← Chapters

RSQ8 က ဘယ်လောက်လဲ

Vol. 106 Ch. 1580

RSQ8 က ဘယ်လောက်လဲ

Vol. 106 Ch. 1580

ရှောင်ထျန် သူမ၏ ကုတ်ကို ရှေ့သို့ ဆွဲဖုံးရင်း တောင်ကြီးနှစ်ခုကို တင်းကြပ်စွာ ဖုံးအုပ်ထားလိုက်၏။ သူမ၏ ရွှန်းစိုနေသည့် မျက်ဝန်းကြီးများဖြင့် လင်းရီအား မျက်လုံးလှန်ကြည့်လိုက်သည်။

“ ကျစ် … နင်ပြောသလောက်ကြီးလည်း ဆိုးမနေပါဘူး …”

“ ပြောနေလို့ အလကားပဲ … ငါတို့ ဝယ်ပြီး စမ်းကြည့်တာနဲ့ သိမှာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ အော်ဒီဘရန်းရဲ့ ဒေတာတွေကလည်း ဘုတ်မှာ အချိုးညီညီနဲ့ … အကုန်အကျ သက်သာတယ်ဆိုတာလည်း ကောင်းတဲ့ ကိစ္စပဲလေ.. ဒါပဲ ယူကြတာပေါ့ …”

လင်းရီ၏ စနောက်ခြင်းကို ခံလိုက်ရ၍ ရှောင်ထျန် စိတ်မဆိုးသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လင်းရီနှင့် အတူ ဂိမ်းကစားသည့် အချိန်၌ အမြဲတမ်း အဆူငေါက် ခံနေရသောကြောင့်ဖြစ်၏။

“ နင်တောင် ပြောလာပြီဆိုမှတော့ ငါလည်း ဒီဘရန်းပဲ ရွေးလိုက်ပါမယ်လေ…”

လင်းရီ ပြပွဲ ဧရိယာကို လှည့်ပတ်ကြည့်လိုက်ပြီး “ မင်းရဲ့ ဘတ်ဂျက်က ၆ သိန်းဆိုတော့ ….. မင်း Q5 တစ်စင်း ရွေးလို့ရတယ်… ရလား …”

“ ရတယ်လေ.. နင်ပြောတာ နားထောင်မယ်…” ရှောင်ထျန် ထိုင်ခုံများ ရှိသည့် နေရာဘက်သို့ ကြည့်၍ “ ငါကြားတာ ကားရှိုးတွေထဲမှာ ဈေးစစ်လို့ ရတယ်တဲ့နော်… ငါ သူတို့ရဲ့ အရောင်းစာရေးနဲ့ စကားပြောကြည့်ဦးမယ်…”

“ ဆရာမထျန်… ရှင်က ကားပြပွဲတွေကို လာခဲတယ်မလား…”

ကျန်းထျန်ရှု အပြုံးလေးဖြင့် ရောက်လို့လာပြီး “ ပုံမှန်ဆို ကားပြပွဲတွေမှာ ရောင်းတဲ့ ကားဈေးတွေက အနိမ့်ဆုံးပဲ.. သည့်ထက်ပိုနိမ့်ခိုင်းလို့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး … ပြီးတော့ ဒီ Q5 လေးက ဘယ်လောက်ကျတာ မှတ်လို့ … ယွမ် ၄ သိန်းတည်းကို … သည့်ထက်ပိုပြီး ဈေးစစ်နေစရာ မလိုပါဘူး … ရှက်ဖို့ ကောင်းလိုက်တာ…”

“ ငါ့မှာ ရှိတဲ့ ပိုက်ဆံက ငါ့ဘာငါ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ရှာထားရတာ … ဒါကြောင့်မို့ ချွေတာပြီး သုံးရတယ်.. နင်တို့နဲ့တော့ ဘယ်တူမှာ…”

ရှောင်ထျန်၏ စကားလုံးတို့က ကျန်းထျန်းရှုကို အမူအရာ ပြောင်းသွားစေခဲ့သည်။

ဒါ သူမကို သကြားဖေဖေ ထားလို့ ပြောင်ပြောင်တင်းတင်းကြီး ကဲ့ရဲ့နေတာပဲမလား….

