← Chapters

အခန်း (၄၈၉)

Vol. 33 Ch. 489

အခန်း (၄၈၉)

Vol. 33 Ch. 489

ကျွင်းချောင်ရှောင်းသည် ပိုင်ယွေ့ကွေအား ဖမ်းဆီးနိုင်ခဲ့ရုံသာမကဘဲ တစ်ခါတည်းသတ်ဖြတ်ခဲ့သေး၏။

ထိုသို့ ပြုလုပ်လိုက်ခြင်း၏ ရည်ရွယ်ချက်သည် ကျန်းယန်နိုင်ငံသည် ချင်းယန်နိုင်ငံအား လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဆိုသည်ကို နားလည်စေခြင်းပင် ဖြစ်သည်။

မကျေနပ်ပါက စစ်သားများကို ထပ်မံ၍ စေလွှတ်နိုင်သည်။ သံမဏိအရိုးဂိုဏ်းသည် အဆုံးစွန်အထိ တိုက်ခိုက်သွားမှာဖြစ်၏။

အမြှောက်နှင့် စကြာဝဠာအိတ်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းသည် အလုံးစုံ ယုံကြည်ချက်ရှိနေသည်။ သူသည် နိုင်ငံချင်း စစ်ပွဲနှင့် ပတ်သက်၍ အလုံးစုံ ကြောက်ရွံ့ခြင်း မရှိတော့ချေ။

သူ၏ ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စမရှိပါက သူ့အနေနှင့် ကျန်းယန်နိုင်ငံသို့ ချီတက်တိုက်ခိုက်ဖို့ပင် ပြုလုပ်ပေလိမ့်မည်။

"ဒီလူက တကယ်ကြမ်းတာပဲ" ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။

လန့်ရှင်းရွှဲ့သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ကျားဖြူစစ်တပ်ရဲ့ စစ်သူကြီးကို သတ်ဖြတ်ပစ်တယ်ဆိုတာက ကျန်းယန်နိုင်ငံနဲ့ အလုံးစုံ ရန်သူဖြစ်တာနဲ့ အတူတူပဲ။”

ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။ “ကျန်းယန်နိုင်ငံမှာ စစ်တပ်ကြီး သုံးခု ရှိတယ်။ သူတို့က ဒေါသထွက်သွားခဲ့ရင် တစ်ခါတည်း စုစည်းပြီး တိုက်ခိုက်လိမ့်မယ်။ချင်းယန်နိုင်ငံကို သူ ဘယ်လိုကာကွယ်မလဲဆိုတာ ကြည့်ရတာပေါ့။"

ရှစ်ကျန်းရွှမ်သည် ခေါင်းခါယမ်းကာ ပြောလိုက်၏။ "ကျန်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူ ကျိုးက ရည်မှန်းချက် အရမ်းကြီးပြီး အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက မျက်ကန်းတစ္စေမကြောက် ပြုလုပ်တတ်တဲ့လူတော့ မဟုတ်ဘူး။"

"ချင်းယန်မြို့ကို ကာကွယ်တဲ့ လူတွေက ကျားဖြူစစ်တပ်ကို အနိုင်ယူလိုက်တယ်ဆိုတော့ သူ့အနေနဲ့ တကယ်ပဲ သတိထားလိမ့်မယ်။ သေချာစဉ်းစားခြင်း မပြုဘဲနဲ့ စစ်တပ်တွေကို ထပ်ပြီးတော့ လွှတ်မှာ မဟုတ်ဘူး။"

ဤအမျိုးသမီးသည် အရာအားလုံးကို သေသေချာချာ ခရေစေ့တွင်းစေ့ကျ ရှုမြင်နိုင်စွမ်းရှိနေသည်။

ကျွင်းချောင်ရှောင်းတစ်ယောက် ရန်သူ၏ စစ်သူကြီးကို သတ်ဖြတ်ခဲ့ခြင်းအား သူမသည် ထောက်ခံအားပေးနေ၏။

