← Chapters

ဒင်္ဂါးလှန်ခြင်း

Vol. 106 Ch. 1583

ဒင်္ဂါးလှန်ခြင်း

Vol. 106 Ch. 1583

လင်းရီ၏ စကားလုံးတို့က ရှိနေကြသည့် လူတိုင်းကို အံ့အားတကြီး ဖြစ်သွားစေသည်။ သူ့ကို ဤနေရာ၌ ကားဝယ်ရန် ရောက်လာသည့် လူတစ်ယောက်လို့ ထင်မှတ်မထားခဲ့ကြချေ။

“ ညီကို … မင်း ကြွားချင်တယ်ဆိုလည်း အကန့်အသတ်လေးနဲ့ လုပ်တာ ကောင်းမယ်… သူများတောင် ပြောပြီးနေပြီ ကားတန်ဖိုးက ယွမ် ၄၈ သန်းပါဆို မင်း ... တတ်နိုင်လို့လား …”

“ ငါ မတတ်နိုင်ရင် ဘာလို့ အပျော်ဝင်ပါရမှာ …” လင်းရီ မေးလိုက်၏။

“ ဟားဟား … ကိုယ့်လူက ဒီလာပြီး အတန်းရှင်းရှာနေတာလား …” တုံးဟန့်ယွီ ပြောလိုက်လေသည်။

“ ဒီနေ့ခေတ် အွန်လိုင်း စထွင်မာတွေ အားလုံး ဒီလိုချည်းပဲ… ဒီလို နည်းလမ်းတွေနဲ့ ပရိတ်သတ်တွေ ၊ ကြည့်ရှုသူတွေကို ဆွဲဆောင်တယ်.. ငါတော့ မင်းတို့နှစ်ယောက်က ဒီလာပြီး ပြဿနာ လာရှာနေတယ်လို့ပဲ ထင်တယ်…”

ပြောပြီးနောက် တုံးဟန့်ယွီသည် ကျန်းချိန်ရှီးကို ကြည့်လိုက်ကာ “ အလှလေး … ငါ မင်းကို နောက်ထပ် ယွမ် ၃,၀၀၀ ထပ်ပေးမယ်… စုစုပေါင်း ယွမ် ၅,၀၀၀ … ဒီရဲ့ စတိတ်စင် နေရာကို ငါ့ဆီ ရောင်းပေးလိုက် …”

သာမန် လခစား ဝန်ထမ်းတစ်ဦးအတွက်ပင် ယွမ် ၅,၀၀၀ ဟူသည့် ငွေပမာဏက သေးသေးမွှားမွှားလေး မဟုတ်ချေ။ ကျန်းချိန်ရှီးလည်း အနည်းငယ် သွေးဆောင်ခံလိုက်ရ၏။

“ ငါ ၁၀,၀၀၀ ပေးမယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

၁၀,၀၀၀ ဟူသော ပမာဏက လူတိုင်းကို ဆွံ့အသွားစေသည်အထိပင်။

တကယ်လို့ လိုက်စထွင်းလွင့်ဖို့ အတွက်ပဲ ဆိုရင်တောင် ဒီလောက်ထိ ရင်းနှီးမြုပ်နှံနေတာကြီးက တန်လို့လား။

“ မင်းရဲ့ ဇွဲသန်မှုကတော့ တကယ့်ကို ထင်မှတ်မထားလောက်အောင်ကိုပဲ … “ တုံးဟန့်ယွီ အလျင်လိုခြင်း မရှိဘဲ လင်းရီအား ဘဝင်ခိုက်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။ “ ဒါပေမယ့် မင်းအခု သုံးနေတာ မင်း ခက်ခက်ခဲခဲနဲ့ ရှာထားရတဲ့ ပိုက်ဆံမို့ သတိပေးလိုက်မယ်… ငါနဲ့ လာပြီး ယှဉ်ပြိုင်ဖို့ မကြိုးစားနဲ့ … မင်းရှိရှိသမျှ အကုန်ထုတ်ရောင်းရင်တောင် ငါနဲ့ ရင်ဆိုင်ဖို့ လုံလောက်ဦးမှာ မဟုတ်ဘူး …”

“ မင်း အဲ့ကိစ္စ စိတ်ပူစရာ မလိုပါဘူး …”

တုံးဟန့်ယွီ ပြုံးလိုက်၏။ “ မင်းက ယွမ် ၁၀,၀၀၀ ပေးမယ်ပေါ့ ဟုတ်လား .. ဒါဆို ငါ ၂၀,၀၀၀ ပေးမယ်… မင်းမှာ ငါနဲ့ ပြိုင်ဖို့ ပိုက်ဆံ ဘယ်လောက်များများ ရှိလဲ ငါကြည့်စမ်းမယ်…”

ဟစ်…..

