← Chapters

အခန်း (၄၉၁)

Vol. 33 Ch. 491

အခန်း (၄၉၁)

Vol. 33 Ch. 491

နောက်ဆုံးမှာတော့ တောက်ယွမ်သည် မိမိကိုယ်ကိုယ် သံမဏိအရိုးဂိုဏ်းသားအဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။

ဤအရာသည် ဂိုဏ်းချုပ်ကျွင်း၏ ဦးနှောက်ဆေးခြင်း စွမ်းရည်မှာ မည်မျှကောင်းလှကြောင်း သက်သေ‌ပြနေခြင်းပင် ဖြစ်တော့၏။

သူ့အနေနှင့် လောကကြီးတစ်ခုလုံးကို အနိုင်ယူပြီး စစ်နတ်ဘုရားအဖြစ် ဖြစ်တည်စေမည် ဟူသော စကားလုံးဖြင့် တစ်ဖက်လူအား ဆွဲဆောင် နိုင်စေခဲ့သည်။

တကယ်တော့ သူ့အနေနှင့် စစ်ပွဲတစ်ခုကို ဝင်ရောက်တိုက်ခိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် သူ၏ အဓိက တာဝန်သည် ဂိုဏ်း ဖွံ့ဖြိုးတိုးတက်စေရန်ပဲ ဖြစ်၏။

တောက်ယွမ်သည် သဘောတူပြီးသည့်နောက်မှာတော့ ဖမ်းဆီးခံခဲ့ရသော ကျားဆိုးတပ်မှ စစ်သားများအားလုံးသည် သဘာဝအားဖြင့် ဂိုဏိးအတွင်းသို့ လိုလိုချင်ချင်နှင့် ဝင်ရောက်လာကြသည်။

သံမဏိအရိုးဂိုဏ်း၏ လိုအပ်သည့် တပည့် အရေအတွက်သည်မှာလည်း ပြည့်ဝသွားခဲ့ပြီဖြစ်သည်။

ဂိုဏ်း၏ တာဝန်သည် တာဝန်ခွဲဝေခြင်းခန်းမဆောင်တွင် ပေါ်လာခဲ့၏။

တပည့်များသည်လည်း တက်တက်ကြွကြွဖြင့် ပါဝင်ပြီး တာဝန်များကို ထမ်းဆောင်ကြသည်။

ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် စစ်သားများအား သံချပ်ကာ ဝံပုလွေတပ်ထဲသို့ ထည့်သွင်းလိုက်ပြီး ရွှဲ့ရမ်ကွေအား ကူညီရန် တောက်ယွမ်အား ဒုတိယဟောခန်းသခင်အဖြစ် သတ်မှတ်ခန့်ထားလိုက်၏။

တစ်ယောက်သည် ကြယ်ငါးပွင့်အဆင့် စစ်သည်ကြီးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာတော့ စစ်အသိုင်းအဝိုင်းတွင် နာမည်ကျော်ကြားနေသော လူဖြစ်သည်။

ထိုနှစ်ယောက်၏ ဦးဆောင်မှုအောက်မှာတော့ အနာဂတ်တွင် သံချပ်ကာ ဝံပုလွေတပ်သည် မည်ကဲ့သို့သော အောင်မြင်မှုများကို ရရှိလာမည်ဖြစ်ကြောင်းစောင့်ကြည့်ရပေလိမ့်မည်။

"ဂိုဏ်းချုပ်"

ရွှဲ့ရမ်ကွေက ပြောလိုက်သည်။ "ကျုပ်တို့ဆီမှာ လုံလောက်တဲ့ စီးနင်းစရာ သားရဲတွေ မရှိဘူး။"

"စိတ်မပူနဲ့ စိတ်မပူနဲ့"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။

“တောင်ထဲမှာ ရှိတဲ့ ဝံပုလွေသားရဲတွေက အရွယ်ရောက်လာတဲ့အခါမှာ သံချပ်ကာ ဝံပုလွေတပ်ထဲကို ရောက်လာလိမ့်မယ်။”

၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသော နေရာတွင် နေထိုင်ပြီး တိရိစ္ဆာန်ဆေးလုံးများကို စားသုံးနေရသောကြောင့် ဟာရီကိန်းဝံပုလွေဘုရင်များ၏ ကြီးထွားသည့်နှုန်းသည် အလွန်တရာ မြန်ဆန်နေ၏။

မကြာခင်မှာပဲ သံချပ်ကာ ဝံပုလွေတပ်သားသစ် တစ်ယောက်ချင်းစီ သည် ဟာရီကိန်း ဝံပုလွေတစ်ကောင်အား စီနင်းခွင့် ရရှိခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် လောကြီးတစ်ခုလုံးကို အုပ်စိုးရန် အစီအစဉ် မရှိပေ။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုတွင် သူသည် ပြိုင်စံရှားဂိုဏ်းတစ်ခု တည်‌ထောင်နိုင်ရန် အတွက် အစီအစဉ်ကို ချမှတ်ရပေလိမ့်မည်။

အနည်းဆုံးတော့ စစ်ပွဲများနှင့် ရင်ဆိုင်ချန်၌ သူ့တွင် လုံလောက်သည့် စွမ်းရည် ရှိနေသင့်သည် မဟုတ်လား။

တပည့်နှစ်ထောင်ကျော်ကို ခန့်အပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ်များသည် ပိုမို များပြား လာတော့သည်။

ကျွင်းချောင်ရှောင်းသည် အလယ်အလတ် စတိုးဆီသို့ မသွားပေ။ ထိုအစား ကြွက်သားတည်ဆောက်ခြင်းအခန်းတော်တော်များများကို ဝယ်ယူကာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကို ဂိုဏ်းနှင့် တပည့်များအတွက် ဖန်တီးပေးတော့၏။

ကျန်းယန်နိုင်ငံသည် တိုက်ခိုက်ခြင်းမှ ရပ်တန့်လိုက်ပြီဖြစ်သောကြောင့် ချင်းယန်နိုင်ငံအနေနှင့် ထုံးစံအတိုင်း တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းအနေနှင့် ရှားရှားပါးပါး ငြိမ်းငြိမ်းချမ်းချမ်းနေရသည့် အချိန်၌ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ဆေး‌ရည်အား မည်သူ့ကို ပေးရမည်ဖြစ်ကြောင်းကို စတင်စဉ်းစားလိုက်‌တော့သည်။ "ချင်းချင်းရဲ့ ပင်ကိုယ်စွမ်းရည်က အစောကြီးကတည်းက အားကောင်းပြီးသားပဲ။ဒီတော့ သူမကို ပေးမယ်ဆိုရင်အလကားပဲ။ချင်းယန်ကို ပေးမှဖြစ်မယ်။"

လီချင်းယန်သည် ဂိုဏ်းအတွက် အတိုင်းထက်အလွန် အားအင်စိုက်ထုတ်ထားသူ ဖြစ်ကြောင်း အားလုံးသိ၏။ ထို့ကြောင့် ၎င်းအား ဆေးရည်ပေးသည်မှာ အသင့်တော်ဆုံးပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအတွက် သိုင်းပညာအရင်းအမြစ် များအား ဖြန့်ဝေပေးသည့်နေရာတွင် အဆင့် ခွဲခြားထားခြင်း မရှိပေ။

သို့ပေမဲ့ အလွန်အရေးကြီး‌သော တန်ဖိုးကြီး ရတနာများကို ပေးစွမ်းချိန်မှာ‌တော့ အသင့်တော်ဆုံးလူကိုသာ ရွေးချယ်၍ ပေးအပ်ရန် စဉ်းစားထား၏။

ထို့ကြောင့် အနာဂတ်တွင် ရှောင်ကျီနှင့် လီချင်းယန်တို့သော လူမျိုးများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကြောင့် တန်ဖိုးကြီးရတနာများကို ပိုမို၍ ရ‌ရှိပေလိမ့်မည်။

သူသည် AWM စနိုက်ပါ ရိုင်ဖယ်များကို ဝယ်ယူခဲ့သည့် အချိန်တွင် အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် ငါးပုလင်းအားလည်း ဝယ်ယူခဲ့သေး၏။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ့၌ ခုနစ်ပုလင်းတိတိရှိနေပြီဖြစ်၏။

သူသည် လီယုဟွာ၊ လင်းရွမ်ရွှယ်၊ စုန့်ရွှမ်ရှင်းနှင့် ကျန်းဝေတို့အား ပေးအပ်လိုက်တော့သည်။

…......

