ဒီလို မီးလုံးကြီး နှစ်လုံးက သိပ်အဖိုးထိုက်တယ်
Vol. 106 Ch. 1581
“ နင် … နင် ဘာပြောလိုက်တယ်… ၁.၈၄ သန်း ဟုတ်လား …”
“ ဒါက နိုင်ငံခြားက တင်သွင်းတဲ့ မော်ဒယ်လ်မို့ပါ … စွမ်းဆောင်ရည်လည်းမြင့်ပြီး မြင်းကောင်ရေလည်း မြင့်တဲ့ကားမို့ သာမန် Q8 ထက် ဈေးကြီးနေတာ သဘာဝပါပဲရှင့် …” အရောင်းမိန်းကလေးက ရှင်းပြလိုက်၏။
“ မင်းတို့ရော တစ်စီး ယူမလား …” လင်းရီ ကျန်းထင်ရှုအား ကြည့်လိုက်ပြီး “ ငါတော့ နှစ်စီး ယူရင် ဒစ်စကောင့် ရနိုင်မယ် ထင်တာပဲ …”
“ ဒါက. . . . . .”
နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ကြပြီး အနည်းငယ် ဆုံးဖြတ်ရ ကြပ်သွားကြ၏။
သူတို့တွေးထားခဲ့သည်က သူမအား လှောင်ပြောင်နိုင်ပြီ ဟူ၍ပင်။ ထင်မှတ်မထားစွာဖြင့် ကိုယ့်ရှူးကိုယ် ပြန်ပတ်မိသလို ဖြစ်နေလေသည်။
“ ငါတို့ တတ်နိုင်တယ်.. ဒါပေမယ့် ငါတို့ကိုယ်ငါတို့ ဖိအားအောက်မှာ မနေချင်ဘူး … QY ကို အကြေဝယ်တာက ပိုကောင်းတယ်…” ကျန်းထျန်းရှု တည်ငြိမ်ချင်ယောင် ဆောင်၍ ပြောလိုက်၏။ “ ဒါပေမယ့် နင်တို့ … နင်တို့က လေတစ်လုံး မိုးတစ်လုံးတွေ ပြောနေကြတယ်ဟုတ်လား … တစ်လ တစ်လ ပြုပြင်ထိန်းသိမ်းခနဲ့တင် ပမာဏက ဧရာမကြီးနော်… နင်တို့ကိုယ် နင်တို့ ဆန်ပြုတ်မသောက်ချင်ရင် ဉာဏ်လေးနဲ့ ဆင်ခြင်လှည့်ပေါ့….”
“ မင်းတို့က မလိုအပ်တာတွေကို စိတ်ပူနေတာပဲ…” လင်းရီ သူ၏ ဘဏ်ကတ်အား ထုတ်၍ “ စိတ်တော့ မကောင်းဘူး … ငါက အကြေချေမှာလေ…”
“ အကြေချေမယ်…”
လင်းရီ ထိုနှစ်ယောက်အား လျစ်လျူရှုပြီး ကတ်ကို အရောင်းမိန်းကလေးထံ ပေးလိုက်သည်။
“ လျှို့ဝှက်နံပါတ်က သုညခြောက်လုံးပဲ … မင်းတို့ ပြီးရင် စာချုပ် တစ်ခါတည်း ပြင်ပေး …”
“ဟုတ်ကဲ့ပါ ဆရာ…”
အရောင်းမိန်းကလေးမှာ ဘဏ်ကတ်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကိုင်ထားမိသည်။ စကားလုံး အနည်းငယ်မျှနှင့် ယွမ် တစ်သန်းကျော်တန် ကားကြီးကို ရောင်းထွက်နိုင်လိုက်လိမ့်မည်လို့ မျှော်မှန်းမထားခဲ့မိချေ။
ရှောင်ထျန်မှာတော့ အင်မတန် ကျေးဇူးတင်နေလျက် ရှိ၏။ လင်းရီ ယခုလို လုပ်လိုက်သည်က သူမ အရှက်မကွဲဖို့ အတွက်ပဲလေ။