ဘေးမှ ပွဲကြည့်နေကြသူတိုင်း ပင့်သပ်ရှိုက်မိလိုက်ကြ၏။ ချမ်းသာသည့် သူဌေးလေးမှ စင်ပေါ်သို့ တက်ပြီး ကားကို အနီးကပ်ကြည့်ရှုနိုင်ရေးအတွက် ယွမ် ၂၀,၀၀၀ သုံးလာလိမ့်မည်လို့ မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

ဤသည်က အဖြူရောင် ကော်လာ လုပ်သားများ၏ တစ်လစာ ဝင်ငွေနှင့် ညီမျှလေသည်။

“ ချမ်းသာတဲ့ လူတွေကျတော့လည်း တကယ့်ကို ချမ်းသာကြတာပဲ … ဒါငါ့ရဲ့ နှစ်လစာ ၀င်ငွေလောက်ရှိတယ်… ဒါပေမယ့် သူတို့ကျ သောက်ရေးတောင် မလုပ်ကြဘူး …”

“ သူက ဒီကား ဝယ်ဖို့ ဒီကို တကူးတက လာပါတယ်ဆိုနေ ယွမ် သန်း ဆယ်ချီ တတ်နိုင်လို့ပေါ့ကွ… မင်းပြောကြည့် .. အဲ့လိုလူက ငွေလေး နှစ်သောင်းကို ဂရုစိုက်နေမှာလား …”

“ ညီကို … မင်းစိတ်ကို အေးအေးထား … မင်းသူနဲ့ ရန်ဖြစ်နေရင် အကျိုးဆက်တွေကို မခံနိုင်မှာ ကြောက်ရတယ်… မင်းပဲ မျက်နှာပျက်ရမှာနော်… ငါပေးတဲ့ အကြံကို နားထောင်ပြီး ဒီနေရာကနေ ထွက်သွားလိုက်တော့ …”

“ ကောင်းပြီလေ… လူတိုင်းကလည်း ပြောနေကြပြီဆိုမှတော့ ငါ သူနဲ့ မပြိုင်တော့ဘူး …” လင်းရီ ဖျော့တော့စွာ ပြုံး၍ ပြောလိုက်၏။

ရှောင်ထျန် လင်းရီအား ကြည့်လိုက်ပြီး ဤသည်က သူ၏ ပုံစံနှင့် မကိုက်သည်ကို ခံစားလိုက်ရသည်။

နှစ်သစ်ရောက်သွားလို့ လူလည်း အသစ် ဖြစ်သွားတာများလား … တစ်နှစ်ပိုကြီးသွားလို့ ပိုပြီး ရင့်ကျက်သွားတာများလား….

သို့သော် သူမ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားနေရ၏။ မည်သည်က မှားယွင်းနေမှန်းတော့ သူမလဲ မသိချေ။

သူက အလုံးအဖန်ထွားသည့် မီးသီးလုံးများအား နှစ်သက်၏။ ထိုအရာလည်း ပြောင်းလဲသွားသည့် ပုံ မပေါ်ချေ။ ဆယ်ကျော်သက် နှလုံးသားနှင့် အမျိုးသား တစ်ဦး ဖြစ်နေဆဲပင်။

“ အင်း … ဒီလိုမှပေါ့ …” တုံးဟန့်ယွီ ထေ့ငေါ့လှောင်ပြောင်လိုက်ပြီး “ မင်းလို လူတွေက သာမန်လူတွေရဲ့ မျက်စိထဲမှာသာ ချမ်းသာချင် ချမ်းသာမယ်… မိမိုက်ချင်ယောင် ဆောင်တာက ပြဿနာ မရှိဘူး … ဒါပေမယ့် ငါ့ရှေ့မှာတော့ အဲ့လိုလာမလုပ်နဲ့ … ဘာလို့ဆို ငါ့ ပါပါးက ယွမ် ဘီလီယမ် ၉၀ ကျော် ချမ်းသာတဲ့ တိုင်ကွန်းကြီးမို့လို့ပေါ့ကွ … မင်းက ငါနဲ့ မယှဉ်နိုင်ဘူး …”

