← Chapters

မင်းကိစ္စ ဖြေရှင်းပြီးပြီ

Vol. 106 Ch. 1585

မင်းကိစ္စ ဖြေရှင်းပြီးပြီ

Vol. 106 Ch. 1585

“ အာ …..”

တုချွမ် ကြက်သေသေသွားခဲ့၏။ လင်းရီအား ဝယ်ယူသူ တစ်ယောက်အဖြစ် သူ ဘယ်တုန်းကမှ လေးလေးနက်နက် သဘောမထားခဲ့ဖူးပါချေ။

သူတွေးထားခဲ့သည်က လူရှေ့သူရှေ့ မျက်နှာလုပ်ချင်သဖြင့် ချမ်းသာသည့် ဒုတိယ မျိုးဆက်တစ်ယောက်နှင့် ယှဉ်ပြိုင်နေသည့် အရူးတစ်ယောက်ဟုသာ မှတ်ယူထားခဲ့သည်။ ထိုသူက တကယ့်အစစ်အမှန် ဝယ်ယူသူ ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ လူကြီးမင်း နောက်နေတာတော့ မဟုတ်ဘူးမလား …”

“ ငါက မင်းကို နောက်ရမှာလား …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ မင်းကို ကတ်ကြီးထိုးပေးနေတာ ဒါကြီးက အတုဖြစ်နိုင်ပါ့မလားကွ…”

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ခဏလေးစောင့်ပေးပါဦးနော် လူကြီးမင်း …”

တုချွမ် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေဆဲပင်။ သူ အလျင်အမြန် စင်နောက်သို့ ပြေးသွား၍ ကတ်ကို ဖြတ်ရန် ကြိုးစားလိုက်၏။

အကောင့်ထဲ ပိုက်ဆံ မရောက်သေးသရွေ့ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်လေသည်။

တုချွမ် ထွက်ခွာသွားပြီးသည့်နောက် လူတိုင်း၏ အာရုံသည် လင်းရီထံသို့ ကျရောက်လာခဲ့တော့၏။

ဤလူက အမှန်တကယ် ချမ်းသာသည်လော သို့မဟုတ် ဟန်ဆောင်နေသည်လောဆိုတာကို မည်သူမျှ မှန်းဆမှု မပြုနိုင်ကြချေ။

သူက တကယ်ကြီး သိုသိုသိပ်သိပ်နေထိုင်တဲ့ တိုင်ကွန်းတစ်ယောက် ဖြစ်နေလောက်လား ….

များမကြာမီ တုချွမ် စင်နောက်က ပြေးထွက်လာပြီး လင်းရီရှေ့သို့ အပြုံးလေးဖြင့် ရောက်လာခဲ့၏။

“ လူကြီးမင်းရဲ့ ကတ်ပါခင်ဗျ… ကတ်ဖြတ်ပြီးပါပြီ… ဒါက စာချုပ်ပါ… လက်မှတ်ထိုးရုံပါပဲ…”

တုချွမ်၏ ပြုမူပုံတို့က လှိုင်းကြပ်ခွပ် တစ်ထောင်ကို ဆင့်ပွားသွားစေခဲ့သည်။

တစ်ဖက်သူက စာချုပ်တွင် လက်မှတ်ထိုးရန် တောင်းဆိုပြီး ဖြစ်သဖြင့် ပိုက်ဆံလည်း ချေပြီးပြီဟူသည့် သဘောပင်။

ဘယ်လိုတောင် သိုသိပ်လိုက်တဲ့ တိုင်ကွန်းကြီးလဲ….

သန်း ၆၀ ကျော်တန်ကြေးရှိတဲ့ ကားတစ်စင်းကို ဒီတိုင်းလေးပဲ ဝယ်လိုက်တယ်… ချီးပဲ ငါဘာလို့ ဘယ်လိုမှ မနေဘူးလို့ မခံစားရတာတုန်းဟ….

