← Chapters

အော်ဒီနဲ့ မင်းက လိုက်ဖက်တယ်

Vol. 106 Ch. 1578

အော်ဒီနဲ့ မင်းက လိုက်ဖက်တယ်

Vol. 106 Ch. 1578

ချီရှန်းကျောက်နှင့် စကားပြောပြိးနောက် လင်းရီသည် ပင်းချန်တက္ကသိုလ်သို့ မောင်းနှင်လာသည်။

နှစ်အသစ်သို့ ကူးပြောင်းပြီးသည့်နောက် ကျောင်း၏ စာမေးပွဲကာလသည်လည်း အဆုံး၌ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ၎င်းကြောင့်ပဲ ကျောင်း ရင်ပြင်၌ ကျောင်းသားတို့ အနည်းအကျဉ်းမျှသာ ရှိကာ အနည်းငယ် ခြောက်ကပ်ကပ် ခံစားနေရ၏။

ကြည့်စရာ၊ ရှုစရာ ဟူ၍ စကတ်တိုတိုနှင့် ခြေတံရှည်ရှည် အလှလေးများလည်း မရှိတော့ ပင်းချန် တက္ကသိုလ်သည် ၎င်း၏ အနှစ်သာရ ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေလေသည်။

လင်းရီ သက်ပြင်းမချဘဲ မနေနိုင်ချေ။

နွေရာသီဆိုတာ တက္ကသိုလ်နှစ်ရဲ့ တကယ့်ကို အလှပဆုံး အချိန်အခါပါလား….

အလှလေးတို့ ကင်းစင်နေသဖြင့် လင်းရီ အချိန်ဆွဲမနေတော့ဘဲ ချီရှန်းကျောက်၏ ရုံးခန်းသို့ တန်းမတ်စွာ ဦးတည်လိုက်သည်။

“ ဆရာလင်း … ဝင်လာလေ…. လာထိုင် …”

လင်းရီတွင် အထောက်အထားများစွာ ရှိနေသော်လည်း ကျောက်ချီမှာမူ ဆရာလင်းဟု ခေါ်ရသည်အား နှစ်သက်လျက်ရှိ၏။

“ အသိမိတ်ဆွေဟောင်းတွေကိုပဲ …. ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး…”

“ ဒါပေမယ့် ဆရာလင်းက ကျောင်းကို ဒီအခြေအနေထိ တိုးတက်လာအောင် ကူညီပေးခဲ့တယ်လေ…”

ထိုသို့ပြောပြီးနောက် ကျောက်ချီသည် နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ နေ့လည်တောင် ရောက်နေပြီ… ဒီလိုလုပ် … ကျုပ် ဆိုင်ကောင်းကောင်း တစ်ခု ရှာလိုက်မယ်… ကောင်းကောင်းသောက်ကြတာပေါ့ …”

“ အချင်းချင်းတွေကိုပဲ အဲ့လို လုပ်စရာ မလိုပါဘူး …” လင်းရီ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ကျောင်းအုပ်ကျောက်လည်း အလုပ်ရှုပ်နေမှာပေါ့ … ပြီးတော့ ကျုပ်လည်း ဗိုက်ဆာသေးတာ မဟုတ်ဘူး … ခင်များရဲ့ အချိန်တွေ အများကြီး မယူတော့ပါဘူး …”

လင်းရီ လိမ်ပြောလိုက်ခြင်းပင်။ အဓိကက ဗိုက်မဆာသောကြောင့် မဟုတ်ဘဲ ကျောက်ချီကဲ့သို့ အဘိုးကြီးဖြင့် ထမင်းအတူစားရမှာက ပျင်းဖို့ကောင်းသောကြောင့် ဖြစ်၏။

ထိုအစား သူ ခဏကျ ရှောင်ထျန်ကို သွားရှာ၍ ထမင်းအတူ စားလိုက်မည်။

“ အိုက်ယား ဆရာလင်းကတော့ … ရောက်လာတိုင်းလည်း ဒီလိုချည်းပဲ … ကျုပ်ကို အားနာရအောင် တော်တော်လုပ်တယ်…”

ကျောက်ချီ ရေနွေးကြမ်း တစ်အိုး သွားဖောက်လိုက်ပြီး လင်းရီ၏ ခွက်ထဲသို့ ငဲ့ပေးလိုက်၏။