လင်းရီ ခေါင်းခါရမ်းလိုက်သည်။ “ မင်းငါ့ကို နားလည်မှုလွဲနေပြီ… ငါက ဒီတိုင်း လူကြီးတစ်ယောက်အနေနဲ့ မင်းလို လူငယ်လေးနဲ့ စင်ပေါ်တက် ကားကြည့်ခွင့်ရဖို့ ပြိုင်နေရတာကြီးက နည်းနည်းအောက်တယ် ခံစားမိလို့ ဆက်မကစားဖို့ ဆုံးဖြတ်လိုက်တာ…..”

“ ဟက်… အဲ့တာ ဘာကွာသွားလို့ … မင်းငါ့ကို မနိုင်ဘူးပဲလေ… မင်းမှာ ပိုက်ဆံ မရှိဘူးဆိုလည်း သိုသိုသိပ်သိပ်သာ နေစမ်းပါ…”

“ ငါက မင်းနဲ့ စင်ပေါ်တက်နိုင်မယ့် အခွင့်အရေးကို မပြိုင်ဘူးလို့ပဲ ပြောတာ … ဒီကားကို ငါမဝယ်ဘူးလို့ မပြောဘူး …”

လင်းရီ တစ်ဖက်သို့လှည့်ပြီး စင်ပေါ်က အလှလေးအား ကြည့်လိုက်၏။ “ ရောင်းတဲ့ မန်နေဂျာကို ခေါ်လိုက် … ငါ ဒီကားကို ယူမယ်… တခြားဟာတွေ ကျော်လိုက်တော့ …”

ထိုစကားလုံးများ လင်းရီနှုတ်က ထွက်သွားပြီးသည်နှင့် လူတိုင်း ရှော့ခ်ရကုန်ကြ၏။

“ ညီကို … မင်း အတည်ကြီး ဝယ်မလို့လား … ဒီကားရဲ့ ဈေးက သန်း ၅၀ လောက်ရှိတာနော်… မင်း မနောက်နဲ့ဗျ…”

“ ဟုတ်တယ် ဟုတ်တယ်… ခုဆို ကားပြပွဲရဲ့ စီစဉ်သူတွေလည်း မင်း စထွင်မာဆိုတာ သိပြီး ဒီကို စနောက် ကျီစယ်ဖို့ ရောက်လာတယ်ဆိုတာ သိနေကြလောက်ပြီ… သူတို့ မင်းကို ကားရောင်းပေးမှာ မဟုတ်ဘူး …”

ဘေးပတ်ဝန်းကျင်က လူများကို လျစ်လျူရှုထားပြီး လင်းရီသည် စင်ပေါ်ရှိ အလှလေးအား တိုက်ရိုက်ကြည့်လိုက်၏။

“ သူ့ကို သွားခေါ်လာခဲ့ …”

“ ဟုတ် ဟုတ်… ခဏလေးစောင့်ပေးနော်…”

တင်ဆက်သူ အလှလေးလည်း ကြက်သေသေနေမိခဲ့၏။ ဤ လူချောလေးက ဝယ်နိုင်ခြင်း ရှိမရှိကို အပထား၊ လူတိုင်း၌ ယခုလို အရှိန်အဝါမျိုး ပိုင်ဆိုင်ကြသည်မဟုတ်ချေ။

တင်ဆက်သူ အလှလေးမှ မန်နေဂျာကို သွားခေါ်တော့မည့် အချိန်မှာပဲ ဝဖိုင့်ဖိုင့်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရောက်လို့လာသည်။

လင်းရီ ၎င်း၏ ရင်ဘက်ရှိ နာမည်ကတ်ကို တစ်ချက်ကြည့်လိုက်တော့ တုချွမ်ဖြစ်ပြီး ကားပြပွဲ၏ အရောင်းမန်နေဂျာ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

“ ဟယ်လို လူကြီးမင်း … လူကြီးမင်းက ဒီကားကို ဝယ်ဖို့ စိတ်ဝင်စားနေတာလား မသိဘူး …”