“ ငါနောက်ဆုံးတော့ နားလည်သွားပြီ… ဒီညီကိုက တကယ်ချမ်းသာတာ… ဒီရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ညီကိုတောင် သူ့ပြိုင်ဘက် မဟုတ်မှာကို စိုးရွံ့မိတယ်…”

“ ခုလေးတင် သူပဲ ဒီကားကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူမယ်တွေ လုပ်နေတာ မဟုတ်လား … ဒီကားအတွက်ကြောင့်နဲ့ ဒီကို တကူးတက ပြေးလာခဲ့တာလို့တောင် ပြောသွားသေးတယ်… ကားရဲ့ တန်ဖိုးလည်း ကြေညာပြီးရော အချိုးက ပြောင်းသွားလိုက်တာများ စာရွက်လှန်တာထပ်တောင် မြန်သေး … သူ့မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိလို့ဆိုတာ သိသာတယ်… သူ့ဘတ်ဂျက်ထက် ကျော်နေလို့လေ…”

“ ဒါပေမယ့် ဒီတိုင်း ၁၀ သန်းကျော်လေးပဲမလား … တကယ်လို့ တုံးမိသားစုကသာ လိုချင်တယ်ဆိုရင် ပြဿနာ မရှိလောက်ပါဘူး … ဘာပဲဆိုဆို သူတို့က ယွမ် ဘီလီယမ် ၉၀ ကျော်တောင် ချမ်းသာတဲ့ သူဌေးကြီးပဲလေ…”

“ မင်း နားမလည်ပါဘူး … ဒီရဲ့ ဒုတိယမျိုးဆက် သခင်လေးတွေဆိုတာ သူတို့ မိသားစု ပိုက်ဆံကို ထိုင်ဖြုန်းနေတဲ့ကောင်တွေ… သူတို့အပိုင် မဟုတ်တော့ ဘယ်လိုလုပ် လက်လွတ်စပယ် သုံးနိုင်မှာ …”

“ မင်းပြောသလိုဆို အခု ဒီကားဝယ်သွားတဲ့ ညီကိုက သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ဖြစ်လောက်တယ်ပေါ့…”

“ ဖြစ်နိုင်တယ်… သန်း ၆၀ ကျော်ကို မျက်တောင် တစ်ချက် မခတ်ဘဲ သုံးသွားတယ်ဆိုတော့ အချမ်းသာဆုံး ဒုတိယမျိုးဆက်တောင် ဒီလိုမျိုး ဖြုန်းရဲမှာ မဟုတ်လောက်ဘူး … သူ့ပိုက်ဆံနဲ့သူပဲ ဖြစ်လောက်တယ်…”

“ မင်းတို့ ဂီးဂီးဂါးဂါးတွေ ပြောနေတာလားကွ….” တုံးဟန့်ယွီ မည်သို့မျှ ဆက်လက် သည်းမခံနိုင်တော့ဘဲ “ ငါ ဒီကားကို ဝယ်တာ မဝယ်တာ မင်းတို့ အပူပါလား … မင်းတို့ ဒီလို မဟုတ်တရုတ်တွေ ဆက်ပြောနေဦးမယ်ဆို လူငှားပြီး အကုန် လည်လှီးခိုင်းပစ်မယ်….”

ဒေါသတကြီးဖြင့် တုံးဟန့်ယွီသည် စတိတ်စင်ပေါ်က ဆင်း၍ ကားပြပွဲကနေ သူ၏ အမျိုးသမီးအဖော်ဖြင့် ထွက်ခွာသွားခဲ့သည်။ ဆက်နေလျှင်လည်း မျက်နှာပျက် ၊ လူကဲ့ရဲ့ ခံရရုံမျှသာ ရှိလေသည်။

ဤအချင်းအရာတို့အား တုချွမ် အရေးလုပ်မနေခဲ့ချေ။ ကားကို ရောင်းချလိုက်နိုင်ခြင်းကသာလျှင် သူ့အတွက် အရေးကြီးဆုံး ဖြစ်၏။

“ လူကြီးမင်းက ကားကို ဘယ်နေရာ ယူသွားမလဲ မသိဘူး …”

“ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ကွင်းကို ပို့ပေးပါ…” လင်းရီ ခေတ္တမျှ တွေးတောပြီးနောက် “ မင်းတို့ ဒီနေ့အရောက် ပို့ပေးလို့ ဖြစ်မလား …”

လင်းရီ ကျိုကျုံးဗီလာထံသို့ ပို့ချင်သော်လည်း ကားက အသင့် မိုဒီဖိုင်း ပြုပြီး ဖြစ်သဖြင့် အရင်ဆုံး တစ်ပတ်နှစ်ပတ်ခန့် စမ်းမောင်းကြည့်သင့်သည်က သဘာဝပင်။

“ ဒါပေါ့ … ခုပဲ စီစဉ်ပေးလို့ရတယ်…”

