြောင်းသာ သူမ သိမည်ဆိုလျှင် ဤအဆင့်သို့ရောက်ရှိခြင်း အတွက် အံ့အားသင့်နေလိမ့်မည် မဟုတ်ချေ။
...
ရွှီ
စုရှောင်မိုနှင့် လီဖေးတို့သည် ၎င်းတို့၏ အမြန်ဆုံးကို အသုံးပြု၍ ရန်သူများဆီသို့ တိုးဝင်၍ လက်ထဲရှိ အအေးဓားများဖြင့် သတ်ဖြတ်ပစ်လျက်ရှိသည်။
ရန်သူစစ်သားများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျနေကြ၏။
သူတို့အားလုံးသည် ခွေးရူးများကဲ့သို့ပင် ဖြစ်သည်။ မြင်မြင်သမျှအားလုံးအား အညှာအတာကင်းမဲ့စွာဖြင့် ကိုက်ခဲ သတ်ဖြတ်နေ၏။
သံမဏိအရိုးဂိုဏ်း၏ ဒုတိယမြောက် တင့်ကားဟု သတ်မှတ်ထားသော လီယုဟွာ မှာတော့ သံမဏိဒိုင်းကာ ကို ထုတ်ယူကာ ရှိရှိသမျှသော ရန်သူစစ်သားများအားလုံးကို တွန်းဝင်သတ်ဖြတ်နေသည်။
လုံကျိရန်မှာတော့ သူ၏ လက်ထဲမှာတော့ လှံနှင့် ထိုး၍ သတ်ဖြတ်၏။ အလင်းတန်းတစ်ခု ဖြတ်ပြေးပြီးနောက်မှာတော့ လှံသည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှား သွားလာရင်း ပတ်ဝန်းကျင်ရှိ ရန်သူစစ်သားများအားလုံးကို အညှာအတားကင်းမဲ့စွာဖြင့် သတ်ဖြတ်နိုင်နေ၏။
သံမဏိအရိုးဂိုဏ်းထဲတွင် မြင်ရခဲလေ့ရှိသော စီမာကျုံးတနှင့် စွေ့ပုကျန့်တို့သည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေး စွမ်းအင်များကို ထုတ်ဖော်ပြသလျက်ရှိသည်။
ခြေလျင်တပ်သားငါးသောင်းကျော်တို့သည် သံမဏိအရိုးဂိုဏ်းတပည့် နှစ်ထောင်ကျော်တို့၏ တိုက်ခိုက်မှုတို့ကြောင့် ချက်ချင်းဆိုသလိုပဲ ရပ်တန့်သွားခဲ့၏။
ဘန်း ဘန်း
လခြမ်းဓားကွက်၏ အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ အလွန်တရာများပြားလှသော စွမ်းအင်လှိုင်းများသည် တစ်နေရာတည်းမှာပဲ ပေါက်ကွဲထွက်လာသည်။
ကြမ်းတမ်းလှသော သံမဏိအရိုးဂိုဏ်းရှေ့မှာတော့ ကျားဖြူတပ်သားများအားလုံးသည် ခုတ်ဖြတ်ခံနေရသည့် မြက်ပင်များကဲ့သို့ပင် ဖြစ်နေ၏။
ပိုင်ယွေ့ကွေ၏ အမူအရာမှာ ပိုမို၍ ဆိုးရွားလာသည်။
နောက်ဆုံးမှာတော့ သူသည် တိုက်ပွဲအလှံကို ထပ်မံ၍ လှုပ်ရှားပြီး နောက်ထပ် စစ်သည်အင်အား ငါးသောင်းကျော်ကို ထပ်မံ ဖြည့်သွင်းလိုက်တော့သည်။
"မင်းတို့က အားကောင်းလွန်းတယ်။ဒါပေမဲ့ လူသားလှိုင်းကြီးလာပြီဆိုရင် မင်းတို့က ဘာတတ်နိုင်မှာလဲ"
"ဂိုဏ်းချုပ်"
ရွဲရမ်ကွေ့ မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "မကောင်းတော့ဘူး"
သံမဏိအရိုးဂိုဏ်းတပည့်များသည် အားနည်းလှသည်မဟုတ်ပေ။ သို့ပေမဲ့ အလွန်တရာ များပြားလှသော အရေအတွက် ကို ယှဉ်ပြိုင်တိုက်ခိုက်ရန်တော့ မဖြစ်နိုင်ပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူတို့ကို နောက်ဆုတ်ဖို့ ပြောလိုက်"
ဝှစ်။
တိုက်ပွဲအလှံသည် ဝှေ့ယမ်းသွား၏။
ကျူံးရီသည် အမိန့်ကို ရရှိပြီးသည့်နောက် ချက်ချင်းပဲ အော်ဟစ်လိုက်သည်။ "နောက်ဆုတ်မယ်"
ဝှစ်။
သံချပ်ကာ ဝံပုလွေတပ်သားအဖွဲ့များအားလုံးသည် တစ်ချက်လေးမှ ကြောက်ရွံ့စိတ်မရှိကြပေ။ ဟာရီကိန်းဝံပုလွေကြီးကိုစီးနင်းကာ မြို့ထဲသို့ပြန်ဝင်လာကြသည်။