နောင်တစ်ချိန်တွင်တော့ ပြန်ဆပ်နိုင်မည့် နည်းလမ်းကို ရှာရလိမ့်မည်။ သို့သော် ယခုတော့ သူ့အချိန် မဟုတ်သေးချေ။ ယခုအချိန်က ထိုအပျက်မကို ခြေထောက်ဖြင့် နင်းခြေရမည့် အချိန်ပင်။
“ နင်တို့ပဲ ကားဝယ်ချင်တယ် မဟုတ်ဘူးလား … ဒီမှာပဲ နင်တို့ ကြိုက်တဲ့ ကားတွေ မရှိလို့များလား …” ရှောင်ထျန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ့ကောင်လေးက ပိုက်ဆံ သိပ်မရှိရှာတော့ သူ ဝယ်နိုင်တဲ့ ဈေးအကြီးဆုံးကားက RSQ8 လေးပဲရှိတာ… နင်တို့ မိသားစုက သိပ်ချမ်းသာတယ်မဟုတ်လား … နင်တို့ ဝယ်မယ့်ကားကလည်း ငါတို့ထက် အများကြီး ပိုသာမယ်ဟုတ်…”
နှစ်ဦးလုံး၏ အမူအရာသည် အကျည်းတန်သွားခဲ့ပြီး ကိုးရို့ကားယား နိုင်သွားခဲ့ကြ၏။
“ ဒီတိုင်း ကားလေးတစ်စင်း ဝယ်တာပဲမလား … ဘာတွေများ အထင်ကြီးစရာ ရှိနေလို့ …” ကျန်းထင်ရှု ရှောင်ထျန်အား မျက်လုံးလှိမ့်လိုက်ပြီး “ နင်တို့ ဘယ်လောက်ထိ ရယ်မောနေနိုင်မလဲ ကြည့်ပါဦးမယ်… သွားကြစို့ …”
အရှက်ရနေသည့် ကျန်းထင်ရှုမှာ ဤနေရာ၌ ဆက်လက်နေရန် ရှက်ရွံ့နေပြီး ကျိုးကျစ်ချန်၏ လက်ကို ဆွဲကာ ထွက်ခွာသွားခဲ့တော့သည်။
“ ဟူး … အားရကျေနပ်ဖို့ ကောင်းလိုက်တာ …” ရှောင်ထျန် ပြောလိုက်ပြိး “ ငါ့အရှေ့မှာ နေ့တိုင်းနေ့ လာပြီး ဟန်ထုတ်ပြနေတာကို အသေ စိတ်အနှောင့်အယှက် ဖြစ်တာပဲ…”
“ ငါတော့ အဲ့လို မျက်နှာ နှစ်ဖက်နဲ့ လူစားမျိုးက တက္ကသိုလ်ထဲ ဝင်လာနိုင်တာကို ယုံတောင်မယုံနိုင်ဘူး … အနောက်တံခါးပေါက် သုံးခဲ့တယ် ဆိုတာ သေချာတယ်…”
“ သူ့ကောင်လေးရဲ့ မိသားစုမှာ အဆက်အသွယ်ကောင်းတွေ ရှိလို့လေ… ဆွေမျိုး ကောင်းစားရေးကြောင့်သာ မဟုတ်ရင် လက်ထောက် ဒါရိုက်တာ ရာထူးက ငါ့ဟာဖြစ်တာ ကြာပေါ့ …”
“ ကဲပါ … ပြီးခဲ့တာတွေလည်း ပြီးပြီပဲ… စိတ်ထဲထားပြီး စိတ်အနှောင့်အယှက် ဖြစ်ခံမနေနဲ့ …” လင်းရီသည် ရှောင်ထျန်၏ ပခုံးကို ပုတ်၍ သူမအား နှစ်သိမ့်ပေးလိုက်၏။
“ ကားလည်း ဝယ်ပြီးပြီ… မကြာခင် ရာထူးလည်း တိုးတော့မယ်… နောင်ကျရင် ကျောင်းမှာ သူ့ကို နှိပ်ကွပ်ဖို့ဆိုတာ မင်းဖို့လွယ်လွယ်လေးပါ …”