ထိုမှသာလျှင် ကျန်းယန်နိုင်ငံအနေနှင့် ချင်းယန်နိုင်ငံအား သေးငယ်သည်ဆိုကာ လာရောက်၍ တိုက်ခိုက်မည်ကို ဟန့်တားနိုင်ပေလိမ့်မည်။

ရှစ်ကျန်းရွှမ်သည် ပို၍ စဉ်းစားမိလေ ကျွင်းချောင်ရှောင်းအပေါ် ပိုမို၍ ကောင်းမွန်သော စိတ်အခံ ရှိလာလေဖြစ်သည်။

"ကြည့်ရတာ"

သူမသည် တွေးလိုက်မိ၏။ "သူ့ကို ကူညီတာက မှန်ကန်တဲ့ အလောင်းအစားတစ်ခုပဲ"

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွှဲ့တို့သည် ရှစ်ကျန်းရွှမ် တွေးသကဲ့သို့ ရှုပ်ရှုပ်ရှက်ရှက် မတွေးမိကြချေ။

သံမဏိအရိုးဂိုဏ်းချုပ်သည် အလွန်တရာ မောက်မာသည်ဆိုသည်ကို သူတို့ နှစ်ယောက် သဘောတူကြ၏။ သို့ပေမဲ့ သွေးပူပူ‌နှင့် ပြုလုပ်တတ်သူဖြစ်သောကြောင့် မကြာခင်မှာ ကျရှုံးလိမ့်မည်ဟု ထင်မှတ်မိနေကြသည်။

ကျားဖြူစစ်တပ်၏ စစ်သည် သုံးသိန်းကျော်တို့သည် ကြီးမားသည့် ဘေးအန္တရာယ်ကြီးကို ခံစားခဲ့ရသည်။

အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သည် တစ်သိန်းကျော်တို့သည် အညံ့ခံ အရှုူံးပေးခဲ့ကြပြီး ဖြစ်ပြီး မြို့တော်ဝန်ရှဲ့၏ အကျဉ်းချခြင်းကို ခံထားရ၏။

ကျန်းယန်နိုင်ငံ၏ တိုက်ခိုက်မှုသည် အလုံးစုံ ပြီးဆုံးသွာခဲ့ပြီဖြစ်သည်။

ဤသတင်းသည် ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူးတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ် ပြုံးကာ ပြောလိုက်၏။ "ချင်းယန်မြို့ရဲ့ ဘေးဒုက္ခကြီးက ခဏတာတော့‌ ဖြေရှင်းပြီးသွားပြီ။ ဂိုဏ်းမှာလည်း လုပ်စရာတွေ ရှိသေးတာကြောင့် ကျွန်မ တပည့်တွေ ခေါ်ပြီး အရင်ပြန်ပါ့မယ်။"

"ခန်းမသခင်ရှစ် လာပြီး ကူညီပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ကျုပ်က ဒီကြင်နာမှုကို နှလုံးသားထဲကနေ စွဲစွဲမြဲမြဲ မှတ်ထားပါ့မယ်။"

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်၏။

သူ့အနေနှင့်ထပ်မံပြုလုပ်စရာ ကိစ္စများ ရှိသေးသည်မို့လို့ ရှစ်ကျန်းရွမ်အား မြို့အပြင်ဘက်သို့သာ လိုက်လံပို့ ဆောင်ပေးနိုင်၏။

အားလုံး၏ နောက်မှ လိုက်ပါလာသော လန့်ရှင်းရွှဲ့သည် ရုတ်တရက် လှည့်လိုက်၏။ ပြီးနောက် မြို့တံတိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

သူမသည် အကြီးအကဲဝေနှင့် အကြည့်ချင်းစုံသွားသည့် အချိန်မှာတော့ မျက်လုံးထဲတွင် အနည်းငယ်သော အမုန်းတရားများ ကျန်ရှိနေသည်ကို တွေ့မြင်နိုင်သည်။

အွင်း။

အကြီးအကဲဝေသည် သက်ပြင်းချလိုက်၏။

"အကြီးအကဲဝေ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အကြီးအကဲလန့်က ချောနေတုန်းပဲနော်။ငယ်ရွယ်တဲ့ အချိန်တုန်းကဆို ဘယ်လောက်တောင်မှ ချော‌လိုက်မလဲ မသိဘူး။ဘာလို့ နှစ်ယောက်သား ပြန်ပေါင်းမထုတ်ကြတာလဲ"