အခန်းထဲမှာတော့ လီချင်းယန်သည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိသည်။

သူ၏ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်သည် အထူးအဆင့်မှသည် သူတော်စင် အဆင့်ဆီသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့၏။

ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း သိုင်းစစ်သူကြီး အဆင့်ခုနစ်မှသည် အဆင့်ရှစ်ဆီသို့ တိုးတက် ရောက်ရှိသွားခဲ့သည်။

သိုင်းစစ်သူကြီးအဆင့်တွင် သူ့ထက်ပို၍ အဆင့်တစ်ဆင့်မြင့်မားသူ ဆို၍ ရီရှင်းချန် တစ်ယောက်တည်း သာရှိတော့၏။

ရီရှင်းချန်သည် သိုင်းစစ်သူကြီး အဆင့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှောင်ကျီ ၊ လီယုဟွာ နှင့် အခြားသူများအားလုံးသည် သိုင်းစစ်သူကြီး အဆင့်ခုနစ်တွင် ရပ်တန့်လျက်ရှိသည်။

လုံကျိရန်နှင့် တစ်ခြားသော တပည့်များမှာတော့ အဆင့်လေးနှင့် အဆင့်ငါးများ ဖြစ်ကြ၏

လီယုဟွာ ၊ လင်းရွှမ်ရွှယ်နှင့် တစ်ခြားသော သူများအားလုံးသည် အထူးအဆင့် စိတ်ဝိညာဉ် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်များကို သောက်သုံးပြီးသည့်နောက်မှာတော့ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် အထူးအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားသည်သာမက အလွန်တရာလည်း အံ့အားသင့်မိကြ၏။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်ဆိုသော်လည်း အံ့အားသင့်မှုတော့ မရှိကြချေ။ အဘယ့်ကြောင့် ဆိုသော် ထိုအတွေ့အကြုံကို သူတို့ ခံစားသိမြင်ပြီး ဖြစ်၏။

အခြားတစ်ဖက်တွင် ရှိသော စုန့်ရန်ကျူးကတော့ အလွန်တရာ စိတ်လှုပ်ရှားဖွယ် ဖြစ်နေ၏။

"စီနီယာအစ်ကိုလီ"

သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ဒါ ဘယ်လိုဆေးရည်မျိုးတုန်း။တစ်စုံတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်ကိုတောင်မှ အ‌ဆင့်မြှင့်တင်နိုင်တယ်။"

လီချင်းယန်က ပြောလိုက်သည်။ "စိတ်မလှုပ်ရှားနဲ့။ အံ့အားသင့်စရာမလိုဘူး။ဒီကိစ္စက သာမန်ပဲ"

"သာမန်ပဲ ဟုတ်လား"

စုန့်ရန်ကျူး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာနှင့် သွား၍ ကျင့်ကြံတော့သည်။

လက်ရှိအခြေအနေ၌ သံမဏိအရိုးဂိုဏ်းတွင် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူနှစ်ယောက်၊ အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဆယ့်လေးယောက် ၊ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ငါးယောက်တို့အထိ ရှိနေကြပြီဖြစ်သည်။

ဤကဲ့သို့ အရည်အသွေး မြင့်မားလှသော စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်များသည် အဆင့်နှစ်နှင့် အဆင့်သုံးဂိုဏ်းများတွင်ပင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ချေ။ အဆင့်တစ်ဂိုဏ်းများမှာ ဆိုလျှင်တောင်မှ ပြောဆိုရန်ခက်ပေလိမ့်မည်။

သံမဏိအရိုးဂိုဏ်းသည် အလွန်တရာကြီးမားသည့် အလားအလာကို ပိုင်ဆိုင်ပြီး ပိုမိုကြီးထွား ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အချိန်သာ လိုအပ်ပေ၏။

…….......