သယ်ယူပို့ဆောင်ပေးမည့် ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီနှင့် ရှောင်ထျန်တို့ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော် သူမ ကားပြပွဲအပြင်ဘက်သို့ ထွက်လာသည့် အချိန်မှာပဲ ကျန်းထျန်ရှုနှင့် သူမ၏ ကောင်လေးလည်း ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ရန်သူတွေနဲ့ လမ်းကျဉ်းလေးမှာ အမြဲဆုံတတ်တယ်ဆိုတာ တကယ်ပါလား … နင်တို့နဲ့ ဒီမှာ လာဆုံတာကို စဉ်းစားကြည့်ရင် …. ဟမ့်….” ကျန်းထျန်ရှု အေးစက်စွာ နှာမှုတ်လိုက်၏။

လင်းရီ၏ မျက်နှာဖြတ်ရိုက်ခြင်းကို ခံလိုက်ရပြီးနောက် နှစ်ယောက်သား အော်ဒီဝယ်လိုစိတ် ပျောက်ရှသွားခဲ့ပြီး ကားပြပွဲအတွင်း ဟိုဟိုဒီဒီ လိုက်ကြည့်ကာ BMW X5 တစ်စင်းအား ဝယ်ယူခဲ့၏။

ဝယ်ပြီးသည်နှင့် ချက်ချင်း ပြန်ရန် ဟန်ပြင်ထားသော်လည်း အပြန်လမ်းတွင် လင်းရီတို့နှင့် ပက်ပင်းလာတိုးလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ရှောင်ထျန်သည် လင်းရီ၏ လက်မောင်းကို တမင်တကာ တွဲဖက်လိုက်ရင်း “ နင် အစောတုန်းက ငါတို့နောက် လိုက်တုန်းက အဲ့ဒီစကားပုံ ပြောတာ မကြားမိပါဘူး … ဘာလဲ… ငါ့ကောင်လေးရဲ့ မျက်နှာဖြတ်ရိုက်တာ ခံလိုက်ရတော့ ငါတို့ကို မမြင်ချင်တော့ဘူးလား …”

“ ဒီတိုင်း ယွမ် တစ်သန်းကျော် တန်တဲ့ ကားလေးပဲဥစ္စာ ဘာတွေ မောက်မာပြစရာ ရှိလို့ … ငါတို့လည်း တတ်နိုင်သားပဲ … ငါတို့က ဒီတိုင်း ပကာသနတွေ စိတ်မဝင်စားလို့ ….”

“ ငါက ပကာသနတွေ စိတ်ဝင်စားတယ် ဟုတ်လား ..”

ရှောင်ထျန် တဟားဟား ရယ်မောမိသွားခဲ့ပြီး “ နင် အခု ဝတ်ထားတာတွေ အကုန်လုံးက ဒီဇိုင်နာကိုယ်တိုင် လက်နဲ့ချုပ်ထားတာတွေ … ပကာသနမက်တဲ့အကြောင်း ပြောမယ်ဆိုရင် ငါက နင်နဲ့ မယှဉ်သာလောက်ပါဘူးလေ….”

“ အဲ့တာတွေ လာပြောနေလို့ ဘာအသုံးဝင်လို့ … လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အင်အား အစွမ်းအစပေါ် မှီခိုပြီး ယှဉ်ပြိုင်ရတယ်… သူများပေါ် မှီခိုတယ်ဆိုတာ လုံးဝ အလကားပဲ…”

“ အဲ့လိုပြောကြေးဆို ငါက ပိုတောင် မကြောက်သေး …. ငါက မကြာခင် ရာထူးတိုးတော့မှာ … ပြီးတော့ အဖိနှိပ်ခံလိုက်ရမယ့်လူကလည်း နင်… ဒီအပိုင်းမှာလည်း နင်က ငါ့ထက် သာမနေဘူး .... နော်…”

“ ဟက်ဟက်ဟက် …” ကျန်းထျန်ရှု အေးတိအေးစက် ရယ်မော၍ “ နင် ရာထူးတိုးတော့မယ်လို့ ဘယ်သူက ပြောလိုက်တာ … နင့်ကိုယ်နင် အရူးလုပ်ခံရမှာ မကြောက်ဘူးလား…”