သူတို့၏ ဟောခန်းခေါင်းဆောင်နှင့် တစ်ဖက် မြောင်ဟွာ ခန်းမ‌မှ အကြီးအကဲကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေး ရှိနေသည်ဆိုပါက မင်္ဂလာကိစ္စပင် ဖြစ်တော့သည်။

အကြီးအကဲဝေသည် ခေါင်းခါယမ်းလိုက်သည်။ "ကျုပ်က သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးအိုတစ်ယောက်လေ။ဘယ်လိုလုပ် သူမကို ဆွဲခေါ်ရက်မှာလဲ"

"ဒါက အတွေးလွန်နေပြီ"

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။

အကြီးအကဲဝေသည် စကားလမ်းကြောင်း ပြောင်းကာဖြင့် ပြုံးကာ ပြောလိုက်သည်။ "မြောင်ဟွာခန်းမသခင်ကြည့်ရတာ ဂိုဏ်းချုပ်အပေါ်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပုံပေါ်တယ်။ သူမဘက်ကသာ အစပျိုးမယ်ဆိုရင်တော့ နှစ်ယောက်ကြားမှာ ကျိန်းသေပေါက် ပတ်သက် ဆက်နွယ်တဲ့ ရင်းနှီးမှူမျိုး ရှိလာနိုင်တယ်။"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဂိုဏ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် အချစ်ရေး အချစ်ရာကိစ္စတွေကို အလုပ်ရှုပ်လို့ မဖြစ်ဘူးလို့ ပြောထားတယ်မလား"

အကြီးအကဲဝေက ပြောလိုက်သည်။ "တစ်ခြားမိန်းကလေးတွေသာ ဆိုရင်တော့ ကျူပ်က တားဆီးမိမှာပေါ့။ ဒါပေမဲ့ အဆင့်လေး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်နဲ့ လက်ထပ်မယ်ဆိုရင်တော့ ကျိန်းသေပေါက် ဂိုဏ်းချုပ်အတွက် ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်။"

"ဒါက အဓိပ္ပာယ်ရှိတယ်" ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

ဤအမျိုးသမီးသည် မျက်လုံးကန်းနေသည်ဆိုသော်လည်း သာမန်ထက်ပိုသည့် ပါရမီနှင့် အစွမ်းအစကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူသည်သာ သူမနှင့် လက်ထက်နိုင်မည်ဆိုပါက သူမအား ကိစ္စအားလုံးကို တာဝန်လွှဲအပ်ပေးကာ ဓားတစ်စင်းကို ယူ၍ တစ်လောကလုံးကို လျှောက်၍ သွားနိုင်ပေလိမ့်မည်။

စနစ်မှ ဆွံ့အသွား၏။ "မိန်းမလိုချင်တာလား။အိမ်ထိန်းလိုချင်တာလား မသဲကွဲဘူး"

လက်ခံသူသည် အလွန်တရာ ဆိုးသွမ်းသော လူပင် ဖြစ်ပေလိမ့်မည်။

အကြီးအကဲဝေက ပြောလိုက်၏။ "ကျုပ်က ပြောရုံပဲ ပြောတာပါ။ဂိုဏ်းချုပ်အနေနဲ့ အဆင့်လေး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ကို လက်ထပ်နိုင်ဖို့ ဆိုတာက သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်တာထက်တောင် ပိုပြီး ခက်ခဲလိမ့်မယ်။"

ကျွင်းချောင်ရှောင်းလည်း သဘောတူညီလိုက်သည်။

သူသည် အလွန်တရာ ချောမောလှပြီး စိတ်ထားကောင်းမွန်သူဖြစ်၏။ သို့ပေမဲ့ သူမသည် အလွန်တရာ ကြီးမားလှသော ဂိုဏ်းကြီးတစ်ခုကို စွန့်ခွာ၍ သံမဏိအရိုးဂိုဏ်းနှင့် လာရောက်ပူးပေါင်းဖို့ကို စဉ်းစားလိမ့်မည် မဟုတ်ချေ။

စနစ်သည် သည်းမခံနိုင်တော့ချေ။ “တော်စမ်း”

……....