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသူများအားလုံးသည်လည်း စစ်သားတော်တော်များများကို သတ်ဖြတ်ပစ်ပြီးသည့်နောက် ချင်းယန်မြို့ဆီသို့ ပြန်လာခဲ့၏။
မကြာခင်မှာပဲ တိုက်ပွဲတည်နေရာထဲမှာတော့ ကျားဖြူ တပ်မှ စစ်သားများသည်သာ ကျန်ခဲ့တော့သည်။
မြေပေါ်တွင် အလောင်းများရှိနေကြပြီး အနည်းဆုံး လူနှစ်သောင်းလောက်က သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ထိုအချင်းအရာ သည် အချိန်တို ကာလအတွင်းတွင် ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ အလွန်တရာ အားကောင်းလှသော ခန္ဓာကိုယ် အားအင်နှင့် ပြည့်စုံစွာ တပ်ဆင်ထားကြသော လက်နက်များကြောင့် တစ်ယောက်မှ မသေဆုံးကြပေ။
ဟုတ်ပေသည်။ တစ်စုံတစ်ယောက်မှာတော့ ဒဏ်ရာ ရရှိခဲ့၏။
"ချီးတဲ့မှ"
လီယုဟွာ သည် မြိုထဲသို့ ပြန်ရောက်ပြီးနောက်မှာတော့ ပြောလိုက်သည်။ "နာတော့ နာတာပေါ့"
သူ၏ ကျောဘက်ရှိ အဝတ်အစားများသည် စုတ်ပြဲလျက်ရှိနေသည်။ အတွင်းတွင် ဝတ်ဆင်ထားသော ပိုးချည်ချပ်ဝတ်က ရှိနေ၍ တော်သေးသည်။
ဟူး။
စီမာကျုံးတသည် သက်ပြင်းကို ချကာ ပြောလိုက်သည်။ "ကံကောင်းလို့ ဂိုဏ်းချုပ်က ငါ့တို့ကို အချိန်မီ နောက်ဆုတ်ခိုင်းခဲ့တာ။ မဟုတ်ရင် ငါတို့ အဝိုင်းခံထားရပြီ။ ဒါဆိုရင် ချက်ချင်း မသေဘူးဆိုရင်တောင်မှ နောက်ပိုင်းမှာ အားကုန်ပြီး သေသွားနိုင်တယ်။"
ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ရှင်းရဲ့ တပည့်တွေက အရမ်းအားကောင်းတာပဲ။ဒါပေမဲ့ ချင်းယန်မြို့ကို ကာကွယ်ဖို့အတွက်က မျှော်လင့်ချက် မရှိတော့ဘူးနဲ့ တူတယ်"
ဤအရာသည် သံမဏိအရိုးဂိုဏ်းကို အထင်သေး၍ ပြောဆိုသော စကားမဟုတ်ပေ။ အမှန်တရားသာ ဖြစ်၏။
တပည့်တစ်ထောင်ကျော်သည် အားအနည်းဆုံးမှာ သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်သည် ဆိုလျှင်တောင်မှ အလွန်တရာ များပြားလှပြီး လူသုံးသိန်းခန့်ရှိသော စစ်သည်များအား မည်ကဲ့သို့ တိုက်ခိုက်မည်နည်း။
မြို့တော်ဝန်ရှဲ့သည်လည်း အနည်းငယ် စိတ်ပူသွား၏။
သံမဏိအရိုးဂိုဏ်းတပည့်များသည် အစောကတည်းက ပြေးဝင်တိုက်ခိုက်ရင်း မောပန်းနေကြပြီဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်းသည်မှာသာ ဒုတိယအစီအစဉ်မရှိပါက ရန်သူများကို အဘယ်သို့ ဆက်၍ တိုက်ခိုက်မည်နည်း။
"စိတ်မပူနဲ့"
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်သည်။ "ပွဲက အခုမှစတာ"
ရှောင်ကျီသည် မျှော်စင်ပေါ်မှ ခုန်ချလိုက်၏။ ပြီးနောက် တိမ်ခြေလှမ်းကို အသုံးပြု၍ အနောက်ဘက်ဆီသို့ လျှောက်သွားတော့သည်။
အချိန်အနည်းငယ်လောက်ကြာပြီးသည့်နောက်မှာတော့ သူသည် အပြင်ဘက်တောင်ဂမူ တစ်ခုပေါ်တွင် ရပ်လိုက်၏။
ပြီးနောက် ချုံနွယ်မြက်ပင်များအား ဖယ်ရှားပြီးသည့်နောက်မှာတော့ တည်နေရာတွင် လက်နက်ကြီးတစ်ခု ပေါ်လာတော့သည်။