တပည့်အရေအတွက်သည် သတ်မှတ်ပမာဏပြည့်သွားပြီးနောက်မှာတော့ ဂိုဏ်း၏ တာဝန်များ ရရှိခဲ့သည်။

တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တာဝန်များကို ရယူ၍ တာဝန်များကို ပြည့်ဝအောင် ထမ်းဆောင်တော့သည်။

ဂိုဏ်း၏ အောင်မြင်မှု အမှတ်သည် ၅၀၀၀ မှတ်ဆီသို့ ရရှိသွား၏။

တပည့်များသည် တာဝန်များကို ပြည့်စုံပြီဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ ရရှိပေလိမ့်မည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလယ်အလတ်စတိုးဆီ ထပ်မံ၍ သွားလိုက်သည်။

သူသည် စကြာဝဠာအိတ်ကို ဝယ်ပြီးသည့်နောက် တစ်ခြား မည်သည့် ကောင်းမွန်သည့် ပစ္စည်းကိုမှ ထပ်မတွေ့တော့ချေ။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ကို အသုံးပြု၍ ထပ်မံ refresh လုပ်လိုက်သည်။

"ကောင်းကင်ဘုံ"

ဂိုဏ်းချုပ်ကျွင်းသည် အသစ်ဖြစ်တည်လာသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် စိတ်လှုပ်ရှားစွာနှင့် ထအော်လုမတတ်ဖြစ်သွားတော့သည်။ ထိုအရာသည် အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံး‌ ဖော်မြူလာပင် ဖြစ်တော့၏။

သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများကို တိုးတက်နိုင်သည်ဆိုသော်လည်း အကန့်သတ်တစ်ခုထိ ရှိနေလေသည်။

သံမဏိအရိုးဂိုဏ်း၏ အကြီးမားဆုံး‌သော အားကိုးစရာမှာ ချီစုစည်းခြင်း ဆေးလုံးပင် ဖြစ်တော့၏။

သို့ပေမဲ့ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့် အဆင့်မြင့်လာသည်နှင့် အမျှ အဆင့်နိမ့်ချီစုစည်းခြင်း ဆေးလုံးများသည် အသုံးမဝင်တော့သလို ဖြစ်သွားသည်။

ထို့ကြောင့် ပိုမိုအဆင့်မြင့်နေသော ချီစုစည်းခြင်း ဆေးလုံးများကို လိုအပ်နေ၏။

သူသည် မိတ်ဆက်အား ကြည့်လိုက်သည်။

အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် အဆသုံးဆယ် ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်စွမ်းရှိသည်။ အဆင့်နိမ့် ချီစုစည်းခြင်း ဆေးလုံးများကိုတော့ ဆယ်ဆသာလျှင် စုပ်ယူနိုင်စွမ်းရှိ၏။

အကယ်‌၍ အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံးကိုသာ အဆင့်မြင့် ဆေးပင်တွေနှင့် စိုက်ပျိုး၍ သန့်စင်ထားနိုင်မည် ဆိုလျှင် အဆသုံးဆယ်ထက် ပိုမို၍ပင် အားကောင်းလာပေလိမ့်မည်။

"ဝယ်မယ် … ဝယ်မယ်"

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဖော်မြူလာအား တစ်ချက်လေးမှ နှောင့်နှေးခြင်း မရှိဘဲ ဝယ်ယူလိုက်၏။

ထိုဆေးလုံးသည် ဆေးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားတော့သည်။

သူသည် ဆေးလုံးကို နှိပ်ကြည့်လိုက်သည့် အချိန်မှာ‌တော့ ထိုဆေးလုံး သန့်စင်ရန် လိုအပ်သည့် ဆေးပင်အမျိုးအစားများ ပေါ်ပေါက်လာ‌သည်။ သို့ပေမဲ့ တန်ဖိုးအရမ်းကြီးမားလှသည့် ဆေးပင်များတော့ မဟုတ်ချေ။ ဝယ်ယူ၍ သို့မဟုတ် စိုက်ပျိုး၍ ရနိုင်၏။