မြို့၏ အပြင်ဘက်ရှိ တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ အလောင်းများအားလုံးကို သန့်စင်ရှင်းလင်းပြီး ဖြစ်နေ၏။ သို့ပေမဲ့ သွေးစများမှာတော့ နေရာ အနှံ့အပြား‌တွင် ရှိလို့ နေသေးသည်။

"ကျေးဇူးတင်ပါတယ် မြို့တော်ဝန်။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဖမ်းထားတဲ့ စစ်သားရဲတစ်ချို့ကို သံမဏိအရိုးဂိုဏ်းဆီကို ခေါ်သွားပေးမယ်။ကျန်တာတွေကို ခင်ဗျားပဲ ကြည့်လုပ်လိုက်တော့"

ဟမ်

မြို့တော်ဝန်ရှဲ့သည် ဆွံ့အသွားသည်။

ဤမျှလောက်များပြားသည့် စစ်သားများကို သူ မည်ကဲ့သို့ ဆက်လုပ်ရမည်နည်း။ ဤအရာသည် ပြသနာတစ်ခုပင် ဖြစ်၏။

ဖမ်းဆီးခံထားရသော အကျဉ်းသားများကို စစ်ဆေးပြီးနောက် မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် တစ်ချို့သော လူများကို ခေါ်ဆောင်၍ သံမဏိအရိုးဂိုဏ်းဆီသို့ တပည့်များနှင့် အတူ ပြန်သွားတော့သည်။

သူရွေးချယ်ခေါ်ယူသွားသော စစ်သားများမှာ ကျားဆိုးစစ်တပ်မှ လူများပင် ဖြစ်နေ၏။

သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် တပည့်နှစ်ထောင်ကျော်လိုအပ်နေသေး၏။ ထို့ကြောင့် ထူးချွန်လှသော ပါရမီရှင်များကို မခေါ်ယူနိုင်သည့်အပြင်တစ်ခြားသော နေရာမှ ပါရမီများကို ခေါ်ယူရန် မဖြစ်နိုင်‌သေးသော အချိန်တွင် ဤစစ်သားများကို တပည့်အဖြစ် ခေါ်ယူ ရလိမ့်မည်။

သူသည် အဘယ့်ကြောင့် ကျားဆိုးစစ်တပ်မှ စစ်သားများကို ခေါ်ယူခဲ့သနည်းဆိုသော် တောက်ယွမ်ကိုယ်တိုင်လေ့ကျင့်ပေးထားသော လူများ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

တောက်ယွမ်သည် ဂိုဏ်းအား အသိအမှတ်ပြုပြီးပြီဖြစ်သောကြောင့် ၎င်းတို့အားလုံးသည်လည်းသူ့အား အသိအမှတ်ပြုပေလိမ့်မည်။

ဂိုဏ်းချုပ်ကျွင်း၏ သုံးသပ်မှုသည် အလွန်တရာ ကောင်းမွန်လှသည်ဟု ဆိုရမည်။

သို့ပေမဲ့ ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ တောက်ယွမ်သည် အခန်းထဲမှာ အောင်းလျက် ရှိနေသေးသည်။

ကြည့်ရသည်မှာ သူ၏ စိတ်နှလုံးထဲတွင် ရှိသော အကြိတ်အခဲများသည် မပြေလည်သေးပုံပေါ်၏။

ကျွီ

တံခါးပွင့်လာ၏။

ကျွင်‌ချောင်ရှောင်းသည် အထဲကို လျှောက်ဝင်လာပြီး ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ ပြီးနောက် ခြေချိတ်ကာ ပြောလိုက်သည်။ "ကျန်းယန်နိုင်ငံက စေလွှတ်လိုက်တဲ့ စစ်သည် သုံးသိန်းကျော်က ချင်းယန်နိုင်ငံကို လာပြီး တိုက်ခိုက်ကြတယ်။"

