အခန်း (၄၈၈)
Vol. 33 Ch. 488
ဘယ်မှ ညာသို့လျှင် စိတ်ဝိညာဉ်ပဲစေ့ စစ်သားပေါင်း စုစုပေါင်း တစ်သိန်း ရှိလို့နေ၏။ ထိုသူတို့ အားလုံးသည် ရှေ့သို့ လမ်းလျှောက်လာရင်း ဂိုဏ်းချုပ်၏ ဝိသေသများကို အော်ဟစ်ကာ ကြုံးဝါးလျက်ရှိ၏။ သူတို့၏ အသံများသည် လေထုထဲတွင် ပျံ့နှံ့၍ ပဲ့တင်ထပ်လျက် ရှိနေတော့သည်။
သို့ပေမဲ့ ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးကို ပေါင်းစည်း နိုင်ဖို့ ဆိုသည်မှာ အလွန်တရာ မောက်မာလှသည့် စကားဟု ဆိုရမည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် မျက်လုံးများ ချာချာလည်သွားကြ၏။ အဆင့်ခြောက်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို စုစည်းစေမည်ဆိုသော ရည်မှန်းချက် ရှိလို့နေသည်။ ၎င်း၏ဦးနှောက်သည် မြင်းကန်ခံရထားခြင်းပင် ဖြစ်ပေလိမ့်မည်။
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို စည်းလုံးစေချင်တာလား၊ တကယ့်ကို ကြီးမားတဲ့ ရည်ရွယ်ချက်ပဲ”
သူမသည် မျက်စိရောဂါကို ခံစားနေရသည်ဖြစ်သောကြောင့် စစ်သားများ၏ အရှိန်အဟုန်ကို ကောင်းစွာ မမြင်ရပေ။ သို့ပေမဲ့ ထိုစစ်သားများထံမှ ထွက်ပေါ်နေသော အော်ရာနှင့် အရှိန်အဝါများသည် အလွန်တရာ အားကောင်းလှ ကြောင်းကို ခံစားသိမြင်နိုင်၏။
“လူသားတို့”
မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို လေးဆယ့်ငါးဒီဂရီ မော့၍ ဂုဏ်ယူစွာ ပြောလိုက်၏။ “ကျုပ်တို့ဆီမှာ ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်၊ ဒါက အတူတူ ကြိုးစားပြီးတော့ အလုပ်လုပ်ကြဖို့ပဲ”
သူသာ လူသားတို့အား ထိုကဲ့သို့ ဆွဲဆောင်နိုင်သော အရည်အချင်း ရှိနေသည် ဆိုပါက အဘယ်သို့ တစ်ယောက်တည်းဖြစ်နေမည်နည်း။ ကောင်မလေး တစ်ယောက်ယောက် ဘေးနားတွင် ရှိနေပေလိမ့်မည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် အထင်အမြင်သေးသလို ကြည့်မိလိုက်ကြ၏။ လူသားတိုင်းတွင် ရည်မှန်းချက်ဆိုတာ ရှိသည်။ သို့ပေမဲ့ တချို့သောရည်မှန်းချက်များသည် နေ့အခါ အိမ်မက်မက်သလို ယောင်ဝါးဝါး နှင့်ပင် ပျောက်ကွယ်သွားတတ်ကြ၏။
..........