သေချာဖတ်ရှုပြီးသည့်နောက်မှာတော့ သူသည် အခြားပစ္စည်းများကို ဆက်လက်ကြည့်ရှုလိုက်၏။

ပြီးနောက် အဆိပ်ဖြေဆေးဟူသော ဖော်မြူလာတစ်ခုကို မြင်လိုက်ရသည်။ ထိုဆေးလုံးသည် အဆိပ်ပေါင်းရာကျော်ကို ဖြေပေးနိုင်၏။

"အနာဂတ်မှာ တပည့်တွေ အပြင် ထွက်ပြီးတော့ လေ့ကျင့်မယ်ဆိုရင် အဆိပ်ဖြေဆေးရှိထားတာ မဆိုးဘူးပဲ"

သူသည် နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ အဆိပ်ဖြေဆေး ဖော်မြူလာအား ဝယ်ယူလိုက်၏။

ဤအတောအတွင်း ဂိုဏ်းချုပ်ကျွင်းသည် ဆေးပင် အတော်များများကို စုစည်းထား၏။ ထို့ကြောင့် ဆေးခန်းမဆောင်အား ဖွင့်ကာ ဆေးလုံးတစ်ရာကျော်လောက်အား စတင်သန့်စင်တော့သည်။

ထို့ကြောင့်ပင် အဆိပ်ဖြေဆေးများသည် သူ၏ လက်ထဲတွင် လက်ဝယ်ရောက်ရှိလာခဲ့သည်။

ပြီးနောက် သူသည် စတိုးအား ထပ်မံ၍ ကြည့်ရှုလိုက်သည့် နောက်မှာတော့ တစ်ခြားသော သိုင်းနည်းစနစ် နှစ်ခုအား ရှာဖွေတွေ့ရှိလိုက်၏။

ဤအရာများသည် အဆင့်မြင့် သိုင်းနည်းစနစ်နှစ်ခု မဟုတ်သော်လည်း ပေါက်ကွဲလက်သီးထပ်တော့ ပို၍ အားကောင်းသေးသည်။

ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာအား ဝယ်ယူလိုက်တော့၏။ သိုင်းနည်းစနစ်ဖြစ်သည်ဆိုသည်နှင့် သူသည် မဖြစ်‌မနေဝယ်ယူရပေလိမ့်မည်။

ဂိုဏ်း၏ သိုင်းနည်းစနစ်များ များပြားစွာ တည်ရှိနေမှ ဂိုဏ်းသည် ပွဲလယ်တင့်ပေလိမ့်မည်။

သိုင်းနည်းစနစ်တစ်ခုချင်းစီတိုင်းအား မိတ္ထူငါးထောင်စာ ဆွဲပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ဂိုဏ်းစုဆောင်းမှတ်များသည် ၄၉၉၆ ဆီမှသည် ၇၉၆ ထိ ကျဆင်းသွားတော့၏။

သူ့အနေနှင့် မစိုးရိမ်ပေ။

အဘယ့်ကြောင့်ဆိုသော် တပည့်များသည် ဂိုဏ်းတာဝန်များကို ပြည့်စုံအောင် ပြုုလပ်ရင်း ဂိုဏ်းစုဆောင်းမှတ်များကို ဖြည့်စည်းပေးလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် နောက်ထပ် ငါးရက်၊ ခြောက်ရက်အတွင်းမှာပဲ တာဝန်ကို လက်ခံရယူပြီးသော တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် တာဝန်ကို ပြည့်စုံသွားသည်။

ထို့ကြောင့် ဂိုဏ်းအောင်မြင်မှု အမှတ်များနှင့် ဂိုဏ်းစုဆောင်းမှတ်များသည် တစ်ခါတည်း ဆိုသလိုပဲ မြင့်တက်လာ၏။