“ နင်ဘာတွေ လာပြောနေတာ … ငါတို့က လက်ထပ်တော့မှာကို ဒီလို အသေးစိတ်တွေ လိုက်တွက်ချက်နေစရာ လိုလို့လား …” ကျန်းထျန်းရှု ပြောလိုက်ပြီး “ ဒါပေမယ့် နင့်ကောင်လေးက စိတ်ဝင်စားစရာတော့ ကောင်းသားပဲနော်… နင်က ကားဝယ်တော့မှာကို ဘယ်လို သဘောထားမှလည်း မပြဘူး … ငါ့ကို အချိန်ပြည့် ဂရုစိုက်ပေးပြီး ကားလည်း ဝယ်ပေးတဲ့ ငါ့ကောင်လေးနဲ့များ တခြားစီ……”

လင်းရီ “ …… “

ငါ့ဘာငါ ဘေးမှာ အသာလေး အေးဆေးရပ်နေတာလေ… ဘာလို့ စကားဝိုင်းထဲ ဆွဲထည့်နေရတာတုန်း အမိရ…..

“ ငါ့ဘာငါ ဝယ်နိုင်တာကို ဘာလို့ သူ့ကို အကူအညီတောင်းရမှာလဲ…”

“ တကယ်လို့ သူ့နောက်ခံက မကောင်းဘူးဆိုလည်း တည့်ပြောလိုက်လေ… အချင်းချင်းတွေကို အားနာနေစရာ မလိုပါဘူး … တို့က သူများတွေကို အတင်းလည်း မပြောတတ်ပါဘူး …” ကျန်းထျန်ရှု အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ အော်ဒီတွေ အကြောင်း ကောင်းကောင်းသိတယ်… ဒီ Q5ရဲ့ နေရာက တော်တော်လေး ကျဉ်းတယ်… SUV လို့တောင် မခံစားရဘူး …. မောင်းရမှာ ပျင်းဖို့ကောင်းတယ်… ဆရာမထျန်လည်း အရစ်ကျနဲ့ ပေးပြီး ငါ့လို Q7 တစ်စင်းလောက် ဝယ်လိုက်ရင် ဘယ်လိုလဲ…”

“ လျှောက်လုပ်နေတာတော်စမ်း ရှုရှု… လူတိုင်းရဲ့ အခြေအနေတွေက တူညီကြတာ မဟုတ်ဘူး … ဆရာမထျန်ရဲ့ အကန့်အသတ်က Q5ပဲ … မင်းက သူ့ကို Q7 ဝယ်ခိုင်းမယ်ဆိုရင် ပိုက်ဆံ အများကြီး ကုန်ရုံတင် ဘယ်ကမှာ … လစဉ် ထိန်းသိမ်းခတွေကလည်း နည်းမှာ မဟုတ်ဘူး … သူ့ ရတဲ့ လစာလေးထဲကနေ ဖယ်လိုက်ရင် ဘယ်လောက်ကျန်တော့မှာမို့လို့ … သူ့ အနေအထားက ကိုယ်တို့နဲ့ ကွာနေတယ်လေကွာ….” ကျိုးကျစ်ချန် ပြောလိုက်သည်။

“ ဟုတ်တယ် ဟုတ်တယ်… ကိုသာ မပြောရင် ချစ်မေ့တော့မလို့ … ဟီးဟီး …” ကျန်းထျန်ရှု ရယ်သွမ်းလိုက်ပြီး “ ချစ်တို့က တစ်ခါတည်း ပိုက်ဆံချေပြီး ဝယ်တဲ့အချိန် သူက အကြွေးနဲ့ ဝယ်ရမှာ .. တကယ်လို့ Q7 သာ ဝယ်ရမယ်ဆိုရင် နောင်ကျ ညစ်တီးညစ်ပတ်တွေပဲ စားနေရလောက်တယ်…”

“ ဒီတိုင်း နည်းနည်းဈေးကြီးတာလေးပဲမလား … ဘာများ ရေကြီးခွင်ကျယ် ဟုတ်တာမှတ်လို့ … ငါဒီနေ့ Q7 တစ်စင်း ဝယ်မယ်…”