တိုက်ပွဲတည်နေရာထဲမှာတော့ စိတ်ဝိညာဉ်ပဲစေ့စစ်သားပေါင်း တစ်သိန်းတို့၏ အသံများသည် ပျံ့နှံ့သွားခဲ့ကြပြီဖြစ်သည်။
၎င်းတို့သည် သံပြိုင်အော်ဟစ်နေကြပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။ ချက်ချင်းဆိုသလိုပင် ကျားဖြူတပ်မှာရှိသော စစ်သားများတို့သည် နှလုံးသားများ တုန်ခါသွားသည်ထိ ထိတ်လန့်တုန်လှုပ်နေမိကြ၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် စောနက ပစ်ခတ်လိုက်သည့် အမြှောက်ကို ခံယူပြီးသည့်နောက်မှာတော့ အားလုံးသည် စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓာတ်များ ကျဆင်းနေပြီ ဖြစ်ကြသည်။
ပိုင်ယွေ့ကွေသည်လည်း အားလုံး၏ စိတ်ဓာတ်များသည် ကျဆင်းနေမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ကျိန်းသေကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ သူသည် ခက်ခက်ခဲခဲနှင့် မြင်းပေါ်သို့ လှမ်းတက်လိုက်ပြီး အော်လိုက်၏။
“နောက်ဆုတ်မယ်”
ကျားဖြူစစ်တပ်မှ စစ်သားများအားလုံးသည် တိုက်ခိုက်ချင်စိတ် မရှိကြတော့ပေ။ အမိန့်ကို ကြားပြီးသည့်နောက်မှာ တော့ အလျင်အမြန်ပဲ ချက်ချင်းလှည့်၍ ထွက်ပြေးကြတော့သည်။
“သူတို့တွေ ထွက်ပြေးကုန်ပြီ၊ ထွက်ပြေးကုန်ပြီ”
မြို့တော်ဝင်ရှဲ့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ စစ်သည်သုံးသိန်းတို့၏ တိုက်ခိုက်မှုကို ခံရချိန်၌ သူသည် မြို့ထဲ၌ သေဆုံးသွားဖို့အထိပင် တွေးတောထားပြီး ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူမှာ အမှန်တကယ်ပင် နောက်သို့ ဆုတ်သွားကြ၏။ ဤအရာသည် အလွန်တရာ စိတ်ကျေနပ်ဖို့ကောင်းသော ရလဒ်ပင်ဖြစ်တော့သည်။
“မင်းတို့လာချင်တိုင်းလာပြီး ထွက်ချင်တိုင်း ထွက်သွားလို့ရအောင် ချင်းယန်မြို့ကို ဈေးတစ်ခုလို့ ထင်နေတာလား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးနောက် ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်ပဲစေ့ စစ်သားများကို ထိန်းချုပ်ကာ တိမ်ခြေလှမ်းကို အသုံးပြု၍ ဆုတ်ခွာထွက်ပြေးသွားသောသူများကို တားဆီးလိုက်ကြတော့သည်။
ကောင်းကင်ယံမှကြည့်မည်ဆိုလျှင် စိတ်ဝိညာဉ်ပဲစေ့ စစ်သားများအားလုံးသည် ကြီးမားသည့် ပိုက်ကွန်ကြီး ကဲ့သို့ ကျားဖြူစစ်တပ်မှ လူများအားလုံးကို ဝိုင်းပတ်ကာ ပိတ်ဆို့ထား၏။ ကျားဖြူစစ်တပ်မှလူများသည် ဆုတ်ခွာ ထွက်ပြေးချင်သည်ဆိုလျှင် အားလုံးကို သတ်ဖြတ်ပြီးမှ ထွက်ခွာသွားနိုင်ပေလိမ့်မည်။
“ဟောခန်းသခင်ရွှဲ့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “သံချပ်ကာဝံပုလွေတပ်သားတွေကို ပိတ်ဆို့ဖို့အတွက် အမိန့်ပေးလိုက်ပါ။
“ကောင်းပါပြီ”
ရွှီ
ရွှဲရမ်ကွေ့သည် သူ၏တိုက်ပွဲအလံအား ဝှေ့ယမ်းလိုက်၏။
ကျိုးဟုန်သည် သံချပ်ကာဝံပုလွေတပ်သား တစ်ထောင်ကို ဦးဆောင်၍ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် အရှေ့သို့ ပြေးတက်သွားလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီမှာ ရပ်မနေကြနဲ့”
“ကောင်းပါပြီ”
စုရှောင်မို၊ လီဖေးနှင့် တခြားသော တပည့်များအားလုံးသည် မြို့ရိုးနံရံဆီမှ ခုန်ချ၍ သွားခဲ့ကြသည်။
ချက်ချင်း ဆိုသလိုပဲ မြင်ကွင်းထဲတွင် ကျားဖြူစစ်တပ်မှ စစ်သည်များအားလုံးကို စိတ်ဝိညာဉ်ပဲစေ့ စစ်သည်တစ်သိန်းကျော်က ဝိုင်းပတ်ထား၏။ ထိုအရာ၏ အပြင်ဘက်မှာတော့ သံချပ်ကာဝံပုလွေတပ်သား တစ်ထောင်ကျော်နှင့် သံမဏိအရိုးဂိုဏ်း တပည့်များက အပြင်စည်းဝိုင်းအဖြစ် ရှိလို့နေ၏။
ကျွင်းချောင်ရှောင်း၏ အဓိပ္ပာယ်မှာ ရိုးရှင်းလှ၏။ မိုင်တစ်ထောင်အကွာအဝေးဆီမှ ချင်းယန်မြို့ဆီသို့ တကူးတက လာရောက်လည်ပတ်ကြသူများဖြစ်သည်မို့ ကောင်းကောင်းမွန်မွန် ပြန်လည်ပြုစုရပေလိမ့်မည်။
….....