ဆယ်ရက်မြောက်နေ့မှာတော့ တာဝန်အားလုံး ပြည့်စုံသွားခဲ့၏။

ဂိုဏ်းစုဆောင်းမှတ်- ၅၀၀၀/၅၀၀၀။

ဂိုဏ်းအောင်မြင်မှုအမှတ် - ၇၅၀၀/၅၀၀၀။

"ငါ အဆင့်မြှင့်တင်လို့ ရပြီပဲ။"

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်အား အသာပွတ်သပ်လိုက်ပြီး ဂိုဏ်းအဆောက်အအုံ အား ကြည့်လိုက်သည်။

"ဒင် ….ဂိုဏ်းအဆောက်အဦး အဆင့်ခြောက်သို့ တိုးတက်ခဲ့သည်။”

“ဂိုဏ်းသား ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှာ အမှတ်များသည် မြင့်တက်သွားခဲ့သည်။”

ဒင်။

“ဂိုဏ်း၏ စိတ်ဝိညာဉ်ခန်းမဆောင်အား ဖွင့်လှစ်နိုင်ခဲ့၏။”

သတိပေးသံများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ စနစ်၏ အသွင်အပြင်သည် ပြောင်းလဲသွားသည်။

ဂိုဏ်းအမည် - သံမဏိအရိုးဂိုဏ်း။

ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။

ဂိုဏ်းအဆင့် - အဆင့်ခြောက်။

ဂိုဏ်း၏ အဆောက်အအုံ - အဆင့်ခြောက်။

ဂို‌ဏ်း၏ လုပ်ဆောင်နိုင်စွမ်း- ဆေးခန်းမဆောင် ပန်းပဲခန်းမဆောင် ၊ စိတ်ဝိညာဉ်သားရဲခန်းမဆောင် နှင့် စိတ်ဝိညာဉ်ခန်းမဆောင်…..။

ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ် - ရီကျင်ကျင်း ၊ တိမ်ခြေလှမ်း ၊ အသံပို့လွှတ်ခြင်း…….

ဂိုဏ်းသား ၅၀၀၀/၁၀၀၀၀။

ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀/၁၀၀၀၀။

ဂိုဏ်းအောင်မြင်မှု အမှတ် ၇၂၀၀/၁၀၀၀၀။

ဂိုဏ်၏ တာဝန် - နှစ်တစ်ရာအတွင်း...

“အကန့်အသတ်ကို ဂိုဏ်းသားတစ်သောင်းအထိရောက်အောင် လုပ်နိုင်ခဲ့ပြီပဲ။”

အစတုန်းကဆိုလျှင် ဂိုဏ်း၏ နောက်ဆုံးအဆင့်တွင် ရှိသော မျက်နှာပြင် အကန့်အသတ်သည် တစ်ရာသာ ဖြစ်၏။

လက်ရှိအခြေအနေတွင် တစ်သောင်းအထိသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် မျက်ရည် ဝိုင်းလုမတက် ပျော်ရွင်မိ၏။

ဂိုဏ်းသည် ပိုမို၍ သန်မာ အားကောင်းလာသည်ဟာဆိုရမည်။

ဖျားနေသည်ဆိုလျှင်တောင် သူသည် ဂိုဏ်း၏ ဖွံ့ဖြိုးရန်အတွက် မဖြစ်‌မနေ ကြိုးကြိုးစားစားနှင့် အလုပ်လုပ်ကိုင်ခဲ့ရ၏။

စနစ်သည် သူ့ကို ရင်နာအောင် လုပ်လိုက်သည်။ "ဂိုဏ်းသားတစ်သိန်းထိ ရောက်ဖို့ လိုသေးတယ်လေ။ဒီတော့ လက်ခံသူအနေနဲ့ ပိုပြီး ကြိုးစားမှ ဖြစ်မယ်။ ဖျားနေလည်း လုပ်ရမယ်။ လိပ်ခေါင်းထွက်နေလည်း နားလို့မဖြစ်ဘူး "

All Chapters