← Chapters

ဆန်းကြယ်တဲ့ သခင်လေးလင်း

Vol. 106 Ch. 1587

ဆန်းကြယ်တဲ့ သခင်လေးလင်း

Vol. 106 Ch. 1587

ပြောလိုက်သူက ဟန်ချောင် အမည်ရသည့် အမျိုးသားတစ်ဦးပင်။ သူ၏ မိသားစုက ချွမ်ရှန်းစီရင်စု၏ နံပါတ်တစ် မိသားစုကြီး ဖြစ်၏။

မိုဒီဖိုင်း လုပ်ထားသည့် ကားများအား ကြိုက်နှစ်သက်သည့် ဝါသနာချင်းတူညီသောကြောင့် တုံးဟန့်ယွီနှင့် စတင် သိကျွမ်းလာခဲ့ကာ ၎င်းကြောင့်ပဲ ရင်းနှီးလာခဲ့ရ၏။

“ ငါလဂိုးပဲ … မင်း မမေးစမ်းနဲ့ ….”

တုံးဟန့်ယွီ ကျိန်ဆဲလိုက်ပြီး “ အဲ့ကားက ၄၈ သန်း မဟုတ်ဘူး … နောက်ဆုံး ၆၃ သန်းနဲ့ ရောင်းလာခဲ့တာ … ပါတဲ့ ပိုက်ဆံနဲ့ မလောက်ဘူးလေ…”

“ ချီး …. အဲ့လောက်တောင် ကွာရလားဟ…” ဟန်ချောင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အကယ်၍ ယွမ်သန်း အနည်းငယ်ဆိုပါက သူ လက်သင့်ခံနိုင်သေးလေသည်။

သို‌သော် ၁၅ သန့်ခန်း ကွာဟနေတာကြီးကတော့ သူတို့အဖို့ အင်မတန် များပြားလွန်းလှ၏။

ယခင် ကြည့်ရှုသူများ ပြောခဲ့ဖူးသကဲ့သို့ ဒုတိယမျိုးဆက် သခင်လေးတို့ သုံးနေသည့် ပိုက်ဆံသည် ၎င်းတို့ မိဘများက ပေးထားသည့် ပိုက်ဆံဖြစ်ပြီး မိမိစိတ်တိုင်းကျ သုံးဖြုန်းနိုင်ခွင့် မရှိပေ။

တုံးဟန့်ယွီကဲ့သို့ ချမ်းသာသည့် ဒုတိယမျိုးဆက်ကို မဆိုထားနှင့် လင်းရီအတွက်ပင် ယွမ် သန်း ၆၀ ကျော်တန် ကားတစ်စီးက ဈေးပေါသည့် ပမာဏ မဟုတ်ချေ။

“ ချီးလိုမှပဲ ယောင်ကြီး ငါ့ကို ဈေးပြောခဲ့တာ ပြန်ရောက်လို့ကတော့ ခွေးမသားကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်… အားလုံး သူ့အမှားပဲ…”

“ ကဲပါကွာ… ထားလိုက်ပါတော့ … ထွေထူးဟုတ်တာလည်း မဟုတ်ဘဲနဲ့ … နွေဦးရာသီပြီးရင် ဈေးကွက်ထဲ ကားအသစ်တွေ ထပ်ရောက်လာဦးမှာ ပူမနေနဲ့ … ဗီနီနို မရလည်း ဘာမှမဖြစ်ဘူး …”

“ ငါ စိတ်တိုနေတာ မဝယ်လိုက်ရလို့ မဟုတ်ဘူးကွ… “ တုံးဟန့်ယွီ ပြောလိုက်ပြီး “ ငါ ဒီနေ့ နာမည်တောင် မသိတဲ့ ကောင်တစ်ကောင်ရဲ့ မျက်နှာဖြတ်ရိုက်တာကို ခံခဲ့ရလို့ ….”

“ မျက်နှာ ဖြတ်ရိုက်ခံခဲ့ရတယ်… ဘယ်သူတုန်း လုပ်ရဲတာ… ဘာတွေ ဖြစ်ခဲ့တာတုန်းဟ…..”