“စစ်သူကြီး၊ ကျုပ်တို့ အဝိုင်းခံလိုက်ရပြီ”
စစ်တပ်ထဲတွင်ရှိသော တပ်မမှူးတစ်ယောက်က စိတ်မချမ်းသာစွာဖြင့် ပြောလိုက်၏။
ပိုင်ယွေ့ကွေသည် လေးလေး နက်နက်ပြောလိုက်သည်။ “ဖောက်ထွက်ရအောင်”
“ကောင်းပါပြီ”
တပ်မမှူးများအားလုံးသည် ချက်ချင်းဆိုသလိုပင် သူတို့၏ တပ်ဖွဲ့များအားလုံးကို လှုပ်ရှားစေကာ တည်နေရာ တစ်ခုတည်းကို ထိုးထွင်း၍ ထွက်ပြေးရန် ပြင်ဆင်ကြတော့၏။ သို့ပေမဲ့ အပြင်ဘက်တွင် ဝိုင်းပိတ်ထားကြသော စိတ်ဝိညာဉ်ပဲစေ့ စစ်သားများ၏ အားအင်မှာ အလွန်တရာအားကောင်းနေ၏။ ထိုသူတို့သည် လခြမ်းဓားကွက် များကို အဆက်မပြတ် ထုတ်ဖော်နေ၏။ တစ်ကြိမ်အသုံးပြုပြီးသည်နှင့် တပြိုင်နက် စစ်သားတစ်သောင်းကျော် တို့သည် တစ်ခါတည်း သေဆုံးသွားကြသည်။
ချီးတဲ့မှ ….
အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေသော စုရှောင်မိုသည် ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်တုန်လှုပ်နေမိ၏။ ဤကဲ့သို့သော များပြားလှသည့်လူများ လခြမ်းဓားကွက်ကို တပြိုင်နက်တည်း ထုတ်ဖော်သည့် မြင်ကွင်းက သူတို့အားလုံးကိုပင် ထိတ်လန့် တုန်လှုပ်စေ၏။
ရွှီး ရွှီး
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ပဲစေ့စစ်သားများကို ထိမ်းချုပ်၍ ဆက်တိုက်ဆိုသလို လခြမ်းဓားကွက်ကို ထုတ်ဖော်အသုံးပြုစေ၏။ ဤအရာသည် အမှန်တကယ်တွင်တော့ အရှက်ရစရာကောင်းသော လုပ်ရပ်မျိုးပင် ဖြစ်၏။ သို့ပေမဲ့ အရှက်ရတော့ကော ဘာဖြစ်သနည်း။ တိုက်ပွဲတွင် အနိုင်ရရှိဖို့ကသာ အရေးကြီးသည် မဟုတ်ပါလား။
ဘုတ် … ဘုတ်။
ကျားဖြူစစ်တပ်မှ စစ်သားများအားလုံးတို့သည် တစ်ယောက်ပြီး တစ်ယောက် မြေပေါ်သို့ ပြုတ်ကျသွားကုန်၏။ တပ်မမှူးအနည်းငယ်၏ ကာကွယ်ခြင်းကို ခံထားရသော ပိုင်ယွေ့ကွေသည် သူ၏လူများ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျသေဆုံးသွားသည်ကိုသာ အတိုင်းသားကြည့်နေရ၏။
သူ၏ မျက်လုံးများသည် ဒေါသတရား များနှင့် ပြည့်နှက်နေ၏။ သို့ပေမဲ့ သူလုပ်နိုင်သည့်အရာဟူ၍ မရှိပေ။ ထိုအချိန်မှာတော့ သူ့အနေနှင့် ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာပြီး ကျန်းယန်နိုင်ငံသို့ ပြန်ချင်နေမိသည်။
ဝှစ်
အလင်းတန်းတစ်ခုသည် ပျံသန်းလာပြီး သူ၏ရှေ့တွင်ရှိသော တပ်မမှူးများအား တစ်ယောက်ပြီးတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ သွေးများသည် ပိုင်ယွေ့ကွေ၏ ဦးခေါင်းပေါ်သို့ပင် လာစင်သည်။
ဝှစ် ဝှစ်
များပြားလှသော အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။
အား … အား
ပိုင်ယွေ့ကွေသည် အလွန်တရာ ဒေါသထွက်မိနေသည်။
ဝှစ်
ထိုအချိန်မှာပဲ လူရိပ်တစ်ခုသည် စစ်သားများကြားထဲမှ ထွက်လာပြီး သူ့ရှေ့သို့ ရောက်ရှိလာ၏။ ထိုသူသည် စပ်ဖြီးဖြီးဖြင့် ပြောလိုက်၏။ “ဓားပြ တွေကို ဖမ်းချင်ရင် ဓားပြခေါင်းဆောင်ကို အရင်ဖမ်းတဲ့”
ဟူး