နံရံဘက်သို့ မျက်နှာမူလျက်ရှိသော တောက်ယွမ်၏ အမူအရာသည် ခံစားချက် ကင်းမဲ့လျက်ရှိနေ၏။

"ရလဒ်ကတော့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စစ်တပ်ရဲ့ အုပ်ချုပ်သူ စစ်သူကြီး ပိုင်ယွေ့ကွေကို ကျုပ်သတ်ပစ်လိုက်ပြီ"

"သူ့ခေါင်းကိုတော့ ကျန်းယန်နိုင်ငံဆီကို ပြန်ပို့လိုက်တယ်လေ။ ကျားဖြူစစ်တပ်ဆိုတာ လောကကြီးမှာ မရှိတော့ဘူးလေ။ "

နံရံဘက်သို့ မျက်နှာ မူလျက်ရှိသော တောက်ယွမ်သည် အနည်းငယ် တုန်ရင်သွား၏။ ခဏလောက်ကြာတော့ သူသည် သက်ပြင်းအရှည်ကြီး ချလိုက်၏။

သူ၏ မျက်လုံးထဲမှာတော့ ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ မရှိချေ။

လွန်ခဲ့သည့် သုံးလလုံးလုံး သူသည် သံမဏိအရိုးဂိုဏ်းမှာ နေခဲ့၏။ ထို့ကြောင့် သံချပ်ကာ ဝံပုလွေတပ်၏ စွမ်းဆောင်မှုကို သူကောင်းကောင်းသိရှိပြီးဖြစ်သည်။

ထို့အပြင် ဂိုဏ်းချုပ် အသုံးပြုလိုက်သော စိတ်ဝိညာဉ်ပဲစေ့များမှ ဖြစ်တည်လာသော စစ်သည်များ၏ စွမ်းဆောင်ရည်မှာလည်း ကြောက်ခမန်းလိလိ။

ဤကဲ့သို့ အင်အား ကောင်းလှသော တိုက်ခိုက်ရေး စစ်သည်များအားလုံးကို တိုက်ခိုက်ရေး တည်နေရာထဲတွင် ထုတ်ဖော်အသုံးပြုပါက ကျိန်းသေပေါက် အောင်မြင်မှု ရပေလိမ့်မည်။

ထို့အပြင် ဟောခန်းသခင်ရွှဲ့သည် စစ်နည်းဗျူဟာများတွင် အလွန်နက်နက်နဲနဲနှင့် ကျွမ်းကျင်သူလည်း ဖြစ်နေ၏။

ပိုင်ယွေ့ကွေ၏ ကျားဖြူစစ်တပ်သည် စစ်သည် သုံးသိန်းကျော် ရှိနေသည်ဆိုသော်လည်း မြို့ကို တိုက်ခိုက်အနိုင်ယူဖို့ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ကျုပ် ခင်ဗျားကို ကြွားပြီး ပြောနေတာ မဟုတ်ဘူး။သံမဏိအရိုးဂိုဏ်းက ကျန်းယန်နိုင်ငံရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ပြောပြနေတာ..."

တောက်ယွမ်ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ "ဒီမှာ တံခါးဖွင့်ထားတယ်။ခင်ဗျားသာ ထွက်ခွာသွားချင်တယ်ဆိုရင် သွားလို့ ရတယ်။ ကျုပ်က အတင်းဖိအားပေးမှာ မဟုတ်ဘူး"

တောက်ယွမ်၏ အကြည့်များသည် ပိုမို၍ ရှုပ်ထွေးလာသည်။

ဟုတ်ပေသည်။ သံမဏိအရိုးဂိုဏ်၏ တံခါးသည် ဖွင့်ထား၏။

သူ့အနေနှင့် နှောင်နှေးခြင်း မရှိဘဲ ထွက်ခွာသွားနိုင်၏။ သို့ပေမဲ့ သူသည် အခန်းတံခါးကို ပိတ်၍ အခန်းထဲမှာသာ ပုန်းအောင်းနေမိသည်။