“ အခုထိ မကြေညာရသေးဘူးဆိုပေမယ့် ရလဒ်က ရှင်းနေပြီးသားပဲလေ… ဒါကို နင်ရော ငါရော နှစ်ယောက်လုံး သိထားပြီးသား မဟုတ်ဘူးလား … ကျောင်းက ခေါင်းဆောင်တွေ အားလုံးနီးပါးက ငါ့ကို ထောက်ခံကြတယ်… ဒါတောင် နင်ကများ ငါနဲ့ အစွမ်းအစတွေ ကိုယ်ပိုင်အင်အားတွေ လာပြောနေသေးတယ်ပေါ့ ဟုတ်လား …”

“ နင့်ရဲ့ အရှက်မဲ့ချက်ကတော့ တကယ့်ကို ကမ်းကုန်လောက်အောင်ပါပဲလား ဆရာမထျန်… ဒီလောက် နှစ်တွေ အကြာကြီး အလုပ်လုပ်ပြီးတာတောင် ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတုန်းပဲလား …”

ကျန်းထျန်ရှု ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် “ အမှန်အတိုင်း ပြောရရင် ရလဒ်ကို စစချင်းကတည်းက ဆုံးဖြတ်ထားပြီးသား … လက်ထောက်ဒါရိုက်တာ ရာထူးက ငါ့အပိုင် … ငါ့ဥစ္စာ… နင်ကတော့ ကျောင်းကော်မတီရဲ့ ဒါရိုက်တာလေး ဆက်လုပ်လိုက်ဦးပေါ့နော် ဆရာမထျန်…”

ရှောင်ထျန် ကြက်သေသေသွားခဲ့၏။ “ ပေါက်တတ်ကရ … နင် မဟုတ်တာတွေ လျှောက်ပြောနေတာပဲ….”

“ နင် မယုံမှန်း ငါသိတယ်… HR ဌာနက ဒါရိုက်တာကျန်းကို ဖုန်းဆက်မေးကြည့်လိုက် … သူလည်း ဒီအကြောင်း သိထားပြီးသား …”

ရှောင်ထျန်၏ မျက်လုံးတို့ ရွေ့လျားသွားခဲ့ပြီး မရေရာမှုက အထင်းသား ပေါ်လွင်နေသည်။

ထို့နောက် သူမ၏ ဖုန်းကို ထုတ်၍ HR ဌာန၏ ဒါရိုက်တာ ဖုန်းနံပါတ်ကို ဆက်သွယ်လိုက်သည်။

“ ဒါရိုက်တာကျန်း … ကျွန်မ တစ်ခုလောက် မေးချင်လို့ … ကျောင်းအဖွဲ့က ဝန်ထမ်းလွှဲပြောင်းမယ့် ကိစ္စ ပြီးပြီလား သိချင်လို့ပါ…”

“ ငါတို့ အဲ့ကိစ္စ ပြောပြီးသား မဟုတ်ဘူးလား …”

“ အိုး … ကျွန်မ နားလည်ပြီ…”

သူတို့ ပြောနေကြသည့် စကားဝိုင်းကို လင်းရီ မကြားရသော်လည်းပဲ ရှောင်ထျန်၏ အမူအရာမှတဆင့် လင်းရီ အဖြေကို မှန်းဆကြည့်နိုင်သည်။

သူမ၏ ရာထူးသည် တစ်ပါးသူ၏ လုယူခြင်းကို ခံလိုက်ရပြီ ဖြစ်၏။

သူ ဖုန်းထုတ်၍ ကျောက်ချီထံသို့ ဝီချက်မှ တဆင့် မသိမသာ စာပို့လိုက်၏။

သူလည်း ကျောင်းကော်မတီ၌ အလုပ်ဝင်ခဲ့ဖူးသောကြောင့် ရှောင်ထျန်၏ လုပ်ရည်ကိုင်ရည်ကို ယုံကြည်သည်။ သူ ကျောက်ချီကို ဤကိစ္စ ပြောပြဖို့ ဆုံးဖြတ်ထား၏။

“ ဘယ်လိုတောင် စက်ဆုပ်ရွံရှာဖို့ ကောင်းထားလိုက်လဲ…”

ရှောင်ထျန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်နေမိ၏။

“ စက်ဆုပ်ဖို့ကောင်းတာနဲ့ ဘာဆိုင်လို့..” ကျန်းထျန်ရှု နှာမှုတ်လိုက်ပြီး “ နင့်မှာ လုံလောက်တဲ့ အစွမ်းအစ မရှိလို့ နင်အရွေးမခံရတာကို ဘာလို့ သူများကို လာ အပြစ်တင်နေတာလဲ…”