ရှောင်ထျန် စိတ်သဘောထား ပြောင်းလဲသွားသည်ကို မြင်တော့ နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ကျန်းထျန်ရှု ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် “ ဆရာမထျန်… ရှင် သေချာလေး စဉ်းစားနော်… ကျွန်မတို့က ဒီလိုကားမျိုး တစ်ခါတည်းနဲ့ အကြေဝယ်နိုင်တယ်… ဒါပေမယ့် ရှင်သာ ဝယ်လိုက်မယ်ဆို နောင်ကျ ကရိကထ များနေရမှာနော်…”

“ နင်က တလွဲတွေ စိုးရိမ်နေတာပဲ … ငါတို့ မိသားစုက မချမ်းသာဘူးဆိုပေမယ့် Q7 လောက်လေးတော့ တတ်နိုင်ပါသေးတယ်…”

ရှောင်ထျန် ကြွားပြောနေခြင်း မဟုတ်ပေ။

သူမ၏ မူလ ဘတ်ဂျက်က ယွမ် ၆ သိန်းမျှ ဖြစ်သော်လည်းပဲ အကယ်၍ သူမသာ ပိုပြီး အလုပ်ကြိုးစားမည်ဆိုပါက နောက်ထပ် ယွမ် ၂ သိန်း ၊ ၃ သိန်း ထပ်ထည့်နိုင်သေးကာ QY တစ်စင်းကိုပင် သက်တောင့်သက်သာဖြင့် ဝယ်ယူနိုင်သည်။

“ ဆရာမစုက သိပ်ချမ်းသာတာပဲ … နောင်ကျ ပျော်ပျော်လေး နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်… ညစ်တီးညစ်ပတ်ကြီးတွေ အတင်းစားနေရရင်တော့ ကျွန်မလည်း နှလုံးမကောင်းလို့လေ….”

“ နင် အဲ့ကိစ္စ စိတ်ပူပေးစရာ မလိုပါဘူး …”

ပြောပြီးနောက် ရှောင်ထျန်သည် အရောင်းစာရေးကို လှမ်းခေါ်ပြီး မေးလိုက်၏။

“ ဒီရဲ့ QY အမြင့်ဆုံး မော်ဒယ်လ်က ဘယ်လောက်လဲ…”

“ မင်္ဂလာပါရှင့် … ဒါက QY ရဲ့ ထိပ်တန်း မော်ဒယ်လ်ပါ… ဈေးနှုန်းက လျှော့ဈေးနဲ့ ယွမ် ၈၄၈,၀၀၀ ယွမ်ပါ…”

အဆိုပါ နံပါတ်ကို ကြားတော့ ရှောင်ထျန် တုံ့ဆိုင်းသွားရသည်။

သူမ ကားအကြောင်း နားမလည်သော်လည်း ထိပ်တန်း အရည်အသွေးရှိသည့် QY တစ်စင်း၏ တန်ဖိုးသည် ဤမျှ မြင့်မားနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ကားကိုယ်၌ပင် ဤမျှ ဈေးမြင့်မားနေလေရာ အခွန်အခများကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ယွမ် ၉ သိန်း ကျော်သွားလောက်သည်။ သူမအဖို့ အတော်လေး ဈေးများသည်ဟု သတ်မှတ်၍ ရလေသည်။

“ ဘာလို့လဲ ဆရာမထျန်… ဘာတွေ ချီတုံချတုံ ဖြစ်နေတာလဲ… ပိုက်ဆံ မလောက်လို့များလား …” ကျန်းထျန်းရှု ထေ့ငေါ့လိုက်ပြီး “ မလောက်လည်း ကျွန်မကို ပြောပေါ့ … အရစ်ကျဆို ဘယ်လောက်လဲ … ကျွန်မ ချေးပေးလို့ရပါတယ်… လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွေကို အတိုးတော့ မတောင်းတော့ပါဘူး …”

ရှောင်ထျန် ဘာမျှ ပြန်မပြောချေ။ သူမ၏ နှလုံးကို ကျောက်ဆစ်ကဲ့သို့ မာအောင်ပြု၍ ကားဝယ်နိုင်မလားဆိုတာကို စူးစမ်းနေသည်။

ထိုအခိုက် လင်းရီ စကားထပြောလာခဲ့၏။

“ ဘာပိုက်ဆံမှ ချေးငှားနေစရာ မလိုဘူး… ငါတော့ ဒီကားက သိပ်မကောင်းဘူးလို့ ထင်တယ်… ဝယ်စရာ မလိုဘူး ..”