စုရှောင်မိုသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ပြီးနောက် သူသည် ပိုင်ယွေ့ကွေ၏ အနောက်ဘက်ဆီသို့ ရောက်ရှိသွားသည်။ ပြီးနောက် သူ၏ ညာခြေထောက်ကို မြှောက်၍ ပိုင်ယွေ့ကွေ၏ ဖင်အား ကန်ထုတ်လိုက်တော့ သည်။
ပိုင်ယွေ့ကွေ၏ အားအင်သည် ဆိုးဝါးလှသည်တော့ မဟုတ်ချေ။ သူသည် သိုင်းစစ်သူကြီး အဆင့်ခြောက်သို့ ရောက်ရှိနေ၏။ သို့ပေမဲ့ စုရှောင်မို၏ ကန်ချက်ကိုတော့ မည်သို့မျှ မခုခံ နိုင်ပေ။
ရွှီး ..။
စစ်သားများအားလုံးသည် သံပြိုင်ဆိုသလိုပဲ မော့ကြည့်လိုက်ကြ၏။
လီဖေးသည် ရှေ့သို့ ပြေးထွက်လာပြီး လေပေါ်သို့ လွင့်နေသော ပိုင်ယွေ့ကွေဆီသို့ ခုန်လိုက်၏။ ပြီးနောက် သူ၏ ရွှေညာခြေထောက်အား အသာမြှောက်၍ ပိုင်ယွေ့ကွေအား ဘောလုံးတစ်လုံးကဲ့သို့ ကန်ထုတ်လိုက်သည်။
“ညီလေးလီ ဖမ်းထား”
“ကောင်းပါပြီ”
အပြင်ဘက်တွင် ရပ်လျက်ရှိသော လီယုဟွာသည် သူ၏ သံမဏိဒိုင်းကြီးကိုထုတ်၍ ပိုင်ယွေ့ကွေဆီသို့ ပြေးလိုက် သွားသည်။ နောက်ဆုံးမှာတော့ ပိုင်ယွေ့ကွေသည် မြေပေါ်သို့ ပြုတ်ကျခါနီးမှာပဲ လီယုဟွာ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
“ငါတို့ စစ်သူကြီး အဖမ်းခံလိုက်ရပြီ”
မြို့တော်ဝင်ရှဲ့သည် ထိုမြင်ကွင်းကိုမြင်တော့ ထခုန်လုမတတ် စိတ်လှုပ်ရှားနေမိ၏။
……....
ကျားဖြူစစ်တပ်မှ စစ်သားများအားလုံးတို့သည် တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။ သူတို့၏ စစ်သူကြီး ဖမ်းဆီး ခံလိုက်ရချိန်မှာတော့ ပိုမို၍ ဆိုးရွားသွားတော့သည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ထိုသူများအားလုံးကို သတ်ဖြတ်ပစ်ဖို့ ဆိုသည်မှာ အလွန်တရာလွယ်ကူသော ကိစ္စပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ စိတ်ဝိညာဉ်စစ်သား များကို စေခိုင်း၍ အမိန့်ပေးလိုက်တော့သည်။
“လက်နက်တွေကိုချလိုက်၊ အသက်ကိုချမ်းသာပေးမယ်” စိတ်ဝိညာဉ်ပဲစေ့စစ်သားများသည် အော်ဟစ်လိုက်ကြ ၏။
“လက်နက်တွေကိုချလိုက်၊ အသက်ကိုချမ်းသာပေးမယ်”
“လက်နက်တွေကိုချလိုက်၊ အသက်ကိုချမ်းသာပေးမယ်”
ကျားဖြူစစ်တပ်မှ စစ်သားများအားလုံးသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲနေကြပြီဖြစ်၏။ ထို့ကြောင့် သူတို့၏ လက်နက်များကို မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပစ်ချလိုက်တော့သည်။ ပြီးတော့ သူတို့၏ လက်များကို ခပ်မြင့်မြင့် မြှောက်ထားကြသည်။
စိတ်ဝိညာဉ်ပဲစေ့ စစ်သားများအားလုံးသည် တိုက်ခိုက်ခြင်းမှ ရပ်တန့်လိုက်ကြ၏။
စစ်သည်နှစ်သိန်းကျော်တွင် ရှစ်သောင်းမှ ခုနှစ်သောင်းနီးပါးတို့သည် အချိန်တိုအတွင်း ထပ်မံ သေဆုံးခဲ့ရပြီဖြစ်၏။ ထိုသို့ သတ်ဖြတ်ခြင်းအမြန်နှုန်းမှာ အလွန်မြန်ဆန်သည်ဟု ဆိုရပေမည်။
ဒင်