၎င်းနောက် တုံးဟန့်ယွီသည် ဟန်ချောင်ကို ကားပြပွဲတွင် ဖြစ်ပျက်ခဲ့သည်များအား ပြောပြလိုက်ပြီး တစ်ဖက်သူလည်း မျက်နှာအမူအရာ မလှတော့ချေ။

“ ကောင်းကင်ဘုံ … အဲ့ကောင်က မတရား မောက်မာလှချည်လားကွ… သူ့ကိုယ်သူ ချွမ်ရှန်းက ဘယ်သူမှ သူနဲ့ မယှဉ်နိုင်ဘူးလို့ ထင်နေလား မသိပါဘူး …”

“ အဲ့ကောင်ရဲ့ လေသံကို နားထောင်ကြည့်ရသလောက်တော့ ဒီ ဒေသခံနဲ့ တူတယ်… သူ့ကြည့်ရတာ တော်တော်လေး ချမ်းသာလောက်တယ်… ကံဆိုးချင်တော့ ငါက တခြား စီရင်စုက ဖြစ်နေတယ်လေ… ဒီလိုတွေ ဖြစ်လာတော့ ငါတတ်နိုင်တာလည်း ဘာမှမရှိတော့ဘူး …”

သူ ဒေါသထွက်မိသော်လည်း တုံးဟန့်ယွီသည် ခွန်အားကြီးသည့် နဂါးပင် ဒေသခံမြွေကို ဖိနှိပ်ရန် မဖြစ်နိုင်ကြောင်းကို သိသည်။

သူ၏ အဆက်အသွယ်တို့က ဤနေရာအထိ ကျယ်ပြန့်ခြင်း မရှိချေ။ ထိုကောင်နဲ့ စာရင်းရှင်းရန် မည်သို့မျှ မဖြစ်နိုင်တော့သည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

“ မပူနဲ့ … ငါ ဒီနေ့ အဲ့ကောင်ကို ပြန်လက်စား ချေနိုင်အောင် ကူညီပေးမယ်…”

“ ဒါပေမယ့် သူ့ကိုမှ ငါတို့ မသိတာ ငါတို့က ဘယ်လို လက်စားသွားချေမှာ…”

တုံးဟန့်ယွီလည်း သူ၏ ဒေါသများအား သွန်ချနိုင်မည့် အခွင့်အရေး တစ်ရပ် ရှာဖွေချင်သည်။ သို့သော် လက်ရှိ အခြေအနေအရ အတော်လေး ခက်ခဲသည့် အနေအထားသို့ ကျရောက်နေလျက် ရှိ၏။

သူ့အဆက်အသွယ်တို့က ဤဒေသ၌ များများစားစား မရှိလှချေ။ ထို့ကြောင့် သူ့အား မျက်နှာဖြတ်ရိုက်သွားခဲ့သည့် လူအား ရှာဖွေရန်မှာ နတ်ပြည်တက်ရသကဲ့သို့ ခက်ခဲလှ၏။ သူ မည်သို့ ရှာဖွေအံ့ပါ့နည်း။ ရဲစခန်းတွင် လူပျောက်တိုင်၍လော။ ဟာသပင်။

“ ငါတို့ နှစ်ယောက်တည်းဆို အတော်လေး ခက်မယ်… ဒါပေမယ့် ငါ ဒီနေ့ ရောက်လာတာက ချင်းဟန်နဲ့ တွေ့ဖို့ … သူ့ရဲ့ ကျိုးဟိုင်က နာမည်ဂုဏ်သတင်း ဩဇာလွှမ်းမိုးမှုတွေနဲ့ဆိုရင် လူတစ်ယောက် ရှာဖို့ဆိုတာ သူ့ဖို့ လက်ဖျစ်တစ်ချက်ပဲ…”

တုံးဟန့်ယွီ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။

ချင်းဟန်က ကျိုးဟိုင်ရှိ နာမည်ကြီး ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး တစ်ဦးဖြစ်ပြီး ဟွာရှ၌ပင် ထိပ်တန်း အဆင့် ဝင်သည့် သခင်လေးတစ်ဦးဖြစ်သည်။

သူ့ကိုယ်သူကို မဆိုထားနှင့် သူ၏ အစ်ကိုဟန်ပင် ချင်းဟန်နှင့် နှိုင်းစာပါက မိုးနှင့်မြေကဲ့သို့ ဝေးကွာလှပါသေးသည်။

ကျိုးဟိုင်ကဲ့သို့ နေရာမျိုးတွင် သူ့အား အကူအညီ တောင်းမည်ဆိုပါက ပြဿနာ မရှိနိုင်ချေ။