ဆိုလိုသည်မှာ သူ၏ နှလုံးသားထဲတွင် ဝေခွဲမရ ဖြစ်နေခြင်းသာပင်။

ဤရက်ပိုင်းအတွင်း တောက်ယွမ်သည် ရွှဲ့ရမ်ကွေ့ အရမ်းလေးစားချီးကျုးမိပြီး သံချပ်ကာ ဝံပုလွေတပ်အား ဦးဆောင်ချင်မိ၏။

ထို့ကြောင့် သူ မထွက်ခွာသွားချင်ပေ။ သို့ပေမဲ့ စစ်သားဆိုသည့် ဂုဏ်သိက္ခာက လည်း တားဆီးထားလျက်ရှိသည်။ သူ့အနေနှင့် ဆုံးဖြတ်ချက်ကို မချနိုင်ပေ။

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာဖြင့် ပြတင်းပေါက် အပြင်ဘက်တွင် ရပ်လိုက်၏။ ပြီးနောက် သူသည် ရဲရဲရင့်ရင့် ပြောလိုက်၏။ “ကျူပ်နောက်ကို လိုက်ပြီးတော့ တစ်လောကလုံးကို သိမ်းပိုက်ရအောင်။လောကကြီးတစ်ခုလုံးကို လျှောက်သွားပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူကြမယ်"

တောက်ယွမ် ကြောင်သွား၏။ သူ၏ အတွေးများတွင် တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်နေ၏။

"ခင်ဗျားလေ့ကျင့်ပေးထားတဲ့ စစ်သားတွေကို ကျုပ်ခေါ်လာပေးခဲ့တယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "သူတို့နဲ့ အတူ ခင်ဗျား တိုက်ခိုက်နိုင်မယ် ။ အနာဂတ်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးက ခင်ဗျားအတွက် ဖြစ်လိမ့်မယ်။"

"မဟုတ်ဘူး။"

သူ လေးလေးနက်နက် ထပ်ပြောလိုက်၏။ "လောကကြီးတစ်ခုလုံးမှာ စစ်ဘုရင်ဆိုတဲ့ အမည်နာမ ပဲ့တင်ထပ်စေရမယ်"

ဂိုဏ်းချုပ်ကျွင်း၏ စကားပြောစွမ်းရည်နှင့် သိမ်းသွင်းခြင်း စွမ်းရည်တို့သည် အလကားသပ်သပ်တော့ မဟုတ်ပေ။ အလွန်တရာ ကောင်းမွန်လှသည့် ထိပ်တန်း‌လျှာစောင်းထက်သူတစ်ဦးဟု ဆိုရမည်။

အပြင်ဘက်တွင် ရပ်တန့်လျက်ရှိသော ရွှဲ့ရမ်ကွေ့သည် စစ်နတ်ဘုရားဆိုသည့် အသံကို ကြားတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိ၏။

အိမ်မက်ဟူ၍ မရှိသောသူ မရှိချေ။ အိမ်မက်ဆိုတာ မရှိလျှင် ဆားနယ်ခံထားရသော ငါးသေကြီးတစ်ကောင်နှင့် ဘာထူးခြားနေမည်နည်း။

ထို့ကြောင့် အစောကြီးတုန်းက တွေဝေလျက်ရှိသော တောက်ယွမ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။

ပြီးနောက် အသာလှည့်ကာ ကျွင်းချောင်ရှောင်းကို ဦးညွှတ်လိုက်သည်။ သူသည် ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်သည်။ "တပည့်တောက်ယွမ်က ဂိုဏ်းချုပ်ကျွင်းရဲ့ နောက်ကို လိုက်ပြီး တစ်လောကလုံးကို သိမ်းပိုက်ဖို့ အကြံအစည် ရှိပါတယ်"

ဒင်

“ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေခြင်း။ လူ၏ နှလုံးသားကို ဆွဲဆောင်နိုင်ခြင်း။ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား ရရှိသည်။”

ဒင်။

“ဂိုဏ်းစုဆောင်းမှတ် ၄၅၄၄/၅၀၀၀”

All Chapters