“ ဆရာလင်း ပြောစရာ ရှိရင် ပြောလေ… ကျုပ် တတ်နိုင်တာဆို ကျိန်းသေပေါက် ကူညီပေးမှာပါ…. မတတ်နိုင်ဘူးဆိုလည်း နည်းလမ်းရှာပေးရတာပေါ့ …”

“ ကျုပ် တုံးစန်းကောင်တီမှာ အလုပ်သင်ဆင်းဖို့ လူတွေ စီစဉ်ခိုင်းတာ ကျောင်းအုပ်ကျောက်နဲ့ တစ်ခါ ဆွေးနွေးခဲ့ဖူးသေးတယ်မလား … ရလဒ်က ပိုပိုပြီး ကောင်းလာနေတယ်… ရေပန်းစားမှုလည်း တိုးလာနေပြီ… ဒါပေမယ့် ပညာရေး အဆင့်အတန်းကတော့ နောက်ကျနေရစ်တုန်းပဲ … ကျုပ်တို့ ဒီကိစ္စကို ဦးစားပေးမှရမှာ…”

“ ဆရာလင်း အဲ့ကိစ္စ စိတ်မပူနဲ့ …ကျုပ် အောက်ကလူတွေကို ညွှန်ကြားထားပြီးပြီ… ဒါပေမယ့် မတိုင်ခင် ဆရာလင်းနဲ့ ကြိုပြီး အတည်ပြုစရာ တစ်ခုတော့ ရှိတယ်…”

ကျောက်ချီ ပြောလိုက်ပြီး “ အလုပ်သင်ကာလက တစ်နှစ် အများဆုံပဲ … ပြီးရင် သူတို့လည်း အဲ့မှာ ဆက်နေကြမှာ မဟုတ်ဘူး … ဘာပဲဆိုဆို ဒီတိုင်း ကောင်တီ မြို့လေးပဲလေ…”

“ ကျုပ် နားလည်တယ်… အလုပ်သင် ကိစ္စတာ သေချာလေး စီစဉ်ပေးပါ … ပြီးရင် တစ်လကို ယွမ် ၃၅၀၀ ပေးတာပေါ့ … ကျန်တာတော့ ကံတရားပဲ…”

“ ဆရာလင်းကတော့ အမြဲတမ်း ရက်ရောနေတော့တာပဲ … အမှန်အတိုင်း ပြောရရင် ကျိုးဟိုင်က အလုပ်သင်တွေတောင် အဲ့လောက် အများကြီး မရကြဘူး …”

လင်းရီ ပြုံးလျက် ဆိုဖာပေါ်တွင် ထိုင်ရင်း “ ဘာလို့ဆို ကျုပ်က အသိတရားရှိတဲ့ သူဌေးကြီးမို့လေ…”

ကျောက်ချီလည်း ပြုံးလိုက်ပြီး “ ကျုပ်တော့ အဲ့ဒီနည်းလမ်းက အလုပ်ဖြစ်မယ် မထင်ဘူး … အဆုံးသတ်ကြရင် ဘယ်သူ့ကိုမှ အဲ့မှာ ထိန်းထားနိုင်မှာ မဟုတ်ဘူး … ပိုက်ဆံ အလကား ဖြုန်းတီးလိုက်တာနဲ့ အတူတူပဲနော်…”

“ ဆိုတော့ …………”

“ တကယ်လို့ တုံးစန်းကောင်တီက ပညာရေး ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် ကျုပ်တို့ဘက်က အကျိုးကျေးဇူးတွေ ပေးရမယ်… လူတိုင်းမှာလည်း စားဝတ်နေရေး ဆိုတာ ရှိတယ်မဟုတ်လား … ဒီလိုနည်းလမ်းနဲ့မှ အလုပ်သင် ကျောင်းသားတွေ နေလိုစိတ် ပိုရှိမှာ….”