“လက်ခံသူသည် ဖုံးကွယ်ထားသောတာဝန်အား ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ အလုံးစုံ အောင်မြင်မှု ရရှိခြင်း - ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင်ကို ရရှိသည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၃၅၄၄/၅၀၀၀”
ဒင်
“လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်း၊ အလယ်အလတ်အဆင့် သားကောင်ဖမ်းဘောလုံး ကို ရရှိသည်။ ပစ္စည်း များအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ”
စစ်သည်သုံးသိန်းကျော်အား အနိုင်ယူပြီးသည့်နောက်မှာတော့ ဖုံးကွယ်ထားသည့်တာဝန်အား ပြည့်စုံစေခဲ့၏။ မည်မျှ ဝမ်းသာစရာကောင်းလိုက်သနည်း။ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်နှင့် အလယ်အလတ်အဆင့် သားကောင်ဖမ်းဘောလုံးတို့သည် အလွန်တရာ စိတ်ကျေနပ်ဖွယ်ရာ ပစ္စည်းမျိုးပင် ဖြစ်တော့၏။
ချင်းယန်မြို့အတွင်း တည်နေရာထဲမှာတော့ လီယုဟွာသည် သူမိထားသော ပိုင်ယွေ့ကွေအား ပစ်ချလိုက်တော့သည်။
ထိုသူသည် အရှေ့တောင်ရန်ကျူး ၏ ထိပ်တန်းစစ်သူကြီး ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ စစ်သည်သုံးသိန်းကျော်အား ဦးဆောင်၍ တိုက်ခိုက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ နောက်ဆုံးမှာ တော့ အရှုံးပေးခဲ့ရသည်သာမက ဖမ်းဆီးပါ ခံခဲ့ရသေးသည်။ ထိုသူသည် တောက်ယွမ်ထက်ပင် ပို၍ဆိုးရွားသည်ဟု ဆိုရပေမည်။
“စစ်သူကြီးပိုင်”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။ “ခင်ဗျားရှုံးပြီ”
“...” မြေပေါ်တွင် ဒူးထောက်ထားသော ပိုင်ယွေ့ကွေသည် သူ၏ ဦးခေါင်းကို ငုံ့ထား၏။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် နာကျင်မှုများသည် ထင်ဟပ်နေသည်။
သူသည်နှစ်ပေါင်းငါးဆယ်လောက် စစ်တပ်တစ်ခုကို ဦးစီးခဲ့ရ၏။ များပြားလှသော တိုက်ပွဲများကို ရှုံးနိမ့်ခဲ့ဖူးသည်ဆိုသော်လည်း ဤတစ်ကြိမ် ရှုံးနိမ့်မှုသည် အလွန်တရာ ဆိုးဝါးသည့် ရှုံးနိမ့်မှုဖြစ်သည်။ အသက်ရှင်လျက်နှင့် ပြန်သွားနိုင်မည်ဆိုလျှင်ပင် သူ၏ ရာထူးသည် တည်မြဲနိုင်တော့မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ရှဲ့က ပြောလိုက်၏။ “ဒီလူကို ဘာဆက်လုပ်ကြမလဲ”
ရွှီး
ကျွင်းချောင်ရှောင်းသည် အအေးဓားကိုထုတ်၍ ပိုင်ယွေ့ကွေ၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက် တော့သည်။ ပြီးနောက်သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီခေါင်းကို ကျန်းယန်နိုင်ငံဆီပို့လိုက်၊ သူတို့ရဲ့ နိုင်ငံအုပ်ချုပ်သူကို ချင်းယန်နိုင်ငံကို လာပြီး ရန်ပြုမယ်ဆိုရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်က ဘာလဲဆိုတာ သိအောင်ပြလိုက်”
မြို့တော်ဝန်ရှဲ့သည် ဆွံ့အသွား၏။
ဂိုဏ်းချုပ်ကျွင်းသည် ကျော်ကြားလှသော စစ်သူကြီးတစ်ယောက်အား အလွန်မြန်ဆန်စွာ ခေါင်းဖြတ်သတ်လိုက် မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ဖူးချေ။ သောက်ကျိုးနည်းလှချေသည်တကား