“ ဒါပေမယ့် ငါ့မှာ နင့်ကိုပေးဖို့ အဲ့လောက်ပိုက်ဆံ အများကြီး မရှိဘူးနော် …” ရှောင်ထျန် တောင်းပန်တိုလျှိုးစွာ ပြောလိုက်ပြီး “ ပြန်ရောက်ရင် နင့်ကို လျော်ပေးဖို့ အိမ်ကနေ တစ်သိန်းထပ်တောင်းလိုက်မယ်…”
“ အသာနေစမ်းပါ… ဒီလောက်လေးကတော့ မိုဒီဖိုင်းလုပ်ထားတဲ့ အင်ဂျင်တစ်လုံး ဝယ်ဖို့တောင် မလောက်တဲ့ဟာ … မင်းဘာမင်းပဲ သိမ်းထားလိုက် …”
“ ဒါပေမယ့် နင် အကြောင်းသက်သက်မဲ့ ငါ့အပေါ်မှာ အဲ့လောက် ပိုက်ဆံအများကြီး သုံးပေးစရာ အကြောင်းမရှိဘူးလေ…”
“ အကြောင်းမရှိဘူးလို့ ဘာလို့ပြောတာ… မင်းငါနဲ့ နေ့တိုင်း ဂိမ်းအတူ ဆော့ပေးတယ်မလား … ဂိမ်းဆော့ပေးလို့ ပေးတယ်ပဲ မှတ်လိုက်…” လင်းရီ ပြောလိုက်ပြီး “ မင်းရဲ့ ဆိုဒ်ကလည်း ဈေးပေါတာမှ မဟုတ်တာ… တခြားလူတွေသာ ရှိမယ်ဆိုရင် သေချာပေါက် အတု… မင်းလို သဘာဝအတိုင်း ထွားတာမျိုးကျ မြင်ရ ခဲယဉ်းတယ်လေ…”
“ နင် အဲ့လို ပြောတော့ ငါတောင် ဂုဏ်ဆာချင်လာသလိုပဲ …” ရှောင်ထျန် သူမ၏ ရင်ဘက်အား ယုံကြည်ချက် ရှိရှိ ကော့ပြလိုက်ကာ “ ဒါပေမယ့် နင့်ကို အခု ငါ့မှာရှိတဲ့ ၆ သိန်းတော့ ပေးရမှာပဲ … အဲ့တာက မတူတဲ့ ကိစ္စ … နင် လုပ်ချင်သလို လုပ်လို့ မရဘူး …”
“ မင်းရဲ့ အဲ့ မီးသီးကြီးနှစ်လုံးသာ ငါကစားရအောင် ငှားပေးစမ်းပါ…”
“ ကျစ် … နှာဘူးကောင်ကြီး …”
နှစ်ယောက်သား စကားပြောဆိုနေစဉ် အရောင်းမိန်းကလေးမှာ လက်ထဲတွင် ဘဏ်ကတ်နှင့်အတူ ပြန်ရောက်လို့လာလေသည်။ ထို့နောက် ကတ်ကို လင်းရီလက်ထဲသို့ ထည့်ပေးကာ စာချုပ်စာတမ်းကိုတော့ ရှောင်ထျန်လက်ထဲ ကမ်းပေးလိုက်၏။
လက်မှတ်ထိုးရန် ကိုယ်ကို ငုံ့လိုက်သည့်အချိန်တွင် လင်းရီသည် သူမ၏ ဆိုဒ်ကို သေသေချာချာလေး မြင်တွေ့လိုက်ရသည်။
ဘေးတွင် ရှိနေသည့် အရောင်းမိန်းကလေးကတော့ တိတ်တိတ်လေး မျက်ရည်ခိုးသုတ်မိလိုက်၏။
သူ့ကောင်လေးက ယွမ် ၂ သန်းနီးနီးရှိတဲ့ အော်ဒီကို မျက်တောင် တစ်ချက် မခတ်ဘဲ ဝယ်သွားပေးတယ်… ဒီကနေ ငါ တစ်ခုသိလိုက်ရတာ ဒီအမျိုးသမီးကလည်း အော်ဒီလိုပဲ … သူ့ရဲ့ မီးလုံးကြီး နှစ်ခုက သိပ် အဖိုးထိုက်လွန်းတယ်….