လင်းရီ၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့၏။ “ ခင်များက ကျုပ်ကို အဲ့တစ်ခု သတိပေးလိုက်တာပဲ .. ကျောင်းဆရာ အလုပ်အကိုင်မှာလည်း အလုပ် လုံခြုံစိတ်ချရရေးကို ထည့်သွင်းစဉ်းစားတာပေါ့ … ဟုတ်တယ်ဟုတ်…”

“ ဆရာလင်းနဲ့ကတော့ ပြောလို့ အမြဲလွယ်တယ်… အမြဲတမ်း အဓိကကို ထိမိတယ်…” ကျောက်ချီ ပြောလိုက်ပြီး “ ကျုပ်တို့အားလုံးက သာမန်လူတွေပဲလေ… အခြေခံ လိုအပ်ချက်တွေကို မဖြေရှင်းရသေးဘဲနဲ့ တည်ငြိမ်မှုတွေ ၊ ဆုံးဖြတ်ချက်တွေဆိုတာ အဓိပ္ပာယ် မရှိတာပဲ … ဒီ ပြဿနာကို ဖြေရှင်းပြီးတာနဲ့ အားလုံး လွယ်ကူလာလိမ့်မယ်…”

“ ကောင်းတဲ့ အကြံပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စ ကျုပ် အမြန်ဆုံး အကောင်အထည် ဖော်လိုက်မယ်… ခင်များရဲ့ ကျောင်းသားတွေကိုလည်း အခြေအနေနဲ့ အစီအစဉ်တွေကို ပြောပြထားလိုက်ဦး … “

“ ဒါဆို အတည်ဖြစ်ပြီနော်… အချိန်ကျလာရင် ကျုပ် တစ်ချက်တွက်ချက်ပြီး ကျောင်းမှာ လူနှစ်ယောက် လိုမလဲဆိုတာ တွက်ကြည့်လိုက်မယ်… ကျုပ်တို့ဘက်ကလည်း ပို့ဆောင်ပေးနိုင်အောင် အကောင်းဆုံး ကြိုးစားပေးသွားမယ်…”

“ ကောင်းပြီလေ … ကျောင်းအုပ်ကျောက်ကို အလုပ်များစေမိပြီ….”

ထို့နောက် နှစ်ယောက်သား အသေးစိတ် ဆက်လက်ဆွေးနွေးခဲ့ကြပြီး ကျောက်ချီ၏ ရုံးခန်းထဲကနေ လင်းရီ ထွက်လာခဲ့လိုက်သည်။

သို့သော် ဓာတ်လှေကားသို့ ရောက်သည့် အချိန်တွင်ပဲ ရှောင်ထျန်မှာ ရေးကြီးသုတ်ပျာဖြင့် ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမနှင့် အချိန်အတော်ကြာအောင် မမြင်တွေ့ပြီးနောက်တွင် ရှောင်ထျန်သည် အတော်လေး ဝိတ်ကျသွားကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ သူမက အနက်ရောင် ဆွယ်တာနှင့် အပြာရောင် ဂျင်းကို ဝတ်ဆင်ထား၏။

ကိုယ်လုံးက ပို၍ ပိန်သွားသောကြောင့်လား ၊ လင်းရီကပဲ ထင်နေ၍လား မသေချာသော်ငြား သူမ ရင်ဘက်ရှိ သားမြတ်မှာတော့ ပို၍ ထွားလာသယောင် ရှိသည်။

ထျန်းရန်ပင် ရှောင်ထျန်၏ ရင်ဘက်အား ကြည့်၍ သက်ပြင်းချရုံသာ တတ်နိုင်လောက်၏။

လင်းရီကို မြင်တွေ့လိုက်ရ၍ ရှောင်ထျန်လည်း အတော်လေး အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူမ ပြုံးပြလိုက်၏။

“ နင် ဒီကို ဘာလာလုပ်တာလဲ..”

“ ကျောင်းအုပ်ကျောက်နဲ့ ကိစ္စလေးရှိလို့ လာတွေ့တာ … သူနဲ့ အခုလေးတင် စကားပြောပြီးလို့ မင်းဆီ ထမင်းစား လာခေါ်တော့မလို့ပဲ…”

“ ကောင်းသားပဲ … ငါလည်း ဘာမှ မစားရသေးဘူး …”

ရှောင်ထျန် သူမလက်ထဲရှိ စာရွက်စာတမ်းများအား ဝှေ့ယမ်းပြရင်း “ ခဏစောင့်နော်… ဒါလေးတွေ ကျောင်းအုပ်ကျောက်ဆီ ပို့ပေးပြီးရင် အတူသွားစားလို့ ရပြီ…”