“ သူက ဘယ်မှာလဲတဲ့… ငါ သူ့ကို ဝေ့ပေါ်မှာ ဖော်လိုထားတယ်.. ဒါပေမယ့် အပြင်မှာတော့ တစ်ခါမှ မတွေ့ဖူးဘူး…”

“ မပူနဲ့ … ငါအခုတင် ဖုန်းခေါ်ထားတယ်… သူ ခဏဆို ရောက်လာတော့မှာ…” ဟန်ချောင် သူ၏ နာရီကို တစ်ချက်ကြည့်၍ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့လူတွေ အားလုံး မလာမှာတော့ နှမြောစရာပဲ…”

“ ဘာလို့ ….”

“ မင်းလည်း ကျိုးဟိုင်ရဲ့ သခင်လေး လေးယောက်ကို သိပါတယ်… သူတို့ကို ချင်းဟန်က ဦးဆောင်ပြီး SR ဆိုတဲ့ စူပါကား ကလပ်ကို တည်ထောင်ထားတယ်လေ… သုံးယောက်က ဒီနေ့ ပြိုင်ပွဲကွင်းကို လာကြမှာ … တစ်ယောက်က မလာဘူး …”

“ ဘာဖြစ်တာမှတ်လို့ … အဓိကကျတဲ့ ချင်းဟန်ရောက်လာမယ်ဆိုမှတော့ ကျန်တာ ဘာတွေ ဂရုစိုက်နေဦးမှာ...”

“ မင်း ကျိုးဟိုင်ရဲ့ အခြေအနေကို သေချာ နားမလည်သေးဘူးပဲ… ချင်းဟန်က အတော်လေး အထင်ကြီးဖို့ ကောင်းတယ်ဆိုပေမယ့် သူက သခင်လေး လေးယောက်ရဲ့ ခေါင်းဆောင် မဟုတ်ဘူး … သူတို့ထဲက သခင်လေး လင်းလို့ ခေါ်တဲ့သူကမှ ခေါင်းဆောင်… ခေါင်းဆောင်ဆိုတော့ ကျန်တဲ့လူတွေထက် ပိုပြီး အထင်ကြီးစရာ ကောင်းလို့ပေါ့ကွ မဟုတ်ဘူးလား …” ဟန်ချောင် ပါးစပ်ထဲ စီးကရက်ထည့်၍ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ ကြည့်ရတာ ဒီနေ့ မလာနိုင်တဲ့ ပုံပဲ… နှမြောဖို့ကောင်းလိုက်တာ … မဟုတ်ရင် ငါသူနဲ့ တွေ့လို့ရမှာကို ….”

“ ကျိုးဟိုင်မှာ ချင်းဟန်ထက် ပိုပြီး အထင်ကြီးဖို့ကောင်းတဲ့လူ ရှိသေးတာလား……”

“ သူက ချင်းဟန်ထက် ပိုပြီး အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ… ဒါပေမယ့် တအား သိုသိပ်နေလွန်းတော့ သိတဲ့လူ တအားနည်းတယ်… မျက်နှာလည်း သိပ်ပြီး ထွက်မပြဘူး …”

တုံးဟန့်ယွီ အနည်းငယ် ရှော့ခ်ရသွားခဲ့သည်။ ကျိုးဟိုင်တွင် ထိုသို့သော လူတစ်ယောက် ပုန်းကွယ်နေလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

ဟန်ချောင် ပြောခဲ့သည့်အတိုင်း ထိုလူ မလာသည်ကတော့ နှမြောစရာပင်။

ဘန်း ဘန်း ဘန်း

ဘန်း ဘန်း ဘန်း

ဘန်း ဘန်း ဘန်း …

နှစ်ယောက်သား စကားပြောနေစဉ် ပေါက်ကွဲသံ အဆင့်လိုက်ကို သူတို့ ကြားလိုက်ကြရ၏။

ခေါင်းလှည့်ကြည့်လိုက်တော့ အပြင်ဘက်မှနေ၍ စူပါကား အစင်း ၂၀ ခန့် မောင်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ချင်းဟန် ရောက်လာပြီ….” ဟန်ချောင် အော်ဟစ်လိုက်ပြီး “ သွားပြီး တစ်ချက်ကြည့်ကြစို့ …”