“ အင်း …” လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ နေဦး … ငါလည်း ဝယ်မှာ…” တုံးဟန့်ယွီသည် အရောင်းမန်နေဂျာကို ကြည့်၍ “ ငါ့အနေအထားကို အရင်ဆုံးပြောပြမယ်… ငါ့အဖေက ကျားဖူ စားသောက်ကုန်ရဲ့ ကောင်းရှန်းပဲ … ဒီလူက ဒီတိုင်း အွန်လိုင်း စထွင်မာ တစ်ယောက် ဖြစ်နိုင်တယ်.. ဒီတော့ ငါ့မှာ ဝယ်နိုင်တဲ့ အစွမ်းအစ ရှိမလား .. ဒါမှမဟုတ် သူ့မှာ ရှိမလား ….”

“ ကျားဖူ စားသောက်ကုန်….”

အဆိုပါ အမှတ်တံဆိပ်ကို ကြားသိသည်တွင် ရှိနေကြသည့်လူတိုင်း တစ်ယောက်တစ်ပေါက် တီးတိုးရေရွတ်မိလိုက်ကြ၏။

ဤသည်က လုံးဝကို နိုင်ငံအနှံ့၌ ဖြန့်ကျက်နေသည့် ပြည်တွင်း ဘရန်း တစ်ခုပင်။ ဟွာရှ၏ တစ်ဝက်လောက်က ၎င်းတို့၏ ထုတ်ကုန်ကို စားသုံးနေသည်ဟု ပြော၍ ရလေသည်။

ခန့်ရှီးဖူ သောက်ရေသန့်ကဲ့သို့ ထင်ပေါ်ကျော်ဇောမှုက အတော်လေးမြင့်မား၏။

အကယ်၍ သင်က ၎င်းတို့၏ ထုတ်ကုန်ကို မသုံးဆောင်ကြည့်ဖူးလျှင်ပင် ဤဘရန်း၏ နာမည်ကို ကြားဖူးနားဝ ရှိနေမည်မှာ အမှန်ပင်။

ဤအဆင့်ရှိသည့် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးသည် ကျိုးဟိုင်သို့ တကူးတက လာ၍ ကားလာဝယ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

အံ့အားသင့်ဖို့ ကောင်းလှ၏။

တုံးဟန့်ယွီ၏ အထောက်အထားက အရောင်းမန်နေဂျာ၊ တုချွမ်ကိုပါ အံ့အားသင့်သွားစေခဲ့သည်။

သူကဲ့သို့သော ချမ်းသာသည့် သခင်လေးက သူ့ရှေ့ရှိ လူချောလေးထက် သုံးဖြုန်းနိုင်မည်မှာ နှစ်ခါ စဉ်းစားနေရန် မလိုချေ။

ထို့ပြင် လူချောလေးကလည်း သူ၏ ရုပ်ရည်ကလွဲ၍ ထူးခြားသည့် အရာဟူ၍ ရှိမည့်ပုံ မပေါ်ချေ။ ကားဝယ်နိုင်သည့် လူတစ်ယောက်နှင့်လည်း မတူချေ။

ဤသည်က သူ လင်းရီကို နှိမ့်ချ အထင်သေးခြင်း ကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းက စူပါကားများ ပိုင်ဆိုင်နိုင်သည်မှာ သဘာဝ ဖြစ်၏။

ထို့ကြောင့် သူ တုံးဟန့်ယွီဘက်သို့ ပိုယိမ်းလိုက်မိ၏။ မည်သို့ပင်ဆိုစေ တစ်ဖက်လူ၏ ကြွယ်ဝမှုဖြင့် ယွမ် သန်း ဆယ်ချီကျော်မျှ ရှိသည့် ကားတစ်စင်း ဝယ်ယူရန်က ပြဿနာ ရှိမည် မဟုတ်ချေ။

“ လူကြီးမင်းတို့ … လူကြီးမင်းတို့ နှစ်ယောက်လုံးက ကားကို ဝယ်ချင်နေကြတယ်.. ဒါပေမယ့် ဘယ်သူက ဝယ်နိုင်မလဲဆိုတာတော့ ကံတရားအပေါ်မှာ မူတည်ပါတယ်…” တုချွမ် ပြောလိုက်သည်။