စာချုပ် လက်မှတ်ထိုးပြီးသည့်နောက် အသေးစိတ် အကြောင်းအရာတို့အား ဆက်လက်ဆွေးနွေးပြီး ကားကိုယူ၍ ထွက်ခွာသွားခဲ့လေသည်။
“ နင် ကားတွေ ကြိုက်တယ်မလား … ဒီနားတစ်ဝိုက် ဆက်ကြည့်ချင်သေးလား …”
ကားဝယ်ပြီးသည့်နောက် ရှောင်ထျန်မှာ ပြန်ရန် အဆင်သင့် ဖြစ်နေသည်။ သို့သော် အကယ်၍ လင်းရီသာ ဆက်လက် ကြည့်ရှုချင်သေးသည်ဆိုပါက သူမ အဖော်ပြုပေးဦးမည် ဖြစ်၏။
“ ဧရိယာ စီကို သွားပြီး မိုဒီဖိုင်း လုပ်ထားတဲ့ ကားတွေ တစ်ချက် ကြည့်ကြတာပေါ့ …”
“ ကောင်းပြီလေ…”
နှစ်ယောက်သား ဖြည်းညင်းစွာဖြင့် ဧရိယာ စီသို့ လမ်းလျှောက်လာခဲ့သည်။ သူတို့ ရောက်သည့် အခါ၌ မတူကွဲပြားမှုကို ချက်ချင်း သတိပြုမိလိုက်လေသည်။
မော်ဒယ်များ၏ အသွင်အပြင်နှင့် အလှအပက ပို၍ ပြိုင်စံရှားလာပြီဟု ပြောရမလို ဖြစ်လာပြီး ၎င်းတို့၏ ခြေတံများမှာလည်း ရှည်ရှည်သွယ်သွယ်လေးရှိကာ စကတ်ကလည်း ပိုပိုပြီး တိုလာသည်။
ရှောင်ထျန်မှာ လတ်တလော အတော်လေး ဝိတ်ကျနေသည်ဆိုသော်ငြားလည်း ဤလူများနှင့် နှိုင်းစာပါက အနည်းငယ် ပြည့်နေဆဲပင်။
“ မြန်မြန် .. ငါတို့ တစ်ချက်သွားကြည့်ကြစို့ … မိုဒီဖိုင်း လုပ်ထားတဲ့ လမ်ဘိုဂီနီ ဗီနီနို မိုဒီဖိုင်း ဗားရှင်း ရောက်လာတော့မယ်…”
သူတို့ ဧရိယာ စီသို့ ရောက်လျှင်ရောက်ခြင်း တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေသည့် အသံကို ကြားလိုက်ရကာ လင်းရီ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
လူအုပ်ကြီး၏ ဦးတည်ရာဘက်သို့ လှမ်းမျှော်ကြည့်သော် လမ်ဘိုဂီနီ ဧရိယာတွင် အနီရောင် ပိတ်စအထူဖြင့် ဖုံးအုပ်ထားပြီး ကန့်လန့်ကာ အစတို့က ဆန်းကြယ်သယောင် လေထဲသို့ လွင့်မြောနေလျက် ရှိ၏။
ထိုရုံငယ်လေးထံသို့ လမ်းလျှောက်လာရင်း လင်းရီ၏ မျက်လုံးတို့ လက်ခနဲ ဖြစ်သွားခဲ့၏။
ဤသည်က လမ်ဘိုဂီနီ၏ နောက်ဆုံးပေါ် ဗီနီနို ဖြစ်သည်။
သူကြားမိသည့် ကောလဟာဟများအရတော့ ဤသို့သော ကားမျိုးက ငါးစီးသာလျှင် ရှိသည်ဆိုပင်။ တစ်စင်းကို ရုံးချုပ်၌ ထားရှိပြီး ကျန်တစ်စင်းကို စမ်းသပ်ရန်အတွက် အသုံးပြုနေလျက် ရှိသည်။ ကျန်သည့် သုံးစင်းကိုသာ လူသိရှင်ကြား ရောင်းချရန်အတွက် ကြေညာထား၏။ လင်းရီ ထိုကားကို အမြဲတမ်းလိုချင်နေသော်လည်း အခွင့်အရေးက ရောက်လို့ မလာခဲ့ချေ။
ထင်မှတ်မထားစွာဖြင့် အဆင့်မြင့် မော်ဒယ်လ်တစ်ခုက ယနေ့တွင် ထွက်ပေါ်လာခဲ့လေသည်။
လင်းရီ စိတ်ဝင်စားသွားပြီး စံချိန်စံနှုန်းများကို တစ်ချက် ဖတ်ကြည့်လိုက်သည်။
တခဏအတွင်း အမျိုးမျိုးသော အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်တို့ကို နားလည်သွားခဲ့ပြီး ယခု ဗားရှင်းက ယခင် ဗားရှင်းတို့ထက် အများအပြား တိုးတက်လာလေသည်။