“ ဘာဖြစ်နေလဲ ငါမသိဘူး ထင်နေတယ် ဟုတ်လား … နင် ဒီရာထူးကို အနောက်တံခါးသုံးပြီး ရယူထားတာကိုလေ… “

“ ငါ့ကို လာ မစော်ကားနဲ့ … မဟုတ်ရင် တရားစွဲပစ်မယ်…” ကျန်းထျန်ရှု ဒေါသမထွက်သွားခဲ့ချေ။ သူမ ရှောင်ထျန်အား ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်၏။ “ ဒါကြောင့်မို့ နင် ယွမ် တစ်သန်းကျော်ပေးရတဲ့ ကားကြီး ဝယ်နေလည်း အလကားပဲ … နောင်ကျရင် ငါက ကျောင်းမှာ နင့်ရဲ့ ခေါင်းဆောင် ဖြစ်လာမှာ… ငါ့ကို တွေ့တာနဲ့ ဒါရိုက်တာဆိုပြီး ဦးညွှတ်နှုတ်ဆက်ဖို့ ပြင်ထားလိုက်တော့ …”

“ နင် ….”

“ ကောင်းပြီ… အဲ့လောက်လည်း ဒေါသထွက်မနေနဲ့…” လင်းရီ ပြောလိုက်ပြီး “ ငါ ဒီကိစ္စ မင်းဖို့ ဖြေရှင်းပေးထားတယ်… ကိုယ့်အဆင့်အတန်းကိုယ် သူနဲ့တူအောင် ညှိနေစရာ မလိုဘူး ….”

ကျန်းထျန်ရှု ရင်ဘက်ရှေ့ လက်ပိုက်လျက် လင်းရီအား ကြည့်လိုက်၏။

“ ကျောင်းရဲ့ အရေးကိစ္စတွေမှာ ဝင်ပါစွက်ဖက်နိုင်ရအောင် နင့်ကိုယ်နင် ဘာထင်နေလို့ …”

လင်းရီ ပြုံးလိုက်သည်။

“ ငါ ဘယ်သူလဲ မင်းမသိဘူးပေါ့… ဒီတစ်ချက်နဲ့တင် မင်း အလုပ်ကို ကောင်းကောင်းမလုပ်ဘူးဆိုတာ ငါပြောနိုင်တယ်…”

ပုံမှန်ဆိုပါက ကျောင်း၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ကျောင်း၏ ဖွဲ့စည်းပုံနှင့် အဖွဲ့ဝင်များ၏ မျက်နှာအား ရင်းနှီးနေသင့်သည်။

သို့သော် သူမမူကား ကျောင်း၏ ဒုကျောင်းအုပ်ကိုပင် မသိလေရာ အလုပ်ခွင်တွင် ဖြစ်ကတတ်ဆန်း နိုင်နေသည်က သိသာလှ၏။

အကယ်၍ သူမကဲ့သို့သော တစ်စုံတစ်ယောက်ကိုသာ ရာထူးမြင့်မြင့် ပေးလိုက်မည်ဆိုပါက လင်းရီသည် ကျောက်ချီ မည်သို့မည်ပုံ ကျောင်းအုပ်ကြီး ဖြစ်လာလဲဆိုတာကို ကောင်းကောင်းကြီး ဆွေးနွေးပေးရတော့မည်။

“ နင့်ကိုယ်နင် ဘယ်သူထင်နေလို့ … ငါက ဘာလို့ နင့်ကို သိ. . . . . . “

ကလင် ကလင် ကလင် ….

သူမပြောနေစဉ်မှာပဲ ကျန်းထျန်ရှု၏ ဖုန်းသံ မြည်လာသည်။ ထို့နောက် ရှောင်ထျန်ထံသို့ ပြုံးပြလိုက်၏။

“ ဒါရိုက်တာကျန်း ငါ့ဆီ ဖုန်းဆက်နေပြီ… သူ ငါ့ကို ပစ္စည်းတွေ ပြင်ထားဖို့ ပြောချင်လို့နေမှာ… နင့်ကိုတော့ ….. စိတ်မပျက်နဲ့လို့ မှာချင်တယ်… နောင်ကျ အလုပ်ကြိုးစားရင် ရာထူးတိုးနိုင်မယ့် အခွင့်အရေး ရရင်လည်း ရမှာပေါ့…..”

All Chapters