ထိုကဲ့သို့ ခမ်းနားလှသည့် အခင်းအကျင်းကို မြင်တော့ တုံးဟန့်ယွီ ရှော့ခ်ရသွားခဲ့မိသည်။

ကျိုးဟိုင်ရဲ့ ချမ်းသာတဲ့ သခင်လေးဆိုတဲ့အတိုင်းပဲ ဒီရဲ့ ပြိုင်ပွဲကွင်းမှာ သေးသေးလေး ပျော်ဖို့ကို လူတော်တော်များများ ရောက်လာကြတာပဲ။

စူပါကား အစီးရေ ၂၀ ကျော်က အလှမ်းသိပ်မဝေးသည့် နေရာတွင် ရပ်တန့်လိုက်ပြီး ၎င်းတို့၏ ကားထဲကနေ လူသုံးဦး တစ်ယောက်ပြီးတစ်ယောက် ထွက်လို့လာသည်။

“ ညီကိုချင်….”

ဟန်ချောင် သူ၏ လက်ကို ဦးစွာ ဆန့်ထုတ်လိုက်ပြီး “ ဒါက ငါ့ရဲ့ ညီကို တုံးဟန့်ယွီ… ငါတို့လည်း ဒီနေ့ ဒီကိုလာပြီး ပျော်ကြတာ….”

ချင်းဟန် ခေါင်းညိမ့်လိုက်ပြီး မလှမ်းမကမ်းရှိ BMW 7 စီးရီးကို လှမ်းကြည့်လိုက်၏။

“ ငါတို့ ဒီနေ့ ပြိုင်မောင်းကြမယ်လို့ သဘောတူထားကြတာ မဟုတ်ဘူးလား … ဘာလို့ 7 စီးရီးကြီး မောင်းလာခဲ့တာ …”

“ ဟင်း … အဲ့အကြောင်း မပြောစမ်းနဲ့ …” ဟန်ချောင် ပြောလိုက်ပြီး “ ဒီနေ့ ကျိုးဟိုင်မှာ ကားပြပွဲတစ်ခု ရှိတယ်မလား … ဗီနီနို အဆင့်မြင့်ဗားရှင်း တစ်စီးလည်း ထွက်လာမှာ … ငါ့ကောင်က ယူမလို့ကို မျက်စိစပါးမွှေး စူးဖို့ကောင်းတဲ့ လူတစ်ယောက်က ကြားကနေ ဖြတ်လုသွားတယ်လေ… အဲ့တာကြောင့် ကားမဝယ်လိုက်နိုင်ပဲ ဒီရဲ့ မိုဒီဖိုင်းလုပ်ထားတဲ့ 7 စီးရီးပဲ မောင်းလာရတော့တာပေါ့….”

“ ငါလည်း အဲ့ကားအကြောင်း ကြားမိတယ်… ဈေးမပေါဘူးတဲ့နော်… သန်း ၄၀ ကျော်ဆိုလားပဲ … တော်ရုံလူတွေ မတတ်နိုင်ကြဘူး …”

“ အမှန်ပဲ… ငါ့ညီကို တစ်နှစ်လောက် ပိုက်ဆံစုထားရတာ နောက်ဆုံး ဈေးကြေညာလာခဲ့တော့ ၆၃ သန်းတဲ့ … လူကြားသူကြားထဲမှာတောင် အရှက်က ခွဲခံခဲ့လိုက်ရသေးတယ်…” ဟန်ချောင် အပြုံးလေးဖြင့် ချင်းဟန်ထံ စီးကရက် ကမ်းပေးလိုက်ပြီး “ ညီကိုချင် … မင်း ငါ့ကို အဲ့သောက်ရူး ရှာတွေ့ဖို့ ကူညီရမယ်နော်… ငါ သူ့ကို သင်ခန်းစာပေးချင်တယ်…”

“ အသေးမွှားလေးပါ… ငါတို့ သိလာတာ ဒီလောက် နှစ်တွေ ကြာနေပြီကို မင်းညီကိုက ငါ့ပိုင်နက်ထဲ ရောက်လာတယ်… အခု သူ့အပေါ် တစ်ခုခု ဖြစ်သွားတယ်ဆိုတော့ ကျိန်းသေပေါက် ကူညီပေးသင့်တာပဲလေ….” ချင်းဟန် ပြောလိုက်ပြီး “ အရင်ဆုံး ပျော်ကြတာပေါ့ … ပြီးရင် ငါ စားပွဲတစ်ခု မှာလိုက်မယ်… အဲ့ခါကျမှ အသေးစိတ် ထပ်ပြောကြတာပေါ့..”