All-carbon ဒီဇိုင်းနှင့် မိုဒီဖိုင်း ပြုလုပ်ထားသည်တို့ကလည်း လင်းရီအကြိုက်နှင့် လုံးဝ ကွက်တိပင်။
တစ်ခုတည်းသော နောင်တရဖွယ်ရာမှာ ၎င်း၏ အဆင်းသဏ္ဌာန်ကို ယခုတိုင် မရှုစားရသေးခြင်းပင်။
သို့သော် လမ်ဘိုဂီနီ၏ ဒီဇိုင်း စံနှုန်းတို့ဖြင့် ဆိုပါက ဗီနီနို၏ မူလ ဆွဲဆောင်မှုတို့ဖြင့် အလုံးစုံ အဆင့်မြင့်ထားသည့် မိုဒီဖိုင်း ဗားရှင်းသည် လူကို သေချာပေါက် စိတ်ပျက်စေလိမ့်မည် မဟုတ်သည်မှာတော့ ကျိန်းသေသည်။
အနှစ်ချုပ်ရသော် ဝယ်ယူခြင်းက မှန်ကန်သည့် ရွေးချယ်မှုတစ်ခုပင်။
နှစ်ယောက်သား ရုံငယ်လေးထဲသို့ ရောက်လာခဲ့ပြီး လူတော်တော်များများ ဝန်းရံနေကြောင်းကို သတိထားမိလိုက်သည်။
လူသိအများဆုံးနှင့် ရေပန်းအစားဆုံး ကားဘရန်းတစ်ခု ဖြစ်သည်နှင့် အညီ လမ်ဘိုဂီနီ၏ ရုံငယ်က လူတော်တော်များများကို ဆွဲဆောင်နေသည်မှာ ကျိုးကြောင်းသင့်လျော်လေသည်။
သို့သော် ကားအား ဖွင့်လှစ်ပြသရန် အချိန်မကျသေးဘဲ အနီရောင် လိုက်ကာဖြင့် ပိတ်ထားလျက် သာ ရှိသေး၏။
ကောက်ကြောင်းတို့အား အပြင်ကနေ ဝိုးတဝါးတာ မြင်နေရသော်လည်း ၎င်း၏ အစစ်အမှန် သွင်ပြင်အား မြင်တွေ့ရခြင်း မရှိသေးသည်က ကားချစ်သူ ပရိသတ်တို့အဖို့ နှလုံးသားကို လာကုတ်ခြစ်၍ ရင်ခုန်အောင် ပြုလုပ်နေသလိုပါပင်။
သို့ပေမယ့် ကားထက်ပိုပြီး ဆွဲဆောင်မှု ရှိနေသည်ကား ပွဲတက် ဂါဝန်နှင့် ကြေညာသူ ပျိုကညာလေးပင်။
ရေအလျှံအပယ်ပေါများသည့် ဘဲကြီးများ အုပ်စုကတော့ ဖုန်းကိုယ်စီထောင်၍ ကောင်မလေး၏ ပေါင်တံခွဲကြောင်းနှင့် လှချင်တိုင်း လှနေသည့် အလှတရားကို ပုံရိုက် ငမ်းနေကြသည်။
စင်ပေါ်ရှိ အလှလေးမှာမူကား ထိုအချင်းအရာကို စိတ်ထဲရှိဟန် မရပေ။ ထိုအစား ချစ်စဖွယ်ပို့စ်၊ ဆက်ဆီပို့စ်၊ စသဖြင့် မရိုးနိုင်သည့် ပို့စ်အမျိုးမျိုးတို့ဖြင့် ယောက်ျားသားတို့အား ဖမ်းစားနေလျက် ရှိတော့၏။
“ အရင် Limited edition သုံးခုကို ထုတ်လာမယ်ထင်ထားတာ ဒီလို စိတ်ကြိုက် မိုဒီဖိုင်း ဗားရှင်း ထုတ်လာမယ်လို့ တကယ်ကို မထင်ထားတာ …”
“ ငါတော့ ဒီကားကို ဘယ်သူက ပိုင်ဆိုင်သွားမလဲပဲ စိတ်ဝင်စားတယ်… ကျိုးဟိုင်မှာ တိုင်ကွန်းတွေက မိုးဦးကျ မျှစ်တွေလိုကို ပေါတာ … ဒီအလှလေး ရောင်းထွက်ဖို့ဆိုတာ ဘယ်လောက်မှ ကြာမယ်တောင် မထင်ဘူး …”
“ ဒါပေမယ့် ကားဈေးကတော့ သေးမယ် မထင်ဘူးနော်… တော်ရုံ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေ တတ်နိုင်မယ့်အရာ မဟုတ်ဘူး …”
ထိုအချိန်တွင်ပဲ အသံတစ်သံက လူအုပ်ကြီးထဲကနေ သီးသီးခြားခြား လွင့်ပျံ့လို့လာသည်။
“ မင်းတို့ လမ်းဖယ်ပေးလို့ ရလား … ငါကားဝယ်မှာကို မနှောင့်နှေးစမ်းနဲ့ …”