“ ကောင်းပြီလေ…”

ရှောင်ထျန်က အတော်လေး မြန်သည်။ သူမ ချက်ချင်းလှည့်၍ ရုံးခန်းထဲသို့ ဝင်သွားခဲ့၏။ မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီထံ ခပ်သော့သော့ ပြန်ပြေးလာခဲ့သည်။ သူမရှေ့ရှိ မီးလုံးကြီး နှစ်ခုမှာ တောက်ပလွန်း၍ လင်းရီပင် မျက်စိကောင်းစွာ မဖွင့်နိုင်တော့ချေ။

“ သွားစို့ … နင် စားချင်တဲ့နေရာ ရွေးလိုက် … ဒီနေ့ ငါ ကျွေးမယ်…”

“ ဘာလဲ… ဂိမ်းထဲ rank တက်သွားလို့လား … မင်းကြည့်ရတာ အတော် ပျော်နေတဲ့ပုံပဲ…”

“ ငါတို့နေ့တိုင်း အတူကစားနေတာကို နင်လည်း ငါ့စကေးကို သိရဲ့သားနဲ့ … အဲ့ဒီ rank ကို ဘယ်အချိန်မှ ရောက်နိုင်မလဲ မသိဘူး …”

ရှောင်ထျန် ဆံပင်အား ဖြီးသပ်လိုက်ပြီး “ ငါ ရာထူးတိုးခံရတော့မယ်… ဒါကြောင့်မို့ ဒီနေ့ စိတ်ကောင်းဝင်နေတာ … နင်ကြိုက်တဲ့ နေရာရွေးလိုက် …”

“ နေ့လည်ပိုင်း အလုပ်ချိန်ကို နှောင့်ယှက်သလို ဖြစ်မသွားဘူးလား …”

“ ကျောင်းသားတွေ အကုန်လုံး ပျော်ပွဲစား ထွက်သွားကြပြီလေ… အလုပ်က ဘယ်အချိန်လုပ်လုပ် ရတယ်…. တိုက်ဆိုင်ချင်တော့ ဒီနေ့ ကားပြပွဲ တစ်ခုရှိတယ်… ငါ သွားကြည့်မလို့ လုပ်နေတာ …”

“ ကားလဲ မလို့လား … ဒီ A6 လည်း တော်တော်ကောင်းပါတယ်…”

“ ကားက ငါ့အမေရဲ့ ဥစ္စာ … ဒရိုင်ဘာလိုင်စင် ရပြီးတော့ အဲ့ကားမောင်းရင်းနဲ့ လေ့ကျင့်နေတာလေ… အခုတော့ ယုံကြည်ချက် အပြည့်ရှိသွားပြီ… ဒါကြောင့်မို့ SUV တစ်စင်းလောက် လဲမလို့ …” ရှောင်ထျန် ပြောလိုက်ပြီး “ နင့်ကြည့်ရတာ ကားအကြောင်း သိမယ့်ပုံစံနဲ့ အားရင် ညနေခင်း ငါနဲ့အတူလိုက်ခဲ့လေ… လိုက်ပြီး အကြံလေး ဘာလေး ပေးပေါ့ …”

လင်းရီ ရှောင်ထျန်အား တစ်ချက်ကြည့်လိုက်၏။

“ အပြင်ပိုင်းကြည့်ရင် SUV က ကြည့်လို့ပိုကောင်းတယ်… ဒါပေမယ့် ဘရန်းအရဆိုရင်တော့ မင်း အော်ဒီ ရွေးတာက ပိုကောင်းမယ်လို့ ထင်တယ်.. မင်းနဲ့ အဲ့ဒီ ဘရန်းက လုံးဝ perfect ပဲ….”