“ QY က မကောင်းဘူးလို့ ရှင်က ပြောနေတယ်…” ကျန်းထျန်ရှု လင်းရီအား တအံ့တအား ကြည့်လိုက်မိပြီး “ အချောလေး ရှင် မတတ်နိုင်ဘူးဆိုလည်း မတတ်နိုင်ဘူး ပြောပေါ့ဟယ်… သူများ ဘရန်းကို ရောင်းပေးနေတဲ့ လူရှေ့မှာ သူများ ပစ္စည်းမကောင်းကြောင်း ပြောရတယ်လို့ ….”

“ ဒီဘရန်းက မကောင်းဘူး ပြောတာ မဟုတ်ဘူး … ဒီရဲ့ QY ကို မဝယ်ချင်ရုံပဲ…”

“ ဒါဆိုလည်း ပြောရောပေါ့…” ကျန်းထျန်ရှုသည် အရောင်းဝန်ထမ်းအား ကြည့်၍ “ သူတို့လက်ထဲမှာ ပိုက်ဆံ အများကြီး မရှိလို့ ဒီရဲ့ QY ကို မဝယ်နိုင်ဘူး … သူတို့ဖို့ Q5 ဈေးလေး တွက်ပေးလိုက် … အရစ်ကျငွေကိုလည်း အနည်းဆုံး ဖြစ်အောင် လုပ်ပေးလိုက်နော်.. လျှော့ဈေးပေးဖို့လည်း မေ့မနေနဲ့ဦး… သူတို့ရဲ့ အခြေအနေက သိပ်ကောင်းတာ မဟုတ်တော့ နည်းနည်း ချွေတာနိုင်လည်း နည်းနည်းပေါ့….”

“ အဲ့ဒါကတော့ ကျွန်တော်လည်း တကယ်မတတ်နိုင်တာပါ… ကားပြပွဲမှာ ရောင်းတဲ့ ဈေးတွေက တကယ့်ကို အနိမ့်ဆုံးပါ… ဒီထက် လျှော့ပေးလို့လည်း မရတော့လို့ပါ…”

“ နင်တို့ရဲ့ လှည့်ကွက်လေးတွေကို ငါသိပါတယ်… ညှိနှိုင်းလို့ ရသေးတယ်ဟုတ်… ဒီရဲ့ ငါ့လုပ်ဖော်ကိုင်ဘက်က လက်ထဲ ပိုက်ဆံ ဘယ်လောက်မှ ရှိတာ မဟုတ်ဘူး … ငါသူ့ကို နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ကူညီချင်လို့ …” ကျန်းထျန်ရှု ပြောလိုက်ပြီး “ ပြီးတော့ တို့က ခဏနေကျရင် QY ကို အကြေဝယ်မှာနော်… တစ်ခါတည်း နှစ်စင်း ရောင်းရမှာကို နင်က ငါ့ကို လျှော့ဈေး မပေးတော့ဘူးလား …”

ကျန်းထျန်ရှုက QY ကို အကြေဝယ်မည့်အသံကြားတော့ အရောင်းဝန်ထမ်း၏ မျက်လုံး လက်ခနဲ ဖြစ်လာခဲ့သည်။

“ ဒါတော့ ကျွန်မတို့ မန်နေဂျာနဲ့ ဆွေးနွေးမှ ရမှာရှင့်… တကယ်လို့ ကားနှစ်စင်း ဝယ်မယ်ဆိုရင်တော့ ဈေးလျှော့ပေးရင် ပေးလို့ရပါတယ်…”