သူသည် သေနတ်ပြောင်းဝကြီးအား ရန်သူများဘက်သို့ အသာလှည့်ကာ အသံပို့လွှတ်လိုက်၏။ "ဂိုဏ်းချုပ် အဆင်သင့်ပဲ"
ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မပြောပေ။
သူ၏ မျက်လုံးများသည် မြို့၏ အပြင်ဘက်ဆီသို့ ရောက်ရှိနေကြသည်။
ကျားပဖြူစစ်တပ်မှ စစ်သည် တစ်သိန်းတို့သည် အရှေ့သို့ ချီတက်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ ရှေ့မှာတော့ စစ်ရထားများသည် နေရာယူလျက်ရှိ၏။
ထိုကဲ့သို့သော လူစာရင်းကို ရင်ဆိုင်ရချိန်မှာတော့ လုံလောက်သည့် စစ်သားများ မရှိပါက ထိတ်တိုက်ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ဝှစ်။
တပ်မမှူးတစ်ယောက်သည် တိုက်ပွဲအလံကို မြှောက်ကာ အော်လိုက်သည်။ "တိုက်ခိုက်ကြ"
"ပစ်"
ဒီအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အသံကို ပို့လွှတ်လိုက်တော့သည်။
အမြှောက်၏ ရှေ့တွင် ရပ်လျက်ရှိသော ရှောင်ကျီသည် အနီရောင် ခလုတ်ကို နှိပ်ချလိုက်တော့သည်။ အမြှောက်၏ ပြောင်းဝဆီမှ မီးတောက်များ ထွက်ပေါ်လာပြီး မီးခိုး မီးငွေ့များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ဘုန်း
နားကွဲလောက်အောင် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
ချင်းယန်မြို့၏ မြို့တံတိုင်းကြီးတစ်ခုလုံးပင် တုန်ရင်သွား၏။ မြို့ထဲတွင် ရှိသော အဆောက်အဦ များသည် ငလျင်လှုပ်သလိုမျိုး တုန်ခါသွား၏။ တစ်ချို့မခိုင်ခံ့သည့် အဆောက်အဦ များဆိုလျှင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့၏ အမူအရာများသည် ပြောင်းလဲသွား၏။
တစ်ပြိုင်နက်ထဲမှပဲ သူတို့သည် မြင်ကွင်းတွင် ဖြစ်ပေါ်လာသော အလင်းတန်းများအား လှမ်းကြည့်လိုက်၏။ ထိုအလင်းတန်းများသည် ကျန်းယန်နိုင်ငံ၏ စစ်တပ်အလယ်တည့်တည့်ဆီသို့ ကျရောက်သွားတော့သည်။
ဘုန်း။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် ဖုန်များ အလိမ့်လိမ့်နှင့် ဖြစ်ကုန်တော့၏။
ဝှစ် ဝှစ် ။
အလွန်တရာ အားကောင်းလှသော လေပြင်းများ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ဖုန်များသည် လွင့်စင်သွားခဲ့၏။
မြောင်ဟွာခန်းမ၏ အကြီးအကဲနှင့် တပည့်များအားလုံးသည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်မိနေ၏။ တစ်ချို့သော လူများဆိုလျှင် နားများ အူထွက်လျက်ရှိနေသည်။
ပိုင်ယွေ့ကွေ့၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ပေါက်ကွဲမှုနှင့် အလွန်နီးကပ်သည့်နေရာတွင် ရှိနေသောကြောင့်ဖြစ်၏။
သူ၏ မြင်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ခါချခဲ့၏။ ထို့ကြောင့် သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျလျက်ရှိနေသည်။
သူ၏မျက်လုံးထဲမှာတော့ ကြောက်လန့်မှုများနှင့် ပြည့်နက်လျက်ရှိသည်။ "ဒါ … ဒါ ဘာကြီးလဲ"
ဤအရာသည် အမြှောက်သာ ဖြစ်၏။