“ ဘာလို့ perfect တာ…”

“ အော်ဒီရဲ့ ကားမီးလုံးတွေက အမိုက်စားကြီးတွေ … မီးစက်ရုံလို့တောင် ခေါ်ကြတယ်… မင်းလိုပဲပေါ့ … ဒါကမှ လိုက်ဖက်မညီဘူးဆိုရင် ဘာနဲ့မှ လိုက်ဖက်ညီတော့မှာ…”

ကျောင်းသားများနှင့် နေ့စဉ်ရက်ဆက် ထိတွေ့ပြောဆို ဆက်ဆံနေရသူ ဖြစ်သဖြင့် ကျောင်းအတွင်း လူငယ်များကြား ရေပန်းစားသည့် စကားလုံးတို့နှင့် ပြက်လုံးများစွာကို တရင်းတနှီးရှိသည်။

ထို့ကြောင့်ပဲ လင်းရီ ဆိုလိုချင်သည်အား ချက်ချင်း နားလည်သွားခဲ့တော့၏။

“ အဲ့အကြောင်း လာမပြောနဲ့ … နင် ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လာလုပ်နေတာလား ..” ရှောင်ထျန် ကျွဲမြီးတိုစွာဖြင့် ပြောလိုက်ပြီး “ ဒီက ဆိုဒ်လျှော့ဖို့ နေရာတောင် ရှာချင်နေတာ … လူတွေ ကျောနဲ့ ရင်ဘက် ခွဲခြားနိုင်ရုံလောက်ဆို ရပြီ… ခုလောက်ကြီးတော့ကျ နှေးကွေးလေးလံလွန်းတယ်…”

လင်းရီ “ …. “

“ မင်းက တကယ့်ကို လူတစ်ချို့ရဲ့ ခံစားချက်ကို နားမလည်တဲ့ လူစားမျိုးပဲ … သောက်ရမ်း ရက်စက်လွန်းတယ်…”

လင်းရီကတော့ အကယ်၍ ဟော်ယွမ်ယွမ်သာ ယခုလို ဆိုဒ်မျိုးဖြင့် ကြီးပြင်းလာမည်ဆိုပါက နေ့တိုင်းနေ့ ကမ်းခြေသို့ သွားပြီး ကြွားဝါနေမည်ကို မြင်ယောင်နေမိသည်။

“ ကဲပါ … ထပ်မပြောနဲ့တော့ …” ရှောင်ထျန် ပြောလိုက်ပြီး “ သွားစားကြမယ်…”

ထို့နောက် နှစ်ယောက်သား သူတို့ စားနေကြ ဘာဘီကျူးဆိုင်သို့ ရောက်ရှိလာခဲ့၏။

အတွင်းပိုင်း အပြင်အဆင်က ခမ်းနားထည်ဝါခြင်း မရှိသော်လည်းပဲ ကျိုးဟိုင် ပင်းချန် တက္ကသိုလ်တစ်ဝိုက်တွင်တော့ မဆိုးသည့်ထဲတွင် ပါသည်။

အရေးကြီးဆုံးကတော့ လက်ရာကောင်းမွန်ခြင်းပင်။ ကျောင်းသားတိုင်း၏ အမာခံဆိုင်ဖြစ်၏။

“ မင်း စောစောက ပြောတာ ရာထူးတိုးတော့မှာမလား ... ဘယ်ကိုလဲ တိုးမှာ …”

“ ကျောင်းရုံးခန်းကို …” ရှောင်ထျန် ပြောလိုက်ပြီး “ လက်ထောက် ခေါင်းဆောင် ရာထူးနဲ့လေ… ဘယ်လိုလဲ … မဆိုးဘူးမလား …”

ရှောင်ထျန်၏ အသက်အရွယ်ဖြင့် ယခုလို ရာထူးနေရာသို့ တက်ရောက်နိုင်သည်က သူမ၏ အကန့်အသတ်ဖြစ်၏။

အကယ်၍ သူမကိုယ်သူမသာ အနည်းငယ် ရောင်းထုတ်လိုစိတ်ကလေး ရှိမည်ဆိုပါက နှစ်အနည်းငယ် အတွင်း၌ လက်ထောက် ကျောင်းအုပ် အဆင့်သို့ပင် ရောက်ရှိနိုင်လေသည်။

သို့သော် သူမက ထိုကဲ့သို့သော လူစားမျိုး ဟုတ်မနေခဲ့ခြင်းပင်။

“ အယ်.. ဆရာမထျန်.. ရှင်လည်း ဒီရောက်နေတာလား … ဒါနဲ့ ဒီဘက်က ရှင့် ကောင်လေးလား …”

All Chapters