“ ဒါဆိုလည်း ဒုက္ခပေးရတော့မယ်…”

“ ပြဿနာ မရှိပါဘူး …”

အပြုံးလေးဖြင့် တုံ့ပြန်ပြီးနောက် အရောင်းဝန်ထမ်း မိန်း‌ကလေးသည် နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့၏။

သို့‌သော် သူမ ခြေလှမ်း ဘယ်လောက်မျှ မလှမ်းရသေးခင်မှာပဲ လင်းရီ အနောက်က ရပ်တန့်လာသည်။

“ နေဦး …”

“ တစ်ခုခု လိုအပ်တာများ ရှိလို့လား ဆရာ …”

“ ငါတို့ Q5 အကြောင်း ဘာစကားမှ မဟမိဘူးနော်…”

အရောင်းဝန်ထမ်း မိန်းကလေးမှာ ကြက်သေသေသွားခဲ့ပြီး “ ဒါပေမယ့် ခုနက မိန်းကလေးပြောတော့ . . . . . .”

“ သူပြောမှတော့ သူဝယ်လိမ့်မယ်… သူ့အတွက် ကားနှစ်စင်းဖိုး တွက်ပေးလိုက် … ငါတို့ကတော့ ဝယ်မှာ မဟုတ်ဘူး ..”

“ ဟုတ်ကဲ့ … နားလည်ပါပြီရှင့် …”

ကျန်းထျန်ရှုနှင် ကျိုးကျစ်ချန်တို့ ကြက်သေသေသွားခဲ့ကြသည်။

“ ရှင် ဘာ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ… ငါတို့ ဘယ်တုန်းက ကားနှစ်စင်းဝယ်မယ် ပြောမိလို့ …”

“ ငါလည်း ဘယ်တုန်းက Q5 ဝယ်မယ် ပြောမိလို့ …”

ကျန်းထျန်ရှု အေးစက်စက် နှာမှုတ်လိုက်ပြီး “ ငါ အခု နားလည်ပြီ… နင်တို့ နှစ်ယောက်က Q5 တောင် မဝယ်နိုင်ဘူးမလား … သူများရဲ့ အချိန်ကို ဖြုန်းတီးနေတာပဲ …”

“ ငါတို့က ဒီကို ကားဝယ်ဖို့လာခဲ့တာ သူများရဲ့ အချိန်ကို ဖြုန်းတယ်လို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာ ..” လင်းရီ ပြောပြီးနောက် အရောင်း မိန်းကလေးကို တစ်ချက်ကြည့်ကာ “ ဒီရဲ့ RSQ8 က ဘယ်လောက်လဲ….”

“ ကျွန်မတို့ရဲ့ ထိပ်တန်း Q8 က ယွမ် ၉၆၉,၀၀၀ ပါ ဆရာ…”

“ နင်ကများ Q8 ဝယ်ဦးမယ်ပေါ့ …” ကျန်းထျန်ရှု အေးစက်စက် နှာမှုတ်လိုက်၏။ သူမ မယုံကြည်သည်မှာ အသိသာကြီးပင်။

“ အဲ့တော့ ပြဿနာ ရှိလား …”

“ ဒီတိုင်း Q8 လေးကို ငါတို့လည်း တတ်နိုင်သားပဲ ….”

“ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး …”

လင်းရီ လက်ညိုးကို ဝှေ့ယမ်းပြလိုက်ပြီး “ မင်း နားကြားမှားတာ … ငါက သာမန် Q8 ဝယ်မှာ မဟုတ်ဘူး … RSQ8 … နှစ်ခုရဲ့ ဈေးတွေက မတူဘူး …”

“ အဲ့တာက………..” အရောင်းမိန်းကလေးမှာ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး ကျန်းထျန်ရှု၏ နားထဲသို့ တီးတိုးပြောလိုက်၏။

“ အစ်မရှင့် … ထိပ်တန်း အမျိုးအစား RSQ8 က ၁.၈၄ သန်း ရှိပါတယ်… ပြီးတော့ လျှော့ဈေးလုံးဝ မရှိပါဘူး ….”

All Chapters