“ ကျေးဇူးပဲ ညီကိုချင် … “ ဟန်ချောင် ရယ်မောလိုက်ပြီး “ ငါတို့ ပြေးလမ်းပေါ်ရောက်ရင် မင်းကို နှစ်စက္ကန့် အသာစီးပေးမယ်…”

“ လစ်စမ်း … ငါကမင်းပေးတဲ့ အခွင့်အရေးကို ယူရမယ့်လူပုံစံ ပေါက်နေလို့လား …”

ပြောပြီးနောက် ချင်းဟန်သည် သော့နှင့် ဖြတ်သန်းခွင့်ကို တစ်စုံတစ်ယောက်ထံ လှမ်းပစ်ပေးလိုက်၏။

“ တံခါးဖွင့်ပြီး ပစ္စည်းတွေ အဆင်သင့် လုပ်ထားလိုက် … ဒီနေ့ ပျော်ကြမယ်…”

“ ညီကိုချင်… မင်းမှာ သော့တောင် ရှိတယ်ပေါ့….” ဟန်ချောင် အံ့အားသင့်စွာ မေးမြန်းလိုက်မိ၏။

“ ဒီ ကွင်းက ငါ့ဘော်ဒါတစ်ကောင် ပိုင်တာလေ… ဒါပေါ့ … ငါ့မှာ သော့ရှိတာ ဆန်းလို့လား …”

နှစ်ယောက်သား အချင်းချင်း ကြည့်မိလိုက်ကြ၏။ ထိပ်တန်း ကားပြိုင်ပွဲကွင်းမှာ ချင်းဟန်၏ ဘော်ဒါတစ်ယာက် ပိုင်ဆိုင်မှု ဖြစ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

“ ဧကန္တ သခင်လေးလင်းရဲ့ အပိုင်များလား …” ဟန်ချောင် စကားအစ်ကြည့်လိုက်၏။

“ မင်းက ဉာဏ်ကောင်းသားပဲ …” ချင်းဟန် ပြောလိုက်ပြီး “ ရှေ့ ၂ နှစ်လောက်တုန်းက သူ ဝယ်ခဲ့တာ… ငါတို့ အဲ့တုန်းက ဒီကို ပျော်ဖို့လာရင်း စသိကြတာ … မဟုတ်ရင် မင်းတို့ကောင်တွေကို ဒီမှာပျော်ဖို့ ခေါ်လိုက်ပါ့မလား …”

“ ဒါပေမယ့် ဒီမှာ ရင်းနှီးမြုပ်နှံတာက ပိုက်ဆံ အကျိုးအမြတ် သိပ်မရှိဘူးမလား …”

“ ပိုက်ဆံ လိုချင်လို့ မဟုတ်ဘူး … ဒီတိုင်း ပျော်ဖို့ သပ်သပ်ပဲ … သူ့မှာ ပိုက်ဆံ ဒီလောက်များနေတာ ဒီနေရာက အနားယူ အပန်းဖြေဖို့လောက်ပဲလေ…”

ဟစ် ….

နှစ်ယောက်သား ပင့်သက်ရှိုက်မိသွားခဲ့ကြ၏။ အထူးသဖြင့်တော့ တုံးဟန့်ယွီပင်။ သူဆို ပိုလို့တောင် ရှော့ခ်ရမိသွားခဲ့၏။

အဲ့ဒီ သိုသိုသိပ်သိပ်နေတဲ့ သခင်လေးလင်းက ကျိုးဟိုင် ကားပြိုင်ပွဲကွင်းကို သူ့တစ်ကိုယ်ရေ အပန်းဖြေဖို့ ဝယ်လိုက်တယ်ပေါ့ …

သောက်ကျိုးနည်းကြီး ….

ထိုအခိုက်အတန့်တွင် ဧရာမ ထရပ်ကားကြီး တစ်စင်းက ဝင်ပေါက်ဝသို့ ထိုးရပ်လာပြီး ချင်းဟန်အား ကြက်သေသေသွားစေခဲ့သည်။

“ ဒါကြီးက ဘာလာလုပ်တာတုန်းဟ…” လျန်ကျင်းမင် တီးတိုးရေရွတ်လိုက်၏။

All Chapters