ယခုကဲ့သို့ ပွဲအခမ်းအနားတွင် သူက လမ်ဘိုဂီနီ ဘရန်းကို ကိုယ်စား ပြုနေပြီး တစ်ဖက်သူက ပိုက်ဆံမရှိသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ခွဲခြားနှိမ့်ချ ဆက်ဆံလိုက်၍ မဖြစ်ချည်။

အကယ်၍ ပြိုင်ဘက် ကုမ္ပဏီ တစ်ခုခုကသာ ဤဖြစ်ရပ်အား မီဒီယာပေါ် တင်လိုက်မည်ဆိုပါက သူ့အလုပ် ချက်ချင်းပြုတ်သွားနိုင်သည်။ ထို့ကြောင့် သူ မျှတရမည်ဖြစ်၏။

“ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ … မင်း မဝယ်နိုင်ဘူးဆိုလည်း ဘာလို့လာရှုပ်နေသေးလဲ….” တုံးဟန့်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါကတော့ ဒီနေ့ ဒီကားကို ရအောင် ယူဖို့ ဆုံးဖြတ်ထားပြီးပြီ … ငါ့ကို မပျော်မရွှင် ဖြစ်အောင် လာမလုပ်နဲ့ … မင်းအတွက် ကောင်းမှာ မဟုတ်ဘူး …”

“ ဒါဆိုလည်း မင်း ဘယ်လောက်ထိ စိတ်ပိုင်းဖြတ်ထားလဲဆိုတာ ကြည့်ကြတာပေါ့ …”

နှစ်ယောက် အငြင်းအခုန် ပြန်ဖြစ်ကြတော့မည်ကို မြင်တော့ တုချွမ် ကြားဝင်လိုက်ရပြန်သည်။

“ အာရှ ဒေသမှာ ဒီလိုကားမျိုးက တစ်စင်းတည်း ရှိတာပါ… တကယ်လို့ လူကြီးမင်းတို့ နှစ်ယောက်လုံးက ဝယ်ချင်တယ်ဆိုရင် ဒင်္ဂါး ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ကြမယ်… ဘယ်လိုသဘောရပါလဲ ခင်ဗျ…”

“ ပြဿနာ မရှိဘူး … ငါ့ဘက်က ထရပ်ကားတောင် စီစဉ်ထားပြီးပြီ.. ငါ့အချိန်တွေကို လာမဖြုန်းနဲ့ …”

“ ဟုတ်ကဲ့ပါ.. ဒါဆို ခဏလေး စောင့်ပေးပါဦးခင်ဗျ…”

ပြောပြီးသည့်နောက် မန်နေဂျာမှာ စင်နောက်သို့ သွား၍ ဒင်္ဂါးတစ်ပြားကို ယူလာခဲ့သည်။

“ ဘယ်သူ ခေါင်းယူမလဲ….”

“ ငါ …” တုံးဟန့်ယွီ ပြောလိုက်၏။

တုချွမ် လင်းရီအား ကြည့်လိုက်ပြီး “ ဒါဆို လူကြီးမင်းက ပန်းပေါ့ … “

လင်းရီ ပခုံးတွန့်လျက် “ ပြဿနာ မရှိဘူး … ဖြစ်နိုင်ချေက ငါးဆယ် ငါးဆယ်ဆိုတော့ ဘယ်ဟာဖြစ်ဖြစ် အတူတူပဲ…”

“ နှစ်ယောက်လုံးက သဘောတူတယ်ဆိုမှတော့ ကျွန်တော် စလှန်ပြီနော်…”

ပြောပြီးနောက် တုချွမ် ဒင်္ဂါးပြားကို လေပေါ်သို့ မြှောက်လှန်လိုက်လေသည်။ လည်နေသည့် ဒင်္ဂါးပြားကို ကြည့်ရင်း လူအုပ်ကြီးမှာ အသက်ပင် ကျယ်ကျယ် မရှူဝံ့ကြချေ။

မည်သူကမျှလည်း ယွမ် သန်း ၄၀ ကျော်တန် စူပါကား တစ်စင်းအား ၀ယ်ယူခွင့်ကို ယခုလို သာမန်ရိုးကျ နည်းလမ်းဖြင့် ဆုံးဖြတ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

ကလန် ….

ဒင်္ဂါးပြားက ကြမ်းပြင်သို့ ပြုတ်ကျလာပြီး ….

လှန်နေသည်က ခေါင်းဘက်ပင